Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Vidhya Vijayakumar
6
Jackson Bazaar Youth (2023)
Jackson Bazaar Youth (2023) "မြွေပူရာကင်းမှောင့်"IMDb - 6.0/10 အောက်ခြေလူတန်းစားတွေရဲ့ဘ၀ကို ရိုက်ကူးပုံဖော်ထားတဲ့ မလေယာလမ်းစကားပြော အိန္ဒိယရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ဂျက်ဆန်ဘက်ဇာဆိုတာ နှစ်ပေါင်းရာနဲ့ချီပြီး နေထိုင်လာခဲ့ပေမဲ့ မြေကွက်နာမည်ပေါက် မရကြသေးတဲ့ ရပ်ကွက်လေးတစ်ခု။ အဲဒီရပ်ကွက်မှာပဲ ဂျက်ဆန်ဘက်ဇာဆိုတဲ့ ယူကျုချန်နယ်ဖွင့်ထားပြီး ဘုရားကျောင်းပွဲတော်တွေမှာ ထရမ်းပတ်တီးမှုတ်ဖျော်ဖြေတဲ့ အဖွဲ့လေးလည်းရှိတယ်။ရပ်ကွက်ထဲမှာ ဖြစ်သမျှကို ဒိုင်ခံဖြေရှင်းပေးနေကြတဲ့သူတွေဆိုလည်းဟုတ်ပေါ့။ ရပ်ကွက်ကိုပေးနေတဲ့ရေက လာလိုက်မလာလိုက်ဖြစ်နေလို့ သောကများနေကြရတဲ့အထဲမှာ ဟိုက်ဝေးလမ်းမကြီးဖောက်ဖို့ ရပ်ကွက်ဖယ်ပေးရမယ်လို့ သတင်းရာကစ ရဲတွေနဲ့ ရင်ဆိုင်ဖြေရှင်းရဖို့ ပြဿနာကြီးပေါ်လာခဲ့ချိန်မှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ V ~ Suri ~ Alex ~ ToMo ပဲဖြစ်ပါတယ်) File size… 1.6GB / 754MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ V ~ Suri ~ Alex ~ ToMo
movie
Jackson Bazaar Youth (2023)
2023
7.8
Thousand and One Lies (1001 Nunakal) (2022)
1001 Nunakal (2022) IMDb-8.0/10ဇာတ်လမ်းတင်ဆက်ပုံခပ်ဆန်းဆန်းလေးနဲ့ အိမ်ထောင်သည်တွေ၊ အိမ်ထောင်တခုထူထောင်ဖို့ စဉ်းစားနေသူတွေကို အသိလေးတခုပေးနိုင်တဲ့ အိန္ဒိယကားလေးကိုတင်ဆက်ပေးလိုက်ပါပြီ။ဇာတ်လမ်းနာမည်က မုသားစကား ၁၀၀၁တဲ့။ ဒီဇာတ်လမ်းမှာ အဓိကဇာတ်ဆောင်တွေကို မျက်နှာသစ်သရုပ်ဆောင်တွေ သုံးထားပေမယ့် ကျရာဇာတ်ရုပ်နဲ့လိုက်ဖက်အောင် ပါဝင်နိုင်ကြတာကို စိတ်ဝင်တစားနဲ့ကြည့်ကြရမှာပါ။နေရာတခုတည်းမှာပဲ အဓိကတည်ပြီး ရိုက်ထားတဲ့ဇာတ်လမ်းတွေကိုကြည့်လိုက်ရင် စိတ်ဝင်စားစရာကောင်းရင်ကောင်း မဟုတ်ရင် ပျင်းစရာကောင်းလာရော။ကျွန်တော့်အမြင်အရကတော့ ဒီဇာတ်လမ်းကစိတ်ဝင်စားစရာပဲ။ဘာလဲဆိုတော့ ကြုံဖူးသိဖူးနေကြအကြောင်းရာတွေပါသလို ဘာတွေဖြစ်လာဦးမလဲ ဘာတွေပေါ်လာဦးမလဲဆိုတာမျိုးကို သိချင်စိတ်ဖြစ်အောင် ရိုက်ထားနိုင်လို့။ဇာတ်လမ်းအကျဉ်းကိုပြောရရင် အဆောက်အဦးကြီးတခုမီးလောင်တယ်။အဲဒီမှာနေတဲ့ တိုက်ခန်းတွေက မိသားစုနှစ်ခုက သူတို့သူငယ်ချင်းအရင်းကြီးတယောက်အိမ်မှာ ခဏလာတည်းတယ်။ညစာစားကြရင်း နောက်ရက်မှာ အိမ်ရှင်လင်မယားရဲ့ ဆယ်နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့ရောက်မယ်ဆိုတာသိတော့ ပြန်မယ့်ဟာ မပြန်ကြသေးဘဲ ပွဲလေးကျင်းပကြတာပေါ့။တကယ်ခင်မင်ကြတဲ့ သူငယ်ချင်းအရင်းကြီးတွေပဲစုပြီးပွဲလေးလုပ်ရော။ အဲဒီမှာ သူငယ်ချင်းတွေဝိုင်းထိုင်ကြရင်း သူတို့တွေပြောကြတဲ့အကြောင်းအရာတွေ အဖြစ်အပျက်တွေက ဇာတ်လမ်းကိုဆွဲခေါ်သွားတာပဲ။ကွဲပြားတဲ့အမြင်တွေ အယူအဆမတူညီကြတာတွေကနေ သူတို့ရဲ့ဘ၀တွေကို စကားတွေကနေတဆင့် တင်ဆက်ပြသသွားတာကို ကြည့်လိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~BpL~Zwe~Yunniတို့ဖြစ်ပါတယ်) File size…1.37GB / 613MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 45mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~BpL~Zwe~Yunni
movie
Thousand and One Lies (1001 Nunakal) (2022)
2022
7.9
Janaki Jaane (2023)
Janaki Jaane ( 2023 ) ================== IMDb 8.5/10အသစ်ထွက်လာတဲ့ မာလေယာလမ်စကားပြော ရိုမန်းတစ်အချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဂျာနာကီဆိုတာ နယ်မြို့လေးကကောင်မလေးတစ်ယောက်။ငယ်ငယ်ကကြုံခဲ့ရတဲ့အဖြစ်အပျက်တခုကြောင့် ထရော်မာဝင်ပြီး တစ်ယောက်ထဲမနေရဲတာ အမှောင်ကြောက်တတ်တာမျိုးကို အလွန်အကျွံခံစားနေရရှာသူလေး။ သစ်ကိုင်းခြောက်ကလေး ပြုတ်ကျတာတောင်သတိလစ်သွားတဲ့အထိအသဲငယ်ရှာသူလေး။အဲဒီလို အသည်းငယ်တာကြောင့် အိမ်ထောင်ဖက်တွေ့တိုင်း အဆင်မပြေဘဲ အပျိုကြီးဖြစ်နေရတယ်။အဲဒီလိုအသည်းငယ်တဲ့သူ့ကို ဟိုစပ်စပ်ဒီစပ်စပ်ပါတတ်တဲ့ ပါလေရာငပိဇာတ်လိုက်ကျော်က မြင်မြင်ချင်းကြွေသွားပြီး လူကြီးတွေကနေတဆင့်နားဖောက်ဖို့ကြိုးစားပါတော့တယ်။တောင်ပိုင်းအချစ်ကားတွေ ကောင်းပြီဆိုရင် တော်ရုံကားလိုက်မမီတာကြောင့် ဒီဂျာနာကီရဲ့ အချစ်ဇာတ်လမ်းကရော ပရိသတ်တွေကို ဘယ်လိုဆွဲခေါ်သွားမလဲဆိုတာ ရှုမြင်ခံစားလိုက်ရအောင်လား။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်ဆိုသူတွေကတော့ V, BpL, Moon, Cherry နဲ့ Zwe တို့ပဲဖြစ်ကြပါတယ်။ ) File size…2.03GB / 853MB Quality…1080p WEB DL /720p Format…mp4 Duration…. 2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~ BpL~ Moon~ Cherry ~ Zwe
movie
Janaki Jaane (2023)