Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Vidhya Pradeep
8.1
Thadam (2019)
Thadam (2019) "ဟာကွက်"IMDb 8.1 အထိရထားတဲ့ တေလဂူး မှုခင်း/လျှို့ဝှက်သည်းဖိုရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် မင်းသား Arun Vijay က ဒီရုပ်ရှင်မှာ နှစ်ကိုယ်ခွဲဇာတ်ရုပ်အဖြစ်သရုပ်ဆောင်ပြီး တေလဂူးရုပ်ရှင်ပွဲတိုင်းကျော် 'ယိုဂီဘာဘူ' လည်း ပါဝင်ထားပါတယ်အေဟီလ်က ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ယောက်၊ အိပ်မက်တွေနဲ့လူဖြစ်ပြီး ချစ်ရသူနဲ့ တစ်အိုးတစ်အိမ်တည်ဆောက်ဖို့ ကြံရွယ်ထားတဲ့ လူရည်လူမွန် ကာဗင်ကတော့ ဆန့်ကျင်ဘက်၊ အသေးစားလူလိမ်ဆိုပေမယ့် သူများကို လိမ်လည်လှည့်ဖြားတဲ့ နေရာမှာ တစ်ဖက်ကမ်းခတ်နေသူ၊ လောင်းကစားနွံမှာ နစ်နေတဲ့ လူလေလူလွင့်တစ်ယောက် မိုးသည်းတဲ့ ညတစ်ညမှာ လူတစ်ယောက်အသတ်ခံလိုက်ရတဲ့အခါ ဓာတ်ပုံသက်သေတစ်ခုကြောင့် အေဟီလ်ကို သံသယတရားခံအဖြစ် ခေါ်ယူမေးမြန်းခံရတယ်သိပ်မကြာခင်မှာပဲ အေဟီလ်နဲ့ ချွတ်စွပ်တူနေတဲ့ ကာဗင်ပါ မူးပြီးကားမောင်းမှုကြောင့် စခန်းရောက်လာတဲ့ အချိန်မှာတော့ ...အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ ToMo ~ Alex ~ V ~ KKKZ တို့ ဖြစ်ပါတယ် File size… 2.11GB / 891MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h ...
movie
Thadam (2019)
2019
7.9
Kannagi (2023)
Kannagi (2023) " အာဂမိန်းမသား "IMDb-8.1/10Yashwanth Kishore လို့ခေါ်တဲ့အမျိုးသားဒါရိုက်တာတစ်ယောက် ရိုက်ကူးတဲ့ အမျိုးသမီးလေးယောက်ရဲ့ ခက်ခဲဖြတ်သန်းရတဲ့ဘဝအဖုံဖုံကိုရိုက်ကူးထားတာဖြစ်ပါတယ်အိမ်ထောင်ပြုဖို့ အားလုံးစီစဉ်ထားပြီးမှ အဆင်မပြေမှုတွေဆက်တိုင်ဖြစ်နေတဲ့ကာလိုင် ယောက်ျားက ကွာရှင်းခွင့်တောင်းဆိုခံထားရတဲ့နယ်သရာ အိမ်ထောင်သည်ဘဝအစတည်းက ပတ်ဝန်းကျင်စံသတ်မှတ်ချက်တွေကြား ဖိနှိပ်ချုပ်ချယ်ခံနေရတဲ့နဒီ ချစ်သူနဲ့ကိုယ်ဝန်ရပြီး ဘာဆက်လုပ်ရမှန်းမသိဖြစ်နေတဲ့ ဂီတာဒီလေးယောက်ရဲ့ဘဝဟာ ဘေးကနေကြည့်ရင်ရိုးရှင်းသလောက် လက်တွေ့ရင်ဆိုင်ကြတဲ့အချိန်မှာ ရိုးရှင်းမနေပါဘူး မိသားစု ၊ ခင်ပွန်းဘက်ကမိသားစု နဲ့ ပတ်ဝန်းကျင်ပြောစကား နဲ့ ကိုယ်တိုင်ဆင်ခြင်တုံ့တရားတွေကြား အဖြေရှာရင်းလမ်းပျောက်နေကြသူတွေ...မိန်းမတွေခက်ခဲပင်ပန်းရတာကို မိန်းမတွေပဲသိတယ်လို့ပြောခဲ့ကြပေမဲ့ ဒီကားကတော့ ယောက်ျားတစ်ယောက်က ဇာတ်ညွှန်းရေးရိုက်ကူးထားတာမို့ ဘယ်လိုအမြင်တွေကွဲထွက်နေမလဲဆိုတာရှုစားကြည့်ပါဦး အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ V ~ Zwe ~ Cherry ~ ToMo ~ BpL တို့ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.39GB / 975MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V ...
movie
Kannagi (2023)
2023
8.1
Infinity (2023)
Infinity ( 2023 ) ============== IMDb 8.7/10အိန္ဒိယမှုခင်းရုပ်ရှင် ပရိသတ်တွေအတွက် ဒီနှစ်ထဲမှာ မှုခင်းဇာတ်လမ်းကောင်းတွေ အများကြီးထွက်ရှိခဲ့ပြီး အခုလည်း နောက်ထပ် တမီလ်မှုခင်းရုပ်ရှင်တစ်ခု ထပ်မံထွက်ရှိလာပြန်ပါပြီ။ချန်နိုင်းမြို့ကြီးမှာ တစ်ညတည်းနဲ့ လူသဝာ်မှုနှစ်ခုဖြစ်သွားခဲ့ပါတယ်။ အဲဒီလူသဝာ်မှုနှစ်ခုမှာ သေဆုံးသူတွေက ရဲအရာရှိတစ်ယောက်နဲ့ နာမည်ကြီးစာရေးဆရာတစ်ယောက်ဖြစ်နေပါတယ်။ အဲဒီအမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က ဘာသဲလွန်စမှရှာမရတဲ့အတွက် CBI လို့ခေါ်တဲ့ ဗဟိုထောက်လှမ်းရေးအဖွဲ့ကြီးဆီကို အဲဒီအမှုလွှဲပေးလိုက်ရပါတယ်။ အကွက်ကျကျ ကစားကွက်တွေရွှေ့နေတဲ့ လူသဝာ်သမားကို CBI က စုံထောက်ကြီး အက်ဗီက ဖမ်းမိမလားဆိုတာ ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ဘာသာပြန်ဆိုသူတွေကတော့ Yunni, V နဲ့ Zwe Yan တို့ပဲ ဖြစ်ကြပါတယ်။ ) File size…1.7GB / 960MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~ V~ Zwe Yan
movie
Infinity (2023)
2023
7.1
Yaadhum Oore Yaavarum Kelir (2023)
Yaadhum Oore Yaavarum Kelir (2023) IMDb-7.1/10မင်းသားကြီးဗီဂျေးစည်သူပတီရဲ့ ဒုက္ခသည်တစ်ယောက်အနေနဲ့ သူယုံကြည်ရာနောက် လိုက်ခဲ့ရပုံတွေကို အားတက်ဖွယ်ကြည့်ရှုရမှာပါ။ ဘယ်သူလဲ ဘယ်ကလာတာလဲ ဘာလို့ဒီမှာရှိနေတာလဲ ဘယ်ကိုသွားမှာလဲဆိုတဲ့ ပဟေဠိတွေနဲ့လူတစ်ယောက်။ဒီကမ္ဘာကြီးကို ဘာလို့ဖန်တီးခဲ့လဲဆိုတာ ကျွန်တော်၃နှစ်သားတည်းကတွေးဖူးတယ်။ ဘာလို့လဲဆိုတော့ လူသားအချင်းချင်း တိုက်ပွဲတွေဖြစ်ကြတယ် အကြောင်းက နယ်မြေလေးကြောင့်တဲ့။ ဒါဆိုဒီနယ်မြေက ဘာအတွက်လဲလို့မေးတော့ လူတွေရှင်သန်ဖို့ပါတဲ့။ အုပ်စုဖွဲ့နေတဲ့လူတွေကိုကာကွယ်ဖို့ ဥပဒေပြဋ္ဌာန်းပြီး ဒီဥပဒေကိုကာကွယ်ဖို့ ခေါင်းဆောင်ရွေးကြတယ်။ ခေါင်းဆောင်နောက်လိုက်ပြီး နိုင်ငံတစ်နိုင်ငံတည်ထောင်လိုက်တယ်။ ဒီနိုင်ငံကိုကာကွယ်ဖို့ဆိုပြီး လူတွေသတ်ကြပြန်ရော။ ဒါဆိုဘာလို့နိုင်ငံဖွဲ့စည်းလည်းဆိုတော့ လူတွေကို ကာကွယ်ဖို့ပါတဲ့။ဆိုတော့ ဒီနေ့ထိ ကျွန်တော့်မေးခွန်းအတွက် အဖြေမရှိခဲ့...။ဘယ်နေရာ ဘယ်အချိန်မှာ ဗုံးထပေါက်မလဲစိုးရိမ်နေရတဲ့ သီရိလင်္ကာရဲ့ ဒေသလေးတစ်ခုဆီကနေ စောင့်ရှောက်လာခဲ့ရတဲ့ ကလေးတယောက်ကို ဖာသာကြီးက ကလေးကျွမ်းကျင်တဲ့ဂီတနောက်ကိုလိုက်ဖို့ လန်ဒန်ကိုလွှတ်လိုက်တယ်။ အသက်ဆယ့်ရှစ်နှစ်ကျော်လို့ မှတ်ပုံတင်ပြန်လျှောက်ရာက ပျောက်သွားတဲ့အတောအတွင်း လူသတ်မှုနဲ့ထောင်ကျခဲ့ကြောင်းထွက်ပေါ်လာတဲ့ အမှန်တရားတွေကြားထဲမှာ ဘာဖုံးကွယ်မှုတွေရှိနေမလဲ။အဲဒီလို အခက်အခဲတွေကြားက သူ့ကိုစောင့်ရှောက်ခဲ့တဲ့ ဖာသာကြီးဖြစ်စေချင်တဲ့ ဂီတပညာရှင်ကြီးဖြစ်နိုင်မလားဆိုတာကတော့.. (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni~BpL~Zwe Yan ~V တို့ပဲ ဖြစ်ပါတယ်) File size…2.1GB / 903MB Quality…1080p WEB DL / 720p Format…mp4 Duration….1h ...
movie
Yaadhum Oore Yaavarum Kelir (2023)
2023
7.5
Yenni Thuniga (2022)
Yenni Thuniga (2022)ယခုမိတ်ဆက်ပေးမယ့် တမဲလ်ဇာတ်ကားလေးကတော့ ပုံမှန်စုံထောက်ကားတွေနဲ့ မတူဘဲ ရသတစ်မျိုးကို ပေးစွမ်းနိုင်မှာ အသေအချာပါပဲ။ ဇာတ်လမ်းစစချင်းမှာ ရိုးရှင်းမယ်လို့ ထင်ရပေမယ့် မထင်မှတ်ထားတဲ့ အရှုပ်အထွေးတွေနဲ့အတူ ကြည့်ရှုသူတိုင်းကို ရင်တထိတ်ထိတ်နဲ့ ခံစားရစေမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဇာတ်လမ်းအစမှာ ရွေးကောက်ပွဲဝင်ပြိုင်မယ့် အမတ်လောင်းရဲ့ ရတနာဆိုင်ကို ဓားပြဝင်တိုက်ခံလိုက်ရပါတယ်။ ရွေးကောက်ပွဲနီးမှ သူ့ဒေသမှာ ရာဇဝတ်တွေဟာ မှိုလိုပေါက်လာတာမို့ အမတ်လောင်းလည်း ခေါင်းခြောက်ရတာပေါ့။ အဲ့ဒီထက်ပိုဆိုးတာက့ ရွေးကောက်ပွဲကာလမှာ အသုံးပြုမယ့် ရူပီး ကုဋေ ၂၀၀၀ အထိ တန်ဖိုးရှိတဲ့စိန် ၁၀ လုံးပါ အခိုးခံလိုက်ရတော့ အမတ်လောင်းတစ်ယောက် တစ်ပူပေါ် နှစ်ပူဆင့်ရပါတော့တယ်။ ကံကောင်းချင်တော့ ဓားပြအဖွဲ့က ပြန်ပေးဆွဲသွားတဲ့ မိန်းကလေးက အသက်မသေခဲ့ပြန်ဘူး။ ဒါပေမဲ့ ကိုမာဝင်သွားတော့ သတိပြန်ရဖို့အရေး နံပါတ်တစ်အနေနဲ့ လုပ်ရပြန်တယ်။ ဓားပြအဖွဲ့ကလည်း ပိရိလွန်းပြီး ခြေရာလက်ရာ မကျန်တာမို့ ဦးရဲကြီးတို့လည်း ခေါင်းရှုပ်ရတာပေါ့ဗျာ။ ကိုမာဝင်သွားတဲ့ မိန်းကလေးရဲ့ အစ်ကဖြစ်သူကတော့ ရေဆုံးမြေဆုံးလိုက်ပြီး ရှာဖွေတဲ့အခါမှာတော့...ဓားပြအဖွဲ့ကို မိသွားနိုင်မလား...?ဒါ့အပြင် ဓားပြအဖွဲကို ပြည်ပစိန်မှောင်ခိုဂိုဏ်းက ခိုင်းစေခဲ့ပေမယ့် အဲ့ဒီထက် ရှုပ်ထွေးတဲ့ မထင်မှတ်ထားတဲ့သူတစ်ယောက် ...
movie
Yenni Thuniga (2022)
2022
4K HEVC Web-DL
7.1
Ponmagal Vandhal (2020)
(မင်းသမီးလေး ရောက်လာပါပြီ)ကျောင်းအုပ်ဆရာမကြီးအဖြစ် အများသိကြတဲ့ တမီးလ်မင်းသမီးကြီး Jyotikaရဲ့ ကားသစ်စစ်စစ်က ကိုဗစ်ကာလမှာ ရုံမတင်ရဘဲ Amazonကနေ ဖြန့်ချိခဲ့ပါတယ်။ဇာတ်ကားကောင်းတစ်ကားဆိုတာလည်း ကြည့်ရှုပြီးကြသူတွေရော၊ မကြည့်ရသေးသူတွေပါ သိပြီးကြပြီထင်ပါတယ်။ဇာတ်လမ်းအကျဉ်းကို အနည်းငယ် ချပြပါမယ်။ကလေးမလေးတစ်ယောက်ကိုကယ်ဖို့ကြိုးစားရင်း လူငယ်လေးနှစ်ယောက် သေနတ်နဲ့ပစ်သတ်ခံလိုက်ရတယ်...တရားခံရဲ့နာမည်က ဂျိုသီ မြောက်ပိုင်းသူ...စိတ္တဇလူသတ်သမား သူ(မ)ရဲ့အိမ်ကို ရဲတွေရှာဖွေစစ်ဆေးကြည့်တော့ အိမ်အနောက်ဘက်မှာ ကလေးအလောင်း (၄)လောင်း မြှပ်ထားတာတွေ့ရတယ်...သေဆုံးသွားတဲ့ကလေးတွေရဲ့မိဘတွေသာမက ပြည်သူတွေကပါ သူ(မ)ကိုသတ်ပစ်ဖို့တောင်းဆိုကြတယ်...သတင်းအရ ဂျိုသီပုန်းနေတဲ့နေရာကိုသွားဖမ်းတော့ သေနတ်နဲ့ခုခံတဲ့အတွက် ဂျိုသီ့ကို ရဲတွေပြန်လည်ပစ်ခတ်ခဲ့ရတယ်...စိတ္တဇလူသတ်သမားဂျိုသီရဲ့ပုံပြင်ဟာ ဒီမှာတစ်ခန်းရပ်ခဲ့တယ်...အချိန်တွေ ရာသီတွေအလီလီပြောင်းလို့ (၁၅)နှစ်ဆိုတဲ့ အချိန်ကာလတစ်ခုကိုရောက်ခဲ့ပြီ...ဂျိုသီရဲ့အမှုကိုပြန်ဖွင့်ပြီး ပြန်လိုက်တော့မယ်ဆိုတဲ့သတင်းထွက်လာတော့ လူတွေအကုန်အံ့သြသွားကြတယ်...နဂိုတည်းက သွေးဆူခဲ့ကြတဲ့အမှုဆိုတော့ အားလုံးဝိုင်းပြီးကန့့််ကွက်ကြတယ်...တရားရုံးရှေ့အထိ လူစုလူဝေးနဲ့ဆန္ဒလာပြကြတယ်...လယ်ပြင်ဆင်သွားသလို ထင်းနေတဲ့အမှုကို နာမည်ကြီးချင်လို့အစပြန်ဖော်တယ်လို့ သူတို့တွေးမိကြတယ်...ဒီရှေ့နေမ ငွေလိုလို့လား...နာမည်ကြီးချင်လို့လားပေါ့...ဂျိုသီ့အမှုကို ပြန်လိုက်မဲ့ရှေ့နေမလေးနာမည်က ဗန်ဘာ... မစ္စစ်ဗန်ဘာ...ဂျိုသီ့အမှုက သူ့အတွက်ပထမဆုံးအမှု ပြည်သူတွေ ဆတ်ဆတ်ထိမခံတဲ့အမှု ဗန်ဘာ့အတွက်တော့ ဒါဟာ ရှေ့နေဘဝရဲ့ပထမဆုံးခြေလှမ်း...အမှားခံလို့မရတဲ့ ကိစ္စရပ်တစ်ခု... လူတွေရဲ့ပြစ်တင်ရှုံ့ချတဲ့အကြည့်တွေ ဖိနပ်တွေနဲ့ပစ်ပေါက်ခံရတာတွေကြားကနေ ဒီအမှုကိုဆက်လိုက်ဖို့ သူဆုံးဖြတ်ခဲ့တယ်...ကဲ ရှေ့ဆက်ဘယ်လို ဖြစ်ကြဦးမလဲ ...
movie
Ponmagal Vandhal (2020)
2020