Channel Myanmar

Victor Argo

Quick Change (1990) 6.8
Quick Change (1990) Quick Change (1990)~ IMDb - 6.8/10, Rotten Tomatoes - 84% ~တိုတိုပြောရရင်တော့ Bill Murray ရဲ့ ဘဏ်ဓားပြတိုက်တဲ့ကားပဲ။ လူအများစုကတော့ Oceans Eleven တို့၊ The Italian Job တို့၊ Money Heist တို့လို ဘဏ်ဓားပြတိုက်တဲ့ ရုပ်ရှင်တွေ စီးရီးတွေကြည့်ဖူးကြလိမ့်မယ်။ အဲဒီလို ဘဏ်ဓားပြတိုက်တဲ့ကားတွေမှာ အကြမ်းဖျင်း အဆင့် ၃ ဆင့်ရှိတယ်။ အစီအစဉ်အသေးစိတ်ဆွဲမယ်၊ ဓားပြတိုက်မယ်၊ လွတ်အောင်ပြေးမယ်။ အဓိက ဇာတ်လမ်းတည်တဲ့‌အပိုင်းကတော့ ဓားပြတိုက်တဲ့အပိုင်းပဲ။ ဒီရုပ်ရှင်က အဲဒီလို လမ်းကြောင်းနဲ့ ကွဲတယ်။ အစီအစဉ်ဆွဲတာကို ကျော်ပြီး လာလာချင်းကတည်းက ဓားပြတိုက်တာနဲ့စတယ်။ တခြားရုပ်ရှင်တွေထက် ပိုဒဲ့တိုးသွားတာပေါ့။ ဒီရုပ်ရှင်မှာ အဓိက ဇာတ်လမ်းတည်တာက လွတ်အောင်ပြေးတဲ့အပိုင်း။ ပိုထူးခြားတာက တခြားရုပ်ရှင်တွေထဲကလို CCTV တွေ hack ...
movie

Quick Change (1990)

1990
Falling in Love (1984) 6.5
Falling in Love (1984) Falling in Love (1984)~ IMDb - 6.5/10, Rotten Tomatoes - 54% ~ခရစ်စမတ်မှာစတဲ့ဇာတ်လမ်းက ခရစ်စမတ်မှာ ဆုံးခဲ့တယ်။ အစဟာ ရင်ခုန်စိတ်မောဖွယ် ခံစားမှုပြန်လည်ဆန်းသစ်‌ခြင်းတွေနဲ့။ အဆုံးသတ်ကတော့ ယစ်မူးတပ်မက်စိတ်တွေနဲ့ နှလုံးသား နိုးထရှင်သန်ခြင်းများ ထုံမွှန်းနေလေရဲ့။ချစ်ခြင်းဟာ အပြစ်ကင်းပါသတဲ့။ သူတို့ချစ်ခြင်းကြောင့် နာကျင်ကြေကွဲရသူတွေ ရှိလာခဲ့ရင်ရော... ချစ်ခြင်းဟာ အပြစ်ကင်းပါသေးလား။ မင်းဘက်ကိုလှည့်လို့ တလောကလုံးကို ကျောခိုင်းလိုက်မယ်ဆိုတဲ့လူမျိုးတွေအတွက်တောင် ချီတုံချတုံဖြစ်စရာ မသင့်တော်ခြင်းလွှမ်းတဲ့ အချစ်လမ်းဖြစ်နေလို့ပါပဲ။သွက်လက်ချက်ချာ ပျော်ပျော်နေတတ်တဲ့ ဆရာဝန်ကတော်တစ်ယောက်။ ကြော်ငြာအနုပညာစိတ်ကူးလေးတွေလှပသူ။ ကားပျက်နေတဲ့အတွက် သူ့အိမ်ကနေ နယူးယောက်မြို့ကို ရထားစီးလို့လာခဲ့တယ်။ဆောက်လုပ်ရေးအင်ဂျင်နီယာ၊ ကလေးတို့အဖေ၊ အင်မတန်လိမ္မာတဲ့ ဇနီးသည်လေးရဲ့ခင်ပွန်း။ သူလည်း ကားပျက်တာပဲဗျ။ နယူးယောက်မြို့ကို ခရစ်စမတ်ပွဲအတွက် ရထားနဲ့ ခရီးဆန့်ခဲ့သူပေါ့။သူတို့နှစ်ယောက်ရဲ့ ဆုံဆည်းခြင်းနဲ့ ရင်ခုန်ခြင်းဟာ လူပျိုလူလွတ်တွေလိုတော့ မလှပ၊ မခမ်းနားဘူးပဲ ဆိုကြပါစို့ဗျာ။ ပိုင်ရှင်ကိုယ်စီရှိကြသူတွေဖြစ်လို့ အတင်းထိန်းချုပ်ထားတဲ့ အချစ်စိတ်တွေ ပေါက်ကွဲထွက်လာခြင်းကို ...
movie

Falling in Love (1984)

1984