Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Veronica Ngo
6.6
Bright (2017)
ကမ္ဘာကြီးရဲ့ Alternate Timeline တစ်ခုမှာလူတွေဟာOrcs တွေ Elves တွေ အစရှိတဲ့ဒဏ္ဏာရီထဲကသတ္တဝါတွေနဲ့အတူကမ္ဘာဦးအစကတည်းက နေထိုင်ပါတယ်။ဒီဇာတ်ကားမှာတော့Ward (Will Smith) ဟာလော့အိန်ဂျလိစ်က ဝါရင့်ရဲအရာရှိတစ်ယောက်ဖြစ်ပြီး လော့အိန်ဂျလိစ်ရဲဌာနရဲ့ပထမဆုံး Orcs ရဲအရှာရှိဖြစ်တဲ့ Jakoby နဲ့အတူတာဝန်ထမ်းဆောင်နေရတာဖြစ်ပါတယ်။လူတွေနဲ့ Orc တွေကလဲ သိပ်မတည့်ကြသလို Jakoby နဲ့လဲဘယ်သူကမှ အလုပ်တွဲမလုပ်ချင်ကြပါဘူး။တစ်ညမှာတော့Ward နဲ့ Jakoby တို့ Tikka လို့ခေါ်တဲ့Elf တစ်ယောက်ကို တွေ့ရှိခဲ့ပြီး သူ့ဆီမှာ ကမ္ဘာကိုအမှောင်ခေတ်ပြန်ရောက်သွားအောင်လုပ်နိုင်စွမ်းရှိနေတဲ့မှော်တုတ်တံတစ်ချောင်းရှိနေတာကို သိလိုက်ရပါတယ်။ အဲ့ဒီ မှော်တုတ်တံကို လူမျိုးစုအားလုံးသတ္တဝါအားလုံးကအလိုရှိနေတာဖြစ်ပြီးမှော်တုတ်တံပိုင်ရှင်အစစ်ဖြစ်တဲ့ Leilah ကိုယ်တိုင်ကလဲလိုက်ရှာဖွေနေတာဖြစ်ပါတယ်။ကမ္ဘာကြီး မပျက်စီးအောင်Ward နဲ့ Jakoby တို့ဘယ်လိုတားဆီးမလဲ ဆိုတာတော့ရုပ်ရှင်ထဲမှာ ဆက်လက်စီးမျောခံစားလိုက်ပါ။ဒီကားကို ဝေဖန်သူတွေက ၂၀၁၇ ခုနှစ်ရဲ့အဆိုးဝါးဆုံးရုပ်ရှင်လို့ မှတ်ချက်ပေးနေပေမယ့်တကယ်တော့ အဲ့လောက်မဆိုးဝါးပါဘူး။ Imdb 6.7, Rotten Tomatoes 30% ရရှိထားတဲ့အပြင်David Ayer ရဲ့ အမြင်ဆန်းသစ်တဲ့ရုပ်ရှင်တစ်ကားဖြစ်တာမို့ကြည့်သင့်တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ File size… ...
movie
Bright (2017)
2017
4K HEVC
6.0
The Princess (2022)
The Conjuring , Kissing Booth တို့နဲ့ လူတော်တော်များများသိလာကြတဲ့ မင်းသမီး Joey King ရဲ့ အလန်းစားကားတစ်ကားထွက်လာပြန်ပါပြီ ဇာတ်လမ်းအကျဥ်းလှပပြီး စိတ်ဓာတ် ခံယူချက်ပြင်းထန်တဲ့ မင်းသမီး ချောလေးကို လာရောက်တောင်းရမ်း စေ့စပ်ထားတဲ့သူကို လက်မထပ်ချင်လို့ မင်းသမီးကငြင်းလိုက်တဲ့နောက်...အငြင်းခံရတဲ့ စစ်သည်တော်က ခံပြင်းပြီး မင်းသမီးကို ရဲတိုက်ထဲ ဖမ်းကာ နန်းတော်ကို သိမ်းလိုက်တယ်ဘုရင်အစစ်ဖြစ်ဖို့ မင်းသမီးကို လက်ထပ်မှဖြစ်မယ်ဆိုပြီး နည်းအမျိုးမျိုးနဲ့ ကြိုးစားတော့တာပေါ့မင်းသမီးလေးကလည်း ရဲတိုက်ထဲကနေ မိဘတွေကိုကယ်တင်ပြီး ဘယ်လို လွတ်မြောက်ဖို့ ကြိုးစားမလဲဆိုတာတွေကို ကြည့်ရှုကြရမှာပါ ။File Size__( 1.7GB) / (900MB) Quality__WEB-DL_1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:32:00 Type__Action, Drama, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Myinn Encoded by Naing Aung Latt
movie
The Princess (2022)
7.5
Furie (2019)
IMDb (7.5) / Rotten Tomatoes (91%)Furie (ဗီယက်နမ်လို Hai Phuong) ဆိုတဲ့ ဗီယက်နမ်ဇာတ်ကားဟာ နိုင်ငံတကာ Rating သာမက စီးပွားရေးအရလဲ အောင်မြင်နေပါတယ်...အမေရိကန်လို နိုင်ငံမှာ ရုံတင်နေပြီး ဝင်ငွေကောင်းနေတဲ့အပြင် လူကြိုက်များနေကြောင်းလဲသိရပါတယ်။ဇာတ်လမ်းကတော့........ဟိုင်းဖောင် ဟာ အစွန်အဖျားနယ်မြို့လေးမှာ ဇာတ်မြုပ်နေထိုင်ရင်း သမီးလေးနဲ့အတူဘ၀ကို ရုန်းကန်နေတဲ့မိခင်တစ်ဦးဖြစ်ပါတယ်။ သူဟာ ဘယ်ဘ၀ကလာခဲ့လဲ ဘယ်သူမှ မသိကြသလို ဘာကြောင့် ဒီနေရာကိုရောက်နေလဲ ဘာကြောင့်လူတွေနဲ့ခပ်ကင်းကင်းနေထိုင်လဲဆိုတာကိုလဲ ဘယ်သူမှ မသိကြပါဘူး။ ဟိုင်းဖောင်အလုပ်က လယ်သမားတွေဆီကကြွေးလိုက်တောင်းပေးရတဲ့ အလုပ်ဖြစ်တာကြောင့် သူ့သမီးလေးဟာ ကျောင်းမှာ အမြဲတမ်းအနှိမ်ခံရသလို ဖခင်ခေါ်စရာမရှိတဲ့သူတစ်ယောက်အဖြစ်လဲ လှောင်ပြောင်ခံရတယ်။ ဒါကြောင့် ကျောင်းကထွက်ပြီးတော့ အလုပ်လုပ်ရင်း သူ့အမေကို တစ်ဖက်တစ်လမ်းက အကူအညီပေးချင်သူပါ။ သူတို့ သားအမိဆက်ဆံရေးဟာလဲ နွေးနွေးထွေးထွေးမရှိလှပေမယ့် တစ်ယောက်နဲ့တစ်ယောက်တော့ ဖေးမကြတယ်။ တစ်ခါတစ်လေ ဟိုင်းဖောင်ဟာ တစ်ယောက်တည်း စီးကရက်တစ်လိပ်နဲ့ မှိုင်တွေ ငေးရီနေတတ်တယ်။ တစ်နေ့တော့ သူ့သမီးအိမ်မက်လေးကို အကောင်အထည်ဖော်ဖို့ သူမြတ်မြတ်နိုးနိုးသိမ်းထားတဲ့ နားစွဲလေးတစ်ရံကိုဈေးထဲသွားပေါင်ချိန်မှာ သူ့သမီးကို သူခိုးအဖြစ် ၀ိုင်းဝန်းစွပ်စွဲနေတာကို ဖြေရှင်းရင်း ...
movie
Furie (2019)
2019
Về Quê Ăn Tết (2018)
တက် ( Tet ) ပွဲတော်ရောက်ခါနီး တစ်ရက်မှာတော့ သူတို့နှစ်ယောက်ဆီကို လူတစ်ယောက်ရောက်လာပြီး တစ်စီးလုံးလာငှားပါတယ်။အဲဒီလူက ဈေးကို ပိုပိုသာသာပေးတဲ့အပြင် ဘိုးဘွားအမွေသေတ္တာတစ်လုံးရလာတာကြောင့် အိမ်ကို လုံခြုံစိတ်ချစွာပြန်ချင်တဲ့အတွက် တစ်စီးလုံး အပြတ်ငှားမယ်လို့ ပြောလာပါတယ်။ငှားမယ့်လူမရှိလို့ဘိုင်ကျနေတဲ့ ပဲသီးတို့မောင်နှမကတော့ ချက်ချင်းလက်ခံလိုက်ပြီး အဲဒီလူနဲ့ အမွေရလာတဲ့ သေတ္တာကို တက်ပွဲတော်အမှီ အိမ်ပြန်ရောက်အောင် ဘယ်လိုပို့ပေးမလဲဆိုတာကို ဟာသနှောပြီး ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ ဟာသကားကြိုက်သူတိုင်း လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးပါ။ဟာသကားဆိုပေမယ့် ပေါ့ပျက်ပျက်ဇာတ်ကားမဟုတ်သလို လူငယ်တွေကို ပညာပေးချင်တဲ့ ပုံစံမျိုးနဲ့ ဟာသနှောပြီး ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာဖော်ကျူးထားတဲ့ မိဘမေတ္တာကတော့ အပြင်လက်တွေ့ဘ၀ပတ်ဝန်းကျင်မှာမြင်တွေ့နေရတဲ့အတိုင်း ရိုက်ကူးပုံဖော်ထားခြင်း ဖြစ်ပါတယ်
movie
Về Quê Ăn Tết (2018)
6.0
Bitcoin Heist (2016)
IMbD Rating 6.0 ရထားတဲ့ဗီယက်နမ် Action/comedy ဇာတ်ကားကောင်းလေးတစ်ခုပါ ဇာတ်လမ်းအကျဉ်းလေးကတော့ ဘစ်ကွိုင်း ဆိုတဲ့ ဒစ်ဂျစ်တယ် ငွေကြေးက ခေတ်စားနေတဲ့ ၂၀၂၀ ခုနှစ်အချိန်လေးပါ၊ ဒါပေမယ့် ဘစ်ကွိုင်းကို တရားမ၀င်ငွေကြေးအဖြစ် သတ်မှတ်ထားကြပါတယ်။ဘာလို့လဲဆိုတာ့ ဒီငွေကြေးကအလွယ်တကူ အင်တာနက်ပေါ်မှာ ဘဏ်တွေနဲ့ချိတ်ဆက်စရာမလိုဘဲ လွဲနိုင်လို့ပါ၊။ဗီယက်နမ် ဆိုင်ဘာပြစ်မှုစုံစမ်းရေးကို ခေါင်းစားစေသလို နိုင်ငံတကာရဲတပ်ဖွဲ့ကလည်း ၀ိညာဉ်ဆိုတဲ့ ဟက်ကာကို အပူတပြင်းလိုက်ရှာဖမ်းနေကြပါတယ်၊ဘာလို့လဲဆိုတော့ ၀ိညာဉ်ဆိုတဲ့ ဟက်ကာ ကွန်ပျူတာတွေကို အွန်လိုင်းကနေ အုတ်ဂူလို့နာမည်ပေးထားတဲ့ဗိုင်းရပ်တစ်မျိုးဖြန့်ပြီး ဘစ်ကွိုင်းငွေကြေးတွေ အကြပ်ကိုင် တောင်းခံနေလို့ပါ ဒီလိုခြေရာဖျောက်ကောင်းတဲ့ ၀ိညာဉ်ဆိုတဲ့ ဟက်ကာကို ဗီယက်နမ် ဆိုင်ဘာပြစ်မှုစုံစမ်းရေးကို ဘယ်လိုများနည်းလမ်းတွေနဲ့ ဖမ်းဖို့ကြံစည်ခဲ့သလဲ ဖမ်းမိမှာလဲ လွတ်သွားမှာလဲ ၀ိညာဉ်ကဘယ်သူလဲဆိုတာကိုမထင်မှတ်တဲ့ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ ဘယ်လိုဖြစ်သွားသလဲဆိုတာကို စောင့်ကြည့်ုလိုက်ကြပါ (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်က Little Twinlay ပါ) File Size : (800 MB) and (400 MB) Quality ...
movie
Bitcoin Heist (2016)
2016