Channel Myanmar

Varun Sharma

FryDay (2018) 5.3
FryDay (2018) FryDay (2018)"ပျော်ရွှင်စရာ သောကြာနေ့လေး" ====================================နာမည်ကြီး ဘောလိဝုဒ် ဟာသ သရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသားကြီး ဂိုဗင်ဒါနဲ့ ဗာရွန်ရှာရ်မာတို့ရဲ့ ၂၀၁၈ က ထွက်ရှိခဲ့တဲ့ တုတ်ထိုးအိုးပေါက် ဟာသဒရာမာရုပ်ရှင်လေးကို ပရိသတ်တွေအတွက် ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ထဲက ဇာတ်လိုက်ဖြစ်သူ ရာဂျစ်ဗ်ကတော့ အလုပ်မထွက်ရဖို့ကို မနည်းရုန်းကန်နေရတဲ့ ရေသန့်စက်ကုမ္ပဏီက ခပ်ညံ့ညံ့ အရောင်းသမားတစ်ယောက်ပဲဖြစ်ပါတယ်။တစ်လလုံးနေလို့ ရေသန့်စက်တစ်လုံးတောင် ရောင်းမထွက်တဲ့သူ့ကို သူ့ရဲ့ဘော့စ်ဖြစ်သူက လာမယ့်သောကြာနေ့ရောက်လို့မှ ရေသန့်စက်တစ်လုံး ရောင်းမထွက်ရင် မင်းအလုပ်ထွက်လို့ ရာဇသံပေးလိုက်ပါတယ်။အဲဒီလို ဘော့စ်က အကြပ်ကိုင် စော်ပစ်သွားတာလည်း ခံရလို့ ကျဉ်းထဲကြပ်ထဲရောက်ပြီး တိုင်ပတ်နေတဲ့ ရာဂျစ်ဗ်ဟာ မိတ်ဆွေတစ်ယောက်ရဲ့ ချိတ်ဆက်ပေးမှုနဲ့ ရေသန့်စက်ဝယ်မယ့်သူကို ရှာတွေ့ခဲ့ပေမဲ့ အဲဒီ ဝယ်သူရဲ့အိမ်ကိုရောက်တဲ့အချိန်မှာ ကိစ္စတစ်ခုနဲ့ ပက်ပင်းတိုးခဲ့ရပြီး ရာဂျစ်ဗ်ရဲ့ဘဝ ပိုမိုရှုပ်ထွေးကာ ဘဝတဆစ်ချိုးပြောင်းလဲသွားရပုံကို ဟာသဖောက်ပြီးတင်ဆက်ထားတာကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ခံစားရမှာဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 1.9GB / 866MB Quality…WEB DL 1080p / 720p Format...mp4 Duration….1h 54m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

FryDay (2018)

Kis Kisko Pyaar Karoon (2024) 5.6
Kis Kisko Pyaar Karoon (2024) Kis Kisko Pyaar Karoon (2015)"ဘယ်သူ ကိုယ့်လောက်ချစ်မလဲ" IMDb - 5.6/10Netflixကတင်ဆက်ပေးခဲ့တဲ့ရှိုးမှာ အရမ်းပေါက်ခဲ့တဲ့ The Great Indian Kapil Showက ကာပီလ်ရဲ့ ဟာသဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။မတော်တဆ အသဲကွဲတမ်းကစားမိတာမဟုတ်ဘဲ ကံကောင်းလားဆိုးလားဝေခွဲမရဘဲ မိန်းမသုံးယောက်ရသွားရှာသူ။ဘယ်လိုမှ ငြင်းဆန်မရဘဲ ယူလိုက်ရတဲ့ မိန်းမသုံးယောက်ကို တစ်နေရာဆီမှာထားရင်း အဆင်ပြေအောင်နေဖို့ကြိုးစားရှင်သန်ဖို့ကြိုးစားခဲ့။ခက်တာက တစ်နယ်ဆီမှာထားတော့ တစ်ယောက်ကို တစ်ညနှုန်းနဲ့ ကျန်တဲ့နှစ်ညက အလုပ်သွားရမှာဆိုပြီး ဆင်ခြေပေးထားတာဆိုတော့ ကျန်တဲ့နှစ်ယောက်က မနက်ခင်းအာဘွားလေးပေးစေချင်တဲ့အတွက် ဆရာသမားတိုင်ပတ်ပါလေရော။ဒီမှာ သူငယ်ချင်းဖြစ်သူရှေ့နေရဲ့ အကြံဉာဏ်အတိုင်း သုံးယောက်လုံးကို အဆောက်အဦးတစ်ခုတည်းက မတူညီတဲ့အလွှာတွေမှာ တစ်ခန်းစီထားဖို့ စီစဉ်ပါတော့တယ်။ဒီမှာပဲ ဆရာသမားကြုံတွေရတဲ့ ဒုက္ခသုခတွေကို မပြုံးဘဲ ဝါးလုံးကွဲရယ်ရင်းခံစားကြည့်ရှုရမှာပါ။ (စာကြွင်း - မိန်းမမပြောနဲ့ စော်တောင်မရှိတဲ့ ကလေကချေအက်ဖ်အေတွေကြည့်ရှုရန်မသင့်ကြောင်း)(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 3.06GB /1.43GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Kis Kisko Pyaar Karoon (2024)

2015
Wild Wild Punjab (2024)
Wild Wild Punjab (2024) Wild Wild Punjab (2024)IMDb-5.7/10ဘော်ဒါမကောင်း သူကောင်းမဖြစ်ခွီလဲခွီ ဘော်ဒါကိုလဲ ပြန်သတိရစေနိုင်မယ့် netflixက ပူပူနွေးနွေးထွက်ရှိထားတဲ့ ဘော်လိဝုဒ်အခွီဟာသကားလေးကို တင်ဆက်ပေးချင်ပါတယ်အသဲကွဲလို့ သတ်သေမလို့ပါဆို ဘေးကနေ ထိုင်မြှောက်ပေးတဲ့ သူငယ်ချင်းမျိုး ရှိလား အိမ်မပိုင်လို့ ပြဿနာတက်နေပါတယ်ဆို အိမ်မပိုင်တဲ့ကောင်ကိုမှ ဝိုင်းဒုက္ခပေးတဲ့ သူငယ်ချင်းမျိုး ပိုင်ဆိုင်ထားလား မကောင်းတာလုပ်မယ်ဆို နှစ်ခါခေါ်စရာမလို အရောက်ပို့ပေးမယ့် သူငယ်ချင်းမျိုးရော တွေ့ဖူးလား သေလောက်အောင် ချမ်းသာနေပါစေ ကျပ်မပြည့်တဲ့ဘော်ဒါရော ကြုံဖူးကြလားဘာတွေဘယ်လိုပဲဖြစ်နေပါစေ အခက်အခဲကြုံလာတဲ့အခါ ကိုယ့်ဘက်မှာ ရှိနေပေးကြမှာက ဒီစောင်ရူးဘော်ဒါတွေပါပဲ ဒီကားလေးမှာတော့ သူငယ်ချင်း ၄ ယောက် ဂယက်ထကြတာကို ကြည့်ရှုရမှာပါ ဘဝဖိအားတွေခံရတဲ့အခါ, ဘယ်အရာကမှ ကိုယ့်ကိုမပျော်ရွှင်စေတော့တဲ့အခါ ငယ်တုန်းက ဂယက်အတူတူထခဲ့ကြတဲ့ သူငယ်ချင်းတွေအကြောင်း ပြန်တမ်းတတာကလည်း ထွက်ပေါက်လေးတစ်ခု ဖြစ်နိုင်ပါတယ်အဲဒီထွက်ပေါက်လေးကို ရရှိဖို့ CM Bollywood Team မှ ဘာသာပြန် တင်ဆက်ပေးလိုက်ပါပြီနော်(အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်) File size… 2.5GB / 1.23GB Quality…WEB DL 1080p ...
movie

Wild Wild Punjab (2024)

2024
Fukrey 3 (2023) 7.7
Fukrey 3 (2023) Fukrey 3 (2023) "ဆန်ကုန်မြေ‌လေးများအဖွဲ့" IMDb - 7.7/10ဒီတစ်ခါမှာတော့ Fukrey ရဲ့ တတိယမြောက်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။အရင် ဇာတ်လမ်းတွေအတိုင်းပဲ သူငယ်ချင်းလေးယောက် ဘယ်လိုတွေ ဗရမ်းဗတာလုပ်ကြဦးမလဲဆိုတာကို မြင်တွေ့ရမှာပါ။ဒီဇာတ်ကားမှာတော့ သူငယ်ချင်းလေးယောက်ဟာ စတိုးဆိုင်လေးဖွင့်ထားရင်းနဲ့ပဲ ဘိုလီရဲ့ ရေအရင်းအမြစ်ဝန်ကြီး လုပ်မယ့်ကိစ္စမှာ ပံ့ပိုးဖို့ ဖြစ်လာခဲ့ပါတယ်။ဘိုလာဟာ အာဏာရှိတဲ့အရသာကို မြည်းစမ်းမိရင်းနဲ့ တကယ့်ကို အာဏာရှိတဲ့ ဝန်ကြီးတစ်ယောက်ဖြစ်ဖို့အတွက်နဲ့ ပြည်သူလူထုအပေါ်မှာလည်း မဖြစ်နိုင်တာတွေ ကတိပေး တစ်ဖက်မှာလည်း ရေနံဂိုဏ်းမာဖီးယားတွေနဲ့ အဆက်အသွယ်လုပ်ရင်းနဲ့ပဲ ဘိုလီရဲ့ ဝန်ကြီးဖြစ်အောင် လုပ်မယ့်လမ်းမှာ သူငယ်ချင်းလေးယောက် ဘယ်လိုတလွဲတွေလုပ်ကြဦးမလဲ ဆိုတာကို ဟာသ‌‌လေးတွေနဲ့ ရယ်ရင်းမောရင်း မှုခင်းပိုင်းလေးတွေနဲ့ တွဲပြီးတော့ ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.67GB / 1.3GB Quality…1080p WEB ...
movie

Fukrey 3 (2023)

2023
Cirkus (2022) 6.4
Cirkus (2022) Cirkus (2022) Comedy, Drama IMDb 6.4/10 (21K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဘောလီဝုဒ်ဟာသကားကောင်းလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ မင်းသားချော ရန်ဗီးဆင်းက Dual Role နေရာကနေသရုပ်ဆောင်ထားပြီး မင်းသမီး ပူးဂျာဟစ်ဂဒေ..ဂျက်ကလင်းဖာနန်ဒက်ဇ်တို့အပြင် ဟာသသရုပ်ဆောင်ကြီးတွေဖြစ်ကြတဲ့ ဂျွန်နီလီဗာ..ဆန်ဂျေးမစ်ရှရားစသဖြင့် သရုပ်ဆောင်ပေါင်းများစွာလည်း ပါဝင်အားဖြည့်ထားသလို မင်းသမီးချောလေး ဒီပီကားပါဒူကွန်ကလည်း Cameo အနေနဲ့ ပါဝင်ပေးထားပါတယ်နော်။ဆရာဝန်တစ်ယောက်ရဲ့စူးစမ်းချင်စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ စမ်းသပ်ချက်တစ်ခုပေါ်မူတည်ပြီး အလွဲကြီးလွဲခဲ့ရတဲ့ဇာတ်ကြောင်းလေးပေါ့ဗျာ။အငှားကိုယ်ဝန်ဆောင်ခြင်းတွေ ခေတ်မစားသေးခင်ကာလ ဒီကိစ္စကို လူတွေလက်မခံနိုင်ကြတဲ့အခါ...။ပြုစုပျိုးထောင်ပေးတဲ့ မိသားစုတူရင် ဒီညီအစ်ကိုမောင်နှမတွေဟာ ကိုယ့်သွေးသားမဟုတ်လည်း သွေးသားရင်းခြာလို့ မေတ္တာထားကြမယ်။ ကူညီရိုင်းပင်ကြမယ်ဆိုတာကို ဒီဆရာဝန်ဟာ လောကကြီးကို ချပြချင်ခဲ့ပါတယ်။ဒီလိုနဲ့ အမြွှာနှစ်တွဲကို တစ်ယောက်ဆီလွဲထည့်ပြီး မိသားစုနှစ်စုကို တစ်တွဲစီမွေးစားဖို့ပေးလိုက်ပါတော့တယ်။တစ်ရက်တော့ ရုပ်တူပြီး လူချင်းလွဲနေတဲ့ ဒီအမြွှာနှစ်တွဲဟာ တစ်မြို့တည်းမှာ အတူဆုံကြတဲ့အခါမှာတော့ ဖြစ်ပျက်သမျှအလုံးစုံဟာ စတင်ပြီး လွဲလာပါတော့တယ်။ အလွဲလွဲအချော်ချော်နဲ့ ဘယ်လိုတွေ ပါးစပ်မပိတ်တမ်း ရယ်ရမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ရှုစားကြည့်ပါတော့နော်။ File size…2.69GB / 1.25GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Taylor~Khin Khin~ Nyein Aye ...
movie

Cirkus (2022)

2022
Arjun Patiala (2019) 4.3
Arjun Patiala (2019) Arjun Patiala (2019) ******************* ဒိဇာတ်ကားလေးကတော့ IMDb rating 4.3ရရှိထားတဲ့ Comedy/Actionအမျိုးအစား ဘောလိဝုဒ် ဇာတ်ကားလေးတစ်ကားဖြစ်ပြီး အာရ်ဂျွန်ပါတိယာလာအဖြစ် ဒိလ်ဂျီးတ် ဒိုဆာန့်ခ်ျနဲ့ ရီတူးရန်ဒါဝါအဖြစ် ကရီသီးဆနွန်းတို့က ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။အချစ် ဟာသနဲ့ အက်ရှင်တွေ စုံစုံလင်လင်ပါဝင်ပြီး ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ဒီဇာတ်ကားလေးထဲမှာတော့ အာရ်ဂျွန်ပါတယာလာလို့ခေါ်တဲ့ရဲအရာရှိနဲ့ သူ့ရဲ့လက်ထောက်အိုနီဒါတို့ဟာဆိုရင် သူတို့ရဲ့မြို့ထဲမှာရမ်းကားနေတဲ့ လူမိုက်တွေကို ရှင်းထုတ်ပစ်ဖို့ အကြံထုတ်ကြပါတယ်။အဲဒီအချိန် အာရ်ဂျွန်တစ်ယောက်ဟာ ရီတူဆိုတဲ့အလုပ်မှာစိတ်အားထက်သန်တဲ့ သတင်းထောက်မ‌ချောချောလေးနဲ့ ‌ ဆုံတွေ့ကာ သူမကို မြင်မြင်ချင်းသဘောကျ နှစ်ခြိုက်မိသွားပါတယ်။ အာရ်ဂျွန်တစ်ယောက်မြို့ထဲက လူမိုက်တွေကိုရှင်းထုတ်ပစ်ပြီး သူ့ရဲ့အိပ်မက်ကို အကောင်အထည် ဖော်နိုင်မှာလား... ရီတူကရော အာရ်ဂျွန်ကိုလက်ခံပါ့မလား.... အာရ်ဂျွန်ရဲ့အကြံအစည်ကို‌ရော လူမိုက်တွေက ရိပ်မိသွားမလား.... ဘယ်လို အလွဲတွေနဲ့ ကြုံတွေ့ရမလဲဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှူ ပေးကြပါလို့ .... ဘာသာပြန်တွေကတော့ Intelligenceနဲ့ Soe Kalayarတို့ဖြစ်ပြီး ဘာသာပြန်လိုအပ်ချက်များကို ဖြည့်စွက်ပြင်ဆင်ထားတာကတော့ Thaik Sanပဲ ဖြစ်ပါတယ်။ File size…1.97GB / 968MB Quality…1080p AMZ WEB DL / 720p Format…mp4 Duration….1h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Intelligence ...
movie

Arjun Patiala (2019)

2019
Khandaani Shafakhana (2019) 4.0
Khandaani Shafakhana (2019) Khandanni Shafakhana (2019) ======================== ဟိုတလောက FB ပေါ်မှာ ပွဲဆူသွားစေခဲ့တဲ့ “Sex Education” ဆိုတဲ့ ခေါင်းစဉ်လေးကို မှတ်မိကြတယ်မလား   ဒီဇာတ်ကားလေးဟာ လူတွေ “Sex Education” ကိုတကယ်ပဲလိုအပ်သလား မလိုအပ်ဘူးလားဆိုတာကို   မီးမောင်းထိုးပြသွားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ   ဒီဇာတ်ကားထဲမှာတော့ အိန္ဒိယနိုင်ငံသားတွေဟာ သူတို့ရဲ့ ယဉ်ကျေးမှုကို   ဘယ်လောက်ထိအလေးထားကြလဲဆိုတာကို ကွင်းကွင်းကွက်ကွက်ရိုက်ပြထားပါတယ် တော်တော်လည်းကြမ်းကြပါတယ်   ဘယ်လောက်ကြမ်းသလဲဆိုရင် တီဗီမှာလိင်မှုကိစ္စနဲ့ပတ်သတ်တဲ့   ကြော်ငြာတစ်ခုကိုထည့်လိုက်မိတဲ့ မားမားဂျီးဆိုတဲ့သမားတော်တစ်ယောက်ဟာ   ၂၅နှစ်တိတိ သူအလုပ်လုပ်လာခဲ့တဲ့ဆေးကုမ္ပဏီကနေ   မဆိုင်းမတွအလုပ်ထုတ်ခံလိုက်ရပါတယ် နောက်ဆုံး အသတ်ခံရတဲ့အထိဖြစ်သွားခဲ့ပါတယ်   ဖြစ်ချင်တော့ သူ့ရဲ့သေတမ်းစာအရ မားမားဂျီးဟာ သူ့ရဲ့တူမလေးဖြစ်သူ   ဘေဘီဘင်ဒီ ကို သူပိုင်တဲ့လိင်ဆေးကုသခန်းကို အမွေပေးသွားခဲ့ပါတယ်   သတ်မှတ်ချက်အရ ဘေဘီဘင်ဒီဟာ ဆေးခန်းမှာခြောက်လတိတိအလုပ်လုပ်မှသာ   အမွေကိုလုံးဝပိုင်ဆိုင်ခွင့်ရမှာဖြစ်ပါတယ်   Sex ဆိုတဲ့ စကားလုံးကိုပြောရင်တောင် ရွံ့ရှာတဲ့အကြည့်နဲ့ကြည့်ကြတဲ့ နိုင်ငံမှာ   မိန်းကလေးတစ်ယောက်က လိင်ဆေးကုသခန်းမှာ အလုပ်လုပ်တယ်ဆိုရင်   ဘယ်လောက်တောင်ပြောဆိုကြမလဲဆိုတာကို တွေးစရာမလိုပါဘူး   ဒါပေမယ့်ဘေဘီဘင်ဒီဟာ လက်ခံလိုက်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ ရှင်းပါတယ် ပိုက်ဆံမရှိလို့ပါ   မကြာခင်မှာ အိမ်ကလည်းအကြွေးမဆပ်နိုင်လို့ အပိုင်သိမ်းခံရတော့မယ်   ရှိတဲ့မောင်လေးကလည်း ဘာအလုပ်မှမလုပ်တဲ့ငပျင်း အဲ့တော့ ကံကောင်းပြီးရလာတဲ့   အမွေကိုလက်ခံလိုက်ဖို့ကလွဲပြီး သူ့မှာရွေးချယ်စရာမရှိပါဘူး   အဲ့ဒီတော့ ဘေဘီဘင်ဒီတစ်ယောက် ဘယ်လိုပြဿနာတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ   လူမှုအဖွဲ့အစည်းတစ်ခုလုံးမှာစွဲညှိနေတဲ့ရှေးအယူအဆတွေကို ဘယ်လိုပြောင်းလဲမလဲဆိုတာကို   တခွီခွီနဲ့ရယ်ပြီး ကြည့်ရမှာဖြစ်ပါတယ် ရသလည်းစုံပါတယ် တကယ့်ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ   ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thet ...
movie

Khandaani Shafakhana (2019)

Chhichhore (2019) 8.5
Chhichhore (2019) (Unicode)IMDb - 8.4/10Genere - Dramaအတိတ်ရထားကို စီးခွင့်သာ ရမယ်ဆိုရင် ကျောင်းသားဘဝဟာ လူတိုင်းရဲ့ ဘူတာ ဖြစ်မှာပါ။ဘဝရဲ့ အကောင်းဆုံး အမှတ်တရတွေဟာ ကျောင်းသားဘဝမှာပဲ ဖြစ်တည်ကြတာမလား။မိသားစုလို ချစ်ခင်ရတဲ့ သူငယ်ချင်းတွေ ရှိမယ်။ဘဝရဲ့ လက်တွဲဖော်ကို စပြီး ရှာတွေ့ခဲ့တယ်။အားကစားပွဲတွေမှာ အတူယှဉ်ပြိုင်ခဲ့ကြတယ်။ကျောင်းအနုပညာပွဲတွေမှာ အတူပါဝင်ခဲ့ကြဖူးတယ်။ကျောင်းသားဘဝ အတိတ်မှတ်တမ်းဟာ ပြန်ဖတ်လို့ မရိုးအီနိုင်တဲ့ စာအုပ်တစ်အုပ်ပဲ။-----------------------------------------------ဒီဇာတ်ကားထဲမှာတော့ အဓိကဇာတ်ကောင်တွေကို Engineering College ကျောင်းသားတွေ အဖြစ် မြင်ရမယ်။အရှုံးသမားအမည်ခံ ၊ တစ်ကျောင်းလုံးရဲ့ အဆိုးဆုံး အဆောင် H4 လေးရဲ့ ချစ်ခင်မှု၊ပျော်ရွှင်ကြမှု၊ စည်းလုံးမှု ဒါတွေကို မြင်ရမယ်။အရက်သမားရယ်၊ အချိန်ပြည့် အပြာစာအုပ်တွေ ထိုင်ဖတ်နေတဲ့ကောင်ရယ်၊အရှုံးသမားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ...
movie

Chhichhore (2019)

2019
Fukrey Returns (2017) 6.9
Fukrey Returns (2017) ဒီတစ်ခါမှာတော့စီအမ်ပရိတ်သတ်တွေအတွတ်ဘောလိဝုကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။Fukrey Returns (2017) ဆိုတဲ့ ဟာသကားလေးပါ။IMDb rating 6.8/10 ရထားတာဆိုတော့ဒီလောက်ကြီးညွှန်းစရာမလိုတော့ပါဘူး။ဒါပေမယ့်ဘောလိဝုပေါကားလေးတစ်ကားလို့လည်းသတ်မှတ်လို့တော့ရပါတယ်။ပေါကားဆိုပေမယ့်ဇာတ်လမ်းထဲမှာပြောတဲ့စကားလုံးတွေကမြန်မာပေါကားတွေလိုအောက်ပိုင်းပြက်လုံးတွေနဲ့ရူးတူးတူးစကားလုံးတွေမဟုတ်ပါဘူး။ဇာတ်လမ်းရဲ့ဖြစ်စဉ်ထဲမှာပဲအလွဲလွဲအချော်ချော်လေးတွေဖြစ်သွားရင်းနဲ့ရယ်ရမယ့်ဟာသမျိုးတွေပါ။မြန်မာတွေအတိုင်းပဲအိမ်မက် မက်တဲ့ဟာလေးကိုအတိတ်ကောက်ပြီး၂လုံး၃လုံးထိုးကြသလိုဒီဇာတ်လမ်းလေးထဲမှာလည်းကောင်လေးတစ်ယောက်ရဲ့အိမ်မက်နဲ့လူငယ်လေးယောက်ကံစမ်းရင်းပိုက်ဆံတွေအများကြီးရလာပါတယ်။အဲ့အချိန်ကောင်မလေးတစ်ယောက်ကလည်းသူတို့လေးယောက်နဲ့ပူးပေါင်းပြီးအလုပ်အတူတူလုပ်ခဲ့ကြပေမယ့်ကောင်လေး၄ယောက်ရဲ့ထောင်ချောက်ဆင်ခံရမှုကြောင့်ထောင်ကျသွားခဲ့ပါတယ်။ထောင်ကလွတ်ဖို့နိုင်ငံရေးသမားတစ်ယောက်နဲ့ကတိလုပ်ပြီးပြန်လွတ်လာချိန်မှာကောင်လေး၄ယောက်ဆီကနေအကြွေးပြန်တောင်းပါတော့တယ်။တစ်ဖက်ကကောင်လေးတွေမှာလည်းလုပ်ငန်းတစ်ခုလုပ်ကိုင်ရင်းနဲ့မီလီယံပေါင်းများစွာအရှုံးပေါ်နေခဲ့ပါတယ်။အဲ့အချိန်မှာပဲအိမ်မက် မက်တဲ့ကောင်လေးကရတနာပစ္စည်းတွေကိုမြင်မက်လာပါတယ်။ဒီရတနာပစ္စည်းတွေကသူတို့အတွတ်ရည်မှန်းချက်တစ်ခုဖြစ်လာပါတယ်။ဒါပေမယ့်တစ်ဖက်မှာလည်းအကြွေးတွေပေးဖို့ရှိနေတော့ဒီရတနာတွေကိုရှာဖို့အကြောင်းဖန်လာပါတော့တယ်။ဒီရတနာတွေရဖို့ကိုတော့ဘယ်လိုဆက်ကြိုးစားမလဲဒီရတနာတွေကဘယ်လောက်တောင်အဖိုးတန်နေလဲဒီရတနာတွေကိုရောတကယ်ပဲရလာပါ့မလားဘယ်လိုအန္တရာယ်မျိုးတွေနဲ့ရင်ဆိုလာရမလဲ စတဲ့မေးခွန်းတွေကိုတော့ဇာတ်လမ်းအဆုံးမှာပရိသတ်ကြီးကအဖြေရှာတွေ့ကြမှာပါ။ဇာတ်လမ်းလေးကိုပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုခံစားရင်းရယ်မောလိုက်ကြပါဦး(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုနေမျိုးပါ) File Size : (999 MB) and (400 MB) Quality : WEB-DL 720p Running Time : 2hr 21min Format : Mp4 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.H264.AAC2.0-DTOne Translated by Nay Myo Encoded by Thanhtike Zaw
movie

Fukrey Returns (2017)

2017
Raabta (2017) 3.9
Raabta (2017)   Bollywood ပရိတ်သတ်တွေအတွက် ၂၀၁၇ထွက် အလန်စားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Magdheera , Anegan တို့လို ဇာတ်လမ်းတွေကို စိတ်ဝင်စားတဲ့ လူတွေအတွက် အကြိုက်တွေ့စေမှာပါ။ Raabta ဆိုတော့ မြန်မာလိုဆိုရင် ဆက်နွယ်မှု ညညဆို အိပ်မရပဲ အိပ်မက်ဆိုးတွေကနေလန့်လန့်နိုးနေတတ်တဲ့ ကောင်မလေး တစ်ယောက် သူ့အိပ်မက်ထဲမှာတော့ လူတစ်ယောက်ကို ကြိုးတုပ်ပြီး ရေထဲ ပစ်ချလိုက်သလိုလို သူကိုယ်တိုင်ပဲ ရေနစ်နေသလိုလိုနဲ့ အိပ်နေရင်း လန့်လန့်နိုးတတ်တဲ့ ဆိုင်ရာ ဆိုတဲ့ ကောင်မလေး ပျော်ပျော်နေတတ်ပြီး တွေ့မရှောင် ဆော်ကြောင်တတ်တဲ့ ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေတဲ့ လူငယ်တစ်ယောက် ဖြစ်တဲ့ ရှိဗ် ရှိဗ်ရဲ့ အကျင့်အတိုင်း ဆော်လိုက်ကြောင်ရင်း ဆိုင်ရာကို မြင်တွေ့ပြီး လိုက်ရင်းကနေ အမှန်တကယ် သံယောဇဉ်တွေ ဖြစ်လာတဲ့အခါမှာတော့ ဒီနှစ်ယောက်ရဲ့ ကြားကို ဇခ် ဆိုတဲ့ သူ တစ်ယောက် ရောက်လာတဲ့ အခါ့ ...
movie

Raabta (2017)

2017