Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Varun Dhawan
7.1
Munjya (2024)
Munjya 2024 ( လူပျိုသရဲ )ဒီတစ်ခါတော့ CM ပရိသတ်ကြီးတို့အတွက် 2024 ခုနှစ်မှာထွက်ခဲ့တဲ့ Munjya ဆိုတဲ့ ဟာသအနည်းငယ်ရောနှောရိုက်ကူးထားတဲ့ သရဲကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ IMDb 7.1/10 ရရှိထားပြီး အိန္ဒိယရိုးရာယုံကြည်မှုထဲက မိစ္ဆာတစ်မျိုးကို အခြေတည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းကတော့ _ ၁၉၅၂ခုနှစ်လောက်မှာ ဂေါယာလို့အမည်ရတဲ့ကောင်လေးတစ်ယောက်ဟာ သူ့ထက် ၇ နှစ်ကြီးတဲ့ အမျိုးသမီးလေးတစ်ယောက်ကို စွဲလန်းနေတာကြောင့် သူ့ရဲ့သတို့သားကို ကြွက်သတ်ဆေးနဲ့လုပ်ကြံခဲ့ပါတယ်။ဒါပေမဲ့ သူ့အမေက သိသွားပြီး ဟိန္ဒူဘာသာအရ အရွယ်ရောက်အခမ်းအနားကို လုပ်စေခဲ့ပါတယ်။ ဒီအခမ်းအနားဟာ ၁၀ ရက်ကြာမြင့်ပြီး အဲဒီအချိန်အတွင်းမှာ ဂေါယာရဲ့အမျိုးသမီးလေးဟာ လက်ထပ်တော့မှာဖြစ်ပါတယ်။အချစ်ကြီးလို့ အမျက်ကြီးသလို အငြိုးလည်းကြီး ဇက်ရဲလက်ရဲလည်းနိုင်တဲ့ ဂေါယာတစ်ယောက်ဟာ ကောင်မလေးကိုပြန်ရဖို့အတွက် အောက်လမ်းပညာစီရင်ဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့ အောက်လမ်းစီရင်နေတုန်း မထင်မှတ်ဘဲ ဂေါယာသေဆုံးသွားခဲ့ပြီး သူ့ရဲ့ အရွယ်ရောက်အခမ်းအနားလည်းမပြီးဆုံးသေးတာကြောင့် အစီအရင်သစ်ပင်ကြီးမှာ တွယ်ကပ်နေတဲ့ ဘရဟ္မရာရှာသဆိုတဲ့ မိစ္ဆာဘ၀ကို ရောက်သွားရာကစတင် ဇာတ်အိမ်တည်ထားပါတယ်။နှစ်ပေါင်းများစွာကြာတဲ့အချိန်မှာ သရဲကပ်နေတဲ့သစ်ပင်ကြီးနဲ့ သူ့ဆီလာဖို့ခေါ်နေတဲ့အသံကို အမြဲတစေကြားယောင်နေတဲ့ ဘီတူလို့အမည်ရတဲ့ကောင်လေးတစ်ယောက်ပေါ်လာပါတယ်။သူနဲ့ အဲဒီသစ်ပင်၊ အဲဒီမိစ္ဆာတို့ကရော ဘာတွေဘယ်လိုဆက်စပ်နေကြသလဲ၊ သူကပဲ နှိမ်နင်းမှာလား၊ သူ့ကိုပဲ နေရာဆက်ခံဖို့၀ါးမျိုလိုက်မလား၊ ဘယ်လိုဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းနဲ့အတူ လိုက်ပါကြည့်ရှုခံစားပေးပါဦးဗျာ( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File ...
movie
Munjya (2024)
8.0
October (2018)
(Blu Ray 1080p Quality Update)အောက်တိုဘာ တဲ့ ရုပ်ရှင်နာမည်ကစွဲဆောင်မှုမရှိသလိုပါပဲ။ဒါပေမယ့် IMDB Rating 7.9 ရရှိထားပြီး Rotten tomato ကတော့ 86% ရရှိထားပါတယ်။Rating မြင့်သလောက်လဲဇာတ်ကားက အရမ်းစွဲဆောင်မှုရှိပြီး အဓိပ္ပါယ်ရှိပြီး ကြည့်ရတာတန်တဲ့ဇာတ်ကားတစ်ကားပါ အာမခံနိုင်ပါတယ်။ကျွန်တော့်အနေနဲ့ဆိုရင် ဆရာမြသန်းတင့်ရဲ့ လေလွင့်သူကို Romance Version နဲ့ဖတ်လိုက်ရသလိုခံစားရပါတယ်။လူငယ်တွေ ကြည့်ကိုကြည့်သင့်တဲ့ကားလို့ပြောရင်မလွန်ဘူးထင်ပါတယ်။အပူအပင်မရှိတဲ့ ဟော်တယ်အလုပ်သင်ဝန်ထမ်း ၂၁ အရွယ် Dan တစ်ယောက် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်လည်းဖြစ်တဲ့သူငယ်ချင်းတွေနဲ့ အတူတူ အေးအတူပူအမျှ ပျော်ပျော်ရွှင်ရွှင်နေနေတုန်းမှာပဲ သူ့ရဲ့ဘဝဟာအကြီးအကျယ်ပြောင်းလဲသွားခဲ့ပါတယ်။သူနဲ့နီးစပ်တဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ Shiuli တစ်ယောက်တိုက်ပေါ်ကကျပြီးကိုမာဖြစ်သွားခဲ့တာပါပဲ။အဲဒီဖြစ်ရပ်ကို စိတ်ခံစားလွယ်တဲ့ Dan တစ်ယောက် ဘယ်လိုရင်ဆိုင်ရလဲဆိုတာကိုဇာတ်အိမ်ဖွဲ့ထားတာဖြစ်ပါတယ်။ပြီးတော့ ဒီဇာတ်ကားက အချစ်ဇာတ်လမ်းမဟုတ်ပါဘူး ဒါပေမယ့် အချစ်အကြောင်းကိုပြောပြထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ) File size… 1.6GB / 638MB Quality…BluRay 1080p / 720p Format…mp4 Duration….1h 55m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by d3mon
movie
October (2018)
2018
3.4
Street Dancer 3D (2020)
(Unicode)အခုတစ်ခေါက်ညွှန်းပေးချင်တဲ့ ဇာတ်ကားလေးကတော့ . . .ဟင်ဒီစကားပြောဇာတ်ကားတစ်ကားဖြစ်ပီး . . . လူငယ်တွေ အကပြိုင်ပွဲမှာ နိုင်ငံချစ်တဲ့စိတ် ၊နိုင်လိုစိတ်ထက်သန်မှုတွေနှင့်အတူ တက်ညီလက်ညီ . . . အပြိုင်အဆိုင် ကြိုးစားကြသည့် အဖြစ်အပျက်လေးကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားသစ်တစ်ကားပါ . . .အမှန်တကယ်တော့ ဒီဇတ်ကားဟာ ABCD(2015) အကကားရဲ့Sequel ဇာတ်ကားအဖြစ်ထွက်ရှိဖို့ လျာထားပေမဲ့ . . . Disney Company နဲ့ အကြောင်းမညီညွတ်တာကြောင့် Street Dancer ဆိုပီး သီးခြားနံမည်နဲ့ထွက်လာတာဖြစ်ပါတယ် . . .လန်ဒန်မှာနေတဲ့ အင်နာယာဆိုတဲ့ ပါကိစ္စတန်သူလေးနဲ့ ဆဟဂျ်ဆိုတဲ့ပန်ဂျာဗ်မြို့သားလေးတို့က မတူညီတဲ့အမြင်နဲ့ဝါသနာတစ်ခုတည်းကိုစိုက်စိုက်မတ်မတ်လုပ်ကြတယ် . . . တစ်နေ့မှာအင်နာယတ်ဟာ အိန္ဒိယနဲ့ပါကိစ္စတန်ကနေရွှေ့ပြောင်းလုပ်သားအနေနဲ့လာတဲ့ ဒုက္ခသည်တွေကို သူတို့နိုင်ငံပြန်ပို့ပေးဖို့ လန်ဒန်ရဲ့ အကြီးမားဆုံး အခန်းနားဆုံး ပြိုင်ပွဲကိုဝင်ပြိုင်ဖို့လုပ်ရင်းကိုယ့်အတွက်ကိုယ်ကြည့်တဲ့ဆဟဂျ်နဲ့ သူများအတွက်တွေးပေးတဲ့မေတ္တာရှင်မလေးအင်နာယာတို့ပူးပေါင်းပြီး လူသားချင်းစာနာမှုအတွက်ဘယ်လို့ကြိုးစားယှဉ်ပြိုင်မလဲဆိုတာ . . . ဘောလိဝုဒ် နာမည်ကျော်မင်းသား၊မင်းသမီးတွေဖြစ်တဲ့ ...
movie
Street Dancer 3D (2020)
2020
5.4
ABCD 2: Any Body Can Dance 2 (2015)
ABCD 2 (2015) "လက်စ်ဗီးဂတ်စ် အိပ်မက်ကမ္ဘာ ဆီသို့"ဒစ်စနေးက ထုတ်လုပ်တဲ့ ဟင်ဒီ drama ရုပ်ရှင် ဖြစ်ပြီး 2013 တုန်းက ထွက်ရှိခဲ့တဲ့ ABCD ရဲ့ နောက်ဆက်ကားဖြစ်ပါတယ် ရုံတင်ငွေ ရူပီး 1.6 ဘီလျံပြန်ရခဲ့တဲ့ ကားပါ ABCD (2013) က မင်းသား Prabhu Deva က ဗစ်ရှနူ အဖြစ် ပြန်လည်ပါဝင်ထားပါတယ် အရင်ကားကိုလည်း တင်ပေးထားပါတယ် ဒါပေမယ့် ဒီကားက သီးခြားဇာတ်လမ်းဖြစ်တာမို့ အရင်ကားမကြည့်ထားလည်း ကြည့်လို့ရပါတယ်ဇာတ်လမ်းအကျဥ်းကတော့ စားပွဲထိုး ဆူရက်ရှ်ဆိုတဲ့ ကောင်လေးက သေသွားတဲ့ သူ့အမေရဲ့ ဆန္ဒအတိုင်း နာမည်ကြီး dancer တစ်ယောက်အဖြစ် အိပ်မက်မက်သူပါ သူငယ်ချင်းဖြစ်သူ ပီဇာပို့တဲ့ ဗာနွန်နဲ့ ဆံပင်ညှပ်တဲ့ ဗင်နီတို့နဲ့ပေါင်းပြီး "Mumbai Stunners" ဆိုတဲ့ အကအဖွဲ့နဲ့ အိန္ဒိယ ဒိတ်ဒိတ်ကြဲအကပြိုင်ပွဲမှာ ယှဥ်ပြိုင်ကြပါတယ်အိန္ဒိယပရိသတ်ကြိုက်အဖွဲ့ဖြစ်နေပြီး တခဲနက် အားပေးမှုကို ရပေမယ့်လည်း ဒိုင်လူကြီးက "ဖိလစ်ပိုင်စတားများ" ...
movie
ABCD 2: Any Body Can Dance 2 (2015)
7.2
Rocky and Rani’s Love Story (2023)
Rocky Aur Rani Ki Prem Kahani (2023) IMDb-7.2/10 ရန်ဘီးကပူးရ် အူတိုရလောက်အောင်ရိုခဲ့ကြတဲ့ အာလီယားဘတ်နဲ့ ရန်ဗီးရ်ဆင်းဂ်တို့ရဲ့ ရုံတင်အမြတ်ငွေကုဋေ၁၀၀ကျော်လောက် မြတ်ထားတဲ့ အချစ်ဇာတ်လမ်းလေးလာပါပြီခင်ဗျာအချစ်ဆိုတဲ့အရာကလှပတဲ့ပေါင်းစပ်မှုတစ်ခုဆိုရင် နားလည်မှု ဒြပ်စင် ၊ ဂုဏ်ရည်အချင်းတူညီမှု ဒြပ်စင်၊ နှစ်ဖက်အသိုင်းအဝိုင်းရဲ့ မေတ္တာအကြင်နာဒြပ်စင်လေးတွေကမရှိမဖြစ်ပါကိုပါရတဲ့အရာ ခေတ်ပညာတွေတတ်မြောက်ပြီး အတွေးအခေါ်တွေကလည်းဆန်းသစ်တဲ့ မော်ဒယ်မိသားစုနဲ့ ဆွေဂုဏ်မျိုးဂုဏ်ကိုအဆက်ဆက်ထိန်းသိမ်းလာပြီး ယဉ်ကျေးမှုဘာသာတရား စည်းဘောင်အတွင်းမှာပဲနေကြတဲ့ မိသားစု ဒီမိသားစုနှစ်စုရဲ့ မျိုးဆက်တွေမှာအချစ်ဆိုတဲ့အရာဝင်လာတဲ့အချိန်မှာ အချစ်ကိုစတေးမိသားစုအရေး ဦးစားပေးခဲ့ကြသူတွေရှိတယ်ရာနီးနဲ့ ရော်ကီလို ရည်ရွယ်ချက် ၊ အတွေးအခေါ် ၊ နေထိုင်မှုဘဝ ဘာမှမတူကြတဲ့လူငယ်နှစ်ယောက်ရဲ့ အချစ်ထပ်တူကြလာချိန်မှာ ဒီအချစ်နဲ့ စည်းဘောင်တွေဖောက်ထွက်နိုင်ကြမလား ဒီအချစ်နဲ့ မတူညီတဲ့အရာတွေကိုပေါင်းစည်းနိုင်မလား တဟုန်းဟုန်းတောက်လောင်ရတဲ့ စစ်ပွဲမဟုတ် လူနှစ်ယောက်ရဲ့အချစ်တွေနဲ့ တဖြည်းဖြည်းချင်းပုံဖော်တိုက်ယူသွားကြမဲ့ အချစ်တိုက်ပွဲအကြောင်း သံစဉ်ချိုချိုလေးတွေနဲ့ ခံစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ V ~ ZweYan ~ BpL ~ YH ~ Cherry ~ Yunni တို့ပဲဖြစ်ပါတယ် File size…4k HEVC WEB DL / 2.68GB / 1.4GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 48m Subtitle….Myanmar ...
movie
Rocky and Rani’s Love Story (2023)
2023
4K HEVC
7.2
Bawaal (2023)
Bawaal(2023) IMDb-7.0/10အောင်မြင်လာတဲ့နာမည်နဲ့အတူ ဗလကြီးပါရှယ်မိုက်လာတဲ့ မင်းသားဗာရွန်းနဲ့ မင်းသမီးချော ဂျန်ဗီကပူးရ်တို့အဓိကပါဝင်ထားတဲ့ ဟင်ဒီစကားပြော ဘောလိ၀ုဒ်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ကျွန်တော်တို့ဘ၀တွေမှာ ကိုယ်တကယ်မဟုတ်တဲ့ပုံစံကို ပတ်ဝန်းကျင်ကိုပြချင်ကြတာကိုက လူ့သဘောသဘာ၀လိုဖြစ်နေကြတယ်။အတွင်းစိတ်မှာ ပွက်လောရိုက်ဆူညံနေပေမယ့် အပြင်မှာကျ မပွင့်မလင်းနဲ့အေးတိအေးစက်နေတာမျိုး။သူများအထင်ကြီးလေးစားတာကို လိုချင်တော့ သူများဘယ်လိုမြင်သွားမလဲဆိုတဲ့စိတ်နဲ့ ကိုယ်တကယ်မဟုတ်တဲ့ပုံစံကို ပြပေးရင်း ပြပေးရင်း ကိုယ်ဘာကောင်လဲဆိုတာ ကိုယ်တိုင်မသိနိုင်တော့တာတွေ။ကျွန်တော်တို့ဇာတ်လိုက်ကျော်ကြီးက မြို့လေးမှာရှိတဲ့ လူတကာအထင်ကြီးအားကျရတဲ့ အကိုကြီးအဂျူး။ အထင်မကြီးကြီးအောင် အားမကျကျအောင်လည်း အဂျူးက မုသားမျိုးစေ့တွေဖြန့်ကြဲထားခဲ့လေတော့။ ကိုယ်စိုက်တဲ့အပင်ဆိုတာ ကိုယ်ရိတ်သိမ်းရတာပဲမလား။ဒီလိုအလိမ်အညာတွေနဲ့ အဂျူးတစ်ယောက် သတို့သမီးလောင်းပေါ်မှာလည်း ပုံစံမှန်မပြခဲ့ဘဲ မုသားတွေနဲ့ပဲလက်ထပ်တာကအစ။အထင်အကြီးခံချင်တဲ့အဂျူး လူတကာလေးစားစေချင်တဲ့အဂျူး သူ့ဇနီးသည်ဆီမှာရှိတဲ့ရောဂါက သူ့ကိုလူပုံအလယ်မှာ အရှက်ကွဲစေမှာပဲလို့တွေးခဲ့တယ်။အဲဒီစိတ်နဲ့ပဲ ဘယ်သွားသွားဇနီးဖြစ်သူကို ခေါ်မသွားခဲ့ပါဘူး။ ဒီလိုနဲ့ပဲ သူတို့ရဲ့ကြားထဲက ဆက်ဆံရေးကဘယ်လိုဘယ်ဝယ်ဖြစ်လာမလဲဆိုတာ သင်ခန်းစာယူရင်း ရှင်သန်ကြရတဲ့ဘ၀မှာ မိမိရဲ့အစစ်အမှန်ပုံစံအတိုင်းပဲ နေကြည့်ကြရအောင်လား။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Cherry~Zwe~BpL~Aditi~Yunniတို့ပါ) File size…5.1GB / 1.89GB / 791MB Quality…4k HEVC AMZ WEL DL /1080p WEBDL AAC5.1CH /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Cherry~Zwe~BpL~Aditi~Yunni
movie
Bawaal (2023)
2023
4K HEVC
7.3
Bhediya (2022)
Bhediya (2023) *************** IMDb 7.5/10 ဒီဇာတ်ကားလေးကတော့ ပရိတ်သတ်အချစ်တော်မင်းသား ဝါရွန်းဒဝမ်န်နဲ့ ပရိတ်သတ်အသဲစွဲကရီသီးဆနွန်းတို့ရဲ့ Horror/ Thriller အမျိုးအစား ဇာတ်ကားလေးတစ်ကားဖြစ်ပြီး IMDb rating 7.5အထိ ရရှိထားပါတယ်။ဒါ့အပြင်ရားဂ်ျကူမားရ်ရောဝ်ကလည်း ဗစ်ကီအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ရှရက်ဒါးကပူးရ်ကလည်း စတရီးဇာတ်ကောင်အနေနဲ့ Cameoအဖြစ် ပါဝင်ထားပါသေးတယ် ရုံတင်ငွေဆိုရင်လည်း ၈၉ကုဋေထိပြန်ရခဲ့တဲ့ ရှယ်မိုက်ရှယ်ကြမ်းတဲ့ ရုံတင်ကားတစ်ကားပဲဖြစ်ပါတယ်ဘေဒီယာဆိုတာ ဝံပုလွေဆိုတဲ့အဓိပ္ပာယ်ပါ ဒီဝံပုလွေက အရုနာကျလ်ပြည်နယ်က တောအုပ်တစ်ခုကို ကာကွယ်သူအနေနဲ့ စောင့်ရှောက်တယ်လို့ အဆိုရှိကြတယ် တောအုပ်ကိုထိခိုက်အောင်လုပ်တဲ့ လူတွေမှန်သမျှ သူကကိုက်သတ်ပစ်တယ်ပေါ့...ဘာစကရ်ကတော့ အဲဒီအရုနာကျလ်ရဲ့ တောထဲမှာလမ်းဖောက်ဖို့ အလုပ်လက်ခံခဲ့ပြီး သူနဲ့အတူ သူ့ဝမ်းကွဲညီအစ်ကိုနဲ့ သူ့သူငယ်ချင်း ဂျိုကိုခေါ်သွားပါတယ်။ မစ္စတာပန်ဒေးဆိုတဲ့သူက ဘာစကရ်ရဲ့ လမ်းဖောက်မယ့် အကြံအစည်ဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တာကတစ်ကြောင်း တောတွင်းလူမျိုးစုတွေ လက်ခံမှာ မဟုတ်တာကတစ်ကြောင်းကြောင့် သူ့အကြံအစည်ကို သိပ်လက်မခံချင်ခဲ့ပါဘူး။ညတစ်ညမှာတော့ ဘာစကရ်တို့အဖွဲ့ ကားနဲ့ခရီးထွက်လာရင်း မတော်တဆမှုတစ်ခုဖြစ်ပြီး ကားပျက်သွားပါတော့တယ်။အဲဒီအချိန်မှာပဲ ဘာစကရ်ရှေ့ကို စောင့်ရှောက်သူဘေဒီယာ(ဝံပုလွေ)တစ်ကောင် ရောက်လာတဲ့အခါ ... ဘာစရ်တို့အဖွဲ့ ဘယ်လို ခြောက်ခြားစရာတွေနဲ့ ကြုံတွေ့ရမလဲ ... တောထဲလမ်းဖောက်ဖို့ အစီစဉ်ကရော အောင်မြင်နိုင်မှာလား... ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲ ... ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်တွေကတော့Thaik San,chiclon3, Zwe Yanနဲ့ Yunni တို့ပဲဖြစ်ပါတယ်။ File size…2.52GB ...
movie
Bhediya (2022)
2022
7.4
JugJugg Jeeyo (2022)
Jug Jugg Jeeyo (2022) Comedy, Drama, Family IMDb 7.7/10 (29K)ဒီဇာတ်ကားလေးကတော့ လတ်တလောထွက်ရှိထားတဲ့ အိန္ဒိယကားတွေနဲ့ မတူဘဲ အေးအေးလေးနဲ့ ဇာတ်ကို ဆွဲခေါ်သွားမယ့် မိသားစုကားလေးပဲ ဖြစ်ပါတယ်..အဲ..မိသားစုကားဆိုပြီး ကြည့်ကောင်းမှာမဟုတ်ဘူးလို့ စိတ်မပူနေကြနဲ့နော်..ဟာသလေးနှောထားလို့ မြူးမြူးကြွကြွလေးနဲ့ ထိုင်ရယ်နေရမှာနော်...မင်းသားအနေနဲ့ကလည်း ပရိသတ်အချစ်တော် မင်းသားလေး ဗာရွန်းဆိုတော့ သူ့ရဲ့သရုပ်ဆောင်မှုအပိုင်းကိုတော့ ထွေထွေထူးထူး ညွှန်းနေစရာမလိုတော့ပါဘူးမင်းသမီးလေးက ကီယာရာလေးဆိုတော့ သူမရဲ့လှပတဲ့ ရူပါအဆင်းကိုပါ ဆွဲငြိခံစားရမှာဖြစ်ပါတယ်...မင်းသားကြီးအနီလ်ကပူးလည်း ပါဝင်သရုပ်ဆောင်ထားလို့ ဇာတ်က ပိုလို့ကြည့်ကောင်းခဲ့ပါတယ်...ဇာတ်လမ်းကိုပြောရမယ်ဆိုရင် အိမ်ထောင်ရေးကို စိတ်ကုန်နေတဲ့ ပြည်ပရောက်ဇနီးမောင်နှံဟာ တစ်ယောက်နဲ့တစ်ယောက် ခံစားချက် မရှိတော့လို့ ကွာရှင်းဖို့ဖြစ်လာပါတယ်...အမိမြေမှာ လင်ယောက်ျားရဲ့ညီမဖြစ်သူ မင်္ဂလာပွဲရှိတော့ မင်္ဂလာပွဲပြီးတဲ့အထိ သူတို့ကွာရှင်းမှာကို လူကြီးတွေကို အသိမပေးဘဲ နေခဲ့ကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်...ဖြည်းဖြည်းချင်း ညှိနှိုင်းကြမယ်ပေါ့ လူကြီးတွေလည်း စိတ်မညစ်ရအောင် စီစဉ်ကြမယ်ပေါ့...ဒါပေမဲ့ သူတို့ထင်မထားခဲ့မိတာက လင်ယောက်ျားရဲ့ ဖခင်ဖြစ်သူကပါ တိတ်တိတ်ပုန်းလေး ရည်းစားထားပြီး မင်္ဂလာပွဲပြီးတာနဲ့ မိန်းမဖြစ်သူကိုကွာရှင်းပြီး သူ့ရည်းစားနဲ့ လက်ထပ်ဖို့ ကြံနေလေတဲ့အခါ...ကိုယ့်ကိစ္စ သူမသိ..သူ့ကိစ္စကိုယ်ဖြေရှင်းရင်း အခက်အခဲလေးတွေကို ဘယ်လိုရင်ဆိုင်ကြမလဲ...ဖြစ်လာမယ့်အလွဲလေးတွေကို ပါးစပ်မပိတ်တမ်း ရယ်ရမယ့်အပြင် နောက်ဆုံးပိုင်းလေးတွေမှာလည်း ခံစားချက်တွေ တပြုံကြီးနဲ့ ရသတွေပေးသွားမှာမို့ ရယ်လည်းရယ်ရ ငိုလည်းငိုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်...လင်နဲ့မယား လျှာနဲ့သွား ဆိုတဲ့အတိုင်း အိမ်ထောင်တစ်ခုမှာ စကားများရန်ဖြစ်ကြတာရှိမယ် အဆင်မပြေမှုတွေများစွာရှိလိမ့်မယ်.. အဲ့ဒီအခက်အခဲတွေကို ကျော်လွှားနိုင်မှ ...
movie
JugJugg Jeeyo (2022)
2022
6.2
Badrinath Ki Dulhania (2017)
မင်းသား Varun Dhawan နဲ့ မင်းသမီး Alia Bhatt တို့ရဲ့ ချစ်စရာဇာတ်ကားလေးပါ။Badrinath Ki Dulhania ဆိုတာ မြန်မာလိုဆိုရင် ဘဒ်ရီနာသ့်ရဲ့ သတို့သမီးပေါ့ ဒါဆို ဘဒ်ရီနာ့သ် ကဘယ်သူလဲ? ဘဒ်ရီနာသ်က ဂျန်ဆလ်မြို့ရဲ့ မြို့မျက်နှာဖုံး ကျိကျိတက်သူဌေးကြီး အမ်ဘာနသ် ဘန်ဆလ်ရဲ့သား တစ်ယောက် ။ဒါဆို သူ့သတို့သမီးအကြောင်း နည်းနည်းပြောမယ် သူ့သတို့သမီးဖြစ်ရဖို့က တော်တော်ကံကောင်းမှပဲ ဖြစ်မှာနော်ဘာကြောင့်လဲဆိုတော့ ဟိန္ဒူအယူဝါဒအရ ထိမ်းမြားလက်ထပ်ရင် သတို့သမီးရှင်ဘက်က သတို့သားကို အခန်းဝင်လက်ဖွဲ့ကြေးနဲ့ တင်တောင်းယူရတာဗျာ။သတို့သမီးက ဘယ်လောက်ပဲ ပညာတတ်တတ် တော်တော် အချိန်တန် အိမ်ထောင်ကျပြီးရင် ဒိုး မီးဖိုချောင် ဒီစနစ် လင်ယောကျ်ားကို ဖြူသည် မဲသည် လာမပွါးနဲ့ဒီလို မိန်းကလေးအခွင့်ရေးနည်းပါးတဲ့ လူ့အသိုင်းဝိုင်းမှာ အမှန်အကန်သူဌေးသားအတွက်ဆို အခန်းဝင်လက်ဖွဲ့ကြေးကလည်း မနည်းလောက်ပေဘူးဒါပေမယ့် ဘဒ်ရီကတော့ အဖေစီစဉ်သမျှကို အသံမထွက်ဘဲ နာခံလာပေမယ့် မိတ်ဆွေ တစ်ယောက်ရဲ့ မင်္ဂလာပွဲမှာ ဗီဒဟီဆိုတဲ့ ကောင်မလေးကို တွေ့တွေ့ချင်း စိတ်ဝင်စားခဲ့တယ်။ဗီဒဟီကလည်း အမျိုးသမီးအခွင့်ရေးမပေးတဲ့ လူ့အသိုင်းဝိုင်းကို မုန်းလွန်းလို့ ...
movie
Badrinath Ki Dulhania (2017)
4K HEVC
3.5
Kalank (2019)
2019ခုနှစ်မှာ Endgame နဲ့ အပြိုင် ရုံတင်ပြီးဝေဖန်မှု အမျိုးမျိုး ကြုံခဲ့ရတဲ့ ဘောလိဝုဒ်ရုပ်ရှင်ကားကြီး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားထဲမှာ ပါဝင်ကြတဲ့ မင်းသားမင်းသမီးတွေကိုတော့အထူးတလည် မိတ်ဆက်စရာ မလိုဘူး ထင်ပါတယ်။ဇာတ်ကောင် တစ်ခုချင်းစီကို မိတ်ဆက်ပေးရမယ် ဆိုရင်ဇဖာရ်(ဗာရွန်)ကတော့ ပန်းပဲဆရာ တစ်ယောက်ဖြစ်ပြီးပြည်တန်ဆာတွေနဲ့ ရင်းနှီးနေတဲ့ နာမည်ဆိုးရပ်ကွက်နေ အစ္စလာမ် ဘာသာဝင်တစ်ယောက်၊မိဘစွန့်ပစ်ခံ(တရားမဝင်မွေးဖွားသူ) အဖြစ် မြင်တွေ့ရမှာပါ။အလီယာကိုတော့ နာကျင်မှုတွေနဲ့ ခံစားနေရတဲ့ရု(ပ်) အဖြစ် မြင်ရမှာပါ။အစ်မတော်ရဲ့ နောက်ဆုံးဆန္ဒကို ဘဝနဲ့ ရင်းပြီးဖြည့်ဆည်းပေးလိုက်ရသူပါ။ဆန်းဂျေးကိုတော့ ရု(ပ်)ရဲ့ ယောက္ခမ နေရာမှာမြင်ရမှာပါ။အာဒိသယကိုတော့ ဆန်ဂျေးရဲ့သား သတင်းစာတိုက်ပိုင်ရှင် ဒေ့ဗ်အဖြစ် မြင်တွေ့ရမှာပါ။ဒေ့ဗ်ဟာ မင်းသမီးကြီး Sonakshi (ဆာ့သ်ယာ)ရဲ့ခင်ပွန်းပါ။တစ်ဖက်မှာ အိန္ဒိယသွေးစည်းရေးကို ကြိုးပမ်းနေပြီးတစ်ဖက်မှာ ဇနီးဆန္ဒကို ဖြည့်ဆည်းနေကြသူတွေပါ။ဟီး တော်တော် နားလည်ရခက်တဲ့ ဆက်ဆံရေးတွေဗျ။ဒီလိုနဲ့ အလီယာမှာ ဆန္ဒတစ်ခု ဖြစ်လာခဲ့တယ်။ ဒါကလည်း ဇာတ်လမ်းကို အထွတ်အထိပ်ထိဆွဲခေါ်သွားမယ့် ဆန္ဒတစ်ခုပါ။သူတို့တွေရဲ့ အရှုပ်တော်ပုံကြီးကိုမျက်ဝါးထင်ထင် မြင်တွေ့ခံစား ကြည့်ကြပါဦးဗျာ။ဝေဖန်မှုတွေ ...
movie
Kalank (2019)
2019
6.9
Sui Dhaaga (2018)
သာမန်လူတန်းစား တူနှစ်ကိုယ် ဘဝတစ်ခု၊ဒီနေ့ ရှာ ဒီနေ့စားရတဲ့ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ အကြင်လင်မယားနှစ်ယောက် အကြောင်းလေးပေါ့ဗျာ။မိဘတွေနဲ့ အတူနေနေပြီး သားသမီး မရှိသေးတဲ့ သူတို့ နှစ်ယောက်။အိမ်ရှင်မက အိမ်အလုပ်တွေကို တနေကုန်လုပ်ပြီးလင်ယောက်ျားကတော့ နေ့စဉ် အလုပ်သွားတဲ့ပုဂ္ဂလိက အပ်ချုပ်စက်ဆိုင် ဝန်ထမ်းတစ်ယောက်ပါ။ဒီနေ့မှာ အဆင်ပြေပေမဲ့ မနက်ဖြန် ဘာဖြစ်မလဲ မသိရတဲ့ လူသားတွေမို့အနာဂတ်အတွက် ပြင်ဆင်ထားခြင်း မရှိခဲ့။တနေ့မှာ ဆိုင်ပိုင်ရှင်သားရဲ့ မင်္ဂလာဆောင်ကိုသူတို့မိသားစုတွေ ဖိတ်ကြားခံခဲ့ရပါတယ်။မိသားစုတွေ စုံစုံလင်လင်နဲ့ ပွဲကိုရောက်သွားတော့အမြဲအနိုင်ကျင့်တတ်တဲ့ သူတို့သားကခွေးလို သရုပ်ပြခိုင်းပါတယ်။မိသားစုတွေနဲ့အတူ ဇနီးမယားကကိုယ့်ယောက်ျား ခွေးလို သရုပ်ဆောင်နေရတာကိုမြင်တော့ အရှက်ရပြီး အလုပ်က ထွက်ခိုင်းပါတယ်။ဒီလိုနဲ့ အလုပ်အကိုင် မရှိတဲ့အချိန်.....သူတို့တွေ ပြဿနာကို တစ်ခုကို ရင်ဆိုင်တွေ့ခဲ့ရပါတယ်။ဒီပြဿနာကိုသူတို့ ဘယ်လိုရင်ဆိုင်ကြမလဲ။မုန်းတိုင်းတစ်ခုသာဆိုရင်မုန်တိုင်းပြီးရင် လေပြေလာဦးမှာပေါ့?ဘဝအခြေအနေအရ ကြုံတွေ့ရတဲ့ ပြဿနာတွေကိုဘယ်လို ရင်ဆိုင်ကြမလဲ ဆိုတာကို ခံစားကြည့်ကြပါဦးဗျာ။"အပ်နှင့်အပ်ချည်:အိန္ဒိယတွင်ပြုလုပ်သည်"ဆိုတဲ့ ဇာတ်ကားနာမည်အရသူတို့ကို ပြဿနာတွေထဲက အပ်နဲ့အပ်ချည်ကြိုးကဘယ်လို ဆွဲတင်ကယ်မလဲဆိုတာကိုကြည့်ရှုရင်း သန္တရသနဲ့ အဆုံးသတ်စေမှာပါ။----------------------------------------------သရုပ်ဆောင်တွေကတော့ ဘောလိဝုဒ်မင်းသားချောVarun Dhawan ...
movie
Sui Dhaaga (2018)
2018
4.1
Judwaa 2 (2017)
လန်ဒန်မှာ ကြီးပြင်းတဲ့ ပရမ်ကတော့ ခပ်အေးအေးနဲ့ရိုးအတဲ့အတွက် သူများနှိပ်စက်ခံဖြစ်ပေ မယ့်လို့ မွမ်ဘိုင်းက ရာဂျာကတော့ ရန်ဖြစ်သတ်ပုတ်တဲ့နေရာမှာ ဆရာကျတဲ့ဖိုက်တာ တစ်ယောက် ပါ။ ဒီလိုနဲ့ တစ်ရက်မှာတော့ရာဂျာတစ်ယောက် လန်ဒန်ကို သွားဖို့ ဖြစ်လာခဲ့ပြီး မွမ်ဘိုင်းမှာနေ နေကျ ဆံပင်အရှည်ပုံစံမဟုတ်ဘဲ ဆံပင်တွေ ဘာတွေသပြီးသွား တာမို့ ပရမ်နဲ့ပိုလို့တောင်တူပါ တယ်။တစ်ရက်မှာတော့ ညီအစ်ကိုနှစ်ယောက် ထိပ်တိုက်ဆုံမိခဲ့ကြ ပြီး အမြွှာညီအစ်ကိုမှန်းသိသွားခဲ့ ကြပါတယ်။ နှစ်ယောက်တွေ့ပြီး နောက်မှာ ထူးခြားတာတစ်ခုက တစ်ယောက်ယောက်ထိခိုက်ဒဏ် ရာရရင်ပဲဖြစ်ဖြစ်၊ တစ်ခုခုဖြစ် ရင်နောက်တစ်ယောက်မှာအတူတူ လာပြီးဖြစ်တာလည်း ရယ်မောရ စေမှာပါ။ပရမ်နဲ့ ရာဂျာကို လူတွေမှားကြတဲ့ ဇာတ်ကွက်တွေထဲမှာ အရယ်ရဆုံးကတော့ အမြွှာနှစ် ယောက်ရဲ့ ချစ်သူတွေ လူမှားကြတာပါ။ ဘောလိဝုဒ်ဇာတ်ကား တွေရဲ့ ထုံးစံအတိုင်း မြူးမြူးကြွကြွအကတွေနဲ့ ကြည်နူးစရာဇာတ် ကွက်လေးတွေကိုလည်း အကြိုက်တွေ့ကြမှာပါ။အမြွှာညီအစ်ကိုနှစ်ယောက် ပြန်ဆုံပြီးနောက်မှာတော့ မိသားစု ကို အန္တရာယ်ပေးမယ့်သူတွေကို အတူရင်ဆိုင်ကြတာကိုလည်း ...
movie
Judwaa 2 (2017)
2017
7.5
Badlapur (2015)
သွေးအေးအေးနဲ့ကြမ်းတဲ့ကားလေးလာပါပြီအငြိုးအတေးနဲ့ကလဲ့စားကားတွေဆို ပီပီပြင်ပြင်ရိုက်တတ်တဲ့ဘောလိဝုဒ်ရဲ့အထာအတိုင်း ဒီကားလေးထဲမှာလည်းရင်နင့်ဖွယ်ရာအဖြစ်အပျက်ကိုတွေ့ရမှာပါဇာတ်လမ်းအညွှန်းကတော့ ရက်ဂ်ျဟူးနဲ့မီရှာတို့ဟာ ရော်ဘင်ဆိုတဲ့သားလေးတစ်ယောက်ပိုင်ဆိုင်ထားတဲ့ပျော်ရွှင်စရာမိသားစုလေးတစ်ခုပါအနိစ္စဆိုတဲ့သဘောအတိုင်းကံကြမ္မာမုန်တိုင်းတစ်ခုကြောင့်တစ်နေ့မှာ ဘဏ်ဓားပြတိုက်မှုတစ်ခုကနေ ကားယူပြေးတဲ့ဓားပြတွေကြောင့်မီရှာနဲ့ရော်ဘင်တို့သေဆုံးသွားခဲ့ရပါတယ်လိုက်ရက်ခ်လို့ခေါ်တဲ့ရာဇဝတ်ကောင်တစ်ယောက်ကိုဖမ်းမိခဲ့ပေမယ့် ကြံရာပါတစ်ယောက်ကတော့ငွေတွေနဲ့အတူအစအနပျောက်သွားပါတယ်ဖမ်းမိခဲ့တဲ့လိုက်ရက်ခ်ကလည်းသူ့ကြံရာပါနာမည်ကိုရေငုံနှုတ်ပိတ်နေခဲ့ပြီးထောင်အကျခံခဲ့ပါတယ်ဒီလိုရင်နင့်ဖွယ်ဖြစ်ရပ်မျိုးဟာသေသွားတဲ့ သူအတွက်တော့ဘဝကူးရုံပဲဆိုပေမယ့် ကျန်နေခဲ့တဲ့ရက်ဂ်ျဟူးအတွက်တော့ကမ္ဘာပျက်နေတဲ့အရူးတစ်ယောက်လိုပါပဲသားသေ/ မယားသေလို့ အမုန်းတရားတွေနဲ့ပြည့်နှက်နေခဲ့တဲ့ ရက်ဂ်ျဟူးတစ်ယောက် အမုန်းတရားတွေကိုဘယ်လိုချေဖျက်သွားမလဲတရားခံဆိုတဲ့သူတွေကကော ဘယ်လိုဆက်ဖြစ်ကြမလဲစတဲ့ ဇာတ်ရှိန်အလှည့်အပြောင်းလေးတွေကိုတော့ ဇာတ်သိမ်းပိုင်းကျမှပဲ နားလည်သဘောပေါက်ကြမှာဖြစ်တဲ့အတွက် ပြီးအောင်ကြည့်ရမှာတော့ကျွန်တော်တို့အပိုင်းပေါ့ဗျာ... (ဘာသာပြန်သူကတော့ Pyae Xeinn Sett ပါ) File Size : (0.99 GB) and (400 MB) Quality : WEB-DL 720p Running Time : 2hr 8min Format : Mp4 Genre :Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Pyae Xeinn Sett Encoded by Thanhtike Zaw
movie
Badlapur (2015)
2015
5.5
Shanaya Singhania.. တစ်ကျောင်းလုံးရဲ queen လို့ ပြောရလောက်အောင် လှပပြီးနာမည်ကျော်ကြားသူ Rohan Nanda ရဲ့ ရည်းစားAbhimanyu.. မိဘတွေသေဆုံးသွားပြီး အဘွား ရယ် သူ့ကိုမကြည်ဖြူတဲ့အဒေါ်နဲ့နေရပြီး စာတော်တဲ့ကျောင်းသား တစ်ယောက်သူတို့သုံးယောက် ဒီကျောင်းမှာအတူတူတွေ့ဆုံကြြပြီ ပဋိပက္ခ တွေကြားကနေပဲ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်ဘယ်လိုအခြေအနေတွေနဲ့ပဲ ကျောင်းကိုရောက်လာရောက်လာ ဒီကျောင်းမှာ တတ်နေကြတဲ့ ကျောင်းသားတိုင်း အလိုချင်ဆုံးဆုကတော့ Student of the year ဆိုတဲ့ ဆုဖုလားတစ်ခုပါပဲဒီဆုဖုလား ကိုရရှိဖို့ဆိုရင် ပြိုင်ပွဲတွေအများကြီး ယှဉ်ပြိုင်ပါတယ်အဲ့ဒီယှဉ်ပြိုင်မှုမှာ သူတို့သူငယ်ချင်းတွေပါဝင်ယှဉ်ပြိုင်မိတဲ့အခါမှာတော့ အချင်းချင်းမသင့်မြတ်မှုတွေ အတ္တတွေ မာနတရားတွေ ကို ခံစားလာရတဲ့အခါမှာ သူငယ်ချင်းသံယောဇဉ်ဆိုတာလည်း ပျက်စီးသွားခဲ့ပါတယ်ဒါပေမယ့် ထင်မှတ်မထားတဲ့ ဆုဖုလားရဲ့နောက်ကွယ်က တက္ကသိုလ်ပါမ္ခောတစ်ဦးရဲ့ စိတ်သဘောထားအမှန်ကို သိရှိခဲ့ပြီးတဲ့အခါမှာတော့ ၁၀ နှစ်ကြာ ခံစားခဲ့ရတဲ့ သူတို့သူငယ်ချင်းတွေကြားက အာဃာတ တွေပျောက်ကွယ်သွားပြီ ပြန်လည်ပြေလည်သွားတဲ့ အကြောင်းလေးကို ရိုက်ကူးထားတဲ့ဇတ်ကားကောင်းလေးတစ်ကားပါ(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ အေးငြိမ်းသူပဲဖြစ်ပါတယ်)File Size : 1.2 ...
movie
Student of the Year (2012)
2012
5.3
Main Tera Hero (2014)
မင်းသား Varun Dhawan နဲ့ မင်းသမီး Ileana D'Cruz , Nargis Fakhri တို့အဓိကပါဝင်ထားပြီး မင်းသားကြီး Salman Khan တို့နဲ့လဲ အားဖြည့်ထားတဲ့ Action, Comedy, Romance အမျိုးအစား Bollywood ဇာတ်ကားပါ။ဇာတ်လမ်းကတော့.......Sreenath Prasad (ခေါ်) Seenu ဟာ Ooty တစ်ဝိုက်မှာတော့ လူဆိုးလေးအဖြစ်နာမည်အကြီးဆုံးလူပေါ့။ သူဟာ ဘန်ဂလော ကောလိပ်မှာ ပညာဆက်သင်ဖို့အတွက် Ooty ကောလိပ်ကနေ ထွက်လာခဲ့တယ်။ ဒီရောက်တော့ Sunaina နဲ့ ချစ်သူဖြစ်သွားရော။ ဒါပေမယ့် Sunaina ဟာ ဒေသခံရဲအရာရှိဖြစ်သူ Angad (တကယ်တော့ သူက ကြောက်စရာပိုကောင်းတဲ့ ဂိုဏ်းစတားကြီး)နဲ့ လက်ထပ်ရဖို့ စီစဉ်ထားပြီးသား။ Seenu မှာ Ayesha ဆိုတဲ့ အသွင်နဲ့ ချစ်သူနောက်တစ်ယောက်ရှိသေးပေမယ့် သူကိုယ်တိုင်တောင် သတိမထား မိခဲ့ပါဘူး။ တစ်ခါက သူ့သူငယ်ချင်းတွေကို ကယ်လိုက်ကတည်းက Ayesha ဟာ သူ့အတွက်ပြီးပြည့်စုံတဲ့ေယောကျ်ားတစ်ယောက်တွေ့ပြီ ဆိုတာ ချက်ချင်းသိလိုက်တယ်။ Ayesha ရဲ့အဖေဟာ ...
movie
Main Tera Hero (2014)
2014