Channel Myanmar

Tong Liya

Detective Chinatown (2015) 6.6
Detective Chinatown (2015) Detective Chinatown ဟာ Rating မြင့်တဲ့ စုံထောက် အက်ရှင် စွန့်စားခန်း ဟာသ အမျိုးအစား တရုတ်ဇာတ်ကားတွေဖြစ်ပြီး ၃ ကားထွက်ရှိထားပါတယ်။ ၃ ကားလုံး အဓိကသရုပ်ဆောင်တွေ တူညီပြီးတော့ အချိတ်အဆက်မိမိနဲ့ရယ်ရပါတယ်... ၃ကားလုံးကို CM မှာ တင်ဆက်ထားပြီး  ဒီမှာ  https://www.channelmyanmar.to/?s=detective+chinatown ဒေါင်းလို့ရပါတယ်။++++++++++Detective Chinatown (1) (2015)IMDb Rating (6.6) / Rotten Tomatoes (74%)ချင်ဖုန်းဆိုတဲ့ စကားထစ်တတ်တဲ့ကောင်လေးတစ်ယောက်ဟာ စုံထောက်အလုပ်ကို ဝါသနာပါလွန်းလို့ ရဲကောလိပ်ကို တက်ဖို့ ကြိုးစားပေမယ့် ဝင်ခွင့်မရခဲ့ပါဘူး စိတ်ဓာတ်တွေ အလုံးအရင်းလိုက်ကျနေတဲ့ ချင်ဖုန်းကို သူ့အဘွားဖြစ်သူက ပျော်စေချင်တဲ့အတွက် သူနဲ့ အမျိုးဆယ့်နှစ်ဝမ်းကွဲလောက်တော်တဲ့ ဦးလေးထန်ရန်ရှိတဲ့ ထိုင်းနိုင်ငံကို အလည်အပတ်ခရီးထွက်ဖို့ စီစဉ်ပေးခဲ့ပါတယ် သူ့ဦးလေးထန်ရန်ဟာဆိုရင်တော့ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တရုတ်တန်းမှာ နာမည်ကြီးစုံထောက်လို့ အဖွားကတော့ ဂုဏ်ယူဝင့်ကြွားစွာပြောခဲ့လေရဲ့...တကယ်တန်းမှာတော့ သူက လမ်းပေါ်မှာပဲ ပေတေလေလွင့်နေတဲ့ လောင်းကစားသမားပါ သူ့တူဖြစ်သူ ချင်ဖုန်းရောက်လာတဲ့အခါ သူကြိုဆိုဧည့်ခံပုံတွေကလဲ အတော်ခွီရတဲ့ ...
movie

Detective Chinatown (2015)

2015
Black Dog ( 2024 ) 7.2
Black Dog ( 2024 ) ဒီ Black Dogs ဇာတ်ကားလေးကတော့ နာမည်ကြီးဒါရိုက်တာကြီး Guan Huက ရိုက်ကူးထားပြီး ရုပ်ရှင်လောကမှာ နာမည်ကြီးဂုဏ်ယူစရာကောင်းတဲ့ ဆုပေးပွဲကြီးတစ်ခုဖြစ်တဲ့ Cannes Film festival မှာ Un Certain Regard ဆုကြီးနဲ့ Palm Dog Award-Grand Jury Prize ဆိုတဲ့ ဆုကြီးနှစ်ဆုတောင်ရထားတာပဲဖြစ်ပါတယ် ။အဓိကသရုပ်ဆောင်အနေနဲ့ ထိုင်ဝမ်မင်းသားကြီး Eddie Peng က ပါဝင်သရုပ်ဆောင်ထားပြီး Tong Liya , Jia Zhangke , Zhang Yi အစရှိသဖြင့် နာမည်ကြီးဝါရင့်သရုပ်ဆောင်ကြီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းအနေနဲ့ - ဂိုဘီသဲဂန္တာရတစ်နေရာမှာ ချစ်ရှားမြို့ကိုလာတဲ့ ခရီးသည်ယာဉ်တစ်စီးဟာ ဘယ်ကလာမှန်းမသိတဲ့ ခွေးအုပ်ကိုရှောင်ရင်း တိမ်းမှောက်သွားပါတော့တယ် ။ ဒီကားထဲမှာပါလာတဲ့သူတစ်ယောက်က နဂိုက မြို့ရဲ့နာမည်ကြီးတေးဂီတအဖွဲ့က အဖွဲ့ဝင်တစ်ဦးလည်းဖြစ် ၊ မော်တော်ဆိုင်ကယ်အဖွဲ့မှာလည်း အတော်ဆုံးဆိုင်ကယ်မောင်းသမားတစ်ဦးဖြစ်ခဲ့တဲ့ လန်ရုံဟွေးဖြစ်ပါတယ် ။သူကလူသတ်မှုနဲ့ထောင်ကျပြီး ဆယ်နှစ်ကြာမှ မြို့ကိုပြန်ရောက်လာတဲ့အချိန်မှာ မြို့က တော်တော်များများပြောင်းလဲသွားခဲ့ပါတယ် ။ အဲဒီထဲမှာမှ မြို့သစ်စီမံကိန်းကြောင့် မြို့ကပိုင်ရှင်နဲ့ခွေးတွေကို မြို့ပြင်ကိုမောင်းထုတ်နေတဲ့အစီစဉ်လည်းပါပါတယ် ။အဲဒီအချိန်မှာပဲအစိုးရက ခွေးနက်တစ်ကောင်မှာ ခွေးရူးပြန်ရှိနေတယ်လို့ သံသယရှိပြီး အဲဒီခွေးကိုဖမ်းနိူင်ရင် ...
movie

Black Dog ( 2024 )

The Woman in the Storm ( 2023 ) 6.2
The Woman in the Storm ( 2023 ) မိသားစုတော်တော်များများမှာ အိမ်တွင်းဒုက္ခတွေကိုအပြင်ကိုထုတ်မပြောတတ်ကြဘူး။ ရွှီမင်ဟာ အလုပ်အကိုင် ရုပ်ရည်အားလုံးပြည့်စုံတဲ့မိန်းမတစ်ယောက်ပါ။ ဒါပေမယ့် သူ့မှာထုတ်ပြောဖို့ခက်တဲ့လျှို့ဝှက်ချက်တွေရှိနေပါတယ်။ ထိန်းချုပ်လိုစိတ် ပိုင်ဆိုင်လိုစိတ်ပြင်းပြတဲ့ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းနိုင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ထောင်ကွဲခြင်းဟာ ရှက်စရာလို့ယူဆတဲ့ အာရှနိုင်ငံသားတစ်ယောက်အနေနဲ့မလွယ်ကူတဲ့အပြင် ငယ်ရွယ်သေးတဲ့ကလေးတွေလဲရှိသေးတာကြောင့် ပတ်ဝန်းကျင်ဖိအားတွေ အိမ်တွင်းဖိအားတွေ အဘက်ဘက်ကနေခံစားနေရပါတယ်။အဲဒီအချိန်မှာ ရှေ့နေလိုင်စင်ရခါစ ရှေ့နေပေါက်စမလေးဟာ စာနာစိတ်ကိုအရင်းခံပြီးသူ့ကိုကူညီခဲ့ပါတယ်။ ကွာရှင်းခွင့်ရလိုက်ပေမယ့် ကလေးနှစ်ယောက်ကို တစ်ယောက်စီခွဲပြီး အုပ်ထိန်းခွင့်ရတဲ့အတွက် ပြဿနာတွေဟာပြီးမသွားပါဘူး။ယောင်္ကျားဖြစ်သူက ဘယ်လိုတွေလိုက်တွယ်ကပ်ပြီး မိန်းမဖြစ်သူကိုဒုက္ခလိုက်ပေးနေမလဲ...... ကွာရှင်းထားတဲ့မိဘကြောင့် ခွဲနေရတဲ့သနားစရာ ကလေးတွေကိုပါ ဘယ်လိုအသုံးချနေမလဲ...... လူတွေကိုအပေါ်ယံပဲကြည့်ပြီး ဆုံးဖြတ်လို့မရတဲ့အကြောင်း အိမ်တွင်းအကြမ်းမှုဟာဘယ်လောက်ကြောက်ဖို့ ကောင်းကြောင်းကို ပညာပေးရိုက်ပြထားတာပဲဖြစ်ပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုကိုဆန့်ကျင်တဲ့ ပညာပေးဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Family Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Woman in the Storm ( 2023 )

Flash Over ( 2023 ) 6.1
Flash Over ( 2023 ) ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ငလျင်ကြောင့် ကွမ့်ချိန်ဓာတုခြံကြီးထဲမှာ ဓာတုလမ်းကြောင်းတွေ ယိုစိမ့်ပြီး ပေါက်ကွဲမှုတွေ အဆက်မပြတ်ဖြစ်ပေါ်နေပါတယ်။ မီးခိုးငွေတွေ မီးတောက်တွေကြားထဲမှာ ဘေးအန္တရာယ်တွေက အဆက်မပြတ်ကြီးမားလာနေပါတယ်။တကယ်လို့ ဒီအန္တရာယ်ကြီးကို ဒီအတိုင်းထားလိုက်ရင် တစ်မြို့လုံး ဒုက္ခရောက်ရမဲ့ အဖြစ်ကို ရောက်နေပါတယ်။ တစ်ဖက်က မီးငြိမ်းရင်း တစ်ဖက်က လူတွေကို ကယ်ဆယ်ရမဲ့ အခက်အခဲတွေကို ရင်ဆိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့မှ ပထမဆုံးအချိန်မှာပဲ ဘေးအန္တရာယ်နယ်မြေကို အရောက်သွားခဲ့ပါတယ်။အန္တရာယ်တွေ ကြားထဲမှာ စက္ကန့်တိုင်းက တန်ဖိုးရှိပြီး သူတို့အသက်ကိုရင်းပြီး အသက်တွေကို ကယ်တင်နေပါတယ်။ မီးလောင်နေတဲ့ ဓာတုခြံထဲက အန္တရာယ်ရှိ ဓာတုပစ္စည်းတွေ ကြားထဲမှာ ကယ်ဆယ်ရေး အဖွဲ့က လူ့အသက်တွေကို ဘယ်လို ကြိုးစား ကယ်ဆယ်ကြမလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုခံစားလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...
movie

Flash Over ( 2023 )

How Long Will I Love U (2018) 6.5
How Long Will I Love U (2018) Romance Comedy ကားကောင်းကောင်းလေးကြည့်ချင်တယ်ဆိုသူများအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်ဇာတ်လမ်းအကျဉ်းလေးကတော့လုမင်က ၁၉၉၉ ခုနှစ်မှာ အိမ်ဒီဇိုင်းနာ သူ့ဒီဇိုင်းတွေကို ရင်းနှီးမြှုပ်နှံမယ့်သူမရှိလို့ တိုင်ပတ်နေတဲ့ အသက်နှစ်ဆယ့်ငါးနှစ်အရွယ်ကောင်လေးပေါ့ရှောင်ကျောင်းဂုကတော့ ၂၀၁၈မှာ အသက်သုံးဆယ်ကျော် အချောအလှ ချမ်းသာတဲ့ယောကျာ်းနဲ့လက်ထပ်ချင်သူ အွန်လိုင်းဒိတ်တွေနဲ့တွေ့တိုင်းပြောလေ့ရှိတာက ရှင်အိမ်တစ်လုံးဝယ်နိုင်ရင် ကျွန်မရှင့်ကိုလက်ထပ်မယ်ဆိုပဲဖြစ်ချင်တော့ လုမင်နဲ့ ရှောင်ကျောင်းတို့နေတဲ့အိမ်က တစ်အိမ်တည်းဖြစ်နေတာပါပဲ လုမင်ကလည်း သူ့ခေတ် ၁၉၉၉ မှာနေတယ် ရှောင်ကျောင်းကလည်း သူ့ခေတ် ၂၀၁၈ မှာနေတယ်တစ်နေ့ကျတော့ ထူးဆန်းတာတွေဖြစ်လာတော့တာပါပဲအဲ့ဒါကတော့ ၁၉၉၉ နဲ့ ၂၀၁၈ timelines နှစ်ခုကို ဆက်ပေးတဲ့လမ်းတစ်ခု သူတို့အိမ်မှာ ပွင့်သွားတော့တာပဲအဲ့ဒီမှာ ရှောင်ကျောင်းနဲ့လုမင်တို့ ဆုံကြတော့တာပေါ့အစကတော့ ဘုနဲ့ဘောက်ဆိုပေမယ့် တစ်အိမ်တည်းနေရင်းတဖြေးဖြေးနဲ့ သံဃောဇဉ်တွယ်သွားကြပါတော့တယ်ချမ်းသာချင်တဲ့ ရှောင်ကျောင်းက လုမင်ကို အရည်အချင်းမရှိဘူးလို့ပြောတဲ့အချိန် ၂၀၁၈ မှာလုမင်က ထိပ်ထိပ်ကြဲ စီးပွားရေးလုပ်ငန်းရှင်ဖြစ်နေတာကို တွေ့လိုက်ရတဲ့အခါမှာတော့...အချိုးအကွေ့တွေများစွာနဲ့ သူတို့အချစ်ဟာ Happy Ending ဖြစ်ပါ့မလားဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦး **** ကိုယ်ပိုင်ဖန်တီးယူထားတဲ့ srt file ဖြစ်တာကြောင့် timing ...
movie


2018