Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Thomas Jane
6.3
1922 (2017)
1922 (2017) IMDb Rating (6.2) / Rotten Tomatoes (91%)Stephen King ရဲ့ ဝတ္ထုကို အသက်သွင်းထားတဲ့ Horror/Drama အမျိုးအစားရုပ်ရှင် ဖြစ်ပါတယ်။ 2017 အောက်တိုဘာ ၂၀ ရက်မှာ Netflix ကနေ ထုတ်လွှင့်ခဲ့ပါတယ်။ The Punisher နဲ့ The Mist ရုပ်ရှင်တွေရဲ့ မင်းသားကြီး Thomas Jane က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ Wilfred James ဆိုတဲ့ လယ်သမားတစ်ဦးဟာ ဇနီးဖြစ်သူ Arlette နဲ့ သားဖြစ်သူ Henry တို့နဲ့အတူ နီဘရားစကားပြည်နယ်မှာ နေထိုင်ပါတယ်။ ဇနီးဖြစ်သူ Arlette က အမွေရထားတဲ့ လယ်ဧကတစ်ရာကို ရောင်းပြီး မြို့ပြောင်းချင်ပေမဲ့ James နဲ့ Henry တို့သားအဖကတော့ မပြောင်းချင်တဲ့အတွက် စကားများရန်ဖြစ်ကြကာ သားအဖနှစ်ဦးပေါင်းပြီး Arlette ကို အပျောက်ရှင်းပါတော့တယ်။ ဒီကိစ္စ ဒီမှာတင်ပြီးပြီလို့ ...
movie
1922 (2017)
2017
4K HEVC
5.2
Mutant Chronicles (2008)
Mutant Chronicles (2008)=================="တစ်ခါတုန်းက လူသားမျိုးနွယ်တွေကို သန္ဓေပြောင်းသတ္တဝါကောင်တွေအဖြစ် ပြောင်းလဲပစ်တဲ့စက်ကြီးတစ်ခု အာကာသကနေ ကျလာခဲ့တယ်။ ဒါပေမဲ့ Neachdainn ဆိုတဲ့ ကယ်တင်ရှင် စစ်သည်တော် ပေါ်ပေါက်လာပြီး သူ့ညီအစ်ကိုတွေနဲ့အတူ အဲဒီစက်ယန္တရားကြီးကို မြေအောက်ထဲ မြှပ်နှံနိုင်ခဲ့တာကြောင့် လူသားမျိုးနွယ်တစ်ခုလုံးကို ကယ်တင်နိုင်ခဲ့တယ်။"ဒါဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဖြစ်ပျက်ခဲ့တဲ့ မှတ်တမ်းစာအုပ်ထဲက ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ဖြစ်တယ်။ ဒါပေမဲ့ 2707 ခုနှစ် အဖွဲ့အစည်းနှစ်ခုကြား စစ်ပွဲဖြစ်ပြီး အဲဒီစက်ယန္တရားကြီး ပြန်ပွင့်သွားတာကြောင့် လူသားမျိုးနွယ်က တစ်ဖန်ပြန်လည် ကပ်ဆိုက်လာပါတော့တယ်။ မှတ်တမ်းစာအုပ်ရဲ့ဟောကိန်းဖြစ်တဲ့ ကယ်တင်ရှင်တစ်ဦးပေါ်လာပြီး အဲဒီစက်ယန္တရားကို ဖျက်ဆီးနိုင်မယ်ဆိုတာကို ယုံကြည်တဲ့ ဘရာသာ Samuel က လူအနည်းငယ်ကိုစုဆောင်းပြီး သေစေနိုင်တဲ့ စက်ယန္တရားကြီးကိုဖျက်ဆီးဖို့ ကမ္ဘာ့မြေအောက်ကို ခရီးထွက်ဖို့ကြံစည်ခဲ့တယ်။ ပြန်လမ်းမရှိတဲ့ ဒီမစ်ရှင်မှာ Samuel နဲ့ သူ့လူတွေ ဟောကိန်းအတိုင်း ကမ္ဘာကြီးကို ကယ်တင်နိုင်ပါ့မလားဆိုတာတော့ ဒီဇာတ်လမ်းထဲမှာ သဲထိတ်ရင်ဖိုစွာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ဒီဇာတ်လမ်းရဲ့ Cast တွေကတော့ ...
movie
Mutant Chronicles (2008)
7.5
Scott Pilgrim vs. the World (2010)
Scott Pilgrim vs. the World (2010)~ IMDb - 7.5/10, Rotten Tomatoes - 82% ~ခင်ဗျားတို့အတွက် စီနီမာ (ရုပ်ရှင်) ဆိုတာ ဘာများလဲ။ မက်ဆေ့တစ်သီတစ်သန်းနဲ့ကားတွေလား။ ကြီးကျယ်ခမ်းနားလှတဲ့ ဆက်တင်ကြီးတွေ သိပ်ကောင်းတဲ့ စီဂျီအိုင်တွေ တပြုံတမကြီးသုံးထားတဲ့ ခမ်းကြီးနားကြီးကားတွေလား။ ကျွန်တော့်အတွက်တော့ စီနီမာဟာ အရသာရှိနေခြင်းပဲ။ ခမ်းနားချင်မှလည်း ခမ်းနားမယ်၊ ဘာတစ်ခုမှမပါဘဲ ပြကွက်တစ်ကွက်တည်းကိုပဲ အကြာကြီးပြချင်လည်းပြမယ်၊ သောက်တလွဲတွေချည်း ပြောချင်လည်းပြောမယ်၊ ဂလည်အူကြောင်ပြကွက်တွေ ပြချင်လည်းပြမယ်။ ဒါပေမဲ့ ဒီရုပ်ရှင်ကို ကြည့်လိုက်လို့ အရသာတော်တော်ကြီးရှိနေပြီဆိုရင် အဲဒီရုပ်ရှင်ဟာ ရုပ်ရှင်စစ်တယ်။ စီနီမာဖြစ်တယ်လို့ပဲ ပုဂ္ဂလိကအရ သတ်မှတ်လိုက်တာပဲ။Scott Pilgrim vs. the World ဟာ အဲဒီစီနီမာအရသာ အပြည့်ရှိနေတဲ့ကားပေါ့။ မသိတဲ့လူဆို ဘာမှမဟုတ်ဘူးထင်ရင်း ကြည့်နေရင်း ကြည့်နေရင်း အရသာက တဖြည်းဖြည်းတက်လာမယ့် ရုပ်ရှင်မျိုးပဲ။ ...
movie
Scott Pilgrim vs. the World (2010)
2010
4K HEVC
7.2
The Mist (2007)
ဒီလို မိုးအေးတဲ့ ညမျိုးမှာ အကြောင်းတိုက်ဆိုင်စွာဖြင့်တင်ပေးချင်တဲ့ ရုပ်ရှင်တစ်ကားတော့ ရှိပါတယ်နာမည်ကျော် စာရေးဆရာကြီး Stephen King ရဲ့ဝတ္တုကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့The Mist ဆိုတဲ့ ရုပ်ရှင်ကားပါဒီဇတ်လမ်းကို ကြည့်မယ်ဆို အရင်ဆုံး မီးတွေ မှိတ်လိုက်ပါပြီးရင် လဖ္ဘက်သုပ် ဖြစ်ဖြစ် စားစရာ တစ်ခုခု အနားယူပါစောင်ကို ကွေးနေအောင် ခြုံပါ(FA ဆိုရင်ပေါ့) :Pကိုယ့်အနားမှာ ဖက်စရာခွေးလေး ကြောင်လေးတွေ ရှိရင် ဖက်ထားပါဒါမှမဟုတ် ချစ်သူ ရှိရင် လက်မောင်းကို ကျစ်ကျစ်ပါအောင် ဖက်ထားပါပြီးရင် ဒီရုပ်ရှင်ကို စ ကြည့်လို့ရပါပြီ...တစ်နေ့သော ညမှာ မြို့ငယ်လေး တစ်ခုရဲ့ ဆိုးရွားလှတဲ့ မုန်တိုင်းဝင်ရောက် တိုက်ခက်တဲ့ အချိန်ရေကန်ငယ်လေး ရဲ့ နံဘေးကပန်းချီဆရာ ဒေးဗစ် ရဲ့ အိမ်ကိုသစ်ပင်ပိကာ Studio ခန်း ပြိုကျသွားခဲ့ပါတယ်မနက်ခင်း မှာတော့ ဒေးဗစ် တို့ မိသားစုနိုးလာတဲ့ အခါမှာတော့ အရာအားလုံးဟာမြူခိုးစတွေ ဖုံးလွှမ်းနေတာကို တွေ့ရပြီးအပျက်အစီးတွေကို ရှင်းလင်းကြရပါတယ်သဘာဝ ဘေးကို ရင်ဆိုင်ဖို့ အတွက်အစားအသောက်က အရေးကြီးတာကြောင့်အိမ်နီးချင်း ...
movie
The Mist (2007)
2007
5.7
Buffy the Vampire Slayer (1992)
Buffy the Vampire Slayer (1992)90s ခုနှစ်တွေဆီက Vampire ကားဟောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Rating တွေ သိပ်မကောင်းလှပေမဲ့ Cult Classic အနေနဲ့ နောင်ခေတ်တွေထိ သက်ရောက်မှုကြီးခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်ကားလေးပါပဲ။ဘတ်ဖီဆိုတဲ့မိန်းကလေးဟာ သာမန်အထက်တန်းကျောင်းသူတစ်ဦးဖြစ်ပြီး ဘဝကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေသူပေါ့။ အဲဒီအချိန်မှာပဲ သွေးစုတ်ဖုတ်ကောင်တွေ တစ်ဖန်ပြန်လည်ထကြွလာခဲ့ပြီး ဘဝအဆက်ဆက် Slayer တွေကို လေ့ကျင့်ပေးတဲ့ မဲရစ်ဟာ ဘတ်ဖီဆီကို ရောက်လာခဲ့တယ်။သောင်းကျန်းနေတဲ့ ဖုတ်ကောင်တွေကို သုတ်သင်ဖို့တာဝန်ဟာ ဘတ်ဖီဆီကို တန်းတန်းမတ်မတ် ရောက်လာတယ်။ သွေးစုပ်ဖုတ်ကောင် ခေါင်းဆောင် လိုသို့စ်ကို နှိမ်နင်းနိုင်ဖို့ လွတ်လပ်တဲ့ဘဝကနေ နေ့ချင်းညချင်းလိုလို သတ်ဖြတ်သူတစ်ယောက်အဖြစ် အရည်အချင်းပြည့်ဝလာအောင် အပြင်းအထန်ကြိုးစားရင်း ဘာတွေဆက်ဖြစ်မလဲ ကိုယ်တိုင်ပဲ ကြည့်လိုက်ပါ...၁၉၉၇-၂၀၀၃ အတွင်း ထွက်ရှိခဲ့တဲ့ စီးရီးလည်း ရှိခဲ့ပြီး စီးရီးကတော့ ရုပ်ရှင်နဲ့မတူဘဲ လုံးဝကိုလျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ စီးရီးကိုကျ တင်ဖို့ မလွယ်တာမို့ ရုပ်ရှင်ကိုပဲ ...
movie
Buffy the Vampire Slayer (1992)
1992
Slayers (2022)
Slayers (2022)သူတို့ကိုယ်သူတို့ Stream Team လို့ နာမည်ပေးထားတဲ့ ဆိုရှယ်မီဒီယာပေါင်းစုံက Streamer တစ်စုဟာ တစ်ရက်မှာ ဘီလီယျံနာကြီးတစ်ယောက်ရဲ့ ဖိတ်ကြားချက်အရ သူ့ရဲ့ အိမ်တော်ကြီးဆီ ရောက်ရှိခဲ့ပါတယ်။ တစ်ဖက်မှာတော့ တစ်ချိန်က နာမည်ကြီး တီဗီအစီစဉ်တစ်ခုရဲ့ ဇာတ်လိုက်ဖြစ်ခဲ့သူတစ်ဦးဟာ အသက်မွေးဝမ်းကြောင်းကို စွန့်လွှတ်ပြီး လမ်းတွေပေါ်မှာ စတည်းချရင်း သွေးစုပ်ဖုတ်ကောင်မုဆိုး ဖြစ်လာပါတယ်။ဇာတ်လိုက်ကျော် Streamer တွေအကြောင်းကို ပြန်ဆက်ရရင်တော့ အနာဂတ်တွေ တလက်လက်ထ တောက်ပပြီလို့ ထင်ပြီးကာမှ တကယ်တမ်း တလက်လက်ထနေတာကတာ့ သွေးစုပ်ဖုတ်ကောင်တွေရဲ့ အစွယ်တွေသာ ဖြစ်ကြောင်းသိလိုက်ရတဲ့အခါမှာတော့…ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ ကောင်းတယ်လို့ ညွှန်းပေးလို့ မရပေမယ့် လူတစ်ကိုယ်အကြိုက်တစ်မျိုးမို့ ကိုယ့်အကြိုက်လည်း ဖြစ်ရင်ဖြစ်နေနိုင်တာမို့ တစ်ချက်လောက်တော့ ကြည့်ကြည့်လိုက်ကြပါဦး။ Streamer တွေကို စိတ်ဝင်စားမယ်၊ Vampire ကားတွေ ကြိုက်တတ်တယ်၊ Parody တွေကို ရယ်တတ်တယ်ဆိုရင်တော့ အပျင်းပြေ ကြည့်ကြည့်ဖို့တော့ မမှားမယ့်ကားသစ်ပါပဲ။ မင်းသမီးတွေအနေနဲ့ကလည်း Zack ...
movie
Slayers (2022)
2022
5.9
The Predator (2018)
အတော်ကြာကြာ စောင့်လိုက်ရတဲ့ ရုပ်ရှင်ကားလေး အခုတော့ ထွက်လာပါပြီ။ Predator တွေကိုတော့ ရုပ်ရှင်ချစ်သူအတော်များများ ရင်းနှီးပြီးဖြစ်မှာပါ။ ကိုယ်ပျောက်နိုင်စွမ်းတွေ လက်နက်ဆန်းတွေနဲ့ လူတွေကို အားကစားတစ်ခုလို အမဲလိုက်တတ်ကြတဲ့ ဂြိုလ်သားတွေပါပဲ။ ဒီကားအကျဉ်းကတော့ စစ်တပ်က လက်ဖြောင့်စနိုက်ပါတစ်ဦးဟာ ယာဉ်နဲ့ကျလာတဲ့ ပရက်ဒေတာဂြိုလ်သားဆီကနေ ပစ္စည်းတွေ ရလာခဲ့ပါတယ်။ သူ့အတွက် သက်သေဖြစ်အောင်လို့ ဒါတွေကို သူ့ရဲ့မိသားစုဆီကို ခိုးပြီးပို့လိုက်ခဲ့တယ်ပေါ့။ ဒါပေမယ့် ဒီဂြိုလ်သားနည်းပညာကိုလိုချင်တဲ့အဖွဲ့ နဲ့ သူ့ပစ္စည်းတွေကို ပြန်လိုက်ရှာမယ့် ပရက်ဒေတာ နဲ့ အခြားပြဿနာကြီးတွေ ရင်ဆိုင်လာရပါတော့တယ်။ Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.to/category/special-package/predator/ ကြည့်ပါ။File size…(7 GB)/(1.9 GB)/(900 MB) Quality…BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung,THZ Translated by Little Neo
movie
The Predator (2018)
2018
4K HEVC
3.5
Vendetta (2022)
ဆရာကြီး ဘရုစ်ဝီလီရဲ့ Vendettaဆိုတဲ့ အက်ရှင် ဇာတ်ကားသစ် ထွက်ရှိလာပြန်ပါပြီ၊ ဒီဇာတ်ကားထဲမှာတော့ ဇာတ်လိုက်မဟုတ်တဲ့ ဗီလိန်အနေနဲ့ တွေ့ရမှာဆိုတော့ တမျိုးဆန်းတာပေါ့၊ ဒါတင်မကဘဲ မိုက်တိုင်ဆန်ဆိုတဲ့ လက်သီးချင်းမနိုင်လို့ သူများနားရွက်ပြေးဟပ် တဲ့ လူကြမ်းလက်ဝှေ့သမားကြီးလည်း ပါဝင်ထားပါသေးတယ်။ အညွှန်းကတော့ ဝီလီယမ်ဒန်ကန်ဆိုတဲ့ စစ်မှုထမ်းဟောင်းကြီးဟာ မိသားစုနဲ့အတူ သာယာပျော်ရွှင်တဲ့ ဘဝလေးကိုဖြတ်သန်းနေရင်း တစ်နေ့မှာတော့ ကံဆိုးစွာပဲ သမီးဖြစ်သူ ကက်သရင်းဟာ ဒေသခံ Fetterလူမိုက်ဂိုဏ်းရဲ့ လက်ချက်နဲ့ သေဆုံးသွားပါတယ်၊ ဒန်ကန် အနေနဲ့ တရားခံကို လက်ရဖမ်းမိခဲ့ပေမယ့် မျက်မြင်သက်သေမရှိ ဓါတ်ပုံနဲ့ စီစီတီဗွီတွေလည်းမရှိလို့ တရားသေလွတ်သွားခဲ့ပါတယ်။ သမီးဖြစ်သူကို သတ်သွားတဲ့သူကို ဥပဒေအရ စီရင်လို့မရတဲ့အဆုံး ဒန်ကန်တစ်ယောက် ဥပဒေပြင်ပကနေ သူကိုယ်တိုင်ပဲ လက်တုံ့ပြန် ခဲ့ပါတယ်၊ ဒါပေမဲ့ တရားခံက Fetter ဂိုဏ်းချုပ်ရဲ့ သားဖြစ်နေလို့ Fetter ဂိုဏ်းကလည်း ဒန်ကန်ကို လက်စားချေဖို့အတွက် ကြိုးစား လာရင်း ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့် လက်စားချေပွဲ ဆင်နွှဲကြ ပါတော့တယ်။File size…1.4GB / 647MB Quality… 1080p WEBRIP AAC5.1CH/ 720p Format…mp4 Duration….1h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Vendetta (2022)
2022
5.0
Warning (2021)
Warning (2021)=============အနာဂတ်ခေတ်တစ်ချိန်မှာ ကမ္ဘာပေါ်ကို အန္တရာယ်တစ်ခုကျရောက်လာတဲ့အခါလူတွေရဲ့နေ့စဥ်ဘဝတွေအပေါ်သက်ရောက်ပုံကို Sci-fi, thriller အမျိုးစားပုံစံနဲ့သရုပ်ဖော်ထားတာဖြစ်ပါတယ်။ ဂြိုလ်တုတစ်ခုပေါ်ကနေ ဘေးအန္တရာယ်ကြောင့် မတော်တဆ အာကာသထဲလွင့်ထွက်သွားတဲ့အာကာသယာဥ်မှူးတစ်ယောက်ကစလို့ သီးခြားဇာတ်ကောင်တွေကိုယ်စီရဲ့ မိသားစုရေး အချစ်ရေးဘာသာရေး စတဲ့ကိစ္စတွေ အဆင့်မြင့်နည်းပညာတွေနဲ့ဆက်နွယ်နေပုံကို ပြထားတာပါ။18+ခန်းအနည်းငယ်ပါလို့ မိသားစုနဲ့တော့ သိပ်မကြည့်သင့်ပါဘူး။ ဒီဇာတ်လမ်းမှာအဖြစ်အပျက်တွေကိုဒါကဒီလိုဖြစ်နေတယ်ဆိုပြီး ပေါ်တင်မပြောပြပဲ ကြည့်ရင်းအဓိပ္ပါယ်ကောက်သွားရမှာမျိုးပါ။Sci-fi ကားမျိုး thriller ကားမျိုးကြိုက်သူတွေ၊ ကြည့်ရင်းတွေး တွေးရင်းကြည့် သွားရမယ့်ကားမျိုးကြိုက်တဲ့သူတွေ လက်လွှတ်မခံသင့်တဲ့ကားမျိုးဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Pyi T. Nyein မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ JimX, Pyi T. Nyein တို့ပဲပဲဖြစ်ပါတယ်။) Quality – 1080p, 720p, 360p WebRipDuration - 1hr 25minSubtitle – Myanmar HardsubFormat – Mp4Genre : Sci-Fi, ThrillerSource : 1080p.WebRipTranslator – JimX, Pyi ...
movie
Warning (2021)
2021
7.0
Run Hide Fight (2020)
Run Hide Fight (2020)==================IMDb Rating - 7.၀/10 ဒီတစ်ခါတော့ CM ပရိသတ်တွေအကြိုက်တွေ့စေမယ့် action and thriller ဇာတ်လမ်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးပါရစေ။ ဇီုအီဟာ အသက် ၁၇ နှစ်အရွယ် ကောင်မလေးတစ်ယောက််ဖြစ်ပြီး အများနဲ့မတူဘောက်ဆတ်ဆတ်နိုင်တဲ့သူပါ။ သူနဲ့ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း လူး၀စ်ဆိုတဲ့ ကောင်လေးတို့ဟာ ဗာနွန်အထက်ကျောင်းက ကျောင်းသားတွေပဲဖြစ်ကြပါတယ်။အမေရိကန်အထက်ကျောင်းတွေရဲ့ သဘာ၀ ကပွဲတို့ ပျော်ပွဲရွှင်ပွဲတို့ စတဲ့အထိမ်းအမှတ်ပွဲတွေ မကြာခဏကျင်းပတာဟာသဘာ၀ပါပဲ ။ ဒီလို event တွေထဲမှာ Senior Prank ဆိုတဲ့ အစီအစဉ်လေးအပါအ၀င်ပါပဲ။Senior Prank Day မှာ ကျောင်းသားတွေအားလုံး ဆရာဆရာမတွေအပါအ၀င် တစ်ယောက်နဲ့တစ်ယောက်စကြနောက်ကြပါတယ်။ဥပမာ- စာသင်ခန်းတစ်ခန်းလုံး ပူပေါင်းတွေအပြည့် ထည့်ခဲ့တာမျိုးပေါ့။ဒါပေမယ့် ဒီဇာတ်လမ်းထဲက ဗာနွန်အထက်တန်းကျောင်းသားတွေရဲ့ Prank Day ကတော့ ပျော်စရာမကောင်းခဲ့ပါဘူး။ စနောက်ကြတဲ့ နေ့ကို အသုံးချပြီး ဆိုးသွမ်းတဲ့ ကျောင်းသားတစ်စုက ကျောင်းကန်တင်းကို ...
movie
Run Hide Fight (2020)
2020
3.3
Money Plane 2020
ဂျက်ဟာ ဒုစရိုက်သမားကြီး တစ်ဦးဆီမှာ အကြွေးများစွာ တင်နေတဲ့သူပါ။ သူ့မှာ အဖွဲ့တစ်ဖွဲ့လည်း ရှိပါတယ်။ ဆိုးတူကောင်းဖက် လုပ်စားကြမယ့် အဖွဲ့ပေါ့။ ဂျက်အကြွေးတွေကို အကြေချေပေးမယ်လို့ ပြောပြီး ဒုစရိုက်သမားကြီးက အလုပ်တစ်ခု ခိုင်းလာပါတယ်။ ပြတိုက်ထဲက ဒေါ်လာသန်းချီတန်တဲ့ ပန်းချီကားကို ခိုးဖို့ပေါ့။ အလုပ်ကို သေချာလုပ်တတ်တဲ့ ဂျက်တို့အဖွဲ့က သေချာပေါက်ဖြစ်စေရမယ်လို့ ယုံကြည်ပြီး ခိုးဖို့လုပ်ကြတယ်။ ဒါပေမဲ့ သူတို့လာမယ်ဆိုတာကို ပြတိုက်က ဘယ်လိုသိသွားတယ် မသိဘဲ ခိုးလို့ မရခဲ့ကြဘူး။ ဒီမှာပဲ ဒုစရိုက်သမားကြီးက မကျေနပ်တာနဲ့ ဒီထက်ပိုအန္တာရာယ်ကြီးပြီး ပိုပွပေါက်ရမယ့် Money Plane ဆီကို လွှတ်လိုက်တော့တယ်။ ကျန်တာတွေကို ဂျက်တို့အဖွဲ့ ဘယ်လိုလှုပ်ရှားမလဲဆိုတာကို ကြည့်ကြည့်ကြပါဦး။File Size : 600 Mb / 300 Mb Quality :WEB-DL 720p Format…mp4 Duration…01:22:00 Genre : Action Subtitle : Myanmar ...
movie
Money Plane 2020
6.3
Crown Vic (2019)
ဒီကားလေးကတော့ IMDb 6.3 ရထားတဲ့ ကားလေးပါအခုမှသူ့မွေးရပ်နေရာကိုပြန်လာပြီး ရဲအလုပ်လုပ်ရင်းပထမဆုံးကင်းစလှည့်မယ့်ဟိုလန်တစ်ယောက်ကိုသူ့ရဲ့အထက်လူကြီးသူနဲ့အတူကင်းလှည့်ပြီးတာဝန်တွေလုပ်ငန်းစဥ်တွေသင်ကြားပြသပေးမယ့်ရဲတစ်ယောက်တို့ရဲ့တစ်ညတာကင်းလှည့်ပြီး အမှုတွေဖြေရှင်းတာကိုရိုက်ကူးထားတာပါဟိုလန်တစ်ယောက်ရဲသင်တန်းကနေကျင့်ဝတ်လမ်းစဥ်တွေသင်ယူခဲ့ရပေမယ့်တကယ်ကင်းလှည့်တဲ့အချိန်မှာတော့ အခြေအနေအချိန်အခါတွေကွဲ ပြားသွားတဲ့အခါကင်းလှည့်ရင်းလူမျိုးစုံပုံစံမျိုးစုံအန္တရာယ်မျိုးစုံကိုရင်ဆိုင်ရတဲ့အခါသူ့အထက်လူကြီးရဲ့လျှို့ဝှက်ချက်တွေကိုပါသိရှိပြီးနောက်ဆုံးဘဏ်ကိုဓါးပြတိုက်သွားတဲ့လူတွေကိုပါဖမ်းဖို့အကြောင်းဖန်လာတဲ့အခါမှာဒီဇာတ်လမ်းကတစ်ညတာကင်းလှည့်ပြီးသူတို့နိုင်ငံရဲတွေရဲ့လုပ်ငန်းတာဝန်တွေလူဆိုးဖမ်းတာတွေကိုသေချာရိုက်ပြထားတဲ့ကားလေးတစ်ကားဖြစ်တာကြောင့်ဒီလိုဇာတ်အိမ်မျိုးကိုသဘောမကျတဲ့သူတွေအတွက်တော့ပျင်းဖို့ကောင်းလောက်ပေမယ့်စိတ်ဝင်စားမယ်ဆိုရင်တော့ကြည့်ရတန်မယ့်ကားကောင်းလေးပါ File Size : ( 1 GB , 404 MB )Quality : WEB-DL 720pRunning Time : 1 hr 50 minFormat : Mp4Genre : Action , Crime , DramaSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by ...
movie
Crown Vic (2019)
5.2
The Sweetest Thing (2002)
Unicode Version============ခရစ်စတီးနား (Cameron Diaz) နဲ့ ကော့တ်နေး (Christina Applegate) တို့ဟာ ကိုယ့်အလုပ်နယ်ပယ်မှာအောင်မြင်ကြသလို ရုပ်ရည် စတိုင် ဒီဇိုင်း ကာလာ ဘာညာ တော်ကီ အနေအထားအရလဲထိပ်တန်းဖြစ်တယ်ဆိုတော့ ကြုံဖူးသမျှယောက်ျားတိုင်းက သူတို့ကို တန်းတန်းစွဲကြပါတယ်။(အခုခေတ်မှာတော့ ထက်မြက်တဲ့ မိန်းမတွေလို့ခေါ်မှာပေါ့) သူတို့ကတော့ ယောက်ျားတွေ မှန်သမျှကို ကစားစရာလို့ သဘောထားပုံပါပဲ။ဇာတ်ကားရဲ့ အဖွင့်ကို အဓိက ဇာတ်ကောင်ဖြစ်တဲ့ ခရစ်စတီးနား အသည်းခွဲတာခံရခဲ့ဖူးတဲ့ယောက်ျားတွေရဲ့ နာကျည်းချက်တွေကို အင်တာဗျူးပုံနဲ့စ ထားပါတယ်။ အချစ်ကို ကစားစရာလို့ ထင်ကြတဲ့ ခရစ်စတီးနားနဲ့ ကော့တ်နေးမှာ သိပ်ရိုးအေးပြီး အချစ်ကို ကိုးကွယ်တဲ့ ဂျိန်း( Selma blair) ဆိုတဲ့ သူငယ်ချင်းမလေးတစ်ယောက်ရှိသေးတယ်။ အဲ့ဒီကောင်မလေး ဘဲပစ်ခံရလို့ အသည်းကွဲနေတဲ့ အချိန်မှာ ထက်မြက်တဲ့ အပျိုကြီး နှစ်ယောက်က နင့်ကို လင်အသစ်ရှာပေးမှဖြစ်တော့မယ်ဆိုပြီး နာမည်ကြီး ကလပ်တစ်ခုကို ခေါ်သွားပါတယ်။ အသည်းကွဲနေတဲ့ ဂျိန်းကို ခရစ်စတီးနားက ...
movie
The Sweetest Thing (2002)
2002
5.1
A.X.L (2018)
အဆိုတော်ချောချောလေး Becky G ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးနာမည်က A.X.L (2018) ပါ။Science fiction/action ဇာတ်လမ်းကောင်းလေးတွေသဘောကျနှစ်ခြိုက်တဲ့Channel Myanmar ပရိသတ်ကြီးအတွက်တော့ စိတ်ကြိုက်ဖြစ်မှာပါပဲ။ဇာတ်လမ်းအကျဉ်းလေးကိုလဲ တင်ဆက်ပေးပါဦးမယ်။A.X.Lဆိုတာက စစ်တပ်သုံးဖို့ အထူးတီထွင်ထုတ်လုပ်ထားတဲ့ ခွေးစက်ရုပ်ပါ။A.X.L ဆိုတဲ့နာမည်လေးရဲ့ အဓိပ္ပါယ်ကိုပြောပြရရင်A = Attack(အတိုက်ခိုက်စွမ်းရည်) ,X = Exploration (ရှာဖွေစွမ်းရည်) ,L = Logistics (စဉ်းစားဆင်ခြင်တတ်တဲ့စွမ်းရည်)ဒီလိုအရည်အချင်းတွေနဲ့ ပြီးပြည့်စုံတဲ့ စက်ရုပ်ခွေးဖြစ်ပါတယ်...စစ်တပ်ဟာအနာဂါတ်အတွက် စစ်မြေပြင်မှာအသုံးချဖို့အတွက် လူသားတွေအပေါ်သစ္စာအရှိဆုံးသတ္တဝါတွေထဲမှ ခွေးရဲ့ပုံစံကိုရွေးပြီးတော့စက်ရုပ်ခွေးဖန်တီးခဲ့ပါတယ်...ဒါပေမယ့် စစ်တပ်ကိုမပို့မီ အချိန်မှာA.X.L က ဓာတ်ခွဲခန်းထဲကနေ ထွက်ပြေးလာခဲ့ပြီးဆိုင်ကယ်စီးကျွမ်ကျင်သူဟေးလ်နဲ့ ကွင်းပြင်ထဲမှာဆုံမိပါတော့တယ်။ကြမ်းတမ်းသန်မာတဲ့စက်ရုပ်ခွေးဖြစ်သူ A.X.L နဲ့ လူသားဖြစ်သူဟေးလ်တစ်ယောက် ဘယ်လိုရှေ့ဆက်ဖြစ်ကြမလဲ?ဘာတွေဆက်ဖြစ်ကြမလဲ?စတဲ့မေးခွန်းတွေ အကြင်နာတရားနဲ့ စိတ်လှုပ်ရှားစရာကိုဒွန်တွဲဖော်ပြတင်ဆက်ထားတဲ့ကားကောင်းလေးပါ။Spoilerပါမှာစိုးလို့ အနည်းငယ်သာဖော်ပြလိုက်ပါတယ်။File Size : (1.8 GB) and (918 MB) and (278 MB)Quality : BluRay 1080p 5.1 CH ...
movie
A.X.L (2018)
2018
5.2
USS Indianapolis: Men of Courage (2016)
<Tariq L Walker>Quality…..HD 720pဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ရေငုတ်သင်္ဘောတစ်စီးမှ အမေရိကန်ရေတပ်သင်္ဘောအား ပစ်ခတ်နှစ်မြုပ်လိုက်ရာမှ အမေရိကန် စစ်သားသုံးရာကျော် ငမန်းများဖြင့် ပြည့်နှက်နေသည့် ပင်လယ်ပြင်တွင် ခက်ခဲစွာဖြင့် အသက်ရှင်ဖို့ ကြိုးစားရပုံကို ရိုက်ကူးတင်ပြထားသည်။ အဓိကသရုပ်ဆောင်အနေဖြင့် မင်းသားကြီး နီကိုလက်ကေ့ချ်ပါဝင်ထားပြီး စလယ်ဆုံးပရိသတ်ကို ဆွဲဆောင်နိုင်မည့် ကားကောင်းတစ်ကားဖြစ်သည်။Duration…..02:09:00 Format…Mp4 File Size…(1 GB , 451 MB) Encoder….. Tariq L WalkerTranslator….. Wai Linn
movie
USS Indianapolis: Men of Courage (2016)
2016