Channel Myanmar

Terrance Lau

Twilight of the Warriors: Walled In (2024) 6
Twilight of the Warriors: Walled In (2024) Louis Koo ၊ Sammo Hung ၊ Richie Jen ၊ Lam Raymond စတဲ့ ဟောင်ကောင်မင်းသားတွေတစ်သီကြီးသရုပ်ဆောင်ထားတဲ့ အက်ရှင်ဝေဝေဆာဆာနဲ့ ဟောင်ကောင်မြို့ထဲက သီးခြားတံတိုင်းမြို့အကြောင်းအက်ရှင်ကားကိုတင်ပေးလိုက်ပါပြီ။ဇာတ်လမ်းကတော့ ၁၉ရာစုနှစ် ဟောင်ကောင်ရဲ့အုပ်ချုပ်ရေး မတည်ငြိမ်တဲ့ကာလကိုအခြေခံထားတာဖြစ်ပါတယ်။ အဲဒီအချိန်ကာလမှာ မဟာမိတ်အဖွဲ့က ဟောင်ကောင်ကိုပထမဆုံးခိုလှုံခွင့်ရဆိပ်ကမ်းအဖြစ် သတ်မှတ်လိုက်တဲ့အတွက် ဟောင်ကောင်ကိုခိုလှုံလာတဲ့ ဒုက္ခသည်တွေအများကြီးရောက်လာကြတယ်။ဟောင်ကောင်ရဲ့တစ်ချို့အပိုင်းတွေမှာ အုပ်ချုပ်ရေးမဲ့တဲ့အနေအထားဖြစ်နေတဲ့အတွက် လူမိုက်အုပ်စုဂိုဏ်းတွေဖွဲ့ပြီး ပိုင်နက်ရဖို့ အင်အားပြိုင်တိုက်ခိုက် နေကြတဲ့အချိန်ဖြစ်တယ်။ ဒုက္ခသည်လူငယ်တစ်ယောက်က လူမိုက်ခေါင်းဆောင်တစ်ယောက်ကို ပြဿနာရှာမိရာကနေပြီးတော့ ကျိုလုံတံတိုင်းမြို့ကိုရောက်သွားပြီး ခိုလှုံရာကနေစတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းအများကြီးမပြောတော့ပါဘူး မင်းသားကြီးတွေနဲ့ အရည်အသွေးရှိရှိရိုက်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့အတွက် အက်ရှင်ကားကြိုက်သူတွေ ဟောင်ကောင်ဂိုဏ်းစတားကား ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်လို့ပဲပြောပါရစေ။ Filesize : 3.5 GB / 1.19 GB / 716 MB Quality : WEB-DL 2160p (4K), 1080p , 720p Format : mp4 Genres : Action , Crime , Thriller Runtime : 2h 5 min Subtitle : Myanmar Subtitle ( Hardsub ...
movie

Twilight of the Warriors: Walled In (2024)

4K HEVC
I Did It My Way ( 2024 ) 6.1
I Did It My Way ( 2024 ) ဒီဇာတ်ကားလေးကတော့ ဆိုက်ဘာပြစ်မှုကျူးလွန်မှုကားတွေကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ။ အထဲမှာ fight scene တွေ action ခန်းတွေကလည်းရှယ်ဆိုတော့ ကြည့်ကိုကြည့်သင့်နေပါပြီ ။‌ICU ( အင်တာနက်ဆိုက်ဘာကျူးလွန်မှုများအားဖမ်းစီးရေး) အဖွဲ့ရဲ့ စုံစမ်းချက်တွေအရ ၂၀၂၃ ခုနှစ်မှာ အင်တာနက်မှာ မှောင်ခိုဝက်ဘ်ဆိုက်တွေထောင်ပြီး မူးယစ်ဆေးရောင်းဝယ်ဖောက်ကားနေမှုတွေအများကြီးရှိလာပါတယ် ။ ခန့်မှန်းချေ မူးယစ်ဆေး ၇တန်ကျော် ၊ အမေရိကန်ဒေါ်လာ ၂ သန်းကျော်ဖိုးနဲ့ Web ပေါင်း ၇သိန်းကျော်ထိရှိလာခဲ့တာပါ ။အဲဒီမှောင်လိုဝက်ဘ်ဆိုက်တွေက တစ်ကမ္ဘာလုံးကိုပြစ်မှတ်ထားတာဖြစ်ပြီး အာရှတိုက်တစ်ခုလုံးကိုပါ ပျံ့နှံ့လာခဲ့ပါတယ် ။ မူယစ်ရာဇာတွေကို တစ်ယောက်ယောက်ပြီးတစ်ယောက်ဖမ်းမိခဲ့ပါတယ် ။ ဒါပေမဲ့ လက်ရှိစုံစမ်းစစ်ဆေးချက်တွေအရ အာရှတိုက်မှာနာမည်ကြီးနေတဲ့ မှောင်ခိုဝက်ဘ်ဆိုက်ရဲ့ founder "လောင်ပန်" အမည်ရှိသူကိုတော့ဖမ်းလို့မမိသေးပါဘူး ။ICU ရဲ့စုံစမ်းချက်အရ လောင်ပန်ရဲ့နောက်လာမဲ့ပစ်မှတ်က ဟောင်ကောင်ဖြစ်နေချိန်မှာတော့... ဟောင်ကောင်က ဆိုက်ဘာပြစ်မှုစုံစမ်ူရေးရဲတွေရယ် ၊ အတွင်းသူလျိုတွေရယ်ပေါင်းပြီး လောင်ပန်ကိုဘယ်လိုဖော်ထုတ်သွားမလဲ ? ဘယ်လိုအမှုမျိုးတွေကိုဖမ်းဆီးသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime , Drama Runtime ...
movie

I Did It My Way ( 2024 )

Tales From The Occult: Body and Soul ( 2023 ) 5.9
Tales From The Occult: Body and Soul ( 2023 ) Tales from the Occult : Body and Soulမှာ အပိုင်းသုံးပိုင်းခွဲထားပြီးတော့ သည်းထိတ်ရင်ဖိုဖြစ်ရတဲ့ ရုပ်ရှင်အမျိုးအစားပါ ဇာတ်လမ်းအစပိုင်းမှာတော့ မိန်းကလေးမော်ဒယ်တစ်ယောက်က ကုမ္ပဏီသူဌေးရဲ့ ထိပါးစော်ကားမှုကိုခံခဲ့ရပြီး မထင်မှတ်ပဲ ဆိုက်ကိုလူသတ်သမားလုပ်တဲ့ ဆံပင်ညှပ်ဆိုင်ထဲကိုဝင်ရောက်မိပြီး အသတ်ခံရခဲ့တယ်ဒုတိယအပိုင်းမှာတော့ နိုရာရဲ့ကြောင်ပေါပေါကိုသတ်ခဲ့တဲ့တရားခံကို တဖြည်းဖြည်းဖော်ထုတ်ပြီး နိုရာကိုယ်တိုင်ပြန်ပေးဆွဲခံခဲ့ရတဲ့ ထိတ်လန့်စရာမြို့ပြဒဏ္ဌာရီတစ်ခုပဲဖြစ်ပါတယ်တတိယအပိုင်းဖြစ်တဲ့သွားဆေးခန်းအမှုမှာတော့ လူတိုင်းသွားဆေးခန်းမှာ ကြုံတွေ့ရနိုင်တဲ့ ကြောက်လန့်စရာဖြစ်ရပ်တွေကို ရိုက်ကူးဖော်ပြထားတာပဲဖြစ်ပါတယ် ဒီဇာတ်လမ်းသုံးမျိုးမှာ ဘယ်လိုအမှုတွေဖြစ်ပြီး ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာ စောင့်မျှော်ကြည့်ရှုကြတာပေါ့ Quality : WEB-DL 1080p , 720p Format : mp4 Genres : Horror , Crime  Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Mary Eaint Encoded by LK
movie

Tales From The Occult: Body and Soul ( 2023 )