Channel Myanmar

Tate Donovan

Shooter (2007) 7.2
Shooter (2007) Shooter (2007)ဒီတစ်ခါ အလှည့်ကျတဲ့ old but gold ကားကတော့ IMDB 7.1/10 ရရှိထားတဲ့ Ted မင်းသားကြီး Mark Wahlberg ရဲ့  Thriller/Action ကားလေးပဲဖြစ်ပါတယ်။ဆွယ်ဂါက တောအုပ်ထဲမှာ သူချစ်တဲ့ခွေးလေးနဲ့ ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းနေတဲ့ အငြိမ်းစား ကျွမ်းကျင်လက်ဖြောင့်သေနတ်သမားတစ်ဦးပါ။ လွန်ခဲ့တဲ့ ၃ နှစ်က စစ်ဆင်ရေးတစ်ခုမှာ အဖြစ်ဆိုးတစ်ခုနဲ့ ကြုံခဲ့ရတာကြောင့် တပ်ထဲကနေ အငြိမ်းစားယူခဲ့တယ်လို့ ဆိုရမှာပေါ့လေ။အေးချမ်းတဲ့သူ့ဘဝထဲကို "သမ္မတကို လုပ်ကြံဖို့ အစီအစဉ်ဆွဲပေးပါ"ဆိုပြီး ဆိုင်းမဆင့် ဘုံမဆင့် ရောက်ရှိလာခဲ့သူကတော့ ဗိုလ်မှူး ဂျွန်ဆင်ပါ။ သမ္မတကို စိတ်မဝင်စားသလို အေးချမ်းစွာနေလိုတဲ့ ဆွယ်ဂါတစ်ယောက် နောက်ဆုံးကျ ဗိုလ်မှူး ဂျွန်ဆင်ရဲ့ အပြောမှာ မျောပြီး အစီအစဉ်ကို သဘောတူလိုက်မိရာမှာတော့..သူ့ကို စောင့်ကြိုနေခဲ့တဲ့ လှည့်ကွက်တွေနဲ့ အစီအစဉ်ကဘာများလဲ.. သမ္မတကို လုပ်ကြံတဲ့အစီအစဉ်ကရော အထမြောက်အောင်မြင်သွားမှာလား.. သူ့ရဲ့တစ်ချိန်က ကျွမ်းကျင်မှုတွေကို အကျိုးရှိရှိ အသုံးချပြီး အရည်အချင်းရှိရှိနဲ့ သူ့ကိုဆင်ထားတဲ့ ထောင်ချောက်ထဲကနေ လွတ်အောင်ရုန်းနိုင်ပါ့မလား.. ဆိုတာကိုတော့ နိုင်ငံရေးလှည့်ကွက်မျိုးစုံနဲ့ ဆွယ်ဂါ့ရဲ့စွန့်စားခန်းတွေကို ဇာတ်လမ်းထဲမှာပဲ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ကြပါဦးနော်။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို ...
movie

Shooter (2007)

2007
4K HEVC
The Holdovers (2023) 8
The Holdovers (2023) The Holdovers (2023)~ IMDb - 8/10, RT - 96%, Meta - 82% ~တစ်နှစ်တာလုံးရဲ့ အနွေးထွေးဆုံးအချိန်တစ်ခုကို ရွေးရရင် ကျွန်တော်တော့ ကိုယ့်ယဉ်ကျေးမှုနဲ့ မဆီမဆိုင် ခရစ္စမတ်ကိုပဲ ရွေးမိလိမ့်မယ်။ ခရစ္စမတ်ဟာ ကာတွန်းတွေ ရုပ်ရှင်တွေနဲ့ ကြီးပြင်းလာရတဲ့ ကျွန်တော်တို့အတွက် တိုက်ရိုက်မသက်ဆိုင်တောင် ချာလီနဲ့ချောကလက်စက်ရုံထဲက ချောကလက်တစ်ချောင်းကို လူ၇ယောက်ကိုဖဲ့ကျွေးခဲ့တဲ့ နွေးထွေးမှုလို၊ It's a Wonderful Life ထဲက ကူညီရိုင်းပင်းခြင်းရဲ့ နွေးထွေးမှုလို၊ Home Alone ထဲကလို ဒစ္စနေးခရစ္စမတ်ကာတွန်းတွေထဲကလို၊ Klaus ထဲကလို၊ How the Grinch Stole Christmas ထဲကလို ခရစ္စမတ်မှာတော့ အရာအားလုံးအဆင်ပြေသွားမယ့် ယုံကြည်ခြင်းတွေလို... နွေးထွေးမှုတွေကူးစက်ခြင်းနဲ့ သက်ဆိုင်နေတဲ့ ကာလတစ်ခုပေါ့။ တစ်ဆင့်ခံစားမှုနဲ့တောင် ကျွန်တော်တို့အတွက် ခရစ္စမတ်က ဒီလောက်နွေးထွေးနေရင် သူတို့အတွက် ...
movie

The Holdovers (2023)

2023
Worth (2020) 6.8
Worth (2020) Worth (2020)~ IMDb - 6.8/10, Rotten Tomatoes - 82% ~အ​မေရိကန်နိုင်ငံရဲ့ နာမည်ကြီးတိုက်ခိုက်ခံရမှု 9/11 ဖြစ်ရပ်မှန်ကို ​ကျောရိုးယူပြီး Michael Keaton, Amy Ryan နဲ့ Stanley Tucci တို့လို အကျော်အမော်တွေနဲ့ Netflix ကနေ ရိုက်ထားတဲ့ ကားကောင်းတစ်ကားပါ။~ ဇာတ်လမ်းအကျဉ်း ~ကန်တစ်​ယောက် နိုင်ငံ​ရဲ့ ထိပ်သီး ဥပ​ဒေလုပ်ငန်း​တစ်ခုကို ဦး​ဆောင်​​နေရင်း တစ်​​နေ့ 9/11 ဖြစ်စဥ်​ကြောင့် ​လူအမြောက်အများ​သေဆုံးမှုတစ်ခုဖြစ်​​ပေါ်လာခဲ့ပါတယ်။ အစိုးရက နစ်နာသူ​တွေ ​လေ​ကြောင်းလိုင်း​တွေကို တရားမစွဲ​ရေး လုပ်​ဆောင်ဖို့ ​လျော်​ကြေးကိစ္စတစ်ခုနဲ့ ​ဖြေရှင်းဖို့စဥ်းစားမိရင်း အဲဒီအကြံကို​ အောင်‌အောင်မြင်မြင် အ​ကောင်အထည်​ဖော်ဖို့ ​ကန်တစ်​ယောက် တာဝန်ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။လူတစ်​ယောက်ရဲ့ အသက်တန်ဖိုးကို​ငွေပမာဏဘယ်​လောက်ဆိုပြီး နှိုင်းယှဥ်ပြီး ကန်က ဖော်မြူလာထုတ်ပြလိုက်တဲ့အခါ နစ်နာသူအများစုက မနှစ်မြို့ကြပါဘူး။တစ်​ဖက်မှာလည်း ကန်တို့အဖွဲ့မှားယွင်း​နေတာ​တွေကို ​ထောက်ပြဖို့ ချားစ်ဦး​ဆောင်တဲ့ အဖွဲ့​​ပေါ်​ပေါက်လာပြီး ...
movie

Worth (2020)

2020
Ghosted (2023) 5.8
Ghosted (2023) Ghosted (2023)ကပ္ပတိန်အမေရိကမင်းသား ခရစ်အီဗန်နဲ့ မင်းသမီး အန်နာဒအာမက်စ်တို့ရဲ့ ဟာသ အက်ရှင်ကားအသစ်လာပါပြီ။ ဇာတ်လမ်းကတော့ ရိုးရှင်းပေမဲ့ ဟာသတွေ၊ ဧည့်သည်သရုပ်ဆောင် နာမည်ကြီးတွေ အများကြီးသုံးထားတာမို့ ကြည့်ရတာ တန်တဲ့ ရုပ်ရှင်ပါပဲ။ အစက ခေါင်းဆောင်မင်းသမီးနေရာမှာ စကားလက်ဂျိုဟန်ဆန်ကိုရွေးထားပေမဲ့ အချိန်ညှိမရတာကြောင့် အန်နာဒအာမက်စ်ကလေး ပါလာတာပါပဲ။ကိုးလ်ဟာ သူ့မိသားစုနဲ့အတူ ခြံစိုက်စားနေတဲ့ လူရိုးတစ်ယောက်ပေါ့။ တစ်နေ့မှာတော့ ကမ္ဘာလှည့်ပြီး အနုပညာပစ္စည်းတွေ စုဆောင်းရှာဖွေရတဲ့ ကောင်မလေးတစ်ယောက်နဲ့ တစ်ရက်ချိန်းတွေ့မိပြီး ချစ်ကြိုက်သွားခဲ့ပါတယ်။ အဲဒီကောင်မလေးက သူ့ကိုတစ်ရက်တည်းနဲ့ ပလစ်ပြီး လန်ဒန်ထွက်သွားတဲ့အချိန်မှာ နောက်ကလိုက်သွားခဲ့တယ်။ လန်ဒန်မှာ သူ့ကို နာမည်ကြီး စပိုင်တစ်ယောက်နဲ့မှားပြီး လူဆိုးဂိုဏ်းက မှားဖမ်းတဲ့အခါ သူ့ကောင်မလေးကမှ စပိုင်အစစ်ဖြစ်နေပြီးလာကယ်တာကြောင့် သူတို့နှစ်ယောက်အတူ စွန့်စားခန်းတွေ အလွဲလွဲအချော်ချော်နဲ့ ဖွင့်ရပါတော့တယ်...(ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.5GB, 1.2GB Quality - 1080p, 720p IMDb ...
movie

Ghosted (2023)

2023
4K HEVC
The Nomads 2019 8.2
The Nomads 2019 The Nomadsဆိုတဲ့ ဇာတ်ကားက Philadelphiaလို့ခေါ်တဲ့ မြို့မှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ... ဘဏ္ဍာရေးအခြေအနေကြောင့် ကျောင်းအများစုကို ပိတ်ပစ်ပြီး တခြားကျောင်းတွေနဲ့ ပေါင်းလိုက်တဲ့အခါ အလုပ်လက်မဲ့ဖြစ်သွားတဲ့ ဆရာ၊ဆရာမ‌တွေအများကြီး ရှိသွားခဲ့တယ်... အလုပ်မရှိတော့တဲ့ ဆရာတွေထဲမှာ Macလို့ခေါ်တဲ့ အင်္ဂလိပ်ဆရာမ တစ်ယောက်လည်းပါခဲ့တယ်...ငွေရေးကြေးရေး အခက်ခဲကြောင့် ရရာနေရာလုပ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ Whitmanဆိုတဲ့ကျောင်းမှာ သမိုင်းသင်ဖို့ဖြစ်လာခဲ့တယ်... Whitmanကျောင်းဆိုတာက ‌ခပ်ဆိုးဆိုးကျောင်းသားတွေရှိတဲ့နေရာ...အဲ့ဒီမှာ Nolinလို့ခေါ်တဲ့ ဆရာတစ်ယောက်နဲ့ ခင်သွားပြီး ကောလိပ်ဝင်ခွင့်ရဖို့တောင် မသေချာတဲ့ကလေးတွေအတွက် ရက်ဘီဆိုတဲ့အားကစားနဲ့ ထူးချွန်အောင်လုပ်မယ်ဆိုပြီး လှုပ်ရှားပေးခဲ့ကြတယ်... အဲ့ဒီလို လှုပ်ရှားရာမှာ ဘာအထောက်ပံ့မှမပေးတဲ့ အစိုးရနဲ့ ခပ်ဆိုးဆိုးကျောင်းသားတွေကြား ဘယ်လိုကြိုးစားရုန်းကန်သွားလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ဆက်ကြည့်လိုက်ကြရအောင်.....   Quality – 720p  blurayrip Duration - 1 hr 37 min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, ...
movie

The Nomads 2019

Blood Fest (2018) 5.3
Blood Fest (2018)   ဒီကားလေးအကြောင်းစမပြောခင် Blood Fest ဆိုတဲ့နာမည်အကြောင်းကို အရင်စပြောလိုက်ရအောင်…. Blood Fest ဆိုတာ သွေးသံရဲရဲနဲ့ကစားရတဲ့ ကစားနည်းတစ်မျိုးဖြစ်ပြီးတော့ ဒီကစားနည်းဟာ အရမ်းကိုကျယ်ဝန်းလှတဲ့ ဧက၂၀ မြေကွက်ကြီးတစ်ခုမှာပြုလုပ်တဲ့ ဆယ်စုနှစ်ရဲ့အကောင်းဆုံးသော ” သွေးသံရဲရဲ ဧည့်ခံပွဲ ” ကစားနည်းလို့လည်းနာမည်ပေးထားပါတယ်….. အဲကွင်းကြီးထဲမှာ နာမည်ကြီး Horror ရုပ်ရှင်တွေထဲက လူသတ်သမားတွေရဲ့ ပုံစံသရုပ်ဆောင်တွေကိုထည့်သွင်းထားပြီးတော့ ပါဝင်ကစားတဲ့ လူတွေကို ခြောက်လှန့်စေတာဖြစ်ပါတယ်… Vampire , Zombie , Clown , The Arborist , Red အစရွိတဲ့ နာမည်ကျော်မကောင်းဆိုးဝါးတွေကို ဒီ Horror ကားထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်…. ဟောလိုဝင်းညပါတီပွဲကို ပျော်ချင်လို့ဆိုပြီး ဒီကွင်းကြီးထဲကို ဂိမ်းကစားဖို့ရောက်လာကြတဲ့ ဆယ်ကျော်သက်လေးသုံးယောက်ဟာ တကယ်တမ်း ဂိမ်းမဟုတ်ပဲ ကြမ်းတမ်းတဲ့အရာတွေနဲ့တွေ့ကြုံလာရတဲ့အခု လွတ်မြောက်ဖို့ကြိုးစားရပါတော့တယ်… တစ်ကွင်းလုံးမှာလည်း အတုအယောင်တွေပြုလုပ်ထားတဲ့ သရဲကားတွေထဲကလို စိတ္တဆေးရုံတွေ သချိင်္ုင်းတွေနဲ့ နာမည်ကြီးရုပ်ရှင်တွေထဲက နာမည်ကျော်လူသတ်သမားတွေနဲ့ ဂိမ်းကစားနေတာမဟုတ်တော့ပဲ သေရေးရှင်ရေးအတွက် အဲကွင်းထဲကနေလွတ်မြောက်နိုင်အောင်ကြိုးစားရတော့မှာပါ…. Horror ကားဆိုပေမယ့် ဒီကားဟာ ဟာသလေးတွေနှောပြီးရိုက်ပြထားတာပါ…. ဒါပေမယ့် Horror ကားရဲ့အနှစ်အရသာကိုတော့ ပျောက်ပျက်သွားတာမျိုး မဟုတ္ပါဘူး… တချို့အခန်းတွေက ကြောက်စရာကောင်းသလို  တချို့အခန်းတွေမှာလည်း စိတ်ပေါ့ပါးစွာနဲ့ရယ်မောမိကြမှာပါ….. ဒါကြောင့် ဒီဇာတ်ကားလေးကို ကြည့်သင့်မကြည့်သင့်ကိုကတော့ သင်တို့ကိုယ်တိုင်ပဲဆုံးဖြတ်လိုက်ကြပါ…. File Size : (879 MB)  Quality : WED DL 720p Running Time : 1hr 36min Format : ...
movie

Blood Fest (2018)

2018
Blame (2017) 5.8
Blame (2017) ဒရာမာ ဇာတ်ကားတွေကိုမှကြည့်ချင်ကြတဲ့လူတွေအတွက် ၂၀၁၇ ထွက် Blame ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်…အက်ဘီဂယ်ဆိုတဲ့ ကောင်မလေးဟာ စိတ်ရောဂါသည်လေးတစ်ယောက်အဖြစ် အတန်းထဲမှာလှောင်ပြောင်ခံနေရတဲ့မိန်းကလေတစ်ယောက်ပေါ့…တစ်နေ့တော့ သူတို့အတန်းရဲ့ ဒရာမာ ဆရာမ ခွင့်ယူသွားတဲ့အတွက် ဂျရမီဆိုတဲ့ ဆရာတစ်ယောက် အစားထိုးဝင်ရောက်လာပါတော့တယ်…အတန်းထဲမှာ လူတကာ အနှိမ်ခံ ကောင်မလေးကို အစားထိုးဒရာမာဆရာ ဂျရမီကနေ သနားစိတ်နဲ့ သံယောဇဉ်တွယ်မိရာကနေ…အစားထိုးဆရာကို တစ်ဖက်သတ်ကြိုက်နေပြီး အက်ဘီဂယ်အပေါ်မှာ မနာလိုဖြစ်နေတဲ့ မာလီဆာဆိုတဲ့ ခပ်ဆိုးဆိုး ကောင်မလေးက သူတို့နှစ်ယောက်အပေါ် မစားရတဲ့အမဲ သဲနဲ့ပက်ပါတော့တယ်..။၂၀၁၇ ထွက် ကားလေးတစ်ကားဖြစ်ပြီး လူငယ်တွေစိတ်ဝင်စားမယ့်ကားတစ်ကားဖြစ်ပါတယ်…။Rating တွေအနေနဲ့ကတော့ IMDb – 5.8/10…Rotten Tomatoes – 83% (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zuel Khant Thwin ပါ) File Size : (799 MB) and (350 MB) Quality : AMZN WEB-DL 720p Running Time ...
movie

Blame (2017)

2017
Manchester by the Sea (2016) 7.8
Manchester by the Sea (2016) Manchester by the Sea (2016) IMDb - 7.8/10______Rotten - 96% Won 2 Oscars. Another 128 wins & 259 nominations  အခုတစ်ခါတော့ အားလုံးစောင့်မျှော်နေကြတဲ့ အောစကာဇကာာတင်စာရင်းမှာ ဝင်ခဲ့ပြီး အကောင်းဆုံးဇာတ်ကားဆုကိုဆွတ်ခူးရရှိခဲ့ပြီးIMDb 7.8 ရရှိထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျ ဒီဇာတ်ကားမှာဆိုရင် လီချန်ဒလာ အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Casey Affleck ဟာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကိုဆွတ်ခူးရရှိခဲ့ပါတယ် ဇာတ်ကားဟာလဲ တခြား ရုပ်ရှင်ဆုပေါင်း ၁၂၈ဆုနဲ့ ၂၅၉ ကြိမ်ထိ ဇကာတင်စာရင်းမှာဝင်ခဲ့ပါတယ် ဒီဇာတ်ကားလေးက သာမန်ဒရာမာကားတွေထက်ပိုပြီးတော့ တူဖြစ်သူနဲ့ ဦးလေးကြားဆက်ဆံရေး ဦးလေးဖြစ်သူ လီ နဲ့ အတိတ်က အကြောင်းအရာတွေ အိမ်ထောင်ရေး ပြသနာတွေ၊ အစ်ကိုဖြစ်သူသေဆုံးမှုကြောင့် ဝမ်းနည်းမှုကြားကကိုယ့်ကိုကိုယ်လမ်းပျောက်နေသူတစ်ဦး၏ တရားဥပဒေအရ တူဖြစ်သူကိုထိန်းသိမ်းစောင့်ရှောက်ခွင့်အပ်နှင်းခံရသူတယောက်ရဲ့ အကြပ်အတည်းတွေနဲ့နေ့စဉ်တွေ့ကြုံနေကြလူနေမှု ဘဝတွေကို ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ လီချန်ဒလာဟာ ဘောစတွန်မြို့မှာ တိုက်လေးတိုက်ကို ပြုပြင်ထိန်းသိမ်းရေး တာဝန်ကိုယူရသူတစ်ဦးဖြစ်ပြီး သူ့ရဲ့ မူရင်းဇာတိဖြစ်တဲ့ မန်ချက်စတာမြို့ကနေ အကြောင်းတစ်ခုကြောင့် လာရောက်ဇာတ်မြှုပ်နေထိုင်နေသူတစ်ဦးဖြစ်ပါတယ် ဒီလိုနဲ့ တနေ့မှာ လီ ရဲ့ အစ်ကို ဂျိုးချန်ဒလာ နှလုံး ရောဂါဖောက်ပြီး မထင်မှတ်ပဲ ကွယ်လွန်သွားခဲ့ပါတယ် အစ်ကိုဖြစ်သူကွယ်လွန်သွားခဲ့တဲ့အခါမှ တူဖြစ်သူ ၁၆နှစ်သား ပက်ထရစ်ဟာ ဦးလေးဖြစ်သူ ...
movie

Manchester by the Sea (2016)

2016