Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tao Wang
5.8
Operation Detoxification (2024)
ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် အက်ရှင်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့ Operation Detoxification ကားလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းလေးကတော့ မူးယစ်ဆေးဖြန့်ချီရေးမှာ ဘုရင်တွေဖြစ်ကြတဲ့ စွန်းဟောက်, ချောင်ယွင်ဖေးနှင့် ကျန်းပင်းတို့က မူးယစ်ဆေးလောကကိုလက်ဝါးကြီးအုပ်ထားကြတယ်။ဒီထဲမှာ စုန့်ဝိန်ထောင်လို့ခေါ်တဲ့ ရဲသားတစ်ယောက်ကတော့ငယ်စဉ်မှာ သူ့အဖေကမူးယစ်ဆေးသုံးစွဲလို့ ပတ်ဝန်းကျင်ရဲ့ရှောင်ကြဉ်းခြင်း ကဲ့ရဲ့ခြင်းကိုခံနေရတာကြောင့်ပဲ ဒီမူးယစ်ဆေးဘုရင်သုံးယောက်ကြားထဲ သူလျှိုအဖြစ်လုပ်ဖို့ဆုံးဖြတ်ခဲ့တယ်။ဒီတော့မူးယစ်ဆေးလောကရဲ့အရူပ်အထွေးတွေ ရက်စက်မှုတွေ ဘယ်လိုထောက်လှမ်းကြမလဲ ဘယ်အထိသူလျှိုအဖြစ် လုပ်သွားနိုင်မလဲစတဲ့ အမိုက်စားအက်ရှင်တွေကို ဒီဇာတ်လမ်းထဲမှာ တဝက်ကြီး ကြည့်ရူရမှာဖြစ်တာကြောင့် ဇာတ်လမ်းလေးကိုကြည့်ရူအားပေးလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action , Crime Runtime : 1h 19 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie
Operation Detoxification (2024)
5.9
Ban Drugs ( 2023 )
ဒါကတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မှုခင်းဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်ရေးမှာ တွဲဖက်ပါတနာကိုစတေးလိုက်ရတဲ့...... စခန်းမှူးကျန့်(၁၅)နှစ်ကြာပြီးနောက်မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်ရေးမှာ တွဲဖက်ပါတနာကိုဆုံးရှုံးလိုက်ရတဲ့....အဖွဲ့ခေါင်းဆောင်လု အဖေလို ပြည်သူအတွက်အသက်ပေးပြီး အာဇာနည်ဖြစ်ချင်တဲ့... ရဲအရာရှိလေးဝမ်သူတို့(၃)ယောက်ပူးပေါင်းပြီး (၁၅)နှစ်ကြာအောင် ဖမ်းမမိနိုင်ပဲ ဥပဒေပြင်ပကိုရောက်နေတဲ့ မြေနဂါး တိလုံကို အမိအရဖမ်းဆီးနိုင်ဖို့ကြိုးစားတဲ့အကြောင်းလေးပဲဖြစ်ပါတယ်။ပင်းဟိုင်မြို့မှာ မူးယစ်တိုက်ဖျက်ရေးစစ်ဆင်ရေးကြီးတစ်ခုလုပ်ခဲ့ပြီးနောက်မှာ မူးယစ်ဆေးရောင်းဝယ်မှုကြီးကြီးမားမားမရှိတော့ပါဘူး။ ဒါပေမယ့် (၁၅)နှစ်ကြာပြီးနောက်မှာ မူးယစ်ဆေးပမာဏများများရောင်းဝယ်တဲ့အမှုပြန်လည်ဖြစ်ပေါ်လာခဲ့ပါတယ်။ ပြစ်မှုကျူးလွန်ပြီးသေသွားတဲ့ သူကလွန်ခဲ့တဲ့(၁၅)နှစ်က မူးယဇ်ရာဇာတိလုံရဲ့ DNAနဲ့တော်တော်လေးကိုက်ညီနေတာကိုတွေ့လိုက်ရတဲ့ခါ ပင်ဟိုင်မြို့ရဲ့ မူးယစ်ဆေးလောကကြီးကပြန်လည်တစ်ဖန်အသက်ဝင်လာပါတော့တယ်။ လွန်ခဲ့တဲ့(၁၅)နှစ်ကအမှုနဲ့ဘယ်လိုများပတ်သက်နေမလဲ...... ဒီတစ်ခါမှာရော မူးယစ်တိုက်ဖျက်ရေးစစ်ဆင်ရေးအောင်မြင်နိုင်မလား...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime , Drama Runtime : 1h 39 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Ban Drugs ( 2023 )
6
The Seven’s Dog PDU ( 2023 )
CM ပရိသတ်တွေအတွက် The Seven Dogs ဆိုတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ရဲတပ်ဖွဲ့ဝင် အသစ်ဖြစ်တဲ့ ချန်ရှောင်ထျန်းဟာ မှုခင်းရဲတစ်ယောက် ဖြစ်ချင်ခဲ့ပေမဲ့ ရဲခွေးတပ်ဖွဲ့ကို အပို့ခံလိုက်ရပါတယ်။ သူတာဝန်ယူရတဲ့ ခွေးလေး ဖက်ထုပ်လေးက သူ့စကားကို နားမထောင်ပဲ လေ့ကျင့်ရခက်ခဲခဲ့ပါတယ်။နောက်ပိုင်းမှာတော့ အဖြစ်အပျက် အမျိုးမျိုး ဖြတ်သန်းပြီးနောက် အချင်းချင်း ပူးပေါင်းကူညီပြီး သူတို့ဟာ အကောင်းဆုံးရဲဘော်ရဲဘက်တွေ ဖြစ်သွားကြပါတော့တယ်။ ဖက်ထုပ်လေးကို ချန်ရှောင်ထျန်းက ဘယ်လို လေ့ကျင့်ပေးမလဲ...... သူတို့နှစ်ယောက် သံယောဇဉ်က ဘယ်လို ဆက်သွယ်သွားမလဲကို...... ရုပ်ရှင်လေးနဲ့အတူ ခံစားကြည့်ရှုကြရအောင်နော်။ [ Reviewed By Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Action Runtime : 1h 28 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie
The Seven’s Dog PDU ( 2023 )
6.2
The Lightning Strike ( 2022 )
ဒီတစ်ခါတော့ CM ပရိသတ်တွေအတွက် ဖြစ်ရပ်မှန်မှုခင်းရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်လေးကတော့ ရူးသွပ်နေတဲ့ ပါမောက္ခလော်ဟုန်ပန်းဟာ မူးယစ်အသစ်တစ်ခုဖြစ်တဲ့ "ဟိုင်းလော့ရှန်" ကို တီထွင်ထုတ်လုပ်ပြီး နိုင်ငံတော်ဥပဒေကို စိန်ခေါ်နေပါသတဲ့ကွယ်။ နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ အကျိုးအတွက် နိုင်ငံတော်ရဲ့ အတော်ဆုံးမူးယစ်တပ်ဖွဲဖြစ်တဲ့ "လျှပ်စီးအဖွဲ့"ဟာ ဒုစခန်းမှူးယန်ရဲ့ ညွှန်ကြားမှုအောက်မှာ ဟောင်ကောင်သူလျှိရဲနဲ့ ပူးပေါင်းပြီး အချိန်ကြာ ထောင်ချောက်တစ်ခုကို အကွက်ချခဲ့ပါတယ်။ပင်လယ်တစ်လျှောက် မူးယစ်လမ်းကြောင်းကိုပိတ်ပြီး မြေအောက်မူးယစ်အပေးအယူလုပ်တဲ့လမ်းကြောင်းတွေကိုရှာဖွေပြီး မူးယစ်အဖွဲထဲကို သူလျှိဝင်ရောင်ခြင်းဖြင့် မူးယစ်ဂိုဏ်းအဖွဲကို တိုက်ခိုက်ခဲ့ပါတယ်။မူးယစ်ဂိုဏ်းကြီးတစ်ခုလုံးကို အမြစ်ပြတ်တိုက်ခိုက်နိုင်မလား...... ဟိုင်းလော့ရှန်ဆိုတဲ့ မူးယစ်ဆေးက တစ်ကမ္ဘာလုံး မပျံ့ခင်မှာ တားဆီးနိုင်မလား...... ဆိုတာကို ဇာတ်လမ်းထဲမှာ အတူတူ အဖြေရှာကြရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 43min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie
The Lightning Strike ( 2022 )
6.3
The EOD Squad ( 2022 )
အက်ရှင်ကားတွေကြိုက်တဲ့သူအဖို CM ကနေ အက်ရှင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် EOD Squad 2022 လိုအမည်ရတဲ့ အက်ရှင်ကားလေးကတော့ ဗုံးရှင်းလင်းရေးကျွမ်းကျင်ပညာရှင် တစ်ယောက်နဲ့ ဖောက်ခွဲရေးကျွမ်းကျင်တဲ့ မူးယစ်မှောင်ခိုသမားတိုကြားက အားပြိုင်မှုကို အခြေခံထားတာဖြစ်ပါတယ်ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် ဗုံးရှင်းလင်းရေးကျွမ်းကျင်ပညာရှင်Lu Yangနဲ့သူ့သူငယ်ချင်း Xu Ming တိုဟာ တစ်ရက်မှာတော့ နယ်စပ်မှာ မူးယစ်ရောင်းဝယ်ဖောက်ကားနေတဲ့ Kun Kang ဆိုသူကို ဖမ်းဆီးဖို အမိန့်ကျလာခဲ့ပါတယ်Kun Kang ကမူးယစ်ရောင်းဝယ်ရုံတင်မကဘဲ ပြင်းအားမြင့်ဖောက်ခွဲရေးကိရိယာကိုပါ လုပ်ပြီးတော့ ရဲတပ်ဖွဲဝင်တွေ ဖမ်းဆီးရာကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ် Kun Kang ကို လိုက်ဖမ်းရင်းနဲ့ပဲ Xu Ming ကတော့ အမှတ်မထင် ပေါက်ကွဲမှုတစ်ခုကြောင့် အသက်ကို ပေးဆပ်သွားခဲ့ရပါတယ်အဲ့နောက်မှာတော့ လွတ်မြောက်နေတဲ့ Kun Kang ကိုဖမ်းဖို့ Lu Yang တစ်ယောက် ဘယ်လိုကြိုးပမ်းမှာလဲ... Kun Kangဘက်ကရော ဘယ်လိုဖောက်ခွဲမှုတွေလုပ်ပြီးတော့ ထွက်ပြေးမှာလဲ..... အက်ရှင်ကားကိုမှ ကြည့်ချင်သူတွေအနေနဲ့ကတော့ CM ကနေတင်ဆက်ပေးထားတဲ့ ခပ်မိုက်မိုက် အက်ရှင်ကားလေးဖြစ်တဲ့EOD Squad 2022 ကို ကြည့်ရှုဖို တိုက်တွန်းချင်ပါတယ်နော်..... Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , ...
movie
The EOD Squad ( 2022 )
6
The Unbelievable (The Cases of Disappearances) 2022
မြူခိုးရွာဟာ မျိုးရိုးစဥ်ဆက်နှစ်ပေါင်းထောင်ချီ နဂါးဘုရင်ကို ကိုးကွယ်လာခဲ့ပြီး ၊ နဂါးဘုရင်ရဲ့ကောင်းချီးနဲ့စောင့်ရှောက်မှုကိုရရှိထားတယ်လို့လက်ခံထားကြပါတယ်။ တစ်ရက်မှာ လူတစ်ယောက်ထူးဆန်းစွာ သေဆုံးသွားပြီး ကံကြမ္မာဆိုးကမြူခိုးရွာလေးကို စတင်ရိုက်ခတ်လာပါတော့တယ်။သေဆုံးသွားတဲ့သူဟာ နဂါးဘုရင်ကိုအပြစ်ပြုမိလို့ ဒဏ်ခတ်ခံရတယ်လို့ဆိုကြတဲ့အခါ... အစွဲအလမ်းတွေ ယုံကြည်ကိုးကွယ်မှုတွေကိုမယုံကြည်တဲ့ ဝမ်ကျဲဟာ တကယ့်အမှန်တရားကိုရှာဖို့ကြိုးစားပါတော့တယ်။ အဲ့အချိန်မှာပဲ သူ့ရဲ့မွေးစားအဖေဖြစ်သူပါ ထူးဆန်းစွာသေဆုံးသွားပြန်ပါတယ်။နောက်တော့ ရွာလေးဟာ ထူးဆန်းတဲ့ဗီဇပြောင်း မကောင်းဆိုးဝါးသတ္တဝါတွေရဲ့ တိုက်ခိုက်ခြင်းကိုခံရပြီး၊ တစ်ရက်ပြီးတစ်ရက် သေသူတွေတိုးလာတဲ့အခါ.... အယူသီးတဲ့ရွာသားတွေဟာ ဒီပြဿနာကိုဘယ်လိုဖြေရှင်းလေမလဲ။ ဝမ်ကျဲတို့ကရော ဗီဇပြောင်းသတ္တဝါတွေကိုဘယ်လိုရင်ဆိုင်လေမလဲ။ ရွာကိုရော ဒီကပ်ဘေးကနေ ကယ်တင်နိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းထဲမှာ စိတ်လှုပ်ရှားစွာ အဖြေရှာကြည့်ကြရအောင်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Mystery , Thriller Runtime : 1h 9min Subtitle : Myanmar Subtitle ( Hardsub ) Translated by Yin Wai Phyo , Moon , Kyawt Encoded by LK
movie
The Unbelievable (The Cases of Disappearances) 2022