Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Takashi Sasano
5.0
Nemesis the Movie: Mystery of Golden Spiral (2023)
Eiga Nemesis : Ougon Rasen no Nazo (2023) =======================================(2021)ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျပန်စုံထောက်စီးရီး Nemesis ရဲ့နောက်ဆက်တွဲရုပ်ရှင်ဖြစ်ပါတယ်။ ဒါပေမဲ့ ဇာတ်သွားပြန်ရှင်းပြထားပြီး ပါဝင်တဲ့အကြောင်းအရာတွေက အရမ်းကြီးဆက်စပ်မနေတာမို့ စီးရီးကိုမကြည့်ဖူးလည်း အခုမူဗီကိုကြည့်လို့ရပါတယ်။ 99.9 Criminal Lawyer လိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ ဂျပန်စုံထောက်ကားဖြစ်ပါတယ်။ အောက်မှာဇာတ်ညွှန်းလာပါပြီ။ကမ္ဘာ့ပထမဆုံးမျိုးဗီဇပြောင်းကလေးငယ်သုတေသနကို အောင်မြင်သွားတဲ့ သိပ္ပံပညာရှင်တာချိဘနဟာဂျိမဲ အသတ်ခံရပြီးတဲ့နောက် ကမ္ဘာပေါ်မှာ သူ့အမွေဆိုလို့ သူ့သမီးတဖြစ်လဲ ကမ္ဘာ့ပထမဆုံးမျိုးဗီဇပြောင်းကလေးငယ် မီခမိအန်နာနဲ့ လည်ဆွဲထဲက သုတေသနဒေတာတွေပဲ ကျန်ခဲ့ပါတယ်။ အဲဒီဒေတာတွေကိုလိုချင်နေတဲ့ မသမာသူလူချမ်းသာတစ်စုက အန်နာ့နောက်ကို လိုက်ကြနေတာပေါ့။ အန်နာ့မှာ သူမတူတဲ့စွမ်းရည်တွေရှိပြီး Nemesis စုံထောက်အေဂျင်စီမှာ သူ့ဒုတိယအဖေတို့၊ သူငယ်ချင်းတွေတို့နဲ့အတူ အလုပ်လုပ်နေပါတယ်။ ဒါပေမဲ့ Nemesis ခမျာ နှစ်လလုံးလုံး အမှုအပ်သူမရှိတာကြောင့် မွဲကိန်းဆိုက်ပြီး ရုံးခန်းပါပြောင်းလိုက်ရပါတယ်။ တစ်ချိန်တည်းမှာပဲ အန်နာဟာ ဒေတာတွေကိုလက်လွှဲမပေးရင် သူတန်ဖိုးထားရတဲ့သူတွေတစ်ယောက်ပြီးတစ်ယောက် အသတ်ခံရတဲ့ အိပ်မက်ဆိုးကို ညတိုင်းထပ်ခါထပ်ခါမက်နေရပါတယ်။ ...
movie
Nemesis the Movie: Mystery of Golden Spiral (2023)
6.6
Yudo: The Way of the Bath (2023)
Yudo: The Way of the Bath ( 2023 ) ========================ကိုယ်လုံးတီးတွေချွတ်ပြီး အများသုံးရေချိုးအိမ်ထဲ စုပြုံရေချိုးကြတဲ့ ဓလေ့ဟာ ကျွန်တော်တို့ မျက်စိထဲ တော်တော်တော့ အဆင်မပြေခဲ့ကြလောက်ဘူး။ ကျွန်တော်တို့မှ မဟုတ်ပါဘူး။ ရဲဘော်သုံးကျိပ်ရဲ့ ဂျပန်ပြည်သွားခဲ့တဲ့ မှတ်တမ်းစာအုပ်တွေထဲလည်း သူတို့လည်း တစ်မျိုးဖြစ်ခဲ့တာကို တွေ့ရတယ်။ ဒီရုပ်ရှင်ကို မကြည့်ခင်အထိတော့ အဲဒီဓလေ့ကို ကျွန်တော် နားမလည်နိုင်ပေမဲ့ ဒီရုပ်ရှင်မှာတော့ အဲဒီဓလေ့ဟာ ဖလော်ဆော်ဖီရော ယဉ်ကျေးမှုရော နှလုံးသားရော ပေါင်းစပ်ထားတဲ့ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားတဲ့ အရာတစ်ခုအဖြစ်သိလိုက်ရတယ်။ ဂျပန်တွေရဲ့ အနုပညာဟာ သဘာဝကလာတော့ သဘာဝကပဲလာတဲ့ ရေချိုးခြင်းဟာ အနုပညာတစ်ရပ်လိုဖြစ်နေတာလည်း ဆန်းတော့မဆန်းပါဘူး။ ဒါပေမဲ့ ရေချိုးခြင်းက ဘယ်လောက်အနုပညာမြောက်သလဲဆိုတာကတော့ ဆန်းနေတယ်။လက်ရှိမှာတော့ ဂျပန်ပြည်ရဲ့ နေအိမ်၉၅ရာခိုင်နှုန်းမှာ ရေချိုးခန်းတွေရှိနေပြီဆိုပေမဲ့ ရှိုးဝါးခေတ်ရဲ့လက်ကျန်လို့လည်းဆိုကြတဲ့ ဒီအများသုံးရေချိုးအိမ်တွေကို သုံးတဲ့သူတွေလည်း သုံးနေကြတုန်းပါပဲ။ မနှစ်ကထွက်ခဲ့တဲ့ Perfect Daysရဲ့ အဓိကဇာတ်ကောင်လည်း ဒီလိုရေချိုးအိမ်မှာပဲ ...
movie
Yudo: The Way of the Bath (2023)
5
What to Do With the Dead Kaiju? (2022)
What to Do with Dead Kaiju IMDB 4.4 ၂၀၂၂ကမှ ထွက်ရှိထားတဲ့ ဒီဇာတ်ကားမှာတော့ နာမည်အတိုင်း ကိုင်ဂျူအသေကောင်နဲ့ တိုင်ပတ်ရတဲ့ ဂျပန်ပြည်ကြီးအကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ကိုင်ဂျူဟာ လူက သတ်လို့ သေတာမဟုတ်ဘဲ ကောင်းကင်ပေါ်ကကျလာတဲ့ ထူးဆန်းတဲ့အလင်းတန်းကြောင့် ဆုံးပါးသွားခဲ့ရတာဖြစ်ပါတယ်။ ရုပ်ရှင်တိုင်းလိုလိုမှာ သေကြေပျက်စီးခြင်းကို သယ်ဆောင်လာသူအဖြစ် ပုံဖော်ခံရတဲ့ ကိုင်ဂျူတစ်ကောင် ဒီနည်းနဲ့ပဲ ဇီဝိန်ချုပ်သွားတဲ့အခါ …. ကိုင်ဂျူအလောင်းကောင်ကြီးကို ရှင်းလင်းဖို့ တာဝန်ဝတ္တရားဟာ ဂျပန်အစိုးရပေါ်ကို ကျရောက်လာပါတော့တယ်။ ဒီလိုနဲ့ ကိုင်ဂျူကို တိုက်ဖို့ ဖွဲ့စည်းထားတဲ့ အထူးတပ်ဖွဲ့သည်လည်း ကိုင်ဂျူမရှိတော့တဲ့နောက် ဘယ်လိုဆက်ဖြစ်သလဲ။ ထုံးစံအတိုင်း နိုင်ငံရေးသမားတွေသည်လည်း နိုင်ငံရေးသမားပီပီ ကိုင်ဂျူကို နင်းပြီး နာမည်ရရေး ဘယ်လိုယဉ်ပြိုင်လုပ်ဆောင်ကြသလဲ ရှုစားရမှာပဲ ဖြစ်ပါတယ်။File Size__(2.7GB) / (1.2B) Quality__1080p, 720p IMDb Rating__5/10 Format__mp4 Duration__02:00:00 Type__Comedy, Sci-Fi Subtitle__Myanmar Subtitle ...
movie
What to Do With the Dead Kaiju? (2022)
8.1
Departures(2008)
Departures(2008) IMDb....8.1,,,,Rotten79% တစ်ချို့သောသူတွေက ရယ်ရမောရ ပျော်ရွှင်ရတဲ့ကားတွေကို သဘောကျတယ်..တစ်ချို့တွေက အပစ်အခတ် နဲ့ သိုင်းကားမျိုးတွေသဘောကျတယ်.. တစ်ချို့တွေက Biography လိုကားမျိုးတွေကို သဘောကျကြတယ်..တစ်ချို့တွေကတော့ ဇာတ်ကားကြည့်ပြီး အသေးစိတ်ခံစားပြီး တွေးတော့နေရတာကိုကြိုက်ကြတယ်...အကြိုက်ကိုယ်စီ ပေါ့ဗျာ... ဒီကားကို မကြည့်ခင် အစပထမတော့ အကောင်းဆုံး Reviewer တစ်ချို့ကိုရေးဖို့အကူအညီတောင်းဖို့စဉ်းစားဖူးတယ်.. သို့ပေမယ့် ဒီကားကိုကြည့်ပြီးတဲ့အချိန်မှာ ဘယ်လိုလူမျိုးမှ Review ရေးချင်ကြမှာမဟုတ်ဘူး..ရေးထားတာတွေ့ရင်လည်း မကြည့်ရသေးခင်မဖတ်ပါနဲ့...ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့ရဲ့အတွေးတွေကို ဘောင်ကန့်လိုက်သလိုမျိုးဖြစ်သွားမယ်စိုးရိမ်လို့ပါ.. တကယ့်ကိုဖြန့်ကျက်ပြီးတွေးတောဆင်ခြင်လို့ကောင်းတယ်... Departures(2008) ဇာတ်ကားဟာ Best Foreign Language Film of the Year အဖြစ် အော်စကာရခဲ့သလို အခြားဆု(၃၃)ဆုလည်းရခဲ့ပါတယ်.. ဒေါင်းသင့်မဒေါင်းသင့် စဉ်းစားလို့ရအောင်ပြောပြလို့တော့ရတယ် .. ဟာသကွက်တွေ သိုင်းကွက်တွေ မြူးမြူးကြွကြွတေးသံတွေ ဘီကီနီဝတ်တွေ ဘာမှမပါဘူး.....ဆန်းပြားလွန်းတဲ့ twist တွေမပါဘူး... နားလည်ရခက်တဲ့ Dialoge တွေမပါဘူး..စက်ဆုပ်စရာတွေ မပါဘူး...ရက်စက်ကြမ်းကြုတ်တာတွေမပါဘူး... ဆိုတော့ ဒီကားအမျိုးအစားကိုအနည်းငယ်တော့ရိပ်မိမယ်ထင်ပါတယ်.. ပြီးတော့ ဒီကားကိုကြည့်တော့မယ်ဆိုရင် ဆူညံသံတွေအတတ်နိုင်ဆုံးငြိမ်တဲ့အချိန်ကိုရွေးပါ ..မိသားစုနဲ့ကြည့်မယ်ဆိုရင်လည်း အာလူးကြော်တောင်မ၀ါးခိုင်းပါနဲ့...ကြည့်နေတုန်းလမ်းလျောက်မယ်ဆိုရင်လည်း ခြေဖျားထောက်ပြီးလျှောက်ခိုင်းပါ.... File Size : (1.12GB) Quality : Blu-Ray 720p Format…mp4 Duration…02:10:00 Genre : Drama, Music Subtitle : Myanmar Subtitle (Hard Sub) Translated by Megumi Encoded by Phyo Pyae
movie
Departures(2008)
2008
6.0
Before We Vanish (2017)
ဆန်းဆန်းပြားပြားကားလေးတွေကိုကြိုက်တတ်တဲ့ CMပရိသတ်ကြီးအတွက် Before we vanish (2017)ဆိုတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးကတော့ ဂျပန်ကားလေးပါ။Ratingတွေလဲ တော်တော်လေးကောင်းထားတယ်ပြောရမယ်ဗျ။လူသားတွေရဲ ့သဘောသဘာဝကျကို ဂြိုဟ်သားတွေနဲ့ အထောက်အပံ့ပေးပြီးပုံဖော်ထားတဲ့ကားမျိုးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ ဂြိုဟ်သားသုံးယောက်ဟာ ကမ္ဘာပေါ်ကိုရောက်လာပြီး ကျူးကျော်ဖို့ကြိုးစားတာပါ။အဲ့ဒီအတွက် လူသားသုံးယောက်ရဲ ့ခန္ဓာကိုယ်ထဲမှာဝင်ရောက်နေထိုင်ပါတော့တယ်။လူမှုအသိုင်းအဝိုင်း ထုံးစံတွေ အစဉ်အလာတွေနဲ့ သူတို့တွေဘယ်လိုရှေ့ဆက်မလဲ။ဘာတွေဆက်ဖြစ်မယ်ဆိုတာကတော့ဇာတ်လမ်းထဲမှာကြည့်ရှုပါလို့ပဲညွှန်းလိုက်ပါရစေ။Rating ပေးတာ တွန့်တိုတတ်တဲ့ Rotten Tomatoesကတောင် 76%ပေးထားတာမို့လက်မလွတ်တမ်းကြည့်ရှုသင့်တယ်လို့ပဲညွှန်းလိုက်ပါတော့မယ်။Qty - 720p Web DLDuration - 1hr 56minGern - Thrill / Sci-FiTranslator - Yamin Thawdar MaungReview - Aye Mon KyawEncoder - Kyaw Ye Aung
movie
Before We Vanish (2017)
2017