Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Taiga Nakano
6.2
Masked Hearts (2023)
Masked Hearts ( 2023 ) ==================== ဒီဂျပန်ကားက ကြည့်ရတာတော့ အရမ်းသွက်ချင်မှသွက်မှာပေမဲ့ ကြည့်ရင်းနဲ့ ဇာတ်ရည်လာတဲ့အချိန် အရသာတော်တော်လေးပေါ်လာမယ့် ရုပ်ရှင်မျိုးပါပဲ။ ဇာတ်လမ်းကတော့ ဒါရိုက်တာပေါက်စမလေးတစ်ယောက်ရဲ့ ရုပ်ရှင်လောကက အခက်အခဲတွေနဲ့ စထားတယ်။ သူ့ရဲ့ရုပ်ရှင်အပေါ် ရှုမြင်ပုံတွေ ဘာတွေနဲ့ စတယ်။ ဒါက စီးပွားရေးသမားတွေအတွက် အံမကိုက်တာလား သူ့ကိုအသုံးချလိုက်တာလားတော့မသိပေမဲ့ သူစဉ်းစားထားတဲ့ဇာတ်ကို သူရိုက်ခွင့်မရလိုက်ရဘူး။ ဒီလိုနဲ့ သူက အိပ်မက်တွေကို လက်လျှော့ထားတဲ့လူတစ်ယောက်နဲ့တွေ့တယ်။ သူတို့နှစ်ယောက်အတူတူ ဒါရိုက်တာမရဲ့ဇာတ်လမ်းအတိုင်းပဲ ကိုယ်ထူကိုယ်ထရိုက်ဖို့လုပ်ကြတယ်။ ဒီလိုလုပ်ရင်း သူ့ဇာတ်လမ်းကို သူ့ဘာသာတောင် နားမလည်ခဲ့တဲ့အချက်တွေကို ဒါရိုက်တာမလေးက နားလည်လာတယ်။ သူ့အပြစ်တင်ချင်ခဲ့သမျှတွေက သူထင်သလိုမဟုတ်နေတာကိုလည်းး နားလည်လာတယ်။ဇာတ်က အေးအေးလေးပေမဲ့ အဲဒီအေးအေးလေးကိုမှ စိတ်ဝင်စားစရာလည်းကောင်းသလို ကြာလေ ထိလေဖြစ်လာအောင် ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။ ဂျပန်ရုပ်ရှင်တွေထုံးစံအတိုင်း သူ့ရဲ့လေးပင်တဲ့တန်ပိုကို စိတ်ရှည်နိုင်တဲ့ သူ့ပရိသတ်တွေနဲ့ပဲ ပိုကီးကိုက်ပါလိမ့်မယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File size_(1.9GB)/(900MB) Quality_Blu-Ray 1080p ...
movie
Masked Hearts (2023)
It’s All My Fault (2022)
It’s All My Fault (2022)ယုတ ဆိုတဲ့ ကောင်လေးက ငယ်စဉ်တည်းက မိဘမဲ့စောင့်ရှောက်ရေးဂေဟာမှာ နေလာရတဲ့ကလေးတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ အမေရင်းရှိပေမဲ့ မတွေ့ခဲ့ရတာကြာပြီဖြစ်ပြီး သူအလယ်တန်းကျောင်းရောက်ရင် သူ့အမေနဲ့တွေ့ခွင့်ရနိုင်တယ်လို့ ဆရာမတွေကပြောဖူးတာကြောင့် အဲဒီနေ့ကိုပဲ စောင့်နေခဲ့တဲ့ကလေးပါ။တစ်နေ့မှာ သူ့အမေကိုဆက်သွယ်လို့ရမယ့်နည်းကို တိတ်တဆိတ် စုံစမ်းပြီး ဂေဟာကနေ ထွက်ပြေးခဲ့ပါတယ်။ ဘယ်မှမသွားဖူးတဲ့ ယုတက အမေရှိတဲ့နေရာထိရောက်အောင် လာခဲ့ပြီး သူ့အမေကလည်း သူ့ကို တွေ့တွေ့ချင်းမှာတော့ ပျော်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဂေဟာဆရာမက သူတို့အိမ်တံခါးဝကို လာခေါက်တဲ့အချိန်မှာ ယုတရဲ့ အပျော်တွေအားလုံး အငွေ့ပျံသွားရပါတယ်။ သူအရမ်းတွေ့ချင်ခဲ့တဲ့အမေက သူ့ကိုမလိုချင်မှန်းသိလိုက်ရချိန်မှာ ထပ်ပြီးထွက်ပြေးခဲ့ပါတယ်။ ဒီလိုနဲ့ ထရပ်ကားအပျက်ပေါ်မှာ အိမ်လိုလုပ်ပြီးနေတဲ့ ဂျွန်နီဆိုတဲ့ ဦးလေးကြီးတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။ ဂျွန်နီကလည်း အမေဖြစ်သူရှိတဲ့မြို့ကို ပြန်ဖို့ ထရပ်ကားစုတ်ကြီးကို ပြင်ဖို့ကြိုးစားနေတာမှန်း သိလိုက်ရတဲ့အခါ မိခင်မေတ္တာကို ငတ်မွတ်နေတဲ့ယုတက ဂျွန်နီကိုကူပြီး ပိုက်ဆံရှာပေးဖို့ကြိုးစားပါတယ်။သူအရင်ကမလုပ်ဖူးတဲ့ စက်ဘီးခိုးတာတွေ ကလိမ်ကျတဲ့အလုပ်တွေကိုပါ ကူညီပေးရင်း ...
movie
It’s All My Fault (2022)
2022
7
A Man (2022)
A Man (2022)~ IMDb – 7/10, RT - 100%, MyDramaList – 7.9/10 ~ဘယ်သူဘယ်ဝါဆိုတာ အမှန်မသိရတဲ့ ယောက်ျားတစ်ယောက်အကြောင်း စုံစမ်းထောက်လှမ်းရင်းနဲ့ သူ့ရဲ့ ရှုပ်ထွေးတဲ့ဘဝအတိတ်အကြောင်းတွေကို တစ်ဆင့်ချင်း သိလာရမယ့် Mystery ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်းကိုရီးယားလူမျိုးတွေအပေါ် လူမျိုးရေးခွဲခြားမှုတွေ၊ ဒီလိုဖိအားကြောင့် ဖြစ်လာရတဲ့ အမှုတွေကိုလည်း ဒီရုပ်ရှင်ထဲမှာ မြင်ရမှာပါ။ရိအဲလို့ခေါ်တဲ့အမျိုးသမီးက ယောက်ျားဖြစ်သူနဲ့ ကွာရှင်းပြီးနောက် သားအကြီးနဲ့အတူ နယ်မြို့လေးဆီ ပြောင်းလာခဲ့ပါတယ်။ စာရေးကိရိယာဆိုင်လေးဖွင့်ထားရင်းနဲ့ ဒိုင်ဆုကဲဆိုတဲ့ အမျိုးသားနဲ့ ဆုံတွေ့ခဲ့ပါတယ်။ဒိုင်ဆုကဲက တည်းခိုခန်းကြီးပိုင်ရှင်ရဲ့ သားဖြစ်ပေမဲ့ မိသားစုဆီကနေ ထွက်လာခဲ့ပြီး တောင်ပေါ်မှာ သစ်ခုတ်လုပ်ငန်းလုပ်ရင်း ဇာတ်မြှုပ်နေတာပါ။ ကြင်နာတတ်ပြီး ရိုးသားတဲ့ ဒိုင်ဆုကဲကို ရိအဲလည်း သဘောကျသွားပြီး နောက်အိမ်ထောင်ပြုခဲ့ပါတယ်။ ၄နှစ်ကြာပြီးနောက်မှာတော့ သမီးလေးတစ်ယောက်လည်းထပ်ရနေပြီး ပျော်ရွှင်တဲ့မိသားစုလေးဖြစ်နေပါပြီ။တစ်နေ့မှာတော့ သစ်ခုတ်သွားရင်းနဲ့ ဒိုင်ဆုကဲတစ်ယောက် သစ်ပင်ပိပြီး ဆုံးပါးသွားရပါတယ်။ တစ်နှစ်ပြည့် ...
movie
A Man (2022)
2022
6.2
My Man (2014)
My Man (2014)အသက် ၁၀ နှစ်အရွယ် ဟာနာ ဆိုတဲ့ ကလေးမလေးတစ်ယောက်က ဆူနာမီကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး တစ်ကောင်ကြွက်ဘဝကို နေ့ချင်းညချင်း ရောက်ရှိသွားပါတယ်...မုန်တိုင်းဒဏ်ကို အလူးအလဲခံခဲ့ရပြီး မိဘနှစ်ပါလုံးဆုံးပါးသွားတဲ့ ဟာနာလေးကို ၂၆ နှစ်အရွယ် ဂျွန်ကိုဆိုတဲ့ အမျိုးသားတစ်ယောက်က မွေးစားခဲ့ပါတယ်...ဂျွန်ကိုနဲ့ ဟာနာတို့ မြို့ငယ်လေးတစ်မြို့မှာ အတူနေထိုင်ခဲ့ကြပါတယ်တစ်နေ့ သူတို့နေတဲ့မြို့ငယ်လေးမှာ လူသတ်မှုတစ်ခု ပေါ်လာခဲ့ပါတယ် နောက်တော့ ဂျွန်ကိုနဲ့ဟာနာတို့လည်း လျှို့ဝှက်ချက်တစ်ခုနဲ့ တိုကျိုမြို့ကို ပြောင်းရွေ့သွားပါတော့တယ်ဟာနာတို့ ဘာလို့တိုကျိုကို ပြောင်းသွားကြတာလဲ...ဂျွန်ကိုတို့ သားအဖနဲ့ သူတို့မြို့က လူသတ်မှုနဲ့ ဘယ်လိုဆက်စပ်မှုရှိလဲဆိုတာ ဆက်လက်စောင့်ကြည့်ပေးကြပါဦးဒီဇာတ်ကားက ဆုတွေလည်း ရရှိထားပြီး ဒရမ်မာဇာတ်လမ်းအေးအေးလေးတွေကို ကြိုက်တဲ့ ပိရိသတ်တွေ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ File Size__(2.2GB) / (1.1GB) Quality__1080p, 720p IMDb Rating__6.2/10 Format__mp4 Duration__02:02:00 Type__Crime, Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Parris Encoded by Naing Aung Latt
movie
My Man (2014)