Channel Myanmar

Taapsee Pannu

Game Over(2019) 7.6
Game Over(2019) Game Over (2019) =============IMDb 7.6/10 Rotten Tomatoes 55%အိန္ဒယနိုင်ငံ ဂူရ်ဂေါင်းမြို့မှာ မိန်းမငယ်များကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ကာ အလောင်းမီးရှို့ဖျက်စီးပစ်တဲ့ စိတ္တဇလူသတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေပါတယ် အဲ့ဒိလိုဖြစ်တာကလည်း နှစ်သစ်ကူးရက် ဒီဇင်ဘာ ၃၁ မှပါ။အဲ့ဒိလူသတ်သမားကို ရဲတပ်ဖွဲ့ဘက်က ဘာသဲလွန်စမှမရသေးလို ရှာဖွေလို့လည်း မရသေးပါဘူးတစ်ရက်မှာတော့ ဒီဇင်ဘာ ၃၁ နှစ်သစ်ကူးညတစ်ညမှာပဲ အကြောင်းအမျိုးမျိုးကြောင့် ဝှီးချဲပေါ်ရောက်နေရတဲ့ အမျိုးသမီးတစ်ယောက်ဟာ ဒီလူသတ်ကောင်ရဲ့ပစ်မှတ်ဖြစ်လာပါတော့တယ်ဒီအချိန်မှာ ဝှီးချဲပေါ်ကမိန်းမငယ်လေးကပဲ Game Over ဖြစ်မလား လူသတ်ကောင်ကပဲ Gmae Over ဖြစ်မလားဆိုတာကိုတော့ ....India, Thriller လူသတ်ကားကောင်းကောင်းကြည့်ချင်တယ်ဆိုရင်တော့ ဒီကားကို လက်အလွတ်မခံပါနဲ့ခင်ဗျ အဓိက သရုပ်ဆောင်နေရာမှာလည်း အချစ်ဆုံး Taapsee Pannu ဖြစ်နေတော့ ပြောစရာကိုမလိုလောက်အောင်ပါပဲ....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htooပဲဖြစ်ပါတယ်... File size…1.4GB / 610MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Zaw Htoo
movie

Game Over(2019)

2019
Phir Aayi Hasseen Dillruba (2024) 6.1
Phir Aayi Hasseen Dillruba (2024) Phir Aayi Hasseen Dillruba (2024) "ချစ်ရပါသော" IMDb - 6.3/10စောင့်မျှော်နေကြတဲ့ Haseen Dillruba(2021)ရုပ်ရှင်ရဲ့ နောက်ဆက်တွဲဇာတ်လမ်းကို Netflixကနေ ထုတ်လွှင့်ခဲ့ပြီဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်။ အရင်ဇာတ်ကောင်တွေပဲဖြစ်တဲ့ ၁၂တန်းကျမင်းသား ဗီခရန့်၊ ကျွန်တော့်အတွက်တော့ ဘယ်မင်းသမီးမှ တုပြိုင်ကာယှဉ်လို့မနှိုင်းနိုင်တဲ့ မင်းသမီးချောလေး တာ့ပ်ဆီးတို့ပါပဲ။မင်းသား မင်းသမီးရဲ့အချစ်ဇာတ်လမ်းကို မသိသေးဘဲ ဒီကားကြည့်ရင်တော့ တစ်ခုခုလိုအပ်နေသလို ခံစားရမှာဖြစ်လို့ မကြည့်ဖူးသူတွေက Haseen Dillruba(2021)ကို အရင်ကြည့်လိုက်ကြပါဦး။ချစ်သူအတွက် လက်တစ်ဖက်ကို စတေးခဲ့တဲ့ အချစ်သူရဲကောင်းကြီး ရီရှူ။ အရင်ကားဇာတ်သိမ်းမှာပြီးသွားတဲ့အတိုင်း ရီရှူတစ်ယောက် အချစ်အတွက် အရာရာစတေးပြီး ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။တရားဥပဒေကိုတော့ အချစ်နဲ့သက်သေပြလို့မရတဲ့အတွက် တိမ်းရှောင်နေရင်း အချစ်က မြစ်တစ်စင်းဆို ကမ်းတစ်ဖက်စီဖြစ်လို့နေတဲ့ ချစ်သူနှစ်ယောက် အချစ်မြစ်ကြီးကိုဖြတ်သန်းဖို့ကြိုးစားကြရာမှာ မထင်မှတ်ထားတဲ့ ဇာတ်အလှည့်အပြောင်းတွေနဲ့ ကံကြမ္မာတစ်ပတ်လည်ပြန်လေသလားဆိုတာ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 1.78GB / 817MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Phir Aayi Hasseen Dillruba (2024)

2024
Dunki (2023) 7.2
Dunki (2023) Dunki (2023) "ပြည်တော်ပြန်" IMDb - 7.2/10အားလုံးပဲ စောင့်မျှော်နေကြတဲ့ ရှရွတ်ခန်းရဲ့ ဒန်ကီရုပ်ရှင်ကြီးကို ရုပ်သံကြည်လင်ပြတ်သားစွာနဲ့ တင်ဆက်ပေးလိုက်ပါပြီ။ ကုဋေ ၁၂၀ ရင်းပြီးတော့ ကုဋေ ၄၇၀ ထိ ရုံတင်ငွေ အမြတ်ထွက်ခဲ့တဲ့ ဒီဇာတ်ကားကြီးဟာ ၆၉ကြိမ်မြောက် အိန္ဒိယရုပ်ရှင်ပွဲတော်မှာလည်း ဆန်ကာတင်ကိုးဆုထိရရှိထားပြီး ၂၀၂၃ခုနှစ် အိန္ဒိယရဲ့အမြတ်အများဆုံးစာရင်းမှာလည်း နံပါတ်ခြောက်ချိတ်ခဲ့တဲ့ဇာတ်ကားပါ ဒီဇာတ်ကားရဲ့ပဲ့ကိုင်ရှင်က PK၊ 3 idiots တို့လိုကားတွေကို ရိုက်ကူးထားတဲ့ ဒါရိုက်တာရာ့ဂျ်ကူးမားဖြစ်ပါတယ်။နှစ်လိုဖွယ်အပြုံးနဲ့မင်းသမီးချောလေး တာ့ပ်ဆီးပါဝင်တဲ့အပြင် တိုက်ဂါးရုပ်ရှင်တွေက မင်းသမီးချောကတ်တရီးနားရဲ့ ချစ်ယောကျ်ား မင်းသား ဗစ်ကီက ဒီရုပ်ရှင်နဲ့ပဲ အမျိုးသားဇာတ်ပို့ဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ဒန်ကီဆိုတာ အမေရိကန်၊ ယူကေနဲ့ အင်္ဂလန်လိုနိုင်ငံတွေကို တရားမဝင်တဲ့နည်းနဲ့ ဝင်ရောက်တဲ့ ခိုးဝင်လမ်းကြောင်းတစ်ခုကိုပြောတဲ့ ပန်ဂျာပီဘာသာစကားတစ်ခုပေါ့။ရည်ရွယ်ချက်ကိုယ်စီနဲ့ လန်ဒန်ကိုသွားချင်နေကြတဲ့ လူငယ်လေးယောက်။ ဘာသာစကားလည်း မကျွမ်းကျင် ပညာလည်း မတတ်ဆိုတော့ ဗီဇာလျောက်ဖို့ကမလွယ်။ ဆိုတော့ တက်မရှိ လက်နဲ့လှော်မဲ့သူတို့အုပ်စု ရရာနည်းနဲ့ အရောက်သွားဖို့ရွေးချယ်တဲ့လမ်းက ခိုးဝင်ဖို့ပါပဲ။ ဒီမှာပဲ ရှာရွတ်ခန်းပါဝင်ပတ်သက်လာပြီး သူတို့တွေ လန်ဒန်ဆီရောက်ဖို့အရေး အစွမ်းကုန်ကြိုးစားပေးပါတော့တယ်။ သူတို့ငါးယောက်လုံး လန်ဒန်ရောက်သွားမှာလား...။ ဘယ်လို အခက်အခဲအတားအဆီးတွေကို ရင်ဆိုင်ကြရမှာလဲ...။တစ်ခုပြောချင်တာ ဒီဇာတ်ကားလေးက ရယ်လဲရယ်ရသလို ...
movie

Dunki (2023)

2024
4K HEVC
Blurr (2022) 4.3
Blurr (2022) Blurr (2022)တာ့ပ်ဆီးရဲ့ဇာတ်ကားကောင်းလေးတစ်ကား ထွက်လို့လာခဲ့ပြန်ပါပြီနော် ထုံးစံအတိုင်း သူသရုပ်ဆောင်တဲ့ ကားတွေက မင်းသားမလိုဘဲ သူတစ်ကိုယ်တော်တည်းနဲ့ ဇာတ်လမ်းကို အထွတ်အထိပ်ရောင်အောင် ဆွဲနိုင်တဲ့အရည်အချင်းရှိတဲ့ကားတွေပါ...ဒီဇာတ်ကားမှာတော့ ဂိုင်သရီးနဲ့ ဂေါ်တမီဆိုတဲ့ အမြွှာညီအစ်မနေရာကနေ သရုပ်ဆောင်ထားပါတယ်တစ်ရက် သူ့ညီမလေး ဂေါ်တမီတစ်ခုခုဖြစ်နေတယ်လို့ ဂိုင်သရီးအိပ်မက်ဆိုးမက်ခဲ့ပါတယ်ယောက်ျားဖြစ်သူကို ခေါ်ပြီး ညီမဖြစ်သူအိမ်ကိုလိုက်သွားကြည့်တော့ ညီမဖြစ်သူဟာ ဆွဲကြိုးချလျက်သား သေဆုံးနေတာကို ရှာဖွေတွေ့ရှိခဲ့ရပါတယ်...။ရဲများရဲ့စုံစမ်းစစ်ဆေးမှုအရ ဂေါ်တမီဟာ ကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့တာပါလို့ သိရပါတယ်...ဒါကို ဂိုင်သရီးဟာ လက်မခံခဲ့ပါဘူးအဖြစ်မှန်ကို သူကိုယ်တိုင်လိုက်လံစုံစမ်းနေတုန်း သူ့အနောက်ကို အမြဲလိုလို လူတစ်ယောက်လိုက်နေသလိုခံစားနေရပါတယ်..သို့ပေမယ့် အဲ့ဒီလူကို ဘယ်သူမှမမြင်တွေ့ရပါဘူးတဖြည်းဖြည်းနဲ့ အသက်အန္တရာယ်ပါ ထိပါးလာတဲ့အခါမှာတော့....။ဘာတွေဆက်ဖြစ်လာတော့မလဲ...။ File size…1.27GB  / 569MB Quality…1080p HQ HD RIP /720p Format…mp4 Duration….2h 7min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Blurr (2022)

2022
Aadukalam (2011) 8.1
Aadukalam (2011) Aadukalam (2011)~ IMDb - 8.1/10, Rotten Tomatoes - 93% ~အိန္ဒိယတောင်ပိုင်း တမီးလ်နန်ဒူးမှာ ရှေးအစဥ်အလာတည်းက ကြက်တိုက်ခြင်းဓလေ့တွေရှိခဲ့ပါတယ်။ သိမ်မွေ့တဲ့ကြက်တိုက်ပွဲဆိုတာ လူ့ဘဝတိုက်ပွဲတွေလိုပါပဲ။ သူတို့ရဲ့နယ်မြေကိုကာကွယ်ဖို့နဲ့ ကြက်အမတွေကိုရဖို့ တိုက်ခိုက်ကြရပါတယ်...မာဒူရိုင်နယ်မှာ ရိုးရာတိုက်ကြက်ဖတွေကိုလေ့ကျင့်ပေးတဲ့ ပက်တရာကာရန်နဲ့ စုံစမ်းရေးရဲအရာရှိ ရာသင်နာဆာမီတို့ကြားက ကြက်တိုက်ပွဲက ပြင်းထန်ပါတယ်။ ပက်တရာကာရန်ရဲ့ ကျွမ်းကျင်လိမ်မာမှုကြောင့် ရာသင်နာဆာမီက ဘယ်တုန်းကမှသူ့ကို ကြက်တိုက်ပွဲမှာမနိုင်ခဲ့ပါဘူး။ ရာသင်နာဆာမီက သူ့အမေမသေခင် ပက်တရာကာရန်ကိုအနိုင်ရချင်တဲ့အတွက် နည်းပေါင်းစုံနဲ့အနိုင်ရဖို့ကြိုးစားခဲ့ပါတယ်။ကာရူပူနဲ့ ဒူရေယန်က ပက်တရာရဲ့အုပ်စုမှာ ပက်တရာသဘောအကျဆုံးလူတွေပါ။ ကာရူပူက တိုက်ကြက်တွေကို မွေးမြူထိန်းကျောင်းတာမှာ ပါရမီထူးချွန်တဲ့သူပေါ့။ ကာရူပူက အီရာနီဆိုတဲ့မိန်းကလေးကိုချစ်မိသွားပြီး အီရာနီက သူ့ကိုတကယ်ချစ်တာမဟုတ်ဘဲ တခြားတစ်ယောက်ကိုရှင်းထုတ်ချင်လို့သာသူ့ကိုချစ်တယ်လို့ညာတဲ့အခါ...သူရင်ကွဲရမှာလား...နောက်ပိုင်း အီရာနီကရော သူ့ကိုတကယ်ချစ်သွားမလား... ပက်တရာကာရန်နဲ့ ရာသင်နာဆာမီတို့ကြားက ကြက်တိုက်ပွဲကရော ဘယ်လိုတွေဖြစ်လာမလဲ။ ရိုးရှင်းတဲ့ ကြက်တိုက်ပွဲကနေ ရှုပ်ထွေးပွေလီတဲ့ လူ့ဘ၀တိုက်ပွဲအကြောင်း ဘယ်လိုဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားလဲဆိုတာ ဒီဇာတ်ကားလေးထဲမှာ ဝင်ရောက်စီးမြောလိုက်ကြပါဦး။Bollywood ဆိုရင် အက်ရှင်ကြမ်းကြမ်း ...
movie

Aadukalam (2011)

2011
Tadka (2022) 7.2
Tadka (2022) Tadka 2022ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့ အသစ်စက်စက် အိန္ဒိယ အချစ်ဟာသကားလေးပါ... အချစ်တော် "တာ့ပ်ဆီး"လေးလဲပါတယ်ဆိုတော့ ပရိသတ်ကြီးကြိုက်ကြမယ်ထင်ပါတယ်..... ဇာတ်လမ်းအညွှန်းလေးကတော့ တူကာရမ်(Nana Patekar)က အစားအသောက်တွေကိုနှစ်သက်တဲ့ ရှေးဟောင်းသုတေသနပညာရှင်ဖြစ်ပြီး လူပျိုကြီး တစ်ကိုယ်တည်းသမားပေါ့.. မဒူရား (Shriya Saran)ကတော့ ရေဒီယိုတင်ဆက်သူတစ်ဦးဖြစ်ပါတယ်တစ်နေ့မှာတော့ မဒူရာနဲ့ ဖုန်းမှားခေါ်မိရာက လေလှိုင်းထဲကနေတစ်ဆင့် တစ်ယောက်နဲ့တစ်ယောက် သဘောကျမိသွားကြပါတယ်.. ကိုလူပျိုကြီးတူကာရမ်ကတော့ ရေငတ်တုန်းရေတွင်းထဲကျဆိုသလိုပါပဲ ဖုန်းထဲမှာတော်ကီတွေလွှတ်ပစ်ပြီး ချုပ်တာပေါ့..ဒါပေမယ့်တကယ်တမ်းလူချင်းတွေ့ကြမယ်ဆိုတော့ မထုံတက်တေးနဲ့မထော်မနမ်းတွေလုပ်မိမှာလဲစိုး..ဒီလိုနဲ့ တူကာရမ်ရဲ့တူဖြစ်သူ ခပ်နောက်နောက်လူငယ်လေး ဆစ် (Ali Fazal) နဲ့ အရမ်းဟော့တဲ့ နီကိုလ် ( Taapsee)တို့က လူအစားဝင်ပြီးတွေ့ကြတဲ့အချိန်မှာ နီကိုလ်းရဲ့အလှမှာမျောသွားတဲ့ ဆစ်က အရွယ်ချင်းကွာတယ် အဆင်မပြေဘူးဘာညာပေါ့...ကိုလူပျိုကြီးတူကာရမ်ရဲ့ ကြီးမှဝက်သက်ပေါက်ရတဲ့အချစ်ဇာတ်လမ်းမှာ သူတို့လေးယောက်ဘယ်လိုတွေများ မီးစင်ကြည့် ကကြမလဲဆိုတာ ကြည့်ရင်းရယ်ရင်းနဲ့ပဲ ဆက်လက်အားပေးလိုက်ကြပါဦး.... File size…1.94GB / 938MB Quality…1080p True HD / 720p Format…mp4 Duration….1h 55mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ BpL ~ Taylor ~ Thet Ko
movie

Tadka (2022)

2022
Dobaaraa (2022)
Dobaaraa (2022) အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ အားလုံးရဲ့အချစ်တော် တာ့ပ်ဆီးပန်းနုရဲ့ ဇာတ်ကားသစ်လေးပဲ ဖြစ်ပါတယ်ဇာတ်ကားလေးက အပြိုင်ကမ္ဘာပုံစံမျိုး ဆန်းဆန်းပြားပြားလေး ရိုက်ကူးထားတာပဲဖြစ်ပါတယ်အန်တာရာ (တာ့ပ်ဆီး) က လက်ရှိအချိန်ကာလမှာနေပြီး အတိတ်က အာနေးဆိုတဲ့ကောင်လေးနဲ့ တီဗွီထဲကနေတစ်ဆင့် ဆက်သွယ်မိသွားပါတယ်အတိတ်က အာနေးဆိုတဲ့ကောင်လေးဟာ ဘေးအိမ်က လင်မယားနှစ်ယောက်ရန်ဖြစ်နေတဲ့နေရာဆီ သွားရင်း ကားတိုက်ခံရပြီး သေဆုံးသွားတာဖြစ်ပါတယ်အဲဒီကောင်လေး အာနေး နေခဲ့တဲ့အိမ်မှာပဲ အန်တာရာတို့ မိသားစုက ပြောင်းလာတာဖြစ်ပြီး အာနေးဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အားလုံးကို အန်တာရာက သိထားတာမို့လို့ အာနေးမသေအောင် အနာဂတ်ကနေ ကူညီပါတော့တယ်အဲဒီလိုနဲ့ သူ အာနေးကို ကူညီနိုင်ပါ့မလား အနာဂတ်ကနေ အတိတ်ကို ဘယ်လိုအကူအညီပေးမှာလဲ ကံကြမ္မာကိုပြောင်းလဲအောင်လုပ်လိုက်ရင် သူတို့ကရော ဘယ်လိုဖြစ်သွားမှာလဲဆိုတာကိုဒီဇာတ်ကားလေးထဲမှာ တာ့ပ်ဆီးရဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ် File size…1.34Gb / 630MB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Sora & BpL & Thet Ko & OeliuJ 
movie

Dobaaraa (2022)

2022
Shabaash Mithu (2022) 6.2
Shabaash Mithu (2022) Shabaash MithuIMDb-7/10ကဲ ယူတို့အသည်းကျော် Haseen Dilruba ထဲက မင်းသမီးချောလေး တာ့ပ်ဆီးပါနူးရဲ့ ဇာတ်ကားသစ်လေး ထွက်လို့လာပြန်ပါပြီနော်ဒီကားလေးကအိန္ဒိယမှာ အမျိုးသမီးခရစ်ကတ်အသင်းတွေကို အသိအမှတ်ပြုမခံရသေးခင်က ရိုက်ထားတဲ့ကားလေးပါခရစ်ကတ်ဟာ အမျိုးသမီးနဲ့မသက်ဆိုင်တဲ့အရာဆိုပြီးလှောင်ပြောင်ပြောဆိုခံရတဲ့ကြားက ငယ်ငယ်လေးတည်းက ခရစ်ကတ်ကိုပဲအရူးအမူးဖြစ်ပြီး ရတဲ့နည်းနဲ့ရအောင်ဆော့တဲ့ကလေးမလေးတစ်ယောက်အရွယ်ရောက်လာလို့သူ့အိမ်မက်တွေကိုယ်တိုင်အကောင်အထည်မဖော်နိုင်တဲ့အချိန် အချစ်ဆုံး သူငယ်ချင်းကပဲ အိမ်မက်တွေကို ကိုယ်စားအကောင်အထည်ဖော်ဖို့ ကြိုးစားပေးခဲ့တယ်အစွမ်းကုန်ကြိုးစားအားထုတ်ပေးခဲ့လို့ သူကိုယ်တိုင်အသင်းခေါင်းဆောင်ဖြစ်ခဲ့သလို အသင်းကလည်းစွမ်းဆောင်ရည်ပြည့်ဝခဲ့ပါတယ် ကမ္ဘာ့ပွဲစဥ်တွေထိတက်ပြိုင်ဖို့ အိမ်မက်တွေနဲ့ကြိုးစားကြတယ် ရောက်နိုင်တဲ့အနေအထားလည်းရှိတယ်ဒါပေမယ့် လုံလောက်တဲ့ ထောက်ပံ့မှုတွေမရခဲ့ဘူး တစ်နှစ်စာကျင်းပယှဥ်ပြိုင်နိုင်ဖို့ ပြိုင်ပွဲတောင်များများမရခဲ့ပဲ ရှေ့ဆက်ဖို့ လမ်းပျောက်ခဲ့တယ်....ကပ္ပတိန်က လက်လျှော့ပြီးဇာတိပြန် အသင်းသားတွေ တစ်ကွဲတစ်ပြားဖြစ်သွားခဲ့ရတဲ့နောက်ခရစ်ကတ်ကိုလုံးဝလက်လျှော့ပြီး အိမ်ထောင်ပြု သာမန်အမျိုးသမီးဘဝနဲ့ပဲနေသွားမလား.... ခရစ်ကတ်ကမ္ဘာ့အဆင်ပွဲထိတက်ပြိုင်နိုင်မလား.....အမျိုးသမီးအဓိကထားရိုက်ထားပေမယ့် အမျိုးသမီးဝါဒီတွေအလွန်အကျူးမပါတဲ့ ဇာတ်ကားကောင်းလေးပါ File size…2.4GB / 1.2GB Quality…1080p TRUE WEBDL / 720p Format…mp4 Duration….2h 36m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Su Mon Aung & Taylor & Yunni
movie

Shabaash Mithu (2022)

2022
Thappad (2020) 7.1
Thappad (2020) IMDb (7.1/10) /Rotten Tomatoes 92%Q - ညီမယောက်ျားနဲ့ ဘာဖြစ်လို့ ကွာရှင်းပြတ်စဲချင်တာလဲ A - သူ ပါးတစ်ချက်ရိုက်လိုက်လို့ပါQ - ပါးရိုက်တာ အကြောင်းပြချက်မဟုတ်ပါဘူး တခြားကိစ္စရှိဦးမှာပေါ့ ဘာလဲ သူ့မိသားစုကြောင့်လား A - ဟင့်အင်းQ - သူ ညီမအပေါ် ဖေါက်ပြန်နေလို့လား A - ဟင့်အင်းQ - ညီမက သူ့အပေါ်မှာ ဖေါက်ပြန်နေလို့လား A - ဟင့်အင်းQ - လိင်မှုကိစ္စကြောင့်လား A - ဟင့်အင်းQ - ဒါဆို ပါးတစ်ချက်ရိုက်လိုက်ရုံပဲပေါ့အမျိုးသမီးတစ်ယောက်က သူ့ယောက်ျား သူ့ကို ပါးတစ်ချက်ရိုက်လိုက်တဲ့အပေါ် ကွာရှင်းပြတ်စဲချင်ပါတယ်တဲ့ဒီစကားအတွက် အတွေးပေါင်းစုံ မေးခွန်းပေါင်းစုံထွက်ကျလာပေလိမ့်မယ်လင်နဲ့မယား လျှာနဲ့သွားပဲ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဟာကိုရှိပါသေးတယ် အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်တာတဲ့ဘာတဲ့အတွေးအခေါ်ပေါင်းစုံ ဒီတော့ ဒီကားကို ယောက်ျားလေးမိန်းကလေး လူပျိုအပျို အိမ်ထောင်သည်အားလုံးကို ကြည့်စေချင်ပါတယ်တစ်ယောက်အမြင်တစ်မျိုးစီရလိမ့်မယ်လို့ မျှော်လင့်ပါတယ် ကျွန်တော် ဇာတ်လမ်းကို မညွှန်းပေးတော့ဘူးBollywood ကားကြည့်ချင်ပေမယ့် အယောက် ...
movie

Thappad (2020)

2020
4K HEVC Web-DL
Looop Lapeta (2022) 5.8
Looop Lapeta (2022) Looop Lapeta (2022)ဘောလိဝုဒ်ရုပ်ရှင်တွေမှကြိုက်ပါတယ်ဆိုတဲ့ CM ရဲ့ပရိတ်သတ်တွေအတွက် ဒီနေ့မှ အသစ်စက်စက်ထွက်ထားတဲ့အိန္ဒိယရုပ်ရှင်ကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်ဗျာ။မင်းသမီးကလဲ တာ့ပ်ဆီးပန်းနုဆိုတော့ သရုပ်ဆောင်ပိုင်းမှာလဲအတော်လေး မိမိုက်နေတာကို မြင်ရဦးမှာပါဒီဇာတ်လမ်းက ပုံမှန်တွေ့နေကျ ဟာသဇာတ်လမ်းတွေနဲ့ မတူပဲအတော်လေးထူးခြားတယ်ဗျ။ ရီရတယ်ဆိုတာထက် ရင်တဖိုဖိုနဲ့စိတ်လှုပ်ရှားဖို့ကောင်းတယ်ဆိုရင် ပိုမှန်မယ်။ဆာဗီဆိုတဲ့ အပြေးအားကစားမယ်လေးနဲ့ဆပ်သ်ရာက အပြန်အလှန်မေတ္တာမျှနေကြတာပေါ့။သူတို့ရဲ့ တွေ့ဆုံပုံကလည်း တယ်ထူးဆန်းပါတယ်။ အပြေးမယ်လေး ဆာဗီဟာမတော်တဆမှုကြောင့် သူ့ရဲ့အားကစားမယ်ဘဝကို အဆုံးသတ်ရဖို့အကြောင်းဖန်လာတဲ့အခါ ဆာဗီတစ်ယောက် စိတ်ဓာတ်ကျပြီး ဆေးရုံခေါင်မိုးပေါ်ကနေခုန်ချမလို့လုပ်ခဲ့ပါတယ်။ အဲ့အချိန် ခေါင်မိုးထပ်မှာ ဆေးလိပ်လာသောက်တဲ့ဆပ်သ်ရာက ဆာဗီကို ကယ်လိုက်ရာကနေ သူတို့နှစ်ဦး ဖူးစာဆုံခဲ့ကြတာပေါ့။ဒီလိုနဲ့ပဲ နှစ်ဦးသား အလုပ်ကိုယ်စီလုပ်ရင်းအေးချမ်းတဲ့ဘဝလေးကို ဖြတ်သန်းခဲ့ကြပါတယ်။ အဲ့ဒီနေ့ကို မရောက်ခင်အချိန်အထိပေါ့။ဆာဗီက သူမမှာ ကိုယ်ဝန်ရှိကြောင်း ဆပ်သ်ရာဆီ ဖုန်းဆက်ပြောမဲ့နေ့မှာပဲဆပ်သ်ရာတစ်ယောက် ပြဿနာတစ်ခုကို အကြီးအကျယ်ရှာလိုက်ပါတော့တယ်။အဲ့ဒါကတော့ ဆပ်သ်ရာက သူ့ရဲ့သူဌေး ဗစ်တာဆိုတဲ့ မာဖီးယားဂိုဏ်းချုပ်ရဲ့ငွေ ၅ မီလီယံကို ဖျောက်လိုက်တာပါပဲ။ ဟော....မာဖီးယားခေါင်းဆောင်ဆီမှာ အသတ်ခံရတော့မယ့်သူ့ကောင်လေးကို ကယ်ဖို့ ဆာဗီခမျာ ပြေးလွှားရတော့တာပေါ့ဗျာ။ ဆပ်သ်ရာမွှေသမျှအရှုပ်တွေကိုလိုက်ရှင်းရင်း ...
movie

Looop Lapeta (2022)

2022
Rashmi Rocket(2021) 6.3
Rashmi Rocket(2021) Haseen Dillruba ရုပ်ရှင်ထဲက မင်းသမီးချောလေးTaapsee Pannu ကို ဘယ်သူတွေ လွမ်းနေကြတုန်းဒီတစ်ခါမှာလည်း သူဟာ အရမ်းမိုက်တဲ့ ဇာတ်ကားနဲ့အတူ ပြန်လာခဲ့ပြန်ပါပြီဒီဇာတ်ကားမှာတော့ သူဟာ အဓိကဇာတ်ကောင်ဖြစ်တဲ့ရက်ရှ်မီးနေရာကနေ သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်ရက်ရှ်မီးဟာ မိန်းကလေးဆိုပေမယ့်လည်း မိန်းကလေးပီပီသသနေတတ်တဲ့သူမဟုတ်ပါဘူးအရပ်အမောင်းထွားတဲ့အပြင်ကို ဆံပင်ကလည်းစုတ်ဖွားနဲ့ မိန်းကလေးလို့ မြင်စရာကိုမရှိတာပါသူ့ရွာကလူတွေကတော့ ရက်ရှ်မီးကိုနောက်ထပ်နာမည်တစ်မျိုးပေးထားသေးတယ်အဲ့ဒါကတော့ ရော့ကတ်တဲ့ ဘာလို့လဲဆို​တော့ သူကပြေးရင် အရမ်းမြန်တာကိုးအဲ့လို အရမ်းမြန်တဲ့ ရက်ရှ်မီးရော့ကတ်ဟာ ငယ်စဥ်ကအကြောင်းတစ်ခုကြောင့် အပြေးပြိုင်ပွဲကို ရပ်နားခဲ့ရပါတယ်ဒါပေမဲ့ ဗိုလ်ကြီး ဂါဂန်ရဲ့ တိုက်တွန်းမှုကြောင့် ရက်ရှ်မီးတစ်ယောက်အပြေးပြိုင်ပွဲကို ပြန်လည်ဝင်ပြိုင်ရာကနေပြီးတော့ နိုင်ငံလက်ရွေးစင်အဖွဲ့ဝင်အနေနဲ့ယှဥ်ပြိုင်ရတဲ့အထိ တစ်ဟုန်ထိုး အောင်မြင်လာခဲ့ပါတယ်အောင်မြင်လာတာနဲ့အမျှ မလိုမုန်းထားအကောက်ကြံစည်မှုတွေရှိလာတတ်တာ သဘာဝပဲမဟုတ်လားဒီဇာတ်လမ်းထဲမှာကော ရက်ရှ်မီးတစ်ယောက်ဘယ်လိုဒုက္ခတွေကြုံတွေရမလဲ....??ဘယ်လိုမျိုး ကြံ့ကြံ့ခံပြီး အခက်အခဲတွေကို ရက်ရှ်မီးတစ်​ယောက်ဘယ်လိုဖြတ်ကျော်သွားမလဲဆိုတာ...ရင်တဒိတ်ဒိတ်နဲ့ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်File Size -  1.6 GB / 1.3GB Quality - 1080P & 720P Subtitle - Burmese Translator - Shwe ...
movie

Rashmi Rocket(2021)

Annabelle Sethupathi(2021)
Annabelle Sethupathi(2021) ပေါ့ပေါ့ပါးပါးကြည့်ရမယ့် တာ့ပ်ဆီးနဲ့ဗီဂျေစည်သူတို့ရဲ့ ကားသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားကတော့ သရဲတွေ နေတဲ့စံအိမ်တစ်ခုအကြောင်းပါပဲ။ဒီအိမ်ထဲ သရဲတွေဟာ ဆွေမျိုးအများကြီးနဲ့အကျဉ်းကျနေကြတယ်။နန်းတော်သဖွယ်တည်ဆောက်ထားတဲ့ အဲ့ဒီအိမ်ဟာသူခိုးမလေးတို့ အဖွဲ့ရဲ့ မျက်စိကျစရာ ဖြစ်လာခဲ့ပါတယ်။သူခိုးမလေးဆိုတာကတော့ တာ့ပ်ဆီးပါပဲ။သူတို့သူခိုးအဖွဲ့ကို သရဲတွေမှာတော့အားကိုးရတဲ့ အချက်တစ်ချက်ရှိပါတယ်။အဲ့ဒါက သူတို့အားလုံး ဒီအိမ်ကလွတ်ဖို့သူခိုးမလေးကူညီနိုင်မယ်ဆိုတဲ့ ရည်မှန်းချက်ပါပဲ။ပျာယီးပျာနိုင်လှတဲ့ သရဲမိသားစုဟာသူခိုးမလေးနဲ့ တစ်အိမ်ထဲဘယ်လို နှစ်ပါးသွားကြမလဲဆိုတာကိုဟာသတွေနဲ့ အတူ ခံစားကြည့်ကြပါဦးဗျာ။File size…1.32GB / 2.13GB / 511MB Quality…720p WEB DL / 1080p WEB DL 5.1CH  /480p Format…Mp4 Duration….2h 14mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Myint Thu & Nyi Koe & Thaik San
movie

Annabelle Sethupathi(2021)

108
Saand Ki Aankh(2019) 8.6
Saand Ki Aankh(2019) Saand Ki Aankh(2019)IMDb...8.6ဒီဇာတ်လမ်းဟာ အိန္ဒိယနိုင်ငံရဲ့ပထမဦးဆုံးနိုင်ငံတကာပြိုင်ပွဲမှာ ဆုရသွားတဲ့လူအကြောင်းရဲ့ဖြစ်ရပ်မှန်ကို အခြေခံထားပြီး ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားကောင်းတစ်ကောင်းပါ.. ဖြစ်ရပ်မှန်ဇာတ်ကြောင်းတွေဆို တစ်ဖွဲ့တစ်နွဲ့ နဲ့ပိုင်ပိုင်နိုင်နိုင် ရိုက်ကူးပြနိုင်တဲ့ အိန္ဒိယဇာတ်လမ်းကောင်းတွေနဲ့ ရင်းနှီးကြဖူးမှာပါ.. ဒီဇာတ်လမ်းမှာလဲ အဲ့ဒီပထမဆုံးဆုကိုရသွားတဲ့သူဟာရှေးရိုးဆန်တဲ့ ရွာကမိန်းကလေးဖြစ်ပြီး သူ့ရဲ့အဘွားတွေရဲ့စိတ်ဓါတ်ကြိုးစားအားထုတ်ပုံတွေကို အဓိကထားရိုက်ကူးထားတာပါ..ရွာတွေမှာမိန်းကလေးဆိုရင် အိမ်မှုကိစ္စလုပ် အချိန်တန်ယောက်ျားယူ..ပြီးရင်လင်ယောကျ်ားကိုပြုစုလုပ်ကျွေးရင်းနဲ့ပဲ မိန်းကလေးတွေဘဝဟာ ကုန်ဆုံးသွားရပါတယ်..ဒါပေမယ့်ဒီဇာတ်လမ်းထဲက ဘွားဘွားနှစ်ဦးကတော့ သူတို့ရဲ့သမီးတွေကို သူတို့လိုမဖြစ်အောင် ဘယ်လိုအတိုက်အခံ အကြံအဖန်တွေလုပ်ပြီး ရုန်းထွက်ကြမလဲဆိုတာကိုတော့....ဒီ အိန္ဒိယ ဇာတ်ကားက ခင်ဗျားတို့ ထင်ထားတာထက်ကို ကောင်းပါတယ်..... ရှေးရိုးဆန်တဲ့အတွေးတွေ အယူအဆတွေကြောင့် အရည်အသွေးတွေ အရည် အချင်းတွေကို ချိုးနှိမ်ထားခံရသလိုဖြစ်နေတဲ့အနေအထားက အားလုံးကို အတိုက်အခံလုပ်ပြီး ကြိုးစားပြထားတာကို ဆွဲဆောင်မှုရှိအောင်ရိုက်ပြထားတာပါ..ပြသချိန် (၂) နာရီဆိုတာကို တောင် ခင်ဗျားတို့ မေ့လျော့သွားပါလိမ့်မယ်... IMDb...8.6 ရထားတာမို့ ထွေထွေထူးထူးတော့မညွှန်းတော့ပါဘူး... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်.....(zawgyi)ဒီဇာတ်လမ်းဟာ အိန္ဒိယနိုင်ငံရဲ့ပထမဦးဆုံးနိုင်ငံတကာပြိုင်ပွဲမှာ ဆုရသွားတဲ့လူအကြောင်းရဲ့ဖြစ်ရပ်မှန်ကို အခြေခံထားပြီး ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားကောင်းတစ်ကောင်းပါ.. ဖြစ်ရပ်မှန်ဇာတ်ကြောင်းတွေဆို တစ်ဖွဲ့တစ်နွဲ့ နဲ့ပိုင်ပိုင်နိုင်နိုင် ရိုက်ကူးပြနိုင်တဲ့ အိန္ဒိယဇာတ်လမ်းကောင်းတွေနဲ့ ရင်းနှီးကြဖူးမှာပါ.. ဒီဇာတ်လမ်းမှာလဲ အဲ့ဒီပထမဆုံးဆုကိုရသွားတဲ့သူဟာရှေးရိုးဆန်တဲ့ ရွာကမိန်းကလေးဖြစ်ပြီး သူ့ရဲ့အဘွားတွေရဲ့စိတ်ဓါတ်ကြိုးစားအားထုတ်ပုံတွေကို အဓိကထားရိုက်ကူးထားတာပါ..ရွာတွေမှာမိန်းကလေးဆိုရင် အိမ်မှုကိစ္စလုပ် အချိန်တန်ယောက်ျားယူ..ပြီးရင်လင်ယောက်ျားကိုပြုစုလုပ်ကျွေးရင်းနဲ့ပဲ မိန်းကလေးတွေဘဝဟာ ကုန်ဆုံးသွားရပါတယ်..ဒါပေမယ့်ဒီဇာတ်လမ်းထဲက ဘွားဘွားနှစ်ဦးကတော့ သူတို့ရဲ့သမီးတွေကို သူတို့လိုမဖြစ်အောင် ဘယ်လိုအတိုက်အခံ အကြံအဖန်တွေလုပ်ပြီး ရုန်းထွက်ကြမလဲဆိုတာကိုတော့....ဒီ အိန္ဒိယ ဇာတ်ကားက ခင်ဗျားတို့ ထင်ထားတာထက်ကို ကောင်းပါတယ်..... ရှေးရိုးဆန်တဲ့အတွေးတွေ အယူအဆတွေကြောင့် အရည်အသွေးတွေ အရည် အချင်းတွေကို ...
movie

Saand Ki Aankh(2019)

Mission Mangal(2019) 6.6
Mission Mangal(2019) Mission Mangal(2019)အညှှနြး************************(Zawgyi)မိုဘိုင်းဖုန်းဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်တစ်ခုကို ကျွန်တော်တို့ ပြန်သွားကြည့်ရအောင်... အဲ့လိုအချိန်တစ်ခုရဲ့ စကားဝိုင်းတစ်ခုမှာ "နောင်ကျရင် လူတွေက ရန်ကုန်နဲ့ မန်းလေး ဆက်သွယ်စကားပြောဖို့ကိုငါးလက်မလောက်ပဲရှိတဲ့ ပစ္စည်းလေးရှိရုံနဲ့ စကားပြောလို့ရတော့မှာ" လို့ ကျွန်တော် ပြောလိုက်ရင်ခင်ဗျားတို့အကုန်လုံး ဝိုင်းလှောင် ဝိုင်းဟားကြမှာပါ "သိပ္ပံအောင်မြင်မှုဆိုတာ တစ်ချိန်တုန်းကတော့ ဟာသတစ်ပုဒ်လိုပါပဲ" တဲ့ISRO ဆိုတဲ့ အိန္ဒိယအာကာသ သုတေသနအဖွဲ့က သိပ္ပံပညာရှင် ရာကိရှ်ဒါဝမ်မှ သူ့ကို ဝေဖန်လာတဲ့သူကို ပြန်ချေပလိုက်တဲ့စကားပါ...ဒါဆို သူက ဘယ်လိုဟာသတွေ ပြောလိုက်တာပါလိမ့် မားစ်ဂြိုဟ်ကိုလေ့လာဖို့ ဂြိုဟ်တုလွှတ်တင်မယ်လို့ ပြောလိုက်တာပါ... အဲ့ဒီအချိန်တုန်းက မားစ်ကိုသွားဖို့ ကြိုးစားရာမှာ ကမ္ဘာ့ထိပ်သီးနိုင်ငံတွေဖြစ်တဲ့ ရုရှားနဲ့ အမေရိကန်လည်း ပါဝင်ပါတယ်...သူတို့တွေ အောင်မြင်ခဲ့လားဆိုတော့ မအောင်မြင်ခဲ့ပါဘူး...ရုရှားဟာ ရှစ်ကြိမ်တိုင်တိုင် ကျရှုံးခဲ့ပြီး အမေရိကန်ဟာလည်း လေးကြိမ်တိုင်အောင် ကျရှုံးထားတာပါ... ဒါကို အိန္ဒိယသိပ္ပံပညာရှင် ရာကိက ဘာပြောလဲဆိုတော့ "ပထမဆုံးအကြိမ်မှာကို အောင်မြင်အောင် လုပ်ပြမယ်" တဲ့ဒီလိုစကားပြောရအောင်သူ့မှာ ဘယ်လိုယုံကြည်ချက်တွေ ...
movie

Mission Mangal(2019)

2019
Badla (2019) 7.9
Badla (2019) Badla (2019)__________IMDB - 7.9/10 ========================= Badla -2019 ဆိုတဲ့ ရုပ်ရှင်ကားဟာဘောလိဝုဒ်ပရိသတ်တွေကြား တော်တော်လေး လူသိများတယ်ဆိုရင် မှားမယ်မထင်ပါဘူးဗျာ။"မအိုသေး" ဆိုတဲ့ အလောင်းစည်သူမင်းကြီးရဲ့ ပြောစကားလိုအသက်ကြီးနေပြီဖြစ်ပေမဲ့ဒီနေ့ထိ မြင်တွေ့နေရတုန်း အမီတာဘချန်းနဲ့Mulk-2018 ရဲ့ မင်းသမီး Tapsee Pannu တို့ နှစ်ယောက်ကို အဓိက မြင်တွေ့ရမှာပါ။--------------------------------------------------------"ဇာတ်လမ်းအကျဉ်း"တစ်နှစ်တာ Focus Business Person ဆုကိုရရှိထားတဲ့ စီးပွားရေးလုပ်ငန်းရှင်နိုင်နာဟာ လတ်တလောမှာ လူသတ်မှုတစ်ခုအတွက်သံသယရှိရသူအဖြစ် အကျယ်ချုပ်နဲ့ စောင့်ကြည့်ခံထားရပါတယ်။ဖြစ်ရပ်ကဟိုတယ်အခန်းထဲမှာ သူရယ်၊ ပူနွေးနွေးသတ်ခံထားရတဲ့ အလောင်းတစ်ခုရယ်နဲ့အခန်းဟာ ပိတ်မိနေခဲ့ပါတယ်။ဒါကို နိုင်နာက သူမသတ်ဘူးလို့ ငြင်းဆိုနေတယ်။ဒီအတွက် သူ့ရှေ့နေ ဂျင်မီဟာ အရမ်းတော်တဲ့ ရှေ့နေ ဂု(ပ်)တာကို ငှားရမ်းခဲ့ပါတယ်။ရှေ့နေ ဂု(ပ်)တာဟာ သိပ်ကို တော်တဲ့ ရှေ့နေတစ်ယောက်ပါ။အမှုမှန်ကို ဖော်ထုတ်တဲ့ နေရာမှာ ကျွမ်းကျင်သူပေါ့။နိုင်နာရဲ့ ထွက်ဆိုချက်အရ"သေဆုံးသူနဲ့ အာဂျွန်းနဲ့ သူနဲ့ကို ဟိုတယ်ကို ချိန်းဆိုပြီစောင့်ခိုင်းပါတယ်တဲ့။ဒါပေမဲ့...ငွေကို လာရောက်မယူဘဲ စာတိုတစ်စောင်ကို ပို့ခဲ့ပါတယ်။ဒါဟာ ...
movie

Badla (2019)

2019
Manmarziyaan ( 2018 ) 7.0
Manmarziyaan ( 2018 ) ဘောလီဝုဒ် ဒါရိုက်တာတွေထဲမှာ ဘယ်သူနဲ့မှမတူဘဲတမူထူးခြားတဲ့ တင်ဆက်မှုတွေနဲ့ ချပြလေ့ရှိတဲ့Anurag Kashyap ရဲ့နောက်ဆုံးထွက် တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် Gangs of Wasseypur,Ugly, Sacred Gmaes တို့လိုနာမည်ကျော်ဇာတ်ကား၊ဇာတ်လမ်းတွဲတွေရဲ့ ဖန်တီးရှင်ကြီးလည်း ဖြစ်ပါတယ်ဒီဇာတ်ကားမှာလည်း အချစ်ဇာတ်ကို ဘောလီဝုဒ်ရဲ့ဖန်တရာဇာတ်တွေနဲ့ မတူဘဲ အသစ်တစ်မျိုး ချပြထားပါတယ်Love, Sex & Marriage စတာတွေကို ခပ်ဆန်းဆန်းလေးတင်ဆက်ထားပါတယ်ဇာတ်လမ်းလေးကတော့ မိသားစုတွေမသိအောင်ရည်းစားခိုးထားနေတဲ့ ရူမီ့တစ်ယောက် အိမ်ကလူတွေအခန်းထဲမှာ ဘဲနဲ့ ပက်ပင်းမိသွားပါတယ် ဒီအချိန်မှာရည်စားထားတာကနေ လက်ထပ်ထိမ်းမြားရတော့မယ့်အခြေအနေကို ဖြစ်လာပါပြီ အိမ်ကပေးစားတဲ့သူမယူချင်ရင်သူ့ကောင်လေးကို လာတောင်းရမ်းခိုင်းပေမယ့် ရူမိ့ရည်းစားဗစ်ကီကတော့ တလွဲတချော်လုပ်လို့ ပေးစားတဲ့သူနဲ့ပဲယူလိုက်ရပါတော့တယ် အခုမှ ဇာတ်လမ်းစပါတော့တယ်ရူမီ၊ ဗစ်ကီနဲ့ ရော်ဘီတို့ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကိုဆက်လက်ခံစားလိုက်ကြပါတော့ ခင်ဗျာ ဘာသာပြန်နဲ့အညွန်းကတော့ ကို ဇော်ထူးပဲဖြစ်ပါတယ် Translated By Zaw HtooEncoded By LK
movie

Manmarziyaan ( 2018 )

2018
Mulk (2018) 6.1
Mulk (2018) File Size : (1.20 GB) and (550 MB) Quality : HDRip 720p Running Time : 2hr 20min Format : Mp4အဓိကသရုပ်ဆောင်တွေအဖြစ် ဂန္တဝင်မင်းသားကြီး Rishi Kapoor နှင့် မင်းသမီးချော Taapsee Pannu တို့က ပါဝင်သရုပ်ဆောင်ထားပြီး တခြားအနုပညာရှင် အတတ်ပညာရှင်ပေါင်းစုံမှ အကောင်းဆုံး အားဖြည့်ပါဝင်ထားပါတယ်ဇာတ်လမ်းလေးကတော့ အသက် ၆၅ နှစ်အရွယ် မူရာဒ် အလီ မိုဟမ္မဒ် အစ္စလာမ် ဘာသာဝင် တစ်ယောက်ဖြစ်ပြီးပတ်ဝန်းကျင်မှာ လူလေးစားကြည်ညိုရတဲ့ ရှေ့နေတစ်ယောက်လူတိုုင်းနဲ့ အဆင်ပြေပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုတစ်ခုပိုင်ဆိုင်ထားသူဂြိုဟ်ဆိုးဝင်ချင်တော့ သူနဲ့ တစ်အိမ်တည်းနေ သူ့အုပ်ထိန််အဓိကသရုပ်ဆောင်တွေအဖြစ် ဂန္တဝင်မင်းသားကြီး Rishi Kapoor နှင့် မင်းသမီးချော Taapsee Pannu တို့က ပါဝင်သရုပ်ဆောင်ထားပြီး တခြားအနုပညာရှင် အတတ်ပညာရှင်ပေါင်းစုံမှ အကောင်းဆုံး အားဖြည့်ပါဝင်ထားပါတယ်ဇာတ်လမ်းလေးကတော့ ...
movie

Mulk (2018)

2018
Soorma (2018) 7.8
Soorma (2018) ဒီနှစ်ထဲကတော့ Bollywoodမှာ Biography ဇာတ်ကားတွေနဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းတွေ အထွက်များတယ် ပြောရမလားပဲအခုတင်ဆက်ပေးမှာကလည်း IMDb 7.7/10 နဲ့ Rotten 60% ထိရရှိထားတဲ့ Sport, Bio, Drama ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်တာနဲ့အညီ တကယ်ကိုကြည့်ကောင်းတဲ့ ကားကောင်းတစ်ကားလိုပဲ ပြောကြားပါရစေအိန္ဒိယဟော်ကီကစားသမား ဆန်ဒီး(ပ်)ဆင့်ရဲ့ ဘဝဇာတ်ကြောင်းဖြစ်လို့ဘယ်လို ဟော်ကီကစားသမားဖြစ်လာခဲ့တယ်ဘယ်လောက်ထိ အောင်မြင်ခဲ့လဲဘယ်လောက်ထိ ကျရှုံးခဲ့လဲဘယ်လိုကိစ္စတွေကြောင့် ဟော်ကီကစားသမား ဖြစ်လာခဲ့လဲဆိုတာကိုတော့ဒဏ်ပေးကြမ်းလွန်းတဲ့ နည်းပြကြောင့် ဟော်ကီကွင်းက ထွက်ပြေးခဲ့တဲ့ ဆန်ဒီး(ပ်)ဆင့် တစ်ယောက် ၉ နှစ်လောက်ကြာမှ အဲဒီဟော်ကီကွင်းကို တဖန်ပြန်လာခဲ့ပါတယ်ဒါပေမဲ့ သူ့အကြောင်းပြချက်က ဟော်ကီဆော့ဖို့ မဟုတ်ဘဲအဲဒီကွင်းမှာ လေ့ကျင့်ရေးဆင်းနေတဲ့ ပရီးဆိုတဲ့ မိန်းကလေးကို စိတ်ဝင်စားနေလို့ပါ"ဟော်ကီမှာ တစ်ခုခုထူးချွန်မှ ငါတို့နဲ့လာတွေ့" ဆိုတဲ့ ပရီးရဲ့မိသားစုတွေရဲ့ စကားကြောင့် ဆန်ဒီးပ်ဆင့်ဟာ အိန္ဒိယလက်ရွေးစင်ကစားသမား အဖြစ်နဲ့ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်ဒါပေမဲ့ ဆန်ဒီးပ်နဲ့ ပရီးကြားကို ကံဆိုးမိုးမှောင်တစ်ခုကျလာပါတော့တယ်အချစ်အတွက် ဟော်ကီကစားသမားဖြစ်ခဲ့တဲ့ ဆန်ဒီးပ်တစ်ယောက် ဘယ်လိုအခက်ခဲတွေ ကြုံတွေ့ရမလဲ ...
movie

Soorma (2018)

2018
Pink (2016) 8.2
Pink (2016) unicodeIMDb (8.2)..Rotten Tomatoes (100%)အမျိုးသမီးတွေရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်..အခွင့်အရေးတွေကို ပညာသားပါပါထည့်သွင်းရိုက်ကူးထားလို့ နာမည်ကြီးတဲ့Bollywood ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး Rating တွေလဲကောင်းမွန်လှပါတယ်။ဇာတ်လမ်းကတော့......မီနယ်အရိုရာ၊ ဖယ်လက်အ လီနဲ့ အန်ဒရီယာတို့ သုံးယောက် ဟာ ဒေလီတောင်ပိုင်းက လူကုံ ထံရပ်ကွက်တစ်ခုမှာ အိမ်ငှားနေ ကြပြီး လုပ်ငန်းခွင်တွေမှာ အလုပ်ဝင်နေကြသူတွေပါ။တစ်ညမှာ တော့ ရော့ခ်ဂီတပွဲကြည့်အပြီးမှာ ရာ့ဂျ်ဗီးရားဆိုသူက ညစာစားပွဲ ဖိတ်ကြားတဲ့အတွက် သွားခဲ့ကြပါ တယ်။ ရာ့ဂျ်ဗီးရားက ဒေလီတောင်ပိုင်းက အာဏာရှိနိုင်ငံရေး သမားရဲ့တူပါ။ ဒီလိုနဲ့ အပန်းဖြေအိမ်တစ်ခု မှာ မင်နယ်တို့ သုံးယောက်ရယ်၊ ရာ့ဂျ်ဗီးရားနဲ့ သူ့အပေါင်းအသင်း နှစ်ယောက်ရယ် စားကြသောက် ကြပြီး အခွင့်အရေးကို စောင့်နေ တဲ့ အမျိုးသားသုံးယောက်ဟာ ကောင်မလေးသုံးယောက်နဲ့ တစ် တွဲစီဖြစ်အောင် ကြံဖန်ခဲ့ကြပါ တယ်။ တကယ်တော့ မင်နယ်နဲ့ ရာ့ဂျ်ဗီးရားတို့ဟာ သာမန်မိတ် ဆွေအဆင့်သာ ခင်မင်ကြတာဖြစ် ပြီး ရာ့ဂျ်ဗီးရားက မင်နယ်ကို ဗလက္ကာရလုပ်ဖို့ ...
movie

Pink (2016)

2016
Judwaa 2 (2017) 4.1
Judwaa 2 (2017) လန်ဒန်မှာ ကြီးပြင်းတဲ့ ပရမ်ကတော့ ခပ်အေးအေးနဲ့ရိုးအတဲ့အတွက် သူများနှိပ်စက်ခံဖြစ်ပေ မယ့်လို့ မွမ်ဘိုင်းက ရာဂျာကတော့ ရန်ဖြစ်သတ်ပုတ်တဲ့နေရာမှာ ဆရာကျတဲ့ဖိုက်တာ တစ်ယောက် ပါ။ ဒီလိုနဲ့ တစ်ရက်မှာတော့ရာဂျာတစ်ယောက် လန်ဒန်ကို သွားဖို့ ဖြစ်လာခဲ့ပြီး မွမ်ဘိုင်းမှာနေ နေကျ ဆံပင်အရှည်ပုံစံမဟုတ်ဘဲ ဆံပင်တွေ ဘာတွေသပြီးသွား တာမို့ ပရမ်နဲ့ပိုလို့တောင်တူပါ တယ်။တစ်ရက်မှာတော့ ညီအစ်ကိုနှစ်ယောက် ထိပ်တိုက်ဆုံမိခဲ့ကြ ပြီး အမြွှာညီအစ်ကိုမှန်းသိသွားခဲ့ ကြပါတယ်။ နှစ်ယောက်တွေ့ပြီး နောက်မှာ ထူးခြားတာတစ်ခုက တစ်ယောက်ယောက်ထိခိုက်ဒဏ် ရာရရင်ပဲဖြစ်ဖြစ်၊ တစ်ခုခုဖြစ် ရင်နောက်တစ်ယောက်မှာအတူတူ လာပြီးဖြစ်တာလည်း ရယ်မောရ စေမှာပါ။ပရမ်နဲ့ ရာဂျာကို လူတွေမှားကြတဲ့ ဇာတ်ကွက်တွေထဲမှာ အရယ်ရဆုံးကတော့ အမြွှာနှစ် ယောက်ရဲ့ ချစ်သူတွေ လူမှားကြတာပါ။ ဘောလိဝုဒ်ဇာတ်ကား တွေရဲ့ ထုံးစံအတိုင်း မြူးမြူးကြွကြွအကတွေနဲ့ ကြည်နူးစရာဇာတ် ကွက်လေးတွေကိုလည်း အကြိုက်တွေ့ကြမှာပါ။အမြွှာညီအစ်ကိုနှစ်ယောက် ပြန်ဆုံပြီးနောက်မှာတော့ မိသားစု ကို အန္တရာယ်ပေးမယ့်သူတွေကို အတူရင်ဆိုင်ကြတာကိုလည်း ...
movie

Judwaa 2 (2017)

2017