Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Surya Vasishta
7
Saramsha (2024)
Saramsha 2024 (စာရေးဆရာနဲ့ ဇာတ်ကောင်ကြားက ဇာတ်လမ်းလေးတစ်ပုဒ်)မွေးစားမိဘတွေနဲ့အတူတူနေတဲ့ တေဂျက်စ်ဝီဆိုတဲ့ကောင်လေး၊ သူဟာ စာဖတ်ရတာကို ဝါသနာပါပြီးတော့ စာရေးဆရာဖြစ်ချင်နေခဲ့တဲ့သူတစ်ယောက်ပေါ့။ငယ်ငယ်လေးကတည်းက ကဗျာတွေလည်းရေးရင်း စာလည်းကြိုးစားလို့ ကျောင်းမှာ ဆရာမတွေရဲ့အချစ်တော်လေး ဖြစ်ခဲ့သူတစ်ယောက်ပေါ့။ သူဟာ မိဘတွေအတွက် အရှင်ကပေးတဲ့လက်ဆောင်လို့ မှတ်ယူရင်း မိဘတွေစိတ်ချမ်းသာအောင်ပဲ အမြဲထားချင်တဲ့ ကလေးလေးတစ်ယောက်ပေါ့။ ဒီမှာ ထူးဆန်းတာက တေဂျက်စ်ဝီရဲ့ စာရေးခုံမှာရှိနေတဲ့ အရုပ်လေးနှစ်ရုပ်က သူနဲ့အတူတူ စကားပြောပေးတာပါပဲ။ဒီလိုနဲ့ အသက်တွေကြီးလာတော့လည်း စာရေးဆရာဖြစ်ချင်တဲ့ ဝါသနာအရ စာတွေရေးရင်းနဲ့ သူ့ရဲ့ ဇာတ်လမ်းထဲက ဇာတ်ကောင်ဖြစ်တဲ့ အာဘေးနဲ့ အပြင်မှာ ထိပ်တိုက်တွေ့ကြတဲ့အခါမှာတော့ ....... စာရေးဆရာနဲ့ ဇာတ်ကောင်ကြား ဘာတွေဖြစ်လာမလဲ ......ဒီလို စိတ်ကူးရင်ဆန်တဲ့ ဖြစ်ရပ်တွေကြားမှာ ဘယ်လို စိတ်ခံစားချက်တွေနဲ့ ဘယ်လို ဒရာမာဇာတ်လမ်းတွေ ထွက်ပေါ်လာမလဲ .... တေဂျက်စ်ဝီကရော နောက်ဆုံးမှာ သူဖြစ်ချင်ခဲ့တဲ့ စာရေးဆရာ ဖြစ်လာမလား ..... ဆိုတာတွေကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team တို့ပဲဖြစ်ပါတယ်) File size…1.8GB / 622MB Quality…WEB DL 1080p ...
movie
Saramsha (2024)
2024
6.8
Butta Bomma (2023)
Butta Bomma 2023 Drama/ Romance IMDb 7.8/10အာရ်ပူက ရွာလေးတစ်ရွာမှာ ဆသ်ရာခေါ်တဲ့မိန်းမလှလေးတစ်ယောက်ဟာ အိမ်အလုပ်တွေကူပေးရင်း ငြိမ်းချမ်းစွာနေထိုင်နေပါတယ်။ ၂၁ရာစုရောက်နေပြီး စမတ်ဖုန်းတွေနဲ့ တိုးတက်နေတဲ့ခေတ်မှာတောင် အားလုံးနဲ့အဆက်အသွယ်လုပ်ဖို့ ဆသ်ရာမှာ ကီးပတ်ဖုန်းလေးတစ်လုံးသာရှိပါတယ်။တစ်ဖက်မှာလည်း မူရ်လီဆိုတဲ့ကောင်လေးဟာ သုံးဘီးမောင်းရင်း ဘဝကိုရိုးသားစွာနဲ့ ကြိုးစားရုန်းကန်နေပါတယ်။ တစ်ရက်မှာ ဆသ်ရာတစ်ယောက် ဖုန်းနံပါတ်မှားခေါ်မိရာကနေ မူရ်လီဆီကို ရောက်သွားပါတော့တယ်။ အသံချိုချိုသာသာလေးတွေကို သဘောကျတဲ့မူရ်လီဟာလည်း လူချင်းမမြင်ရပဲ ဖုန်းထဲကနေတစ်ဆင့် ဆသ်ရာကို ကြွေမိသွားပါတော့တယ်။ဒီလိုနဲ့ ဖုန်းထဲကနေပဲ အချစ်ဇာတ်လမ်းလေးစတင်ခဲ့ပြီး အပြင်မှာတွေ့ကြဖို့ဖြစ်လာပါတော့တယ်။ တစ်ဖက်မှာလည်း ချင်နီဆိုတဲ့သူဌေးသားတစ်ယောက်က ဆသ်ရာကိုကြိုက်နေကာ လိုက်ပိုးပန်းပေမယ့် သူ့အမေသူဌေးမကြီးကတော့ မောက်မာပြီး ဆသ်ရာတို့မိသားစုကို အထင်သေးစွာဆက်ဆံပါတယ်။ မူရ်လီနဲ့ဆသ်ရာ တွေ့ဆုံကြတော့မယ့်အချိန်မှာ အာကေဆိုတဲ့သူတစ်ယောက်ရုတ်တရတ်ပေါ်လာပါတော့တယ်။ ဒီလိုဆို ဆသ်ရာ မူရ်လီ အာကေ နဲ့ ချင်နီတို့ရဲ့ လေးပွင့်ဆိုင်အချစ်ဇာတ်လမ်းမှာ ဘယ်သူကအနိုင်ရသွားမလဲ သူတို့တွေ ဘာဆက်ဖြစ်ကြမလဲ။ အာကေကရောဘာကြောင့်ပေါ်လာရတာလဲ ဆိုတာကို စိတ်ဝင်တစား ကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…2.5GB / 1.05GB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Cherry~Yunni~ ...
movie
Butta Bomma (2023)
2023