Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Suniel Shetty
5.4
Umrao Jaan (2006)
Umrao Jaan (2006) "ကြွေသောပန်း"၂၀၀၆ မှာ ထွက်ခဲ့တဲ့ ရှေးခေတ်အိန္ဒိယ musical/romance ရုပ်ရှင်ကားဟောင်းလေး တင်ဆက်ပေးလိုက်ပါတယ်သရုပ်ဆောင်တွေအနေနဲ့ Amitabh Bachchan ရဲ့သား Abhishek Bachchan နဲ့ သူ့မိန်းမဖြစ်သူ Miss World - 1994 အလှမယ် Aishwarya Rai တို့ပါဝင်ထားပါတယ်အမီရန် ဆိုတဲ့ မိသားစုနဲ့အတူတူ နေထိုင်ပြီး စိတ်ထားဖြူစင်တဲ့ မိန်းမငယ်လေးတစ်ယောက် တစ်နေ့မှာ ကံကြမ္မာဆိုးတစ်ခုကို ကြုံရတယ်သူ့အဖေ တစ်ချိန်က သက်သေခံထွက်ဆိုပေးခဲ့ရတဲ့ လူ ထောင် ၇ နှစ်ကျသွားပြီး ပြန်လွတ်လာတဲ့အချိန် ရန်ငြိုးကြောင့် လက်စားချေဖို့ အမီရန်ကို ဖမ်းခေါ်သွားလေရဲ့ အဲဒီနေ့ကစလို့ အမီရန်ဆိုတဲ့ နာမည်ပျောက် ပြည့်တန်ဆာခေါင်း မစ္စခါနွမ်ဆီမှာ ရောင်းစားခံလိုက်ရပြီး Umrao Jaan အမည်ရှိ အထက်တန်းလွှာ အပျော်မယ်တစ်ဦးအဖြစ် ပုံသွင်းခံလိုက်ရတယ်တစ်နေ့တော့ ဒီမိန်းကလေး အချစ်ကို ရှာတွေ့ရင်းမှ ချစ်သူနဲ့ ပေါင်းရဖို့ ကြိုးစားလို့ရနိုင်မှာလား... အဖျက်အမှောက် အမျိုးမျိုးက သူတို့နှစ်ယောက်ကို အကြိမ်ကြိမ်တားရင်း ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့...၁၈၀၀ ဝန်းကျင် ...
movie
Umrao Jaan (2006)
2006
6.9
Chup Chup Ke (2006)
Chup Chup Ke (2006)"ရွာလည်တဲ့ နဖူးစာ" =================================ဘာအမျိုးမှမတော်ကြတဲ့ နာမည်ကြီးကပူးရ်နှစ်ယောက်ဖြစ်တဲ့ ရှာဟစ်ကပူးရ်နဲ့ ကရီနာကပူးရ်တို့ရဲ့ အချစ်ဟာသဇာတ်လမ်းဟောင်းလေးကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။Kabir Singh နောက်ပိုင်းမှ ရှာဟစ်ကိုရင်းနီးလာတဲ့ပရိသတ်တွေအတွက်တော့ ဒီရုပ်ရှင်ထဲမှာ ရှာဟစ်ရဲ့ရုပ်ကို မနည်းပြန်ဖမ်းယူရမှာပါ။ဂျီတူးဆိုတဲ့ကောင်လေးဟာ အလုပ်လုပ်ချင်စိတ်ရှိသူပါ။ အလုပ်တိုင်းကို စိတ်ပါလက်ပါလုပ်ပေမဲ့ တစ်ခုမှမအောင်မြင်ဘဲ အကြွေးတွေသာ တင်ပြီးရင်းတင်ကာ ကြိုးစားတိုင်းမဖြစ်နိုင်ကြောင်းပြနေတဲ့ သက်ရှိသက်သေပေါ့။သူဟာ တစ်နေ့ အကြွေးရှင်တွေအားလုံးကို ခေါ်ပြီး အားလုံးရှေ့မှာပဲ မြစ်ထဲကိုခုန်ချကာ သေမှန်းမသိရှင်မှန်းမသိပျောက်သွားခဲ့ပါတယ်။အဲဒီလိုပျောက်သွားတဲ့အတွက် အရင်က သူ့ကိုချေခဲ့တဲ့ မိသားစုဝင်တွေ၊ အကြွေးရှင်တွေ နောင်တရပြီး သူ့ကို အောက်မေ့နေကြတုန်းမှာ သူဟာ ပုံစံအသစ်နဲ့ပြန်ပေါ်လာခဲ့ပြီး ပေါ့ပေါ့ပါးပါး ရယ်ရမောရတဲ့ အချစ်ဟာသဇာတ်လမ်းလေးတစ်ပုဒ် ပေါ်ပေါက်လာပါတော့တယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.9GB /1.3GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Chup Chup Ke (2006)
2006
5.7
Aan: Men at Work (2004)
Aan: Men at Work (2004) Action, Crime, Drama IMDb 5.7/10 (3.2K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ၂၀၀၀ခုနှစ်အလွန်လောက်က ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ မှုခင်းကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာ နာမည်ကြီးမင်းသားကြီးတွေဖြစ်ကြတဲ့ အရှေးကူမား..ဆူနီးရှက်တီး..အစ်ရဖန်းခန်း..ဂျက်ကီရှရော့ဖ်စတဲ့ မင်းသားကြီးတွေအပြင် မင်းသမီး ရဗီနားတန်ဒန်နဲ့ လာရာဒက်သားတို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားကြပါတယ်။ တခြားသော နာမည်ကြီးဇာတ်ပို့သရုပ်ဆောင်များစွာနဲ့လည်း အားဖြည့်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် လူမှန် မြို့ပြင်ထွက်နေ ဆိုသလို ပူနေးမြို့ကနေ မွန်ဘိုင်းမြို့ကို အရာရှိတစ်ယောက်ဟာ နယ်ပြောင်းတာဝန်ကျလာခဲ့ပါတယ်။ရာထူးတိုးတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ပေါ့။ သူ ရောက်လာတဲ့ မွန်ဘိုင်းမြို့ရဲ့အခြေအနေဟာလည်း တစ်မြို့လုံးကို လူမိုက်ဂိုဏ်းအသီးသီးက အုပ်စိုးကျက်စားနေသလို နိုင်ငံရေးသမားတွေ စီးပွားရေးသမားတွေဟာလည်း လူမိုက်တွေနဲ့ပေါင်းပြီး မတရားစွာ ကြီးစိုးနေခဲ့ကြပါတယ်။အင်အားကြီးသူက အနိုင်စတတ်စမြဲ ဒီလောကကြီးမှာ ရဲတွေဟာလည်း ကျီးလန့်စာ စားနေခဲ့ရပါတယ်။ နာမည်သာရှိပေမယ့် စနစ်ဆိုးကြီးကြောင့် လက်ပြန်ကြိုးတုပ်ခံထားရတဲ့ လုပ်ပိုင်ခွင့်နဲ့ ရှေ့လည်းမတိုးသာ နောက်လည်းမဆုတ်သာ အခြေအနေပါ။အဲ့ဒီစနစ်ကြီးကို ဒီအရာရှိနဲ့ သူ့အဖွဲ့က ပြောင်းလဲပစ်ဖို့ ကြံစည်လာတဲ့အခါ တစ်ဖက်က လူမိုက်ဂိုဏ်းအသီးအသီးဟာလည်း ဒီရဲတွေကို ရှင်းထုတ်ပစ်ဖို့ ကြံလာခဲ့ပါပြီ။ဆက်လက်ပြီး ရာဇဝတ်ဘေး ပြေးမလွတ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ်လိုချင်တဲ့ ဇာတ်သိမ်းနဲ့သွားမလား...။ငွေများတရားနိုင်ဆိုတဲ့ ဇာတ်နာနဲ့သွားမလားဆိုတာကိုတော့ ဖန်သားပြင်ထက်မှာပဲ ဆက်လက်ပြီးရှုစားပေးကြပါဦးနော်...။ File size…3GB ...
movie
Aan: Men at Work (2004)
2004
7.1
Phir Hera Pheri (2006)
Phir Hera Pheri (2006) Comedy, Crime IMDb 7.1/10 (24K)ကဲ ဟိုတလောက CM မှာ တင်ပေးသွားတဲ့ ဟာသကားလေး Hera Pheri ကားလေးရဲ့ အဆက်လေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်...။ထုံးစံအတိုင်း ဒီကားထဲမှာလည်း မင်းသားကြီး အရှေးကူမား..ဆူနီးရှက်တီး မင်းသမီး ဗီပါရှားဘာဆူးနဲ့ ရီမီဆန်တို့ပါဝင်သရုပ်ဆောင်ထားသလို နာမည်ကျော်ဟာသသရုပ်ဆောင်များ ဖြစ်ကြတဲ့ ဂျွန်နီလီဗာ..ပရေရှ်လာဝလ်တို့လည်း ပါဝင်အားဖြည့်ပေးထားပါတယ်...။အဓိကဇာတ်ကောင်တွေကတော့ ရာဂျူး..ရှာမ် နဲ့ ဘာဘူရောင်း...။ပထမကားရဲ့အဆုံးသတ်မှာတုန်းက သူတို့ပိုက်ဆံတွေအများကြီးရသွားပြီး သူဋ္ဌေးတွေဖြစ်သွားကြတယ် ဒီကားမှာလည်း လူ့အလို နတ်မလိုက်နိုင်ဆိုသလို ပိုက်ဆံချမ်းသာသွားသော်ငြားလည်းပဲ လူသားရဲ့ မတော်လောဘက အတောမသတ်နိုင်ဘူးလေလောဘရဲ့နောက်ကို လိုက်မိရင်းနဲ့ အလိမ်ခံရပြီး သူတို့သုံးယောက်စလုံး ပြန်လည် မွဲပြာကျဆင်းရဲသွားပြန်တယ်နဂိုဗီဇကိုက အချောင်လိုချင် အချောင်ချမ်းသာချင်တော့ ဒီကားမှာလည်း မဟုတ်တဲ့ နည်းလမ်းနဲ့ သူတို့ ချမ်းသာဖို့ ကြိုးစားပါတော့တယ်...။ကဲ ဆက်လက်ပြီး ဘယ်လိုအခွီလေးတွေနဲ့ မျက်နှာဖြဲနေရမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ရှုစားတော်မူလိုက်ကြပါဦးနော်...။ File size…3.66GB / 1.67GB Quality…1080p WEBRIP / 720p Format…mp4 Duration….2h 33min Subtitle…. Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Phir Hera Pheri (2006)
8.1
Hera Pheri (2000)
Hera Pheri (2000) Action, Comedy, Crime IMDb 8.1/10 (67K)ဒီကားလေးကတော့ အရှေးကူမား နဲ့ ဆူနီးရှက်တီးတို့ တွဲဖက်ကောင်းခဲ့စဥ်က ရိုက်ကူးခဲ့တဲ့ ဟာသကားကောင်းလေးလို့ ပြောရမယ် အတော်လည်းရယ်ရတယ်ရာဂျူး ရှာမ်နဲ့ ဘာဘူရောင်းဆိုတဲ့ မတည့်အတူေနလူသုံးယောက်... ရာဂျူးက အမြဲလူတွေကို နှစ်ကျပ်ကွက်နင်းပြီး ပိုက်ဆံရှာချင်နေတယ် ရှာမ်ကတော့ အလုပ်တစ်ခုရှာလုပ်ပြီး အကြွေးဆပ်ချင်နေသူ...ဘာဘူရောင်းကတော့ ဒီနှစ်ယောက်စလုံးကို အိမ်ခေါ်တင်ကြွေးထားတဲ့ စိတ်သဘောထားမြင့်မြတ်တဲ့ ဂလည်အူကြောင်တစ်ယောက်ပေါ့ဗျာ... ဒီလိုလုံးလည်ချာလည်လိုက်နေတဲ့ သူတို့သုံးယောက်ရဲ့ဘဝထဲမှာ အဆန်းတကြယ်ဖြစ်ရပ်တစ်ခုကြုံခဲ့ပါတယ်အဲ့ဒါကတော့ သူဠေးကြီးတစ်ယောက်ရဲ့မြေး ပြန်ပေးဆွဲခံရတာကို သူတို့ဆီကို ဖုန်းဆက်ပြီးပြန်ပေးငွေတောင်းနေပါတယ် ဖြစ်ချင်တော့လမ်းညွှန်းစာအုပ်က ဖုန်းနံပါတ်ကို မှားရိုက်မိတာပါပဲ ငွေလိုနေတဲ့သူတို့သုံးယောက်စလုံး ဒီကိစ္စကို အခြေခံပြီးဘယ်လိုနှစ်ကျပ်ကွက်နင်းမလဲဆိုတာတော့...။ တစ်ကားလုံး အလွဲလွဲအချော်ချော်နဲ့ရယ်မောပျော်ရွှင်နေရမယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်... ဒါနဲ့ စကားမဆက် သူ့အဆက်ကိုတင်ဆက်ပေးဦးမှာမို့ နံပါတ်၂ ကို cm မှာ ဆက်လက်စောင့်မျှော်ပေးပါဦးလို့ လက်တို့ပေးလိုက်ပါတယ်.... File size…2.23GB / 1.12GB Quality…1080p AMZ WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie
Hera Pheri (2000)
2000
5.7
Ghani(2022)
၁၅နှစ်အရွယ်ကောင်လေး ဂါနီ ဟာ ဖခင်ဖြစ်သူ လက်ဝှေ့ပညာရှင်ဗစ်ခရမ်ကိုလေးစားအားကျခဲ့ပြီး ငယ်စဉ်ကတည်းက လက်ဝှေ့အားကစားကို နှစ်ခြိုက်ခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့ အားကစားလောကရဲ့ အရှုပ်အထွေးတွေကြားမှာ ဖခင်ဖြစ်သူရဲ့ ဂုဏ်သိက္ခာကျဆင်းသွားပြီးတဲ့နောက်ဂါနီတို့မိသားစုဟာ လူတကာရဲ့ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံခဲ့ရပါတော့တယ်။အဲ့ဒီနောက် လက်ဝှေ့ကိုစိတ်နာသွားတဲ့ မိခင်ဖြစ်သူဟာ ဘ၀မှာဘယ်တော့မှလက်ဝှေ့မထိုးရဘူးဆိုတဲ့ကတိကို ဂါနီဆီကနေတောင်းခဲ့ပါတော့တယ်။ဒါပေမဲ့ ဖခင်ရဲ့မတရားခံရမှုကို အဖြေရှာချင်တဲ့ ဂါနီ ဟာ နိုင်ငံတော်အဆင့်လက်ဝှေ့ပြိုင်ပွဲမှာ အနိုင်ရရမယ်လို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ဂါနီတစ်ယောက် မိခင်မသိအောင် လက်ဝှေ့ဘယ်လိုကစားမှာလဲ...ဖခင်ရဲ့နာမည်ကိုရော ပြန်အဖတ်ဆယ်နိုင်ပါ့မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် File size…1.1GB /2.39Gb Quality…720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Eliza & Oeliu J
movie
Ghani(2022)
2022