Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sun Qiang
6
Dwelling by the West Lake ( 2024 )
ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်တဲ့ Dwelling ကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ဇာတ်ကားလေးကတော့ (၄) လပိုင်းမှာအတော်လေးခေတ်စားပြီးအခုထိတိုင် နာမည်ကြီးနေဆဲဖြစ်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အလွန်အေးချမ်းလှတဲ့ရွာလေးတစ်ရွာမှာ လက်ဖက်ရွက်ခူးတဲ့အလုပ်ကို အေးအေးချမ်းချမ်းလုပ်ကိုင်နေတဲ့ ဝူထိုင်ဟွား။အဖေဖြစ်သူက (၁၀) နှစ်ကြာ အဆက်အသွယ်မလုပ်လို့ သေပြီလို့ထင်နေကြပေမဲ့ အသက်ရှင်ဆဲလို့ခံယူပြီး အဖေကိုလိုက်ရှာမယ့်အိပ်မက်ရှိသူ ဟယ်မုလျန်။အိပ်မက်ကြောင့် ဟန်ကျိုးမှာအလုပ်ရှာဖွေအခြေချနေဖို့ အမေဖြစ်သူဝူထိုင်ဟွားကို ပြောတဲ့အခါမှာ သားဖြစ်သူဆန္ဒကိုမလွန်ဆန်နိုင်တာကြောင့် ခွင့်ပြုခဲ့ပေမဲ့ အမေဖြစ်သူပါလိုက်လံနေထိုင်ဖို့ဆုံးဖြတ်ခဲ့တယ်။ ဒီလိုနဲ့တစ်နေ့မှာ လက်ဖက်ခင်းရွာလေးကနေ ထွက်လာပြီး သားဖြစ်သူ ဟန်ကျိုးရှိရာဆီလာခဲ့တာပေါ့။ ဝူထိုင်ဟွားမှာအချစ်ဆုံးသူငယ်ချင်းဖြစ်သူရဲ့ မောင်လေးက စီးပွားရေးလုပ်တာအရမ်းအောင်မြင်ချမ်းသာပြီး ဇိမ်ခံကားတွေ တိုက်တွေ ပိုင်ဆိုင်နေတာကြောင့် မောင်ဖြစ်သူမှာအလုပ်လုပ်ဖို့ ဆုံးဖြတ်လာကြတဲ့လူနှစ်ယောက်။တကယ်တမ်းမောင်ဖြစ်သူရဲ့ စီးပွားရေးလုပ်ငန်းက MLM တိုင်းရင်းဆေးခြေထောက်ကပ်လုပ်ငန်း ဖြစ်ပြီး MLM ဆိုတဲ့အတိုင်းလူစုစည်းရုံးရေးဆင်းတဲ့အပေါ် ဝူထိုင်ဟွားတို့သူငယ်ချင်းနှစ်ယောက် စိတ်နစ်မြောသွားပြီး အဲ့အပေါ်မှာအရူးအမူးဖြစ်နေတာကို သားဖြစ်သူဟယ်မုလျန်တစ်ယောက် ကယ်ထုတ်ဖို့ ကြိုးစားပေမဲ့အချိန်လွန်သွားတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်ကြမလဲ။ဒီလုပ်ငန်းစုကြီးနောက်ကွယ်မှာ ဘယ်လောက်တောင် လိမ်လည်လှည့်စားမှုတွေရှိနေမလဲ။ ဘယ်လိုတွေဖော်ထုတ်သွားကြမလဲ။ စတဲ့အကြောင်းရာတွေနှင့်အတူ ယနေ့ခေတ်မှာ ခေတ်စားနေတဲ့ MLM လုပ်ငန်းကိုပေါ်ပေါ်ထင်ထင် ရိုက်ကူးထားတာမို့လို့ လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama Runtime : 1h 58 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By ...
movie
Dwelling by the West Lake ( 2024 )
5.8
Do the World Darts 2 (2007)
The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက ဒုတိယမြောက်ကားဖြစ်ပါတယ်၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါဒီ အပိုင်းမှာတော့ ဝမ်ကျောက်ရှင်းနှင့် ရှန်ရုံတို့နှစ်ယောက်က လွန်ခဲ့တဲ့၂၅နှစ်က လုံချီနန်းတွင်းစစ်တပ်မှာ ရဲဘော်ရဲဘက်တွေဖြစ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အချင်းချင်းတိုင်းပြည်သစ္စာဖောက်လို့ အထင်လွဲပြီး အချင်းချင်းတိုက်ခိုက်ခဲ့ကြတယ်ဒီလို သူတို့နှစ်ယောက်တိုက်ခိုက်နေတုန်းမှာပဲ ရှန်ရုံက ထူးဆန်းစွာနဲ့လုပ်ကြံသတ်ဖြတ်ခံလိုက်ရတယ် အဲ့နောက်မှာတော့ ဝမ်ကျောက်ရှင်းက ရှန်ရုံကိုသတ်တယ်ဆိုပြီးစွပ်စွဲခံရလို့ ထွက်ပြေးသွားခဲ့ပြီး ဝမ်ကျောက်ရှင်းရဲ့သားဖြစ်တဲ့ဝမ်ကျန့်ဝေးနဲ့ ရှန်ရုံရဲ့သမီးဖြစ်တဲ့ရှန်ဖေးယန့်တို့က ပူးပေါင်းပြီး တရားခံအစစ်ကိုရှာဖွေဖော်ထုတ်ကြတဲ့ ပုံပြင်လေးပဲဖြစ်ပါတယ်ဒီဇာတ်လမ်းမှာ ဝမ်ကျောက်ရှင်းက စွပ်စွဲခံရမှုကို ဘယ်လိုဖြေရှင်းပြီးဝမ်ကျန့်ဝေးနဲ့ရှန်ဖေးယန့်တို့က တရားခံအစစ်ကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ ဆက်လက်စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 36 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Mary Encoded by LK
movie
Do the World Darts 2 (2007)
7.3
Pegasus 2 ( 2024 )
Pegasus 1 ရဲ့အဆက်ဖြစ်ပါတယ်။ 1 ကိုလဲ CM မှာတင် ထားပေးပြီးပြီပဲဖြစ်ပါတယ်ပြိုင်ပွဲမှာမတော်တဆဖြစ်ပြီး ခြေထောက်ဒဏ်ရာရသွားတဲ့ကျန်းချေဟာ ယာဉ်မောင်းသင်တန်းဖွင့်ပြီး နည်းပြလုပ်စားနေခဲ့ရတယ်။ အလုပ်အကိုင်ကြပ်တည်းနေတဲ့အချိန်မှာ ကားစက်ရုံမှူးတစ်ယောက်က ပြိုင်ကားအဖွဲ့ဖို့ပံ့ပိုးပေးဆိုပြီး ကမ်းလှမ်းလာခဲ့တဲ့အခါ ဘတ်ဂျက်နည်းပေမယ့် သူနောက်ဆုံးပြိုင်ခဲ့တဲ့ဘရန်ဘလုခ်မှာ ပြန်သွားပြိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ကျန်းချေနဲ့ သူ့ရဲ့သူငယ်ချင်းဟောင်းစွန်းယွီချန် စက်ပြင်သမား ကျိရှင်းနဲ့အတူ ကားစက်ရုံကကားမောင်းသမားလူသစ်လေး လိရှောင်ဟိုင်နဲ့ ယာဉ်မောင်းသင်တန်းကျောင်းက တပည့်ဖြစ်တဲ့လျိုရှန်သယ်တို့ပေါင်းပြီးတော့ ရှင်းတိပြိုင်ကားအဖွဲ့ကိုဖွဲ့လိုက်ပါတယ်။ စက်ရုံမှူးကြီးက ဘတ်ဂျက်အများကြီးမပေးနိုင်တော့ ဆုရဖို့အထိမမှန်းထားပေမယ့် ဒီအဖွဲ့လေးဟာဘယ်လောက်ထိလုပ်နိုင်မလဲဆိုတာကို ပြိုင်ကားခရေဇီတွေအတွက် စိတ်ဝင်တစားကြည့်ရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy , Adventure Runtime : 2h 1 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Pegasus 2 ( 2024 )