Channel Myanmar

Sumit Kaul

Laila Majnu (2018) 7.7
Laila Majnu (2018) Laila Majnu (2018) ကိန္ဒရီ ကိန္ဒရာ ဒဏ္ဍာရီ Genre – Drama, Romance IMDB – 7.7/10၇ ရာစုလောက်မှာ Layla and Majnun ဆိုတဲ့ အာရေဗျ အချစ်ပုံပြင်လေးတစ်ပုဒ် ရှိခဲ့တယ်။ ခုထက်ထိ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းပြီး ပါရှားဒေသ၊ အာရေဗျဒေသနဲ့ အာရှတစ်လွှား လူတိုင်းက ပြောဆိုခဲ့ကြတဲ့ ရှေးဟောင်းရိုးရာ ပုံပြင်လေးတစ်ပုဒ်ပေါ့။ အချစ်ပုံပြင်လေးသာဆိုတာပါ ပျော်ရွှင်စရာအတိချည်းပဲတော့ ဖြစ်မနေပါဘူး ဆရာကြီး ရှိတ်စပီးယားရဲ့ ရိုမီယိုနဲ့ ဂျူးလိယက်ဆန်ဆန်ပဲ ပြောရမှာပေါ့လေ။ဒါပေမဲ့ ဒီပုံပြင်လေးဟာ ကြီးမားလှတဲ့ အချစ်စွမ်းအားတွေ၊ ကွဲကွာခြင်းရဲ့ သေလုမတတ် နာကျင်ရခြင်းတွေ၊ အသိုင်းအဝိုင်းတွေရဲ့ ကန့်သတ်မှု ပညတ်ချက်တွေကို မီးမောင်းထိုးပြထားတာပါ။ ဒီ ရိုးရာပုံပြင်လေးကိုပဲ အိန္ဒိယနိုင်ငံရဲ့ အေးချမ်းသာယာလှပတဲ့ ကက်ရှမီးယားပြည်နယ်မှာ အခြေပြုပြီး ယနေ့ခေတ်ကာလအတိုင်း ပြန်လည် ဆန်းသစ်ထားတဲ့ အချစ်ရုပ်ရှင်လေး ဖြစ်ပါတယ်။ လိုင်လာဆိုတာက စိတ်ကူးယဉ်ဆန်ဆန် အချစ်ရဲ့အကြောင်းတွေကို တွေးတောမှိန်းမောပြီး ရင်ခုန်နေတဲ့ လှပချောမောတဲ့ မိန်းမပျိုလေးတစ်ယောက်။ထူးဆန်းတဲ့ အိပ်မက်တစ်ခုကိုလည်း ထပ်ခါတလဲလဲ ...
movie

Laila Majnu (2018)

2018
Article 370 (2024) 8.2
Article 370 (2024) Article 370 (2024)"ပိုဒ်ခွဲ ၃၇၀" =======================အက်ရှေးကူးမားရ်ရဲ့ OMG 2 ထဲမှာ အမြင်ကပ်စရာရှေ့နေမအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးလေး ယာမီဂေါ်တမ်ရဲ့ IMDb 8.2 ရ ရုံတင်ရုပ်ရှင်သစ်လေးကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။Article 370 ဆိုတာကတော့ အိန္ဒိယရဲ့ ထိရှလွယ်ဒေသဖြစ်တဲ့ ကတ်ရှိမီးယားကို ကိုယ်ပိုင်ဥပဒေ၊ ကိုယ်ပိုင်ဝန်ကြီးချုပ်၊ ကိုယ်ပိုင်အလံတွေထိ ခွင့်ပြုပေးထားတဲ့ ဥပဒေပိုဒ်ခွဲ ၃၇၀ ပဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့.. ဆိုရှယ်မီဒီယာတွေပေါ်လာပြီးနောက်ပိုင်း ကတ်ရှ်မီးယားဒေသမှာ ဘူရ်ဟန်ဝါနီလို့ခေါ်တဲ့ လူငယ်မူဂျာဟီဒင်တစ်ယောက် ပေါ်ပေါက်လာပါတယ်။ သူဟာ ဆိုရှယ်မီဒီယာပေါ်မှာ လူငယ်တွေရဲ့ ထောက်ခံမှုအများအပြားရထားတဲ့သူပေါ့။သူ့ရဲ့ ဗွီဒီယိုကြောင့် ကတ်ရှ်မီးယားပြည်သူတွေရဲ့ ယုံကြည်မှုက ပါကစ္စတန်ဘက်ကို အလေးသာလာတဲ့အချိန်မှာ ထောက်လှမ်းရေးအေးဂျင့်ဖြစ်တဲ့ ဇူနီက ဘူရ်ဟန့်ကို စစ်ဆင်ရေးတစ်ခုမှာ ပစ်ခတ်ဖမ်းဆီးလိုက်ပါတယ်။ ဘူရ်ဟန်ရဲ့ ကျဆုံးမှုကိုအသုံးချပြီး နိုင်ငံရေးသမားတွေက ပဋိပက္ခတစ်ခုဖန်တီးလိုက်တဲ့အခါ အဲဒီ ပဋိပက္ခရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ဇူနီ့ခေါင်းပေါ်ကျလာတဲ့အတွက် ဇူနီတစ်ယောက် ပြဿနာတွေကို နည်းမျိုးစုံသုံးပြီး ဖြေရှင်းဖို့ကြိုးစားပါတော့တယ်..။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…1.9GB / 830MB Quality…WEB DL 1080p ...
movie

Article 370 (2024)

2024
Afwaah (2023) 5.2
Afwaah (2023) Afwaah (2023) ********************* IMDb-5.2/10Netflixကနေ ထုတ်လွှင့်ခဲ့တဲ့ Drama/Thrillerအမျိုးအစား ဟင်ဒီစကားပြောဘောလိ၀ုဒ်ဇာတ်ကားဖြစ်ပြီး အမြတ်ငွေ ကုဋေ၃၀ထိရရှိခဲ့ပါတယ်။ပရိတ်သတ်အချစ်တော် မင်းသားကြီးနဝါးဇုဒ္ဒီးန် ဆစ်ဒီကီကအဓိကသရုပ်ဆောင်ထားပါတယ်။သဘာ၀မင်းသားကြီးလို့ချစ်စနိုးခေါ်ကြတာလည်းမပြောနဲ့ သူ့ရုပ်နဲ့သူ့သရုပ်ဆောင်ချက်တွေက သဘာ၀ကျကျ ပီပြင်လွန်းတာကြောင့် သူပါတဲ့ကားတိုင်းနီးပါး ပေါက်ခဲ့တာတွေချည်းပါ။မင်းသမီးကလည်းToilet: Ek Prem Katha(2017)မှာ အရှေးရဲ့ဇနီးဖြစ်သူနေရာကနေ ပါဝင်ခဲ့တဲ့ မင်းသမီးဘူမီပဒ်နေကရ်။Afwaah ဆိုတာက ကောလဟလလို့အဓိပ္ပါယ်ရပါတယ်။ ဒီဇာတ်လမ်းထဲမှာ ကောလဟလတစ်ခုကြောင့် လူနှစ်ယောက်ရဲ့ဘ၀ ဘယ်လိုဇောက်ထိုးမိုးမျှော်တွေဖြစ်မလဲဆိုတာ တွေ့ရမှာပါ။ဇာတ်လမ်းအကျဉ်း ပြည်နယ်ရွေးကောက်ပွဲအတွက် အမတ်လောင်းဗစ်ကီတစ်ယောက် မဲဆွယ်စည်းရုံးပွဲမှာ သူ့လူယုံရဲ့လက်ချက်နဲ့ လူတစ်ယောက်သေသွားတဲ့ဗီဒီယိုက ဆိုရှယ်မီဒီယာမှာပျံ့နှံ့သွားခဲ့ပါတယ်။ဒါကို ဇနီးလောင်းဖြစ်တဲ့ နီဗီက မနှစ်မြို့ခဲ့တဲ့အပြင် နီဗီအဖေကလည်း ဒီကိစ္စတွေရဲ့ခေါင်းဆောင်ဖြစ်နေတယ်။ဒီလိုအရှုပ်တွေကြားမှာ မနေချင်တဲ့ နီဗီတယောက် ရုတ်တရက်အိမ်ကထွက်ပြေးပါတော့တယ်။အဲဒီအချိန်မှာပဲ အမေရိကားပြန် စီးပွားရေးလုပ်ငန်းရှင် နဝါးဇ်က အိမ်ပြေးနီဗီကို ဝင်ကယ်ရင်း သူပါရောယောင်ဒုက္ခရောက်ပါတော့တယ်။တိုင်းပြည်အကျိုးပြုလုပ်ငန်းတွေ လုပ်မယ်ဆိုပြီး ပြန်လာခဲ့တဲ့နဝါးဇ်နဲ့ နိုင်ငံရေးကို ကိုယ်ကျိုးအတွက်အသုံးချနေကြတဲ့ခင်ပွန်းလောင်းနဲ့အဖေကြားဗျာများရတဲ့ နီဗီတို့နှစ်ယောက် သူတို့ရဲ့ရဲရင့်တဲ့စိတ်နဲ့ ဒီအရှုပ်အထွေးကြီးကိုရင်ဆိုင်နိုင်ပါ့မလားဆိုတာ.....။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V,Zwe,Moon,BpL,ThaikSanတို့ပဲဖြစ်ပါတယ်) File size…1.78GB / 800MB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Zwe~Moon~BpL~ThaikSan
movie

Afwaah (2023)

2023
Hamid (2018) N/A
Hamid (2018) CM Fan တွေအတွက်  ရုပ်ရှင်ကားကောင်း တစ်ခုကို ထပ်မံတင်ဆက်ပေးလိုက်ပါပြီ... ဟာမစ် ဆိုတဲ့ အသက် ၈ နှစ်ပဲ ရှိသေးတဲ့ ကလေးလေး ဟာ တစ်ရက်သော အခါမှာ သူ့ အဖေ အလုပ်သွားရာမှ ပြန်မလာတော့တာကို နားမလည်နိုင်ဖြစ်နေခဲ့ပါတယ်... အမေဖြစ်သူက လူပျောက်တိုင်ခဲ့ပေမဲ့ ဟာမစ် အတွေးထဲမှာတော့ အဖေ ဟာ ဘုရားသခင်နား ရောက်နေခဲ့လို့ ပြန်မလာနိုင်ဘူးလို့ မှတ်ယူထားပြီး ဘုရားသခင် နဲ့ ဆက်သွယ်ဖို့ သူ့ အတွေး နဲ့ သူ ကြိုးပမ်းပါတော့တယ်... တစ်ရက်မှာတော့ ဘုရားသခင် ရဲ့ သင်္ကေတ တစ်ခုဖြစ်တဲ့ ၇၈၆ ဆိုတဲ့ ဂဏန်း ကို ဖုန်းနံပါတ် တစ်ခု အဖြစ် သက်မှတ်ပြီး ဖုန်းခေါ်မိခဲ့သော အခါဝယ်.... ဒီရုပ်ရှင်ကားကို Little Neo မှ ဘာသာပြန်ပေးထားပါတယ်
movie

Hamid (2018)

2018