Channel Myanmar

Sujatha

Rasavathi (2024) 7
Rasavathi (2024) Rasavathi (2024) "အဂ္ဂိရတ်ဆရာ" IMDb - 7.6/10ခန့်ညားထယ်ဝါတဲ့ အသံပါဝါနဲ့ စကားပြောလေယူလေသိမ်းတွေကြောင့် ပရိသတ်သတိထားမိကြတဲ့ တမီလ်မင်းသား အာဂျွန်ဒါ့စ်ရဲ့ အသစ်ထွက်ရှိလာတဲ့ အချစ်နဲ့ ထိတ်လန့်သည်းဖိုကို အချိုးညီညီပေါင်းစပ်ထားတဲ့ရုပ်ရှင်တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ကိုဒိုင်ကာနယ်ဆိုတဲ့ အေးချမ်းတဲ့မြို့လေးမှာ ဒေါက်တာဆာဒါတစ်ယောက် ဇာတ်မြှုပ်နေထိုင်ရင်း သူ့ဆေးပညာကို ဆက်လက်လေ့လာနေခဲ့ပါတယ်။အဲဒီမြို့လေးကိုပဲ ဆူယာဆိုတဲ့ အမျိုးသမီးလေးက ဟိုတယ်မန်နေဂျာအဖြစ်ရောက်ရှိလာခဲ့ပြီး သူတို့နှစ်ဦး အကြောင်းတိုက်ဆိုင်ရင်း ရင်းနှီးသွားကြတယ်။ တစ်ယောက်နဲ့တစ်ယောက် အတိတ်ကဒဏ်ရာတွေ အဖြစ်အပျက်တွေပြောပြကြရင်း ပိုပိုရင်းနှီးလာခဲ့ကြပါတော့တယ်။နောက်ထပ် တာဝန်နဲ့အတူရောက်လာခဲ့သူကတော့ ရဲအရာရှိပါရာဆူ။ ပါရာဆူနဲ့ ဒေါက်တာဆာဒါကြား အဆင်မပြေမှုတွေရှိလာတဲ့အခါမှာတော့...။ အတိတ်ကဖြစ်ရပ်နဲ့ ပစ္စပ္ပုန်ကာလကြား အလှည့်ကျပြသရင်း စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…1.9GB / 855MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Rasavathi (2024)

2024
Balagam (2023) 8.2
Balagam (2023) Balagam 2023 (IMDb 8.1)အခုတင်ဆက်ပေးမဲ့ တောင်ပိုင်းတလဂူး ဒရမ်မာလေးက rating ကောင်းမွန်သလို သာမန်ချစ်ကြိုက်ကွဲငြားဇာတ်လမ်းတွေကို ကျော်လွန်ပြီး လူ့သဘာဝအဖွဲ့ မိသားစုဒရမ်မာဇာတ်ကောင်းလေးဖြစ်ပါတယ်ကျွန်တော်တို့ ဆယ်ကျော်သက်ဘဝတွေတုန်းက အသည်းစွဲ ဆရာမင်းလူရဲ့ ရယ်မောခြင်းအပိုင်းအစထဲက ဋရပ်ကွက်သားတွေလို ဒီဇာတ်ကားထဲကရွာသားတွေကို ကြည့်ရတာ သဘာဝလဲကျ ပြုံးလဲပြုံးမိရသလို ဂရုဏာလဲသက်လာမိရမှာပါဇာတ်လမ်းအစမှာ ဇာတ်ဆောင်မင်းသားက မြို့နဲ့ရပ်ဝေးရွာလေးမှာ ပီဇာဆိုင်ဖွင့်လိုက် အင်တာနက်ဆိုင်ထောင်လိုက် ဘီလိယကခုံထောင်လိုက်နဲ့ ဉာဏ်ကောင်းစွာစီးပွားရေးလုပ်ရင်း အကြွေးတင်သွားပါတယ်အဆိုပါအကြွေးကို ထပ်ဉာဏ်ကောင်းပြီး မိန်းမယူရင်း မိန်းမတင်တောင်းတဲ့ပိုက်ဆံနဲ့ ဆပ်ဖို့ကြံမှ မိန်းမယူခံနီး အဘိုးက ကောက်ခါငင်ခါသေဆုံးသွားပါတယအဲ့ကစ ဘုကျဘောက်ကျနဲ့ သဘာဝကျကျဇာတ်လမ်းဇာတ်ကွက်များကို ဘာတွေဆက်ဖြစ်မလဲဆိုတာ အဆုံးထိခံစားကြည့်ရှုဖို့ ပရိသတ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ် File size…2.58GB  / 1.15GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Sai ~ Cherry ~ Nyein 
movie

Balagam (2023)

2023