Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Suhasini Maniratnam
7.7
Honeymoon Express (2024)
Honeymoon Express ( 2024 ) ( အချစ်ရဲ့အမြန်ယာဉ် )ဒီတစ်ခါတော့ CM ပရိသတ်ကြီးတို့အတွက် ၂၀၂၄ ခုနှစ်ထွက် အချစ်ဟာသကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ -ပြိုင်ကားတစ်စီးပေါ်မှာ အငြင်းပွားရန်ဖြစ်နေတဲ့လင်မယားကိုတွေ့ရပါလိမ့်မယ်။ တကယ်လို့ ဒီလင်မယားဟာ လူကြီးတွေစီစဉ်ပြီးလက်ထပ်ပေးထားလို့ ဒီလိုရန်ဖြစ်နေတာပဲလို့ သင်ထင်ရင် မှားပါလိမ့်မယ်။တကယ်တော့သူတို့ဟာ မြင်မြင်ချင်းချစ်မိပြီး မခွဲနိုင်မခွာနိုင်ဖြစ်လို့ လက်ထပ်ယူထားကြသူတွေပါ။ ဒါဆိုရင် ဘာကြောင့်များ လက်ထပ်ပြီးတဲ့နောက်မှာ ကြားလေသွေးရင်တောင် ဝေးတယ်ထင်တဲ့အချစ်ငှက်မောင်နှံကနေ မတည့်အတူနေဆက်ဆံရေးအဖြစ်ကို ပြောင်းလဲသွားရပါလိမ့်။ လူတွေပြောကြသလို အိမ်ထောင်ရေးဆိုတာ အချစ်တို့ရဲ့အဆုံးသတ်ပဲ တကယ်ဖြစ်နေမလား။ဒီလင်မယားဟာလည်း ချစ်လို့ယူထားတဲ့အိမ်ထောင်ရေးကို အဆုံးမသတ်ချင်တဲ့အတွက် ဘယ်လိုတွေကြိုးစားမလဲဆိုတာကိုဟာသနှောပြီး ပေါ့ပေါ့ပါးပါးရိုက်ကူးပြထားပါတယ်။ တကယ်ပဲ အောင်မြင်ပြီး ပျော်ရွှင်စွာပေါင်းဖက်ကြလေသတည်းဖြစ်မလား၊ ပျော်ရွှင်စွာလမ်းခွဲကြလေသတည်းဖြစ်မလားဆိုတာကိုတော့ အဆုံးထိလိုက်ပါကြည့်ရှုပေးကြပါဦးရည်းစားဘ၀မှာ အချစ်ဆိုတာ လတ်ဆတ်လန်းဆန်းပြီး ပျော်စရာကောင်းပေမဲ့ အိမ်ထောင်ကျပြီးတဲ့အချိန်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် အချစ်ဆိုတာ ခြောက်သွေ့ညှိုးနွမ်းသွားတတ်ပါတယ်။ အကယ်၍သင့်မှာ လက်ထပ်ဖို့ရည်ရွယ်ထားသူရှိပြီ / ကြင်စဦးအိမ်ထောင် (သို့) အိမ်ထောင်သက်ကြာညောင်းနေပြီဆိုရင်တော့ အိမ်ထောင်ရေးပြဿနာတချို့ကို ဟာသနှောရိုက်ကူးထားတဲ့ ဒီကားလေးကို ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေဗျ..( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size… 2.26GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 58m Subtitle….Myanmar ...
movie
Honeymoon Express (2024)
9.4
Spark: L.I.F.E. (2023)
Spark L.I.F.E (2023) IMDb -9.4/10Mark Wahlberg ရဲ့ The Happening(2008)ကားကို မှတ်မိကြသေးလား။ လေထဲက ဘာမှန်းမသိတဲ့အရာတစ်ခုကြောင့် လူတွေ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြတာလေ။ ဒီတလေဂူးလ်ကားမှာလည်း လူတွေ ကိုယ့်ကိုယ်ကိုယ်သတ်သေကြတယ်။လေထဲက အရာကြောင့်တော့ မဟုတ် SPARKလို့ခေါ်တဲ့ အရာကြောင့်။ထူခြားတာက သတ်မသေခင်မှာ ဘေးနားကလူတွေကိုပါရက်ရက်စက်စက် သတ်သွားကြတာပဲ။ လက်ခါဆိုတဲ့ ကောင်မလေးဟာ ထူးထူးဆန်းဆန်းပဲ သူ့ရဲ့အိပ်မက်ထဲကို အပြင်မှာတစ်ခါမှ မတွေ့ဘူးတဲ့ ကောင်လေးတစ်ယောက်က ဆယ်နှစ်တိုင်တိုင် အမြဲတမ်း ရောက်ရောက်လာတတ်ပါတယ်။အိပ်မက်ထဲကကောင်လေးကိုပဲ လက်ထပ်ချင်နေပြီး သူ့အဖေပေးစားဖို့ ရည်ရွယ်ထားသူမှန်သမျှကို ငြင်းပစ်နေတဲ့အခါမှာတော့ လက်ခါအဖေဖြစ်သူကနေ ရက်၃၀အတွင်းမှာမှ သူ့ရဲ့ အိပ်မက်ထဲက ကောင်လေးကို သူ့ရှေ့ခေါ်လာမပြနိုင်ရင် သူပေးစားတဲ့သူနဲ့ ယူရမယ်ဆိုပြီး အမိန့်ထုတ်လိုက်တဲ့အချိန်မှာတော့ လက်ခါတစ်ယောက် ချစ်သူရှာပုံတော် ထွက်ရပါတော့တယ်။ဒီလိုနဲ့ တစ်ရက်မှာ လက်ခါလေးဟာ သူ့ရဲ့ အိပ်မက်ထဲကချစ်သူကို ရှာတွေ့ပြီး နောက်ကလိုက်တဲ့အခါမှာတော့ အဲဒီကောင်လေးဟာ ဆေးရုံကို ဓားပြလာတိုက်တဲ့သူ ဖြစ်နေပါတော့တယ်။ အဲဒီအချိန်မှာပဲ လက်ခါတို့မြို့မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတွေ ဖြစ်ပွားနေပါတယ်။ သတ်သေသွားသူတွေကလည်း သူတို့ကိုယ်တိုင် သတ်မသေခင်မှာ လူတချို့ကို သတ်ပြီးမှ ...
movie
Spark: L.I.F.E. (2023)
2023
8.1
Mr. Pregnant
Mr.PregnantIMDb-8/10အခုတစ်ခါမှာတော့ ၄ရက်အတွင်း၄ကုဋေကျော်အမြတ်ပြန်ရခဲ့တဲ့ ရုံတင်ကားအသစ်စက်စက်လေးကို CMပရိသတ်ကြီးအတွက် တင်ဆက် ပေးလိုက်ရပါတယ်ဇာတ်လမ်းအကျဉ်းဇာတ်လိုက်ကျော်ဂေါ်သမ်ဆိုတဲ့သူက နာမည်ကြီးလူငယ်တက်တူး ပညာရှင်တစ်ယောက်၊ သူ့ကို မဟီဆိုတဲ့ကောင်မလေးက တဖက်သတ်လိုက်ကြိုက်နေတာ ဒီခေတ်စကားအရဆို crush နေတာပေါ့မဟီက ဂေါ်သမ့်ဆီလာပြီး အမြဲတမ်းချစ်စကားတွေပြောလိုက်၊ကြူးလိုက် မိန်းကလေးဘက်ကနေပဲ လက်ထပ်ခွင့်တောင်းလိုက်နဲ့ပေါ့၊ ဂေါ်သမ်က အစကတော့ မဟီ့ကိုလက်မခံဘဲ အမြဲငြင်းနေရာကနေ နောက်တော့ မဟီ့ရဲ့အချစ်တွေကြားမှာကျရှူံးသွားပြီး သူတို့နှစ်ယောက်လက်ထပ်ကြလေသတည်းပေါ့။ ဒီအထိ ဇာတ်လမ်းကရိုးရိုးရှင်းရှင်းပေါ့လေ။တစ်နေ့ တက်တူးထိုးပြိုင်ပွဲလုပ်ရင်း ဂေါ်သမ်နိုင်သွားတာကို မကျေမနပ်ဖြစ်သွားတဲ့ မိုက်ကယ်ဆိုတဲ့ တက်တူးထိုးဆရာတစ်ယောက်က ဂေါ့်သမ်ကို ရန်ငြိုးဖွဲ့သွားတယ်။ဂေါ်သမ်နဲ့မဟီတို့ လက်ထပ်ပြီး မဟီက ကလေးယူချင်ပေမဲ့ ဂေါ်သမ်က မဟီကိုယ်ဝန်ဆောင်ရမှာကို အကြောက်အကန် ငြင်းခဲ့တယ်။ အဲဒီလို မဟီကိုယ်ဝန်ဆောင်မှာကို မလိုလားရတဲ့ ဂေါ်သမ့်ဆီမှာ ကိုယ်ဝန်ဆောင်ရမှာနဲ့ပတ်သက်တဲ့ ဆိုးရွားတဲ့ စိတ်ဒဏ်ရာတွေရှိနေခဲ့လို့ပါ ။မဟီကလည်း ကလေးဇွတ်လိုချင်နေတော့ နောက်ဆုံးမှာ ဂေါ်သမ်လည်းကလေးယူဖို့ သဘောတူခဲ့ပေမဲ့ ကလေးရလာချိန်မှာတော့ သန္ဓေသားလေးကို ယောက်ျားကြီးတန်မဲ့ သူကိုယ်တိုင်ပဲလွယ်ထားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် လောကကြီးမှာမဖြစ်နိုင်ဘူးလို့ထင်တဲ့အရာတွေက အိန္ဒိယကားတွေထဲမှာတော့ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ဂေါ်သမ်တစ်ယောက် ယောကျာ်းကိုယ်ဝန်သည်ကြီးအဖြစ် ဘယ်လိုမျိုးဂယက်တွေကြုံမလဲ၊ခုနက သူမသိလိုက်ဘဲ ရန်သူဖြစ်သွားတဲ့ မိုက်ကယ်ဆိုတဲ့သူရဲ့ရန်ငြှိုးဖွဲ့မှုတွေကို ဘယ်လိုမျိုးရင်ဆိုင်သွားရမလဲဆိုတာကိုသိချင်ရင်တော့ အချစ်၊အလွမ်း၊ဟာသ ၊အက်ရှင်စတဲ့ရသစုံပါတဲ့ဒီဇာတ်ကားလေးကိုCMရုပ်ရှင်ချစ်ပရိသတ်ကြီးကပဲဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦးဗျ...(အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ YH ~ KKKZ ~ Dee ~ Alex ...
movie
Mr. Pregnant
2023
7.8
Gurtunda Seetakalam (2022)
Gurthunda Seethakalam (2022)IMDb-7.7/10ဒီတစ်ခါတော့ ဘာဟုဗလီမင်းသမီးချောလေး သမန်နားပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်ဇာတ်မြူးလေးပါကန်နာဒါဘာသာစကားပြော love mocktail ဇာတ်ကားကို remake လုပ်ထားတဲ့ တေလဂူစကားပြော တောင်ပိုင်းရုပ်ရှင်ပါအိန္ဒိယကားတွေထဲမှာ အိုဗာအက်တင်တွေမပါဝင်ပဲ အချစ်အကြောင်းကို ရိုးရိုးရှင်းရှင်းနဲ့ ဖော်ပြပေးထားတဲ့ ဒီကားလေးမှာ အချစ်ရဲ့အဓိပ္ပာယ်ကို အဓိကဇာတ်ဆောင် ဒေ့ဗ်ရဲ့ အချစ်ရှာပုံတော်ခရီးလေးနဲ့အတူ ဖွင့်ဆိုထားတာကို တွေ့ရပါတယ် မူရင်းကားထဲကလို အိုဗာဟာသတွေဇွတ်ထည့်မနေပဲနဲ့ သင့်တော်တဲ့ရယ်ရွှင်စရာလေးတွေနဲ့ ကြည်နူးတစ်ခါပျော်ရွှင်တစ်လှည့်နဲ့ ကောင်မလေးနဲ့တူတူကြည်နူးနိုင်ဖို့ ပရိတ်သတ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ် File size…2.05GB / 916MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Sai ThuRein ~ Nyein Aye
movie
Gurtunda Seetakalam (2022)
2022
6.3
Hey! Sinamika (2022)
Hey Sinamika 2022မိန်းမတွေကစကားအရမ်းများတယ်လို့ အဆိုရှိကြတယ်မလား ဒါပေမယ့်ဒီဇာတ်ကားမှာတော့ရေပက်မဝင်အောင်ပြောတဲ့ယောကျာ်းကြောင့်ကွာရှင်းချင်နေတဲ့ မိန်းမတစ်ယောက်ရဲ့ဘဝဇာတ်ကြောင်းကိုကြည့်ကြရမှာပဲဖြစ်ပါတယ်Netflix ကနေထုတ်လွှင့်ပေးထားပြီး IMDb 6.3ထိရရှိထားတဲ့ ဒီဇာတ်ကားမှာဆိုရင်တော့ မိုနာဆိုတာက ရာသီဥတုလေ့လာဆန်းစစ်သူပါတစ်နေ့မုန်တိုင်းကြားမှာ ဟိန္ဒိစကားသိပ်မပြောတတ်တဲ့ကောင်လေးတစ်ယောက်ကို စကားနည်းတယ်ဆိုပြီးမြင်မြင်ချင်းအချစ်နဲ့နှစ်ယောက်သားလက်ထပ်လိုက်ကြပါတယ် ဒါပေမယ့် လူဆိုတာကြာကြာပေါင်းမှအကြောင်းသိဆိုသလိုပဲဘာသာစကားလေ့လာတတ်ကျွမ်းသွားတဲ့ ရာလန်တစ်ယောက် တွေ့သမျှကိုမေးခွန်းထုတ်ပြီး ရေပက်မဝင်ပြောပါတော့တယ်"စကားပြောတာက အသက်ရှုနေရတာနဲ့အတူတူပဲ" ဒီစကားက ရာလန့်ကိုစကားပြောတာရပ်ခိုင်းရင်သူပြန်ပြောနေကျပါစကားပြောတာအပြင်ကိုအချက်အပြုတ်ပါ ဝါသနာပါတော့ တွေ့မြင်သမျှပေါက်ကရကအစ မိန်းမကိုကျွေးနေတော့သည်းမခံနိုင်တော့တဲ့တစ်နေ့ မိုနာ အလုပ်ကသူငယ်ချင်းတွေနဲ့ပေါင်းပြီး ကွာရှင်းဖို့နည်းလမ်းရှာပါတော့တယ်ရာလန်ကိုစိတ်ဆိုးအောင်လုပ်ပြီးကွာမယ်ဆိုတဲ့အစီအစဉ်က အောင်မြင်သွားမလား လွဲချော်ကုန်မှာလားဒါ့အပြင်မိုနာတို့ကုမ္ပဏီက တစ်နှစ်စာခရီးထွက်ဖို့ပရောဂျက်ကျလာတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်ကြမလဲမျက်ရည်ထွက်အောင်ရယ်ရတဲ့ Netflix ရဲ့ Romance/Comedyဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့ တင်ဆက်ပေးလိုက်ရပါတယ်ရှင်(အညွှန်းရေးသားသူက Yunni ဖြစ်ပါတယ်) File size…1.34GB / 3GB Quality…720p WEB DL / 1080p WEB DL AAC 5.1CH Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Go-O & Honeyey & Haruko
movie
Hey! Sinamika (2022)
2022
7.3
Tholi Prema (2018)
Tholi Prema (2018) IMDb Rating - 7.3/10________Google Users - 94 % ဒီတစ်ပတ်မှာတော့ တေလဂူး အချစ်ကားလေးတွေ ကြည့်ပြီး ရိုချင်ကြတယ်ဆိုတဲ့ တေလဂူးပရိသတ်တွေအတွက် အချစ်ဟာသ ဖန်စီကားလေး တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားဟာ ၂၀၁၈ လောက်ကတည်းက အကြည်တက်ခဲ့ပေမဲ့ စာတန်းထိုးဖိုင် မပါခဲ့ဘဲ ခု တမီးလ်ဗားရှင်းတက်တော့မှ စာဖိုင်မှန် ရခဲ့ပါတယ်။ ခု ကျွန်တော်တို့ တင်ပေးလိုက်တာကတော့ မူရင်း အသံဖြစ်တဲ့ တေလဂူးအသံနဲ့ပါ။ မင်းသားကတော့ တောင်ပိုင်းပရိသတ်တွေ အကြိုက်တွေ့ကြတဲ့ မင်းသားချော ဗာရွန် ပါ။ မင်းသမီးကတော့ ကျွန်တော့်ရည်းစားသစ် ရာရှီခန်းနားပါ။ ရိုမန့်စ်ကားတွေ ကြည့်ရင် မင်းသားမင်းသမီးချောဖို့လည်း လိုသေးတယ်မလား။ ဇာတ်လမ်းအကျဉ်း ----------- -------------- ဇာတ်ကားနာမည်က မြန်မာလို 'အချစ်ဦး'ပါတဲ့ဗျာ။ အချစ်ဦးဆိုတာကလည်း... ဘယ်အချိန်၊ဘယ်အခြေအနေဖြစ်ဖြစ် .. သတိရနေတတ်တာမျိုး မဟုတ်လား။ ယောကျ်ားလေးတစ်ယောက် အရမ်းကို စိတ်ညစ်နေပြီး သောက်စားမူးယစ်နေပြီဆိုရင် သေချာပါတယ်။ သူ အလုပ်အကိုင် ဆုံးရှုံးမှုဖြစ်ရင်ဖြစ်၊ အချစ်ရေးမှာ ဆုံးရှုံးမှုဖြစ်ရင်ဖြစ် ဒီနှစ်ခုပဲ ရှိတယ် ...
movie
Tholi Prema (2018)
2018