Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sudhi Koppa
7.7
Pattaapakal (2024)
Pattaapakal (2024)"နေ့ခင်းကြောင်တောင်" =================================အသစ်ထွက်ထားတဲ့ မာလျာလမ်စကားပြော မှုခင်းဆန်ဆန် ဟာသဒရာမာရုပ်ရှင်လေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ဝန်ကြီးတစ်ယောက်ရဲ့အိမ်မှာ ဖောက်ထွင်းမှုတစ်ခုဖြစ်သွားပါတယ်။ ဖောက်ထွင်းမှုဖြစ်တယ်ဆိုပေမဲ့ ပစ္စည်းတစ်ခုမှ အိမ်ထဲကနေပျောက်မသွားပါဘူး။ ဝန်ကြီးရဲ့ လျှို့ဝှက်ချက်တွေပါတဲ့ ပင်န်ဒရိုက်ဗ်တစ်ခုက လွဲလို့ပေါ့။ဝန်ကြီးဟာ အဲဒီ ဒရိုက်ဗ်ထဲကဒေတာတွေကို လူတွေကြားထဲပြန့်မသွားစေချင်တဲ့အတွက် ဘယ်သူမှထိန်းလို့မရတဲ့ ဘေဘီဆိုနဲ့ ရဲမှူးကို သူခိုးဖမ်းဖို့တာဝန်ပေးလိုက်ပါတယ်။အဲဒီလို ပင်န်ဒရိုက်ခိုးသွားတဲ့သူခိုးကို လိုက်ဖမ်းရင်း ဝန်ကြီးရယ်၊ ဂိုဏ်းစတားတစ်ယောက်ရယ်၊ သူခိုးတွေရယ် အချင်းချင်း ငြိကုန်ကြပုံကို ဒီရုပ်ရှင်ထဲမှာ ဟာသဆန်ဆန်မြင်တွေ့ရမှာပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.2GB / 1.1GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 45min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Pattaapakal (2024)
Mayavanam (2024)
Mayavanam (2024)ဆေးကျောင်းသားလေးယောက်စွန့်စားခန်းဆေးကောလိပ်တစ်ခုက ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ရှန်ကူ ၊ မာလူ ၊ တိုင်ဆက် ၊ လာချူးတို့ လူငယ်လေးယောက်က ကျောင်းသားအရေး ကျောင်းအရေးတွေမှာ တက်တက်ကြွကြွလှုပ်ရှားကြတဲ့ လူငယ်လေးယောက် ။တစ်နေ့ဆေးနဲ့ပတ်သတ်တဲ့ ကမ်ပိန်းသွားလုပ်ရင်း လူမိုက်တစ်ဖွဲ့နဲ့ပြဿနာဖြစ်လာတယ် ၊ အဲဒီလူမိုက်အဖွဲ့ထဲမှာ အကောင်ကြီးကြီးအနွှယ်တွေပါနေတာကြောင့် ကျောင်းအုပ်ကြီးက ပြဿနာတွေရှုပ်မလာအောင် သူတို့လေးယောက်ကို သူ့သူငယ်ချင်းရဲ့ အပန်းဖြေအိမ်ကို ခဏပို့လိုက်တယ်အဲဒီသွားတဲ့လမ်းမှာလည်း မဟုတ်မခံဇာတ်ဇာတ်ကြဲလေးလာချူးက သူ့လာကြောင်တဲ့အကောင်တစ်ကောင်နဲ့ ပြဿနာထပ်ဖြစ်ရော ။ရှောင်တယ်လို့မတွေးဘဲ ကျေးလက်မှာခဏပျော်ကြမယ်လို့တွေးပြီးရောက်လာတဲ့ သူတို့လေးယောက်ဆီ မထင်မှတ်ထားတဲ့အန္တရာယ်တွေရောက်လာချိန်မှာတော့.......အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni တို့ပဲဖြစ်ပါတယ် File size… 2.2GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Yunni
movie
Mayavanam (2024)
2024
6.4
Nadanna Sambhavam (2024)
Nandanna Samhbavam (2024) "လွတ်မြောက်ရာ" IMDb - 6.4/10ခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ မလေယာလမ် မိသားစုဒရာမာ ရုပ်ရှင်ကားလေးပါ။ မလေယာလမ်းမင်းသားကြီး ဘီဂျူးမီနွန် သရုပ်ဆောင်ထားပြီး ရုပ်ရှင်ဝေဖန်သူတို့ရဲ့ ဝေဖန်သံတွေအမျိုးမျိုးကြားက ရုံတင်ငွေ အောင်မြင်ခဲ့တဲ့ကားလေးလဲဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ကြေးရတတ်အသိုင်းအဝိုင်းတွေနေကြတဲ့ရပ်ကွက်ကို မိသားစုတစ်ခု အိမ်ပြောင်းလာတာကနေစပါတယ်။ ချစ်စရာသမီးလေးရယ် ဇနီးချောလေးရယ်နဲ့ ပျော်ရွှင်တဲ့မိသားစုတစ်ခုကိုဦးဆောင်နေတဲ့ အူနီ။ နေတတ်ထိုင်တတ်တဲ့သူ့ကို ပတ်ဝန်းကျင်က အမျိုးသမီးတွေက အထင်ကြီးလေးစားပြီး အရောတဝင်ရှိကြတာပေါ့။ဒါကိုပဲ မကြိုက်ကြတဲ့ ခင်ပွန်းသည်တွေ ယောကျ်ားသားတွေက ဒီဘဲ ဘာအထာလားဖြစ်ကြရော။ အမြင်မကြည်တာတွေကနေစပြီး တစ်စတစ်စနဲ့ ပြဿနာတွေတက် ရုံးရောက်ဂါတ်ရောက်ဖြစ်ရာကစ ပိုပိုပြီးကြီးထွားလာတဲ့ ပြဿနာတွေကြားမှာ ဒီမိသားစုလေး ပျော်ရွှင်စွာနေနိုင်ပါ့မလားဆိုတာ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Nadanna Sambhavam (2024)
2024
6.6
King of Kotha (2023)
King Of Kotha (2023)IMDb - 6.6/10အင်္ဂလိပ်တွေ အုပ်စိုးတဲ့ခတ်တုန်းက ခိုသာဆိုတဲ့ မြို့လေးဟာ ရာဇဝတ်ကာင်တွေကို သေဒဏ်ပေးပြီးရင် မြေမြှုပ်ပစ်တဲ့ နေရာတစ်ခုဖြစ်ပါတယ် ခေတ်အဆက်ဆက်ပြောင်းလာပြီးတဲ့နောက်မှာတော့ ခိုသာဆိုတဲ့နေရာဟာ မြို့သေးသေးလေးဖြစ်လာခဲ့ပါတယ်ခိုသာဆိုတဲ့မြို့လေးမှာတော့ အရမ်းကို တော်ပါတယ်ဆိုတဲ့ ရဲတွေ အရာရှိတွေတောင်မှ ပြန်ပြေးရလောက်အောင်အထိကို အင်အားကြီးမားတဲ့ ဂိုဏ်းတစ်ခု ရှိနေပါတယ် အဲဒီဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်သူကတော့ ကန်နန်လို့ ခေါ်ပါတယ် ။ ကန်နန်တို့ဂိုဏ်းဟာ လူငယ်တွေကို လမ်းမှား မရောက်ရောက်အောင်လုပ်ဖို့အတွက် မူးယစ်ဆေးတွေကိုလည်း ရောင်းဝယ်နေကြပြီး အဲဒီမြို့မှာ ရှိတဲ့ ရဲဝန်ထမ်းတွေကိုလည်း သူတို့ရဲ့ အားနည်းချက်ကို သုံးပြီး ချုပ်ကိုင်ထားပါတယ်ဒီဂိုဏ်းကို နှိမ်နင်းဖို့အတွက် အင်စပက်တာ ရှာဟူး ကို ခိုသာမြို့ကို စေလွှတ်လိုက်တဲ့နောက်မှာတော့ အင်စပက်တာကြီးက ဒီဂိုဏ်းကို ဖြိုခွင်းဖို့အတွက် ဘယ်လိုနည်းလမ်းတွေ သုံးမလဲ.....ဇာတ်လမ်းရဲ့ နာမည်အရ King of Kotha ဆိုတဲ့ နေရာကိုရော ဘယ်သူက ပိုင်ဆိုင်သွားမလဲဆိုတာကို ကြမ်းကြမ်းတမ်းတမ်းဇာတ်ဝင်ခန်းတွေနဲ့အတူ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo, Zwe, Alex, ...
movie
King of Kotha (2023)
2023
4K HEVC
8.0
Mukundan Unni Associates™ (2022)
Mukandan Unni Associate ==================== imdb rating 8.0/ 1.5k၂၀၂၃ မှာထွက်ရှိလာတဲ့ ဒီကားလေးက အင်ဒီယန်း မာလာရမ် စကားပြောရုပ်ရှင်ဖြစ်ပြီး ရှားရှားပါးပါးblack comedy အမျိုးအစားဖြစ်ပါတယ်။ Night crawler ကြည့်ဖူးတဲ့သူတွေဆိုရင် အဲ့ထဲက မင်းသားဘယ်လောက်တောင် သောက်ခွက်ဖြတ်ရိုက်ချင်စရာကောင်းလဲသိမှာပါခုဒီဇာတ်ကားထဲက အဓိကဇာတ်ဆောင် ရှေ့နေမူကန်ဒန်ရဲ့ မအောင်မြင်တဲ့ဘဝကနေ အောင်မြင်လာအောင် ဘယ်လိုတက်ကျမ်းတွေကို ဘယ်လိုသုံးပြီး အိန္ဒိယကားများထုံးစံ နိုင်ငံရေး ကျန်းမာရေး ရဲ တရားသူကြီး ရှေ့နေ တစ်ခုမကျန် ပတ်လှောင်ထားတာကိုတွေ့ရမှာပါဒီမင်းသားရဲ့ ယဉ်ယဉ်လေးရူးနေတဲ့ပုံစံနဲ့ ဇာတ်ကိုသယ်သွားတဲ့ပုံက ဇာတ်လမ်းပြီးသွားတာတောင် မသိလိုက်ရလောက်အောင် ဇာတ်ရှိန်လုံးဝမကျတဲ့ထိပါပဲ အဲ့တော့ ပရိသတ်များခံစားဖို့အတွက် ဒီအောင်မြင်ကြီးပွားရေးဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် File size…2.39GB / 829MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai ThuRein Lynn
movie
Mukundan Unni Associates™ (2022)
2022