Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Suchitra Krishnamoorthi
6.6
Romeo Akbar Walter(2019)
Romeo Akbar Walter(2019) စပိုင်ဇာတ်ကား ချစ်သူများအတွက် အိန္ဒိယဇာတ်ကား Romeo Akbar Walter (2019) နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ပါကစ္စတန်နိုင်ငံကနေ အရှေ့ပါကစ္စတန်(ယခု ဘင်္ဂလားဒေ့ရှ်) ရဲ့ ခွဲထွက်တဲ့ကာလက အကြောင်းအရာကို ရိုက်ကူးထားတာပါ။ ဖခင်ဖြစ်သူကို အားကျစိတ်နဲ့ စစ်ထဲကိုဝင်ပြီး စစ်တက္ကသိုလ်မှာ ထူးချွန်ခဲ့ပေမဲ့ ဖခင်ဆုံးပါးသွား တဲ့အခါ အမေတစ်ခုသားတစ်ခုဖြစ်တဲ့အတွက် အမေ့ရဲ့ ဆုံးဖြတ်ချက်နဲ့ စစ်တပ်ကထွက်ခဲ့ရတဲ့ ဘဏ်စာရေးလေး ရိုမီရိုအလီတစ်ယောက် တစ်နေ့မှာ နိုင်ငံအတွက် တာဝန်ထမ်းနိုင်ဖို့ အခွင့်အရေးတစ်ခုရလာပါတယ်။ အိန္ဒိယရဲ့ နိုင်ငံတကာထောက်လှမ်းရေး(RAW) က ပါကစ္စတန်ကို စပိုင်အဖြစ်နဲ့စေလွှတ်တာပဲဖြစ်ပါတ ယ်။ သူက တာဝန်တွေကို ကျေကျေပွန်ပွန်ထမ်းဆောင်ခဲ့ပေမဲ့ RAW က အရေးကြုံလာတဲ့အခါမှာ သူ့ကို ပစ်ပယ်ထားလိုက်ကြပါတ ယ်။ အဲဒီအချိန်မှာ သူ အသက်ရှင်နိုင်အောင်ဘာတွေလုပ်လဲဆိုတာကို စိတ်ဝင်တစားကြည့်ရမှာပါ။ IMDB Rating ကတော့ 6.6 ရရှိထားပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ demon ပဲဖြစ်ပါတယ်... File Size : (1 GB) and ...
movie
Romeo Akbar Walter(2019)
2019
7.9
Kabhi Haan Kabhi Naa(1994)
Kabhi Haan Kabhi Naa(1994) ==================================== "ကိုယ့်ဆန္ဒအတိုင်းသာဆိုဟောဒီအိပ်မက်ထဲကလုံးဝကိုမနိုးထချင်တော့ပါဘူး" "ကြယ်တွေကြွေတိုင်းဘုရားထံတောင်းတဲ့ဆုကမင်းအချစ်ရရှိဖို့ပါ" ဟောဒီလောကမှာသူရဲကောင်းတွေရဲ့အချစ်ဇာတ်လမ်းတွေကို ဘယ်လောက်ထိတောင်ကြားသိဖူးပြီးသွားပြီလဲ အရှုံးသမားတွေရဲ့အချစ်ဇာတ်လမ်းတွေရောသိကြရဲ့လား တဖွဲ့တနွဲ့ရေးတဲ့သူတွေရောရှိပါ့မလား လောကမှာဟီးရိုးတွေအတွက်သာခမ်းနားတဲ့အချစ်ဇာတ်ရှိပြီး ဇီးရိုးတွေအတွက်ရောရှိပါ့မလား ဘယ်သူကရောရေးဖွဲ့လို့ဘယ်သူကရောအချိန်ပေးဖတ်ရှု့မှာလဲ အခုဇာတ်လမ်းလေးကလည်းဒီလိုပါပဲ အရှင်းဆုံးပြောရရင်ဇီးရိုးတစ်ယောက်ရဲ့အချစ်ဇာတ်လမ်းပေါ့ ဘယ်လောက်ဇီးရိုးကျလဲဆိုရင် မိသားစုထဲမှာမျက်နှာကောင်းမရ အပေါင်းသင်းကြားထဲမှာမျက်နှာငယ် ကိုယ်ချစ်တဲ့မိန်းကလေးရှေ့မှာခေါင်းမမော့နိုင်တဲ့သူတစ်ယောက်အကြောင်း သူ့နာမည်ကတော့ဆူနီးလ်တဲ့ ဟုတ်ပါတယ် အလုပ်အကိုင်မယ်မယ်ရရမရှိ ပညာရေးကျတော့လည်းစာမေးပွဲ၃နှစ်ဆက်တိုက်ကျဆိုတဲ့ဂုဏ်နဲ့ ဘာထူးခြားတာများရှိလဲ အများနဲ့မတူထူးခြားတာဆိုလို့တေးဂီတ ဆူနီးလ်ဟာတေးဂီတပိုင်းမှာတော့ပါရမီရှိသူတစ်ဦး ဒါပေမဲ့ဖြစ်ဖြစ်မြောက်မြောက်တော့အောင်မြင်မှုမရှိသေးဘူး သူ့မှာတဖက်သတ်စိတ်ဝင်စားနေရတဲ့အန္နာဆိုတဲ့ကောင်မလေးတစ်ယောက်ရှိတယ် အန္နာဟာဆူနီးလ်ကိုတော့သူငယ်ချင်းတစ်ယောက်လိုပဲသဘောထားပြီး သူတို့အဖွဲ့ထဲကခရစ်ကိုတော့ရင်ခုန်နေပုံပါပဲ ဘာကြောင့်လဲဆိုတော့ ဆူနီးလ်နဲ့ယှဉ်လိုက်ရင်ခရစ်ဟာအဖက်ဖက်ကအပုံကြီးသာနေလေတယ် ပညာအရည်အချင်း အလုပ်အကိုင် ဂုဏ်အဆင့်အတန်းအသိုင်းအဝိုင်း ဒီလိုအခြေနေမှာဆူနီးလ်တစ်ယောက်အန္နာ့အချစ်ကိုရပါ့မလား...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zaw Htooပဲဖြစ်ပါတယ်... File Size : (1.1 GB) and (399MB) Quality : Web-DL720P, Format…mp4 Duration…02:38:00 Genre : Drama, Music,Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Zaw Htoo Encoded by Phyo Pyae
movie
Kabhi Haan Kabhi Naa(1994)
1994