Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Subhalekha Sudhakar
6.5
Yatra 2 (2024)
Yatra 2 2024၂၀၀၉ခုနှစ်တုန်းက ထွက်ရှိထားတဲ့ နိုင်ငံရေးဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ Yatraရဲ့ အဆက် Yatra 2 ထွက်ရှိလို့လာခဲ့ပါပြီ။အရှေ့ဇာတ်လမ်းကို ပြန်နွှေးပေးရမယ်ဆိုရင် ရာဂျာရှက်ခါရာရက်ဒီဟာ ဖခင်ဖြစ်သူရဲ့ နိုင်ငံ့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးမှုကို ခံခဲ့ရပြီး ဝန်ကြီးချုပ်တစ်ယောက်ဖြစ်လာအောင် ကြိုးစားလှုပ်ရှားခဲ့ပုံကို ရိုက်ကူးတင်ဆက်ထားပါတယ်။အခု Yatra2 မှာတော့ ရာဂျာရှက်ခါရာရက်ဒီရဲ့ သားဖြစ်သူ ဂျာဂန်မိုဟန်ရက်ဒီရဲ့ နိုင်ငံရေးလမ်းကြောင်း လျှောက်လှမ်းပုံကို ဆက်လက်ပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။ ဝန်ကြီးချုပ်ရာဂျာရှက်ခါရာရက်ဒီဟာ ပြည်သူတွေရဲ့ အကျိုးကို လိုလားသူတစ်ယောက်ဖြစ်တဲ့အတွက် ပြည်သူတွေကလည်း သူ့ကို အရမ်းကို ချစ်မြတ်နိုးကြပါတယ်။ ဝန်ကြီးချုပ်ဆိုပြီး သူ့ကိုယ်ကျိုးကို မကြည့်ဘဲ ပြည်သူတွေရဲ့ အကျိုးကိုပဲ ကြည့်ပေးတဲ့ ဝန်ကြီးချုပ်ကောင်းတစ်ယောက်ပေါ့။ ဒီလိုနဲ့ သူ့ရဲ့သားဖြစ်သူ ဂျာဂန်မိုဟန်ရက်ဒီကိုလည်း နိုင်ငံရေးလောကထဲဆွဲသွင်းပြီး သားဖြစ်သူ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်တာ ၉လလောက်ပဲ ရှိတဲ့အချိန်မှာပဲ ရာဂျာရှက်ခါရာရက်ဒီဟာ ဟယ်လီကော်ပတာနဲ့ ခရီးသွားစဉ် ရုတ်တရက်ပျောက်ဆုံးသွားခဲ့ရင်း ရှာလို့မတွေ့တဲ့အဆုံးမှာ သေလူအဖြစ်နဲ့ ဈာပနာပွဲပြုလုပ်လိုက်ရပါတော့တယ်။ပြည်သူချစ်တဲ့ ဝန်ကြီးချုပ်မရှိတော့တဲ့အချိန်မှာ ပြည်သူတွေ, ပါတီဝင်တွေ အကုန် ဝမ်းနည်းကြပေမယ့် ဝန်ကြီးချုပ်ရဲ့လစ်လပ်နေရာကိုတော့ အစားထိုးဖို့ လိုအပ်လာတဲ့အချိန်မှာ ပါတီဝင် MLAအယောက်၁၅၀ဟာ ...
movie
Yatra 2 (2024)
2024
8.1
Game On (2024)
Game On 2024 (ဘဝကစားပွဲ)ဆစ်ဒဟာ့သ်လို့ ခေါ်တဲ့ကောင်လေးဟာ ဂိမ်းကုမ္ပဏီတစ်ခုမှာ မားကတ်တင်းပိုင်းတာဝန်ယူထားပြီး ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းနေသူတစ်ဦးဖြစ်ပါတယ်။သူ့ဘဝမှာလည်း အဖော်ဆိုလို့ အချစ်ဆုံးသူငယ်ချင်းရာဟူးလ်နဲ့ အချစ်ရဆုံးသောချစ်သူ မော့ခ်ရှာတို့နှစ်ယောက်ပဲ ရှိပါတယ်။ သူငယ်ချင်းကိုလည်း မရှိမဖြစ် အရမ်းချစ်သလို ချစ်သူကိုလည်း မျက်နှာလေးမညှိုးစေရအောင် အကုန်လိုက်ဖြည့်စည်းပေးနေတဲ့ ဆစ်ဒဟာ့သ်ကို သူ့ရဲ့ချစ်သူနဲ့ သူငယ်ချင်းက ပေါင်းပြီးတော့ သူ့ရဲ့ပရောဂျက်ကို လုယူပြီးအလုပ်ပြုတ်အောင်လုပ်ရုံတင်မကဘဲ နှစ်ယောက်သားဖောက်ပြန်ကြတာကိုသိသွားတာတောင် နောက်ထပ်မလုပ်ဘူးကတိပေးရင် ခွင့်လွှတ်ပေးမယ်ဆိုပြီးပြောတဲ့ ပုခုံးကောင်းကောင်းဂျိုပေါက်နေတဲ့ဆစ်ဒဟာ့သ်။ဒီလိုနဲ့ ဘဝမှာ အလုပ်ရော ချစ်သူကိုပါ ဆုံးရှုံးခဲ့ရပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်လုပ်ဖို့ ထွက်လာတဲ့လမ်းမှာတောင် ဓားပြက တိုက်ခံရသေးတယ်။ သူ့ရဲ့အဖြစ်ဆိုးလှတဲ့ဘဝကြီးကို ထိုင်တွေးနေရင်း ဖုန်းတစ်ကောလ်ဝင်လာခဲ့ပါတယ်... အဲဒီဖုန်းကောလ်ကတော့ ငယ်ငယ်က ဆော့တဲ့ဂိမ်းတွေလိုမျိုး မစ်ရှင်တွေလုပ်ပြီး အောင်မြင်ရင် တကယ့်ပိုက်ဆံရမယ့်ဂိမ်းပဲဖြစ်ပါတယ်။ အစပိုင်းမှာ ယင်ကောင်သတ်တာမျိုး ကလေးကိုငိုအောင်လုပ်ရတာမျိုးလို မစ်ရှင်သေးသေးလေးတွေလုပ်ရင်း ပိုက်ဆံရနေပေမဲ့ နောက်ပိုင်းမှာရော ဘယ်လိုမစ်ရှင်တွေ လုပ်ဆောင်ရမလဲ ....... ဆိုတာကို ဟာသလေးတွေနှောရင်း ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni~BpL~V~Alex~ToMo တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> ...
movie
Game On (2024)
2024
5.6
Ramabanam (2023)
Ramabanam 2023 IMDb 5.9/10 Action/Dramaအခုတစ်ခါတင်ဆက်ပေးမယ့် တေလဂူးရုပ်ရှင်ကတော့ အက်ရှင်အကြမ်းစားတွေအပြင် မိသားစုတွေကြားထဲက ၅၂၈မေတ္တာ ချစ်သူတွေကြားက ၁၅၀၀မေတ္တာကိုပါ ကြည့်ရှုခံစားရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ရိုးသားမှုကို အရင်းခံပြီး သမာအာဇီဝကျကျနဲ့ စီးပွားရေးလုပ်ကိုင်နေတဲ့ ရာဂျာရမ်မှာ ဗစ်ကီလို့ခေါ်တဲ့ ညီလေးတစ်ယောက်ရှိပါတယ်။ ရန်ကိုရန်ချင်းမတုံ့နှင်းဖို့ အစ်ကိုဖြစ်သူက အမြဲဆုံးမလေ့ရှိပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ ဗစ်ကီတစ်ယောက် အစ်ကိုဖြစ်သူ မတရားသဖြင့် ဒုက္ခခံနေရတာကို မြင်ရပြီးနောက် လက်တုံ့ပြန်ခဲ့ပါတယ်။အစ်ကိုဖြစ်သူသိသွားပြီး ဗစ်ကီနဲ့ အချေအတင်ဖြစ်ကြတဲ့အခါ ဗစ်ကီတစ်ယောက် အိမ်ကနေ ထွက်ပြေးသွားခဲ့ပါတယ်။ ကာလကတ္တားမြို့ကို လက်ဗလာနဲ့ရောက်သွားတဲ့ဗစ်ကီတစ်ယောက် လုပ်ငန်းရှင်တစ်ဦးနဲ့ချိတ်ဆက်မိပြီး ယုံကြည်အားကိုးရတဲ့သူတစ်ယောက်ဖြစ်လာပါတယ်။ ထင်ထားသလောက်မရိုးရှင်းတဲ့စီးပွားရေးလုပ်ငန်းမှာ ဗစ်ကီတစ်ယောက် အစ်ကိုဖြစ်သူမကြိုက်တဲ့ ဒုစရိုက်မှုတွေလုပ်ပြီး ကြီးပြင်းလာခဲ့ပါတယ်။အချိန်တန်အရွယ်ရောက်လို့ ချစ်ရတဲ့သူတွေ့လာတဲ့အခါ လက်ထပ်ထိမ်းမြားဖို့ မိသားစုက အရေးပါတယ်ဆိုတာ ဗစ်ကီသိရတဲ့အခါ အစ်ကိုဖြစ်သူနဲ့မိသားစုဝင်တွေရှိရာဆီကို ပြန်လာခဲ့ပါတယ်။ မိသားစုတွေ ပြန်လည်ပေါင်းစည်းကြမိပေမယ့် ဖုံးကွယ်ထားရတဲ့အခက်အခဲကိုယ်စီလည်း ရှိနေကြပါတယ်။ ဗစ်ကီနဲ့အစ်ကိုဖြစ်သူ ဘာတွေဆက်ဖြစ်ကြမလဲ။ အခက်အခဲတွေကရော ဘာတွေဖြစ်မလဲ။ မိသားစုတွေ ပျော်ပျော်ရွှင်ရွှင်နေသွားရမလားဆိုတာကို ဒီဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V, BpL, Zwe Yan, Dee နဲ့ Cherryတို့ဖြစ်ကြပါတယ်။) File size…3.2GB / ...
movie
Ramabanam (2023)
2023
9.4
Chakravyuham (2023)
Chakravyuham-The Trap (2023)IMDb-9.3/10ရုံတင်ငွေ ၂ ကုဋေခွဲအမြတ်ရရှိထားပြီး Ajay ပါဝင်ထားတဲ့ လှည့်ကွက်ပရိယာယ်လေးတွေနဲ့ ထောင်ချောက်ဆိုတဲ့ကားလေးဖြစ်ပါတယ်ရှရီနဲ့ ဆန်ဂျေးဆိုတာသိပ်ချစ်လွန်းလို့လက်ထပ်ထားကြတဲ့ ဇနီးမောင်နှံတွေပါ တစ်နေ့ရှရီ့ကို အိမ်ထဲမှာပဲ ရက်ရက်စက်စက် လည်လှီးအသတ်ခံထားရတာတွေ့ရပါတယ် အပြင်ကနေခိုးဖျက်ဝင်ထားတဲ့ လက္ခဏာလည်း ရှိမနေတော့ အတွင်းလူလက်ချက်လို့ပဲ ထင်ကြတာပေါ့ အင်စပက်တာဆပ်တရာကတော့ ဒါဆန်ဂျေးလက်ချက်လို့ပဲ စတွေ့ခဲ့တည်းကထင်နေတော့တာပဲ တစ်ခုပြီးတစ်ခုရှာတွေ့တဲ့သက်သေတွေကလည်း ဆန်ဂျေးလို့ပဲညွှန်နေကြတယ် ဆန်ဂျေးခမျာအိမ်ထဲမှာပဲ ချစ်ဆုံးဇနီးရက်ရက်စက်စက်သတ်ခံထားရလို့ စိတ်ထိခိုက်ရတာတစ်ဖက် လူသတ်မှုကိုအပြစ်ကင်းကြောင်းသက်သေမပြနိုင်တာက တစ်ဖက်ပေါ့ တကယ်ပဲ သူကိုယ်တိုင်ရှရီ့ကိုသတ်ခဲ့တာလားဇာတ်လမ်းနာမည်လေးအတိုင်း သူပါထောင်ချောက်ဆင်ခံရလားဆိုတာ သက်သေတွေနဲ့အတူ ပရိသတ်ကြီးပါ စီးမျောခံစားဖော်ထုတ်ကြည့်ပါဦး(အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ V ~ Yunni ~ BpL ~ Thaik San တို့ပဲဖြစ်ပါတယ်) File size…1.5GB / 607MB Quality…1080p WEB DL AAC 5.1CH / 720p Format…mp4 Duration….1h 51m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by V ~ Yunni ~ BpL ~ Thaik San
movie
Chakravyuham (2023)
2023
7.4
Vinaro Bhagyamu Vishnu Katha (2023)
Vinaro Bhagyamu Vishnu Katha (2023) Action, Comedy, Drama IMDb 7.7/10 (2.4K)တချို့ဇာတ်လမ်းလေးတွေက စိတ်ကူးကောင်းလေးတွေကနေ အစပျိုးလာသလို တချို့ဇာတ်လမ်းလေးတွေက ခင်မင်ရင်းနှီးမှုကနေ စတင်လာတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းလေးကတော့ ရန်ပွဲတစ်ခုကနေ စတင်လာခဲ့တယ်။အဲ့ဒီရန်ပွဲကနေပဲ ကောင်လေးတစ်ယောက်ရဲ့အမြင်တွေ ကောင်းမွန်လာခဲ့ပြီး တွေ့သမျှလူတိုင်းကို ကူညီတတ်လာခဲ့တယ်လေ။သူ ဒီလိုကူညီရင်းနဲ့ မကူညီသင့်တဲ့လူတွေကို ကူညီခဲ့ပြီး ဒုက္ခရောက်ခဲ့ရပုံ...။အချစ်ကိုရှာတွေ့ခဲ့ပုံနဲ့...။သူ့ဘဝရခဲ့တဲ့ အလှည့်အပြောင်းလေးတွေကိုတော့ ဒီဇာတ်ကားကြည့်ရင်း ခံစားကြည့်ကြပါနော်။ဒီဇာတ်ကားလေးက ဇာတ်လမ်းဘာညာ အသာထား တစ်ခုကြည့်လို့ကောင်းတာက ကျွန်တော်တို့ လက်တွေ့ဘဝနဲ့ တော်တော်နီးစပ်တာပါ ဘာလို့လဲဆိုတော့ မင်းသမီးက ယူကျုဆယ်လီလေ အဲ့တော့ ပရိသတ်ကြီးများအတွက် ဆယ်လီတွေဆိုတာလည်း သာမန်လူတွေလိုပဲ ချစ်ကြိုက်ကွဲငြားဇာတ်လမ်းလေးတွေရှိကြောင်း ရှုထောင့်အသစ်တစ်မျိုးကြည့်ရတာပေါ့ သီချင်းကောင်းကောင်းလေးတွေနဲ့ အက်ရှင်ခန်းအလန်းတွေရယ် မင်းသမီးအချောလေးတစ်ယောက်ရယ်ပါရင် ကျန်တာဘာလိုဦးမှာလဲ ဒီဇာတ်ကားကိုချက်ချင်းပါ ပြေးဒေါင်းပြီးကြည့်လိုက်ပါတော့ ပရိသတ်အပေါင်းတို့......... File size…2.13GB / 1.01GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 18m Subtitle….Myanamr Subtitle (HardSub) Encoder….YK Translated by Sai ~ BpL~ Taylor ~Yunni
movie
Vinaro Bhagyamu Vishnu Katha (2023)
2023
6.5
Anukoni Prayanam (2022)
Anukoni Prayanam ( 2022 ) IMDb 6.5/10လူတစ်ယောက်ဟာ သူ့ရဲ့ဘ၀နိဂုံးအဆုံးသတ်မဲ့နေရာကို ရွေးချယ်လို့ရပါသလား... ။ ဘယ်အချိန်ရောက်လာမလဲမသိရတဲ့ဘ၀နေ၀င်ချိန်ကို ကြိုတင်ခန့်မှန်းဖို့ဆိုတာကတော့ မဖြစ်နိုင်သလောက်ပါပဲ။ ဒီဇာတ်လမ်းကတော့ မွေးရပ်မြေမှာပဲခေါင်းချချင်တဲ့သူငယ်ချင်းရဲ့ဆန္ဒကို ဖြစ်မြောက်အောင်ဖြည့်ဆည်းပေးမယ့်လူသားဆန်တဲ့လူတစ်ယောက်ရဲ့ဇာတ်လမ်းပါ...။ပျော်ရာမှာမနေ တော်ရာမှာနေဆိုတဲ့အတိုင်း တနယ်တကျေးမှာအလုပ်လုပ်နေကြရတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ တစ်ရက်မှာတော့ လုပ်ငန်းခွင်မှာမတော်တဆဆုံးပါးသွားတဲ့ လူတစ်ယောက်ကိုကြည့်ပြီး သူသေရင်တော့မွေးရပ်မြေမှာပဲသေချင်တယ်လို့ သူငယ်ချင်းရာဂျူးကပြောပါတယ်။အဲဒီနောက် ကိုဗစ်လူနာတွေတိုးလာပြီး အစိုးရကလော့ဒေါင်းချတော့မဲ့အချိန်မှာ သူတို့အလုပ်ခွင်လည်းပိတ်ပြီ း ဇာတိပြန်ဖို့ဖြစ်လာပါတယ်။ ဒါပေမဲ့ ရာဂျူးဟာ ရွာအပြန်ခရီးမစခင်မှာပဲ ရုတ်တရတ်ဆုံးပါးသွားပါတော့တယ်။ သူငယ်ချင်းရာဂျူးရဲ့ဆန္ဒအတိုင်း သူ့ရဲ့မွေးရပ်မြေဇာတိရွာကလေးမှာသင်္ဂြိုလ်နိုင်ဖို့ သူငယ်ချင်းရဲ့အလောင်းကိုသယ်ကာ တစ်ယောက်ထဲခရီးဆက်ရတဲ့အခါ... ကိုရိုနာလော့ဒေါင်းကန့်သတ်ချက်တွေကြောင့် လမ်းခရီးမှာဘယ်လိုအခက်အခဲတွေကြုံရမလဲ...သူငယ်ချင်းရဲ့ဆန္ဒကိုရော ဖြည့်ဆည်းပေးနိုင်ပါ့မလားဆိုတာကတော့..။ File size…2.2GB / 1GB Quality…1080p True WEB DL / 720p Format…mp4 Duration….1h 58mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ OeliuJ
movie
Anukoni Prayanam (2022)
2022