Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Stephen Dorff
7.1
Blade (1998)
Marvel ဟာ Comic Book တွေ ရောင်းအားကျလို့ ဒေဝါလီခံရလုနီးပါးဖြစ်နေတဲ့အချိန် သူတို့ကို ကယ်တင်ခဲ့တာကတော့ ပထမဆုံးစူပါဟီးရိုးလူမည်းရုပ်ရှင်ဖြစ်တဲ့ Blade ရုပ်ရှင်ပါပဲ။Blade ဟာ ရုံတင်ဝင်ငွေပိုင်းမှာရော ပရိတ်သတ်အားပေးမှုအပိုင်းမှာရော အောင်မြင်ခဲ့တာကြောင့် Marvel ကုမ္ပဏီအနေနဲ့ အမြတ်အစွန်းများစွာရရှိခဲ့ပြီးMCU ကဲ့သို့ စူပါဟီးရိုး Universe ကိုပါ ပရိတ်သတ်တွေ ဆက်လက်ကြည့်ရှုခံစားခွင့်ရရှိခဲ့တာပါ။Blade နေရာမှာ မင်းသားကြီး Wesley Snipes က လုံးဝပီပြင်စွာ သရုပ်ဆောင်ထားပြီး Blade ၃ ကားထွက်ရှိခဲ့ပါတယ်။Blade ဟာ သွေးစုပ်ဖုတ်ကောင် vampire သွေးတစ်ဝက်ပါတဲ့ စူပါဟီးရိုးဖြစ်ပြီးလူသားကမ္ဘာကို ချုပ်ကိုင်လွှမ်းမိုးမယ့် vampire ဗီလိန်ကောင်တွေကို ရင်ဆိုင်တိုက်ခိုက်တာကို အမိုက်စားကြည့်ရှုခံစားရမှာပါ။စူးရှတဲ့ ဇာတ်ကောင်တွေ ၊ ပုံစံမျိုးစုံနဲ့မိစ္ဆာကောင်တွေ ၊အသတ်အဖြတ်ကြမ်းကြမ်းတွေနဲ့ Marvel ရဲ့ ခြေလှမ်းအစကို ပြန်လည်ခံစားကြည့်ကြပါဦး။Blade ရုပ်ရှင်ကား ၃ ကားစလုံးကို ဒီမှာ https://www.channelmyanmar.to/?s=blade+marvel ဒေါင်းပါ။ File size…(8.4 ...
movie
Blade (1998)
1998
4K HEVC
5.5
Officer Down (2013)
Officer Down (2013) ==================ဒီ Officer Down ဇာတ်ကားကိုတော့ ဒါရိုက်တာ Brian A. Miller က တည်းဖြတ်ထားတဲ့ သဲထိပ်ရင်ဖို အက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီဇာတ်လမ်းကိုတော့ "ကယ်လာဟမ်" လို့ခေါ်တဲ့ စုံထောက်တစ်ယောက်အပေါ် ဇာတ်အိမ်တည်ထားတာဖြစ်ပြီး သူ့ရဲ့ မတူညီတဲ့ဘဝနှစ်ခုအကြောင်းကို ပြန်လည်သရုပ်ဖော်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းနောက်ခံ----- ကယ်လာဟမ်ဆိုတဲ့ဆိုထောက်တစ်ယောက်ဟာ အလက်ဇန္ဒားဆိုတဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ပြုထားပြီး လာနာလို့ခေါ်တဲ့ သမီးတစ်ယောက်ထွန်းကားထားပါတယ်။စုံထောက်တစ်ယောက်ဆိုပေမယ့်လို့ ကယ်လ်ဟာ ကျင့်ပျက်ခြစားတဲ့ရဲတစ်ယောက်ဖြစ်ပါတယ်။ သူဟာ မူးယစ်ဆေးနဲ့ အရက်သေစာကို စွဲလမ်းနေတဲ့အပြင် ဖော်ချွတ်ကလပ်မှာပါ ရမ္မက်ဖြေလေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာ ကယ်လ်ဟာ ဆေးရောင်းဝယ်ရေးသမား တစ်ယောက်ကိုစစ်ဆေးရင်း သေနတ်နဲ့ပစ်ခံပြီး သေလုဆဲဆဲဖြစ်သွားပါတယ်။ ဒါပေမဲ့လည်း ကံကောင်းထောက်မစွာနဲ့ အရေးပေါ်အခြေကနေလွတ်ခဲ့ပြီး အတော်အတန်မေ့မျောပြီးတဲ့နောက် သတိပြန်ရလာခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာ ကယ်လ်ဟာ သူ့ရဲ့အတိတ်ကဆိုးသွမ်းမှုတွေကို သတိမရခဲ့ပါဘူး။ ဒါပေမဲ့ သူပြန်ကြားရတဲ့အရ သူအသက်ရှင်သွားခဲ့ရတာဟာ သူအပစ်ခံလိုက်တဲ့အချိန်တုန်းက အရေးပေါ်ကယ်ဆယ်ရေးကို ကယ်ဖို့ခေါ်ခဲ့တဲ့လူတစ်ယောက်ရှိတယ်ဆိုတာကို သိလိုက်ရပါတယ်။ကယ်လ်ကို ကယ်ခဲ့တဲ့သူဟာ ဘယ်သူဖြစ်မလဲ၊ ကယ်သေနတ်နဲ့ပစ်ခံခဲ့ရတဲ့နောက်ကွယ်မှာ မစဉ်းစားနိုင်လောက်အောင်ကြီးမားတဲ့ ဒုစရိုက်မှုတွေရှိနေမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ...
movie
Officer Down (2013)
5.9
Divinity (2023)
Divinity (2023)~ IMDb - 5.9/10, RT - 57%, Meta - 61% ~ဦးနှောက်ခြောက်စရာမရှိလို့ ကိုယ့်ထမင်းကိုယ်စားပြီး ဦးနှောက်ခြောက်ချင်တဲ့လူတွေအကြိုက်တွေ့စေမယ့်ရုပ်ရှင်ပါ။လက်တွေ့လူ့သမိုင်းတလျှောက်မှာ မအိုဆေးရှာပုံတော်ဖွင့်ခဲ့ကြတာ တစ်ပုံတပင်ရှိပါတယ်။ ဒီအကြောင်းကိုရုပ်ရှင်တွေ ဝတ္ထုတွေ ရေးခဲ့ကြတာလည်း မနည်းပါဘူး။ ဒီရုပ်ရှင်ကတော့ မအိုဆေးရှာတွေ့သွားပြီး မအိုဆေးသောက်ကြသူတွေရဲ့ကမ္ဘာဖြစ်သွားပုံပါ။ တကယ့်အပြင်မှာ မအိုဆေးဆိုပြီး အရက်သောက်ကြသလိုတော့မဟုတ်ဘူး။ ဒါက မအိုဆေးစစ်စစ်ပေါ့။ ဒါပေမဲ့ ဒီဆေးမှာ ဘေးထွက်ဆိုးကျိုးတစ်ခုရှိတယ်။ အဲဒါကိုလည်း ကြည့်ရင်းနဲ့မှ တွေ့ရပါလိမ့်မယ်။ အဲဒီဆေးရဲ့ ပါဝင်ပစ္စည်းကလည်း သိပ်ကောင်းတဲ့အရာတော့မဟုတ်ဘူး။ ဒါပေမဲ့ လူတွေက မသိဘဲ သောက်သုံးကြတာပေါ့။ တစ်နေ့မှာ ထူးဆန်းတဲ့ ညီအစ်ကို ၂ ယောက်က ကောင်းကင်ပေါ်က ကျလာပြီး အဲဒီဆေးဖန်တီးတဲ့လူကို ဖမ်းချုပ်ပြီး သူ့ရဲ့ဆေးကိုပြန်သွင်းတယ်။ အဲဒီကနေမှ တဖြည်းဖြည်း အထုတ်ဖြည်ပြသွားတာပါပဲ။ထူးခြားတဲ့အချက်ကတော့ ဒီရုပ်ရှင်ကို အဖြူအမည်းနဲ့ရိုက်ထားတယ်။ ကမ္ဘာကြီးက အိပ်မက်ဆိုးကြီးလိုဖြစ်သွားပုံကိုပြချင်တဲ့သဘောပါပဲ။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ ...
movie
Divinity (2023)
2023
5.5
Mob Land (2023)
Mob Land (2023)မင်းသားကြီး John Travolta ပါဝင်ထားပြီး မူးယစ်ဆေးစွဲသူတွေ ဆေးရောင်းတဲ့ လူဆိုးဂိုဏ်းတွေနဲ့ မသမာသူတွေ ကြီးစိုးနေတဲ့ မြို့အကြောင်းအခြေတည်ထားတဲ့ Action ရုပ်ရှင်သစ်တစ်ကားပါ။ယခင်က ပြိုင်ကားမောင်းသမားဖြစ်ခဲ့တဲ့ ရှယ်ဘီဟာ ဇနီး သမီးလေးနဲ့အတူ မြို့ငယ်လေးမှာ အခြေချခဲ့ပါတယ်။ သူ့အလုပ်က မြို့လေးနဲ့မအပ်စပ်တဲ့အတွက် သူတို့မိသားစုက အဆင်ပြေလှတယ်ရယ်တော့မဟုတ်ပါဘူး။ ယောက်ဖဖြစ်သူ ထရေးနဲ့ အသိ ရဲမှူးဘိုဒီတို့ကလည်း မကြာခဏလာလည်ကြပါတယ်။ဇနီးနဲ့သမီးလေး ဆွေမျိုးတွေဆီခဏသွားတဲ့အခါ ထရေးက ဆေးရောင်းသမားတွေဆီက ငွေကို ဓားပြတိုက်ဖို့ လာဆွယ်ပါတယ်။ ရှယ်ဘီက မလုပ်ချင်ပေမယ့် ငွေလိုနေတာရော ထရေးအဆွယ်ကောင်းတာကြောင့်ရော သဘောတူလိုက်ပါတယ်။အစီအစဉ်ဆွဲတုန်းကတော့ အဆင်ချောပေမဲ့ လက်တွေ့မှာ ထင်သလိုမဖြစ်လာဘဲ ထရေးက လူသတ်မိတဲ့အခါ...သူတို့ဓားပြတိုက်မိတာက မာဖီးယားဂိုဏ်းက ငွေတွေဖြစ်ပြီး အရှုပ်တွေဆက်တိုက်ဖြစ်လာတဲ့အခါ...ထရေးတို့ကို လက်စားချေဖို့ မာဖီးယားဂိုဏ်းက လူ လိုက်လာတဲ့အခါ...ရှယ်ဘီကရော ဘယ်လို ပြစ်မှုတွေ ဆက်လုပ်ရဦးမလဲ သူတို့ကျူးလွန်ခဲ့တဲ့အပြစ်အတွက် ဘာတွေပြန်ပေးဆပ်ရမလဲဆိုတာ စိတ်၀င်စားဖွယ် အားပေးရမှာဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Shune ...
movie
Mob Land (2023)
2023
7.4
Felon(2008)
အိပ်မက်ကောင်းလေး မက်နေတုန်း. ဆွဲကိုင်လှုပ်နှိုးခံလိုက်ရသလို ဘဝမှာ မျှော်မှန်းထားသမျှတွေ ဖြစ်လာရုံရှိသေးကြမ္မာဆိုးဝင်ကာ မရည်ရွယ်ဘဲ သတ်ခဲ့မိတဲ့ လူသတ်မှုတစ်ခုကြောင့် ဘယ်သူ့ကိုမှ ရှင်းပြခွင့်မရဘဲ ထောင်ထဲဝင်ကာ အချိန်နဲ့ပေးဆပ်ခဲ့ရတဲ့ ဝိတ်ဒ်.ဖြစ်လာသမျှကို အကောင်းဆုံး ရင်ဆိုင်ကျော်လွှားမယ် စိတ်ကူးရင်းကိုပဲ ဆုံးဖြတ်ချက်အမှားတွေ ထပ်ခါထပ်ခါ ကျူးလွန်မိရင်း အဆိုးဘက်ကို ရောက်လာခဲ့ပါတယ်။ ချစ်ဇနီး၊ သမီးတို့ကို ဆုံးရှုံးထားရပြီး လက်စားချေခြင်းကို ကိုယ််တိုင် အေးစက်စွာ စားသုံးပြီးတဲ့နောက် မှာတော့ထောင်ထဲမှာ ရှင်လျက်သေနေရတဲ့ဘဝမျိုးနဲ့ ဖြတ်သန်းနေခဲ့တဲ့ ဂျွန်စမစ် နဲ့ ဆုံမိတဲ့အချိန်မှာတော့. သာမန်စီးပွားရေးသမားဘဝကနေ အကျဉ်းထောင်ကျောင်းကြီးရဲ့ ပညာပို့ချပေးမှုတွေကြောင့် သတိမထားမိခင်မှာဘဲ ဒုစရိုက်သမား ဂိုဏ်းစတားဘဝကို တဖြည်းဖြည်း ပြောင်းလဲလာနေတဲ့ ဝိတ်ဒ်ရဲ့ စိတ်ခံစားချက်တွေအကျဉ်းထောင်အတွင်းက လူမိုက်ဂိုဏ်းတွေနဲ့ ထောင်စောင့်ရဲတွေကြားထဲက ပဋိပက္ခတွေ.ဝိတ်ဒ်ရဲ့ ဇနီးဖြစ်သူ လော်ရာတစ်ယောက် ယောကျ်ားဖြစ်သူကို အားကိုး၍ မရတော့သည့်အချိန် အပြင်လောကအခက်အခဲများကို ကိုယ်တိုင်ဖြေရှင်းရင်း Single Mother ဘဝနဲ့ ရုန်းကန်ရပုံများ.စသည် လက်တွေ့လူ့ဘောင်လောကကို အနီးစပ်ဆုံး ထင်ဟပ်ပြသထားတဲ့ ဇာတ်ကားကောင်းလေး တစ်ပုဒ်ကိုCM မှ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်. File size…2.28GB / ...
movie
Felon(2008)
5.1
The Price We Pay (2022)
The Price We Pay (2022)"အဖိုးအခတော့ ပေးရလိမ့်မယ်" ဒီစကားဟာ လောကနိယာမအရ ဘယ်နေရာမှာမဆို အကျုံးဝင်တဲ့ စကားဖြစ်ပါတယ်။ ကိုယ်ဘာပဲလုပ်လုပ် တန်ပြန်သက်ရောက်မှုရဲ့ အကျိုးရလဒ်ကို လူသားတိုင်း ခံစားကြရမှာပါ။ ဒီဇာတ်ကားလေးကလည်း ဒီသဘောကို သရုပ်ဖော်ထားတဲ့ Horror ကားလေးပါ။ဇာတ်လမ်းအကျဉ်း ...ဂရေ့စ် တစ်ယောက် အကြွေးတွေမဆပ်နိုင်လို့ ရှိတာလေးထုချေပြီး အကြွေးဆပ်ဖို့ အပေါင်ဆိုင်ကို ရောက်နေချိန်မှာ ဓါးပြတိုက်မှုနဲ့ ကြုံရပြီး ဓားစာခံအဖြစ် အဖမ်းခံလိုက်ရပါတယ်။ဒီလိုနဲ့ ဓားပြသုံးယောက်နဲ့အတူ သူမ စီးလာတဲ့ကားဟာ လယ်တော တစ်ခုအနီးမှာ ပျက်သွားတဲ့အခါ ...ညကြီးမင်းကြီးဆိုတော့ အနီးအနားလူနေအိမ်တစ်ခုကို ရအောင်ရှာပြီး အကူအညီတောင်းဖို့ ကြိုးစားကြရပါတယ်။ သို့ပေမဲ့ ...အဲ့ဒီအိမ်က ဘယ်သူတွေနေတာလဲ? ဘာတွေလုပ်ကြတာလဲ? ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲ ဆက်ပြီး ကြည့်ရှုအဖြေရှာလိုက်ကြစို့နော်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။)File Size : 1.2GB, 452MB, ...
movie
The Price We Pay (2022)
2022
6.0
Immortals (2011)
Immortals (2011)=============IMDb Rating - 6.0/10#Unicodeဂရိသူရဲကောင်း သီးစီးယက်စ်ကို အားလုံးပဲသိကြမှာပါ။ သူက ဟာဂျူလီတို့လို အင်အားကြီးမားတဲ့သူရဲကောင်းမျိုး မဟုတ်ပေမယ့် ဥာဏ်ပညာကြီးမားပြီး တိုက်ရည်ခိုက်ရည်ကောင်းတဲ့ သူရဲကောင်းတစ်ယောက်ပါပဲ။ ဒီကားဟာ ဂရိဒဏ္ဍာရီတွေပေါ် မှီငြမ်းရိုက်ကူးထားတဲ့ Fantasy အမျိုးအစားပဲဖြစ်ပါတယ်။ သို့ပေမယ့် ဇာတ်လမ်းကြောရိုးသာတူပြီး ငယ်ငယ်တုန်းကဖတ်ခဲ့ဖူးတဲ့ ပုံပြင်တွေနဲ့တော့ကွဲထွက်နေမှာ အမှန်ပါပဲ။ ဇာတ်လမ်းကတော့ လူသားမျိုးနွယ်ကို ဖျက်စီးဖို့ ဘုရင်ဟစ်ပီးရီးယန်းကအစ်ပိုင်းရပ်စ်လေးတော်ကို လိုက်ရှာနေတာနဲ့ အစပြု့ထားပါတယ်။ လူသားတို့ရဲ့ အရေးကိစ္စတွေထဲပါဝင်ပတ်သက်ခြင်းမပြု့ရလို့ ဇူးစ်ကိုယ်တိုင်က ဥပဒေချမှတ်ထားတာကြောင့် နတ်ဘုရားတွေကိုယ်တိုင်ကလည်း ဝင်ကူညီရခက်နေကြပါတယ်။ ဒါကြောင့် ဘုရင်ကြီးဟစ်ပီးရီးယန်းကို တားဆီးနိုင်ဖို့အတွက်သီးစီးယက်စ်ရဲ့ အကူအညီကို ရယူရပါတော့တယ်...။ ဒီကားရဲ့ တင်ဆက်ပုံဟာ 300 Spartans ကားနဲ့အတော်လေးတူညီနေတာကို သတိထားမိတယ်။ နောက်ခံတွေ တိုက်ပွဲတွေဟာ 300 ကားကိုပြန်ကြည့်နေရသလိုပါပဲ။ Fan တွေကတော့ ဂရိဒဏ္ဍာရီတွေနဲ့ အတော်လေးကွဲထွက်နေတာကို သိပ်သဘောမကျကြပုံပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ စူပါမင်း(Man of ...
movie
Immortals (2011)
2011
5.1
Don’t Go (2018)
ဒီကားကတော့ အိပ်မက်၁ခုနဲ့လက်ရှိဖြစ်ရပ်ကြားကိုလျှို့ဝှက်ဆန်းကြယ်စွာရိုက်ကူးထားတဲ့ကား၁ကားပါ။ မိသားစု၃ယောက်မှာ သူတို့ရဲ့သမီးလေးဟာ၁ရက်မတော်တဆဖြစ်ပြီးသေဆုံးသွားခဲ့ပါတယ်။ထိုဖြစ်ရပ်ပြီးတဲ့နောက်မှာတော့အဖေဖြစ်သူဟာနေ့တိုင်းနီးပါးတူညီတဲ့အိပ်မက်ကိုပဲမက်နေခဲ့တယ်။အဲ့အိပ်မက်ဟာသူ့သမီးလေးကသူ့ကိုလက်ရှိအချိန်ကိုပြန်လည်ဆွဲခေါ်ခိုင်းတာကိုအဖေဖြစ်သူ၁ယောက်သိသွားတဲ့အခါမှာ.....ကလေးမတော်တဆဖြစ်သွားရတဲ့အကြောင်းအရင်းကိုရောမိခင်ဖြစ်သူသိသွားခဲ့လား....အရူး၁ယောက်လိုဖြစ်နေတယ့်ဖခင်ကရောသူ့သမီးကိုတကယ်လက်ရှိကိုပြန်ခေါ်နိုင်ခဲ့မလားဆိုတာလျှို့ဝှက်မှုတွေများစွာနဲ့ဒီကားလေးကိုကြည့်ရှုရမှာပါ။ File Size : (917 MB) & ( 337 MB)Quality : Wed-DL 720pRunning Time : 1 hr 31 MinFormat : Mp4Genre : MysterySubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by May Pyae Sone Oo
movie
Don’t Go (2018)
2018
5.3
Don’t Go (2018)
Mystery ဇာတ်ကားလေးပါIMDB rating 5.3 ရထားတဲ့ဇာတ်ကားကောင်းလေးပါဇာတ်လမ်းအစမှာတော့ ဘန်စလေတာတို့လင်မယားနှစ်ယောက်ကသူ့သမီးလေးဆုံးသွားတဲ့အချိန်ပူဆွေးသောကတွေရောက်နေတာပေါ့ဒါနဲ့သူတို့ကအိုင်ယာလန်ဘက်ကိုပြောင်းသွားပြီးဟိုတယ်အသေးစားလုပ်ငန်းလေးလုပ်ပြီးရပ်တည်မယ်လို့စဉ်းစားထားကြတယ်သူတို့စိတ်ထဲမှာတော့ပူဆွေးသောကတွေရောက်နေတယ်တစ်နေ့တော့ဘန်ကအိပ်နေရင်းအိမ်မက်မက်တယ်သူ့အိမ်မက်ကသူတို့သွားခဲ့တဲ့ကမ်းခြေအကြောင်းမက်တယ် နောက်တော့အဲ့အိမ်မက်ပဲထပ်ပြန်တယ်အဲ့အကြောင်းကိုသူ့မိန်းမကိုပြောပြတယ်သူ့သမီးကိုအိမ်မက်ထဲကနေခေါ်ပြီးအသက်ရှင်အောင်ပြန်လုပ်လို့ရတယ်လို့ယုံယုံကြည်ကြည်နဲ့ပြောပြတယ်နောက်တော့အဲ့အိမ်မက်ကိုပဲထပ်ကာထပ်ကာမက်ရင်းကစိတ်ဖိစီးမှုတွေများရင် ရူးသလိုဖြစ်လာတယ်ဘာကြောင့်လဲဘာဖြစ်လို့သူပဲအဲ့အိမ်မက်တာလဲတကယ်ပဲသူ့သမီးလေးကိုပြန်ခေါ်လို့ရလားမထင်ထားမှတ်တဲ့ဇာတ်လမ်းအဆုံးသတ်လေးဆိုတော့ပရိသတ်ကြီးပဲဆက်ကြည့်ပေးပါဦး (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုတင်မျိုးလွင် ပါ) File Size : (750 MB) and (350 MB) Quality : WEB-DL 720p Running Time : 1h 31min Format : Mp4 Genre : Mystery Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.XviD.AC3-FGT Translated by Tin Myo Lwin Encoded by Thanhtike Zaw
movie
Don’t Go (2018)
2018
5.0
Leatherface (2017)
Leatherface (2017)_____IMDb - 5.0/10 တက္ကဆက်ပြည်နယ်လူသူမနီးတဲ့နေရာတစ်ခုမှာခြောက်သွေ့ထူးဆန်းပြီးSawyerအိမ်ကြီးတစ်အိမ်ရှိပါတယ် အဲ့ဒီအိမ်မှာနေကြတဲ့မိသားစုနာမည်ကိုအစွဲပြုပြီးမှည့့်ထားတာပါ Sawyer မိသားစုပေါ့ဗျာ အဲ့ဒီအိမ်ကြီးကလူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့သိပ်ပတ်သတ်မှုမရှိတဲ့မိသားစုပါ Antiဖြစ်နေလားတော့မသိ အဲ့ဒီအိမ်ကြီးထဲရောက်လာတဲ့သူမှန်သမျှက နည်းလမ်းအမျိုးမျိုးနဲ့သတ်ဖြတ်ခြင်းခံရပါတယ် အဲ့ဒီအိမ်ကြီးရဲ့သတင်းကြောင့်လည်း အစိုးရကကလေးသူငယ်များစိတ်ဓာတ်ပျက်ပြားမှုမရှိဖို့နဲ့ဘေးကင်းလုံခြုံဖို့ Gorman အဆောက်အဦးကိုတည်ဆောက်ပေးထားပါတယ် Gormanအဆောက်အဦးဆိုတာကတော့ပြစ်မှုမှာပါဝင်တယ်လို့ယူဆရတဲ့ကလေးငယ်တွေကိုဘဝသစ်ပြန်စဖို့အခွင့်အရေးပေးတဲ့အနေနဲ့ဆေးကုသမှုပေးထားပြီးစောင့်ရှောက်ထားတဲ့နေရာပါ တစ်နေ့တော့ အဲ့ဒီအဆောက်အဦးဆီကို Lizzyလို့ခေါ်တဲ့သူနာပြုဆရာမအသစ်လေးတစ်ယောက်ရောက်လာပါတယ် စောင့်ရှောက်ခံထားတဲ့သူတွေကလည်းဒီအိမ်ကြီးကစည်းကမ်းတင်းကြပ်ပြီးငြီးငွေ့စရာကောင်းတဲ့အတွက် အားလုံးကလွတ်လမ်းရှာနေကြပါတယ် တစ်နေ့မှာSawyer မိသားစုက ထိန်းသိမ်းခံထားရတဲ့ကောင်လေးJed ကိုတွေ့ခွင့်မပေးတာကြောင့့်ပြသနာတွေတက်ခဲ့ရပြီးထိန်းသိမ်းထားသမျှလူတွေလည်းဝရုန်းသုန်းကားနဲ့လွတ်မြောက်ကုန်တဲ့အထိဆိုးရွားသွားခဲ့ပါတယ် လွတ်မြောက်သွားတဲ့ထဲမှာ ခပ်အေးအေးနေတတ်တဲ့ Jackson နဲ့ Bud ဆိုတဲ့ကောင်လေး၂ယောက်ရယ် သူနာပြုမလေး Lizzy ရယ် ခပ်ဆိုးဆိုးခပ်ကြမ်းကြမ်း Ike နဲ့Clarice တို့အတွဲရယ်အတူတူထွက်ပြေးဖို့အကြောင်းဖန်လာပါတယ် ဒီလိုနဲ့ပဲရှေ့ဆက်ပြီးသူတု့ိ ၅ယောက်ဘာတွေဆက်ဖြစ်ကြမလဲ ဌာနဆိုင်ရာတွေကလည်းဝရမ်းထုတ်ဖမ်းတာကတဖက် Sawyer မိသားစုကလည်းဘယ်လိုတွေစိတ်ဝင်စားစရာပါဝင်ပတ်သတ်လာမလဲဆိုတာစောင့့်ကြည့်ရမယ့် ကြောက်မက်ဖွယ် ခပ်ကြမ်းကြမ်းကားလေးပါ (စကားလုံးကြမ်းတမ်းမှုများကိုသတိပြုပါရန်) (ဘာသာပြန်နဲ့အညွှန်းကတော့ Pyae Xeinn Sett ပါ) File Size : (700 MB) Quality : WEB-DL 720p Running Time : 1hr 30min Format : Mp4 Genre :Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Pyae ...
movie
Leatherface (2017)
2017