Channel Myanmar

Stacy Martin

Tale of Tales (2015) 6.4
Tale of Tales (2015) Tale of tales (2015) =================== IMDb - 6.4/10, Rotten Tomatoes - 83%ဒီကားလေးကတော့ ၂၀၁၅ခုနှစ်ထွက် horror/fantasyအမျိုးအစားလေးပဲဖြစ်ပါတယ်။ ဇာတ်ကားနာမည်‌အတိုင်းပဲ မတူညီတဲ့ ပုံပြင်သုံးပုဒ်အကြောင်းကို ကြည့်ရမှာပါ။ ရာပန်ဇယ်တို့ စင်ဒရဲလားတို့ကိုရေးခဲ့တဲ့ အီတလီစာရေးဆရာGiambattista Basileရဲ့ ပုံပြင်တွေအပေါ် အခြေခံထားပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။အိမ်နီးချင်းနိုင်ငံသုံးနိုင်ငံရှိပြီး တစ်နိုင်ငံစီရဲ့အရှင်သခင်တိုင်းက သူ့စွဲလမ်းမှုနဲ့သူပါ။ ပထမပုံပြင်က ကလေးလိုချင်နေတဲ့ဘုရင်မကြီးအကြောင်းဖြစ်ပြီး ဒုတိယကတော့ ဘုရင်ကြီးက အထင်မှားပြီးစိတ်၀င်စားခံရတဲ့အဖွားကြီးတစ်ယောက်အကြောင်းဖြစ်ပါတယ်။ တတိယပုံပြင်ကတော့ သန်းအမွေးကောင်းလို့ သမီးတော်ကိုဆုံးရှုံးလိုက်ရတဲ့ဘုရင်ကြီးအကြောင်းဖြစ်ပါတယ်။ တစ်ပုဒ်ချင်းစီရဲ့ မတူညီတဲ့ဇာတ်ကြောင်းတွေကို horror themeဖက်နွယ်ပြီး ဆန္ဒတစ်ခု တပ်မက်စိတ်တစ်ခုကြောင့် ဘယ်လိုအဆုံးသတ်သွားရလဲ စိတ်၀င်တစားကြည့်ရှုရမှာပါ။( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Soe Thiri Swe ပါ )File size_(2.4GB)/(1.2GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:14:00 Genre_Drama, Fantasy, Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Soe Thiri ...
movie

Tale of Tales (2015)

[21+] Nymphomaniac: Vol. I (2013) 6.9
[21+] Nymphomaniac: Vol. I (2013) [21+] Nymphomaniac Vol.1 (2013)Ratingအမြင့်တွေ၊ ဝေဖန်ချက်ကောင်းတွေချည်းရထားတဲ့ Adult Art film တစ်ခုဖြစ်ပြီး နာမည်ကျော်ဒါရိုက်တာ Lars Von Trier ရဲ့ အကောင်းဆုံးလက်ရာ‌တွေထဲက တစ်ကားဖြစ်ပါတယ်။လမ်းထဲမှာ ဒဏ်ရာတွေနဲ့လဲကျနေတဲ့ မိန်းကလေးတစ်ယောက်ကို ဦးလေးကြီးတစ်ယောက်က ကူညီပြီးသူ့အိမ်ကိုခေါ်သွားရင်းနဲ့ ဘာတွေဖြစ်ခဲ့တာလဲလို့မေးတဲ့အခါ မိန်းကလေးက သူ့ဘဝဇာတ်ကြောင်းကို ကွက်ကွက်ကွင်းကွင်းမြင်အောင်ပြောပြပါတော့တယ်။ (သူ့ဇာတ်လမ်းကို chapter 8ခန်းခွဲထားပြီး ဒီvol 1မှာတော့ 4ခန်းပါဝင်ပြီး နောက်4ခန်းကိုတော့ vol2မှာ ကြည့်ရှုရမှာပါ။) သူ့နာမည်ကတော့ ဂျိုးဖြစ်ပြီး ငယ်ငယ်ကတည်းက ကာမစိတ် လွန်ကဲနေသူဖြစ်လို့ ကိုယ့်ကိုယ်ကို အပျက်မ၊ အပြစ်ရှိသူလို့ ခံယူထားတာပဲဖြစ်ပါတယ်။သူရဲ့ ငယ်ဘဝကတည်းက ဘယ်လိုထန်ခဲ့ပုံ ... ယောင်္ကျားတွေနဲ့ ဘယ်လိုကစားခဲ့ပုံ ... သူရဲ့ အထီးကျန်လှတဲ့ ဘဝကို ယောက်ျားတွေနဲ့ ဖြေသိမ့်နေရပုံ ... တစ်ညတစ်ည ၁၀ ယောက်လောက်နဲ့ အလှူပေးပုံတို့ကို ရှင်းရှင်းလင်းလင်း ရိုက်ကူးပြသထားပါတယ်။ကိုးရီးယား 18+ တွေလို အားတိုင်းကြဲနေတာမျိုးမဟုတ်ဘဲ ဇာတ်လမ်းဆန်ဆန် ...
movie

[21+] Nymphomaniac: Vol. I (2013)

The Electrical Life of Louis Wain (2021) 7.0
The Electrical Life of Louis Wain (2021)  The Electrical Life of Louis Wain (2021)လူးဝစ်ဝိန်းလို့ခေါ်တဲ့ ကြောင်ချစ်သူပန်းချီဆရာတစ်ယောက်အကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို ဒါရိုက်တာ Will Sharpe က ပုံဖော်ရိုက်ကူးပေးထားတာပါလူးဝစ်ဝိန်းကို ၁၈၆၀ခုနှစ် ၈လပိုင်း ၅ရက်နေ့မှာ မွေးဖွားပြီး ၁၉၃၉ခုနှစ် ၇လပိုင်း ၄ရက်နေ့ အသက် ၇၉နှစ်ကွယ်လွန်ခဲ့ပါတယ်သူဟာ ပန်းချီဆရာတစ်ယောက်သာမက တီထွင်သူ စွန့်စားသူနဲ့ စောင့်ရှောက်မှုပေးသူလည်း ဖြစ်ခဲ့တယ်တစ်ချိန်က ကြောင်တွေကို နတ်ဆိုးတွေလို့ သမုတ်ထားကြပေမယ့် လူးဝစ်ဟာ လမ်းဘေးကြောင်လေးတစ်ကောင်ကို မွေးစားပြီးတဲ့နောက်မှာ ပုံမှန်မဟုတ်တဲ့ ကြောင်ပုံတွေကို ရေးဆွဲပြီး ကြောင်တွေပေါ်ထားတဲ့ လူတွေရဲ့ အမြင်ကို ပြောင်းလဲပေးခဲ့ပါတယ်လူးဝစ်ဟာ ကြောင်ပုံလက်ရာပေါင်း ၇၂ ခုကိုရေးဆွဲခဲ့ပြီး တန်ဖိုးတွေက size ပေါ်မူတည်ပြီး USD 248563 ထိပေါက်ဈေးရှိခဲ့ပါတယ်ဘဝတစ်လျှောက်လုံး ကြောင်ပုံတွေဆွဲ ကြောင်အရုပ်တွေလုပ် ကြောင်အကြောင်းတွေရေးသားရင်း ကြောင်တွေတွက်ပဲ နေရင်း ဘဝနေဝင်သွားတဲ့ လူးဝစ်ဝိန်းအကြောင်းကို ဒရမ်မာဆန်ဆန် အလွမ်းဓါတ်ခံလေးနဲ့ ကြည့်ရှုရမယ့် ...
movie

The Electrical Life of Louis Wain (2021)

Archive (2020) 6.3
Archive (2020) Archive (2020)===========IMDb Rating - 6.3/10#Unicodeသေပြီးတဲ့နောက်မှာ ဘ၀ကြီးက ချက်ချင်းပြီးသွားတာ မဟုတ်ဘူးဆို ဘယ်လိုလုပ်မလဲ။ကိုယ့်ရဲ့ အသိစိတ်ကို ခဏသိမ်းထားလို့ရပြီး နောက်မှာ ကျန်ခဲ့မယ့်လူတွေကို နှုတ်ဆက်စကားပြောခွင့်ရမယ်ဆိုရဂ်ရော။ Artificial intelligence(ညဏ်ရည်တု)နည်းပညာနဲ့ပက်သက်တဲ့ နယ်ပယ်မှာ ပညာရှင်တိုင်းဖြေဖို့ကြိုးစားနေတဲ့မေးခွန်းတစ်ခုရှိတယ်။ "အသိစိတ်ကို ဖန်တီးလို့ရလား"ဆိုတဲ့မေးခွန်းပါ။ ဒီဇာတ်ကားထဲမှာတော့ ဒီမေးခွန်းကိုရိုးရိုးလေးဖြေပြသွားတာကိုတွေ့ရမှာပါ။ 1238ခုနှစ်မှာ စက်ရုပ်ပညာရှင်တစ်ယောက်က ဂျပန်နိုင်ငံရဲ့နှင်းတောထဲက အလုပ်ရုံတစ်ခုမှာ လူလိုအသိညဏ်ရှိတဲ့စက်ရုပ်တွေကို ကြိုးစားပြီးဖန်တီးနေတယ်။ သူ့ရဲ့အသိစိတ်ရှာပုံတော်က တော်တော်တောင်ခရီးရောက်နေပြီပြောရမယ်။လိုအပ်နေတာလေးတွေတော့ရှိသေးတာပေါ့။ ဒါပေမယ့် သူကတိကျတဲ့ရည်ရွယ်ချက်တစ်ခုအတွက် လူသားတစ်ယောက်နဲ့ထပ်တူကျတဲ့ စက်ရုပ်တစ်ရုပ်ကိုလိုချင်တာ။ တိတိကျကျပြောရရင် သေသွားတဲ့သူ့မိန်းမနဲ့တူတဲ့ စက်ရုပ်တစ်ရုပ်ကိုလိုချင်တာ။တဖြည်းဖြည်းနဲ့ သူ့ရဲ့အလုပ်က အန္တရာယ်များလာပြီး စွန့်စားရမှာတွေရှိလာတယ်။ သူအောင်မြင်ပါ့မလား။ ဘယ်လိုပြဿနာတွေကိုကြုံရဦးမလဲဆိုတာသိချင်ရင်တော့ ဇာတ်ကားလေးကို ကြည့်လိုက်ပါ။-------------- ဇာတ်ကားက IMDB Rating 6.3/10  ရရှိထားပြီး si-fi ဇာတ်ကားတစ်ကားအနေနဲ့ဆို မဆိုးဘူးလို့ပြောရမှာပါ။ ခပ်အေးအေးဇာတ်လမ်းနဲ့ မထင်မှတ်ထားတဲ့ အဆုံးသတ်နဲ့ ပရိတ်သတ်ကို ဪဒီလိုလားဆိုပြီးဖြစ်သွားစေပါလိမ့်မယ်။ ညဏ်ရည်တုနည်းပညာနဲ့ပတ်သက်ပြီး  ညဏ်ရည်တုနဲ့လူသားတွေရဲ့ကြားထဲမှာရှိလာနိုင်တဲ့ သံယောဇဉ်တွေကိုပါချပြထားပါတယ်။စိတ်ကူးယဉ်သိပ္ပံဇာတ်ကားတွေကိုကြိုက်နှစ်သက်သူတွေအနေနဲ့ လက်မလွှတ်သင့်တဲ့ဇာတ်ကားတစ်ကားပါ။(ဒီဇာတ်လမ်းရဲ့ ...
movie

Archive (2020)

High-Rise (2015) 5.6
High-Rise (2015) High-Rise (2015)IMDb - 5.6/10_____Rotten - 60%    "စကြဝဠာနဲ့ လူတွေရဲ့ ရူးသွပ်မှုသာ အဆုံးမဲ့ဖြစ်တယ်။ အရှေ့ကတစ်ခုကတော့ ကျွန်တော် မသေချာဘူး" လို့ ၂၀ ရာစုရဲ့ အကြီးကျယ်ဆုံး သိပ္ပံပညာရှင်လို့ သမုဒ်ခံထားရတဲ့ Albert Einstein ကပြောခဲ့ပါတယ်။ လောဘကြောင့် ဒေါသကြောင့့်မောဟကြောင့် လူတွေ ရူးသွပ်နေကြပါတယ်။ Thor ဇာတ်ကားတွေထဲမှာ Loki အဖြစ်တွေ့ရတဲ့ Tom Hiddleton ကို High Rise (2015) မှာတော့ သူ့ရဲ့ရူးသွပ်မှုကို ရိုးရိုးရှင်းရှင်းလေး ခံယူလိုက်တဲ့ Dr. Laing အဖြစ်တွေ့ရမှာပါ။ Tom ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ဒီဇာတ်ကားမှာ ထင်ထင်ရှားရှားတွေ့နိုင်မှာပါ။ ဆိုးဆိုးရွားရွား ရူးသွပ်သူတွေကြားမှာ ပုံမှန်ရူးသွပ်သူက ဆိုးရွားသူတစ်ယောက်ဖြစ်နေတတ်တာကို Dracula:Untold မင်းသား Luke Evans က Richard Wilder နေရာကနေသရုပ်ဆောင်ပြသွားပါတယ်။ Free will ဆိုတဲ့ လွတ်လပ်တဲ့ စိတ်ထားမှာ သန့်ရှင်းမှု တရားမျှတမှု ကောင်းမှု မကောင်းမှုတွေ ဆိုတာရှိဖို့မလိုပါဘူးဆိုတာ ဒီဇာတ်ကားမှာ ခပ်ကြမ်းကြမ်းလေးပြပေးထားပါတယ်။ လွတ်လပ်တဲ့ စိတ်ထားရှိသူတွေကို အာဏာရှင်တစ်ယောက်က မအုပ်ချုပ်နိုင်ဘူးဆိုတာရောပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ ဦးနှောက်ခွဲစိတ်ဆရာဝန် Laing တစ်ယောက် ...
movie

High-Rise (2015)

2015
Rosy (2018) 5.1
Rosy (2018) IMDB rating -5.1ဒီဇာတ်​ကာ​း​လေးက​တော့​နည်​းနည်​း​ကြောင်​​တောင်​နိုင်​တယ်​ဗျဘာလို့လဲဆို​တော့အဲ့လိုမျိုးအပြင်​တကယ်​ရှိ​ရောရှိရဲ့လားဆို​တာ​တွေးမိတယ်​ရိုမန်​တစ်​ကားဆို​ပေမယ်​့thrillerခန်​းနည်​းနည်​း​တော့ပါတယ်​အဲ့လို​ယောက်​ျားမျိုးနဲ့​တွေ့ရင်​မိန်​းက​လေး​တွေဘယ်​လိုလုပ်​ကြမလဲမသိဘူးဒီဇာတ်​လမ်​းထဲမှာ​ဒေါ့ခ်​ဆိုတဲ့​ကောင်​​လေးတစ်​​ယောက်​ရှိတယ်​သူကရိုစီဆိုတဲ့​ကောင်​းမ​လေးကိုကြိုက်​တာ ကြိုက်​တာဆို​ပေမယ်​့ဖွင်​့​ပြောတာလဲမဟုတ်​ဘူးတစ်​ခါတည်​းသတိ​မေ့​အောင်​လုပ်​ပြီးသူအဖွားအိမ်​က​မြေ​အောက်​ခန်​းထဲမှာထည်​့ထားလိုက်​တယ်​ဒီတိုင်​းထည်​့ထားတာ​တော့မဟုတ်​ဘူး လုံးဝဂရုစိုက်​တယ်​ အစားအ​သောက်​​ကျွေးတယ်​မှုခင်​းဂျာနယ်​​တွေထဲမှာဖတ်​ရသလိုမျိုး​မြေ​အောက်​ခန်​းထည်​့ထားပြီးမုဒိန်​းကျင်​့တယ်​လို့ဘာတို့လုပ်​တယ်​ဆိုပြီးမဟုတ်​ဘူး​သေချာဂရုစိုက်တယ်​​အိမ်​သာသွားတာ​ရေချိုးတာကအစ​သေချာ​စောင်​့​ပေးတာဒါ​ပေမယ်​့​ကောင်​မ​လေးကိုဒီတိုင်​းလွှတ်​ထားတာ​တော့မဟုတ်​ဘူး လက်​ထိပ်​ခတ်​ထားတယ်​ ​ထွက်​​ပြေးမှာစိုးလို့ ကောင်​​လေးကအလုပ်​သွားတယ်​အလုပ်​ကပြန်​လာမှ​မြေ​အောက်​ခန်​းတံခါးကိုဖွင်​့​ပေးတယ်​​ကောင်​​လေးက​ကောင်​းမ​လေးကိုသူဆီမှာရှိ​နေတာကိုဘယ်​သူကိုမှမသိ​စေချင်​ဘူး​နေမ​ကောင်​းဖြစ်​​နေတဲ့သူ့ရဲ့အဖွားကိုဆရာဝန်​ကအိမ်​ပြန်​​ခေါ်ပြီး​ဆေးပိုက်​​တွေတပ်​ထားပြီး​နေလို့ရတယ်​ဆို​တာ​တောင်​သူက​အိမ်​ကိုမ​ခေါ်ချင်​လို့​ဆေးပိုက်​​တွေဖြုတ်​ပြီးသတ်​ခိုင်​းလိုက်​တယ်​အဲ့​ကောင်​မ​လေးလဲသူစိမ်​းအိမ်​မှာဘယ်​ကြာကြာ​နေနိုင်​မလဲ ထွက်​​ပြေးဖို့ကြိုးစားတာ​ပေါ့အဲ့​တော့​ကောင်​မ​လေးလဲမိန်​းမမာယာ​တွေသုံးပြီးဘယ်​လိုထွက်​​ပြေးမလဲဆို​တာဇာတ်​လမ်​း​လေးထဲမှာကြည်​့လိုက်​ပါလို့ဇာတ်​ကားထဲမှာဆိုက်​ကိုဆန်​ဆန်​​ကောင်​​လေးတစ်​​ယောက်​က​ကောင်​မ​လေးတစ်​​ယောက်​ကိုဘယ်​လိုရူးရူးမူးမူးချစ်​​နေလဲဆိုတာက​တော့ ကြည်​့ကြည်​့လိုက်​ပါ(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုတင်မျိုးလွင် ပါ)File Size : (700 MB) and (350 MB) Quality : Blu-Ray 720p Running Time : 1hr 32min Format : Mp4 Genre : Comedy, Romance, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.XviD.AC3-FGT Translated by Tin Myo Lwin Encoded by Thanhtike Zaw
movie

Rosy (2018)

2017