Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Song Jia
5.3
Tiger Robbers ( 2021 )
Tiger robbers တဲ့ ကျားပြန်ပေးဆွဲကြသူများပေါ့... ဒီဇာတ်လမ်းလေးက နည်းနည်းတော့ ရိုးရှင်းတယ် ဒါပေမယ့် နက်နဲတယ် ရှုပ်ထွေးတယ်။ အကျဉ်းနည်းနည်းပြောပြရရင် အများနဲ့မတူ တစ်မူထူးနေတဲ့ ဂေါက်သီး ၃ ယောက်က ပေါင်းပြီး ပိုင်ရှင်မဲ့တိရစ္ဆာန်လေးတွေကို ကယ်တင်ပြီး ပိုင်ရှင်ပြန်လာတဲ့အထိ စောင့်ပေးတယ်။ ပိုင်ရှင်ပြန်မပေါ်လာရင်လည်း ပိုင်ရှင်လိုက်ရှာပေးတယ်။ဒီဂေါက်သီး ၃ ယောက်အကြောင်းပြောရမယ်ဆိုရင် မကောင်းတဲ့သူတွေလက်ထဲက ဘာမဆို ခဏလေးနဲ့ ခိုးတတ်တဲ့ ခေတ်သစ်ရော်ဘင်ဟုဒ်ရယ် အိုင်းစတိုင်းကို အားကျပြီး ပေါက်ကရတီထွင်နေတဲ့ ဦးထုပ်ဆန်းဆန်းဝတ်တတ်တတဲ့ ကိုတီထွင်ကြီးရယ်၊ ယောက်ျားတွေတောင်အရှုံးပေးရလောက်တဲ့ အကြည့်တစ်ချက်နဲ့ အလိမ်အညာစကားအကုန် မှန်းနိုင်တဲ့ ကုတုံးဆံပင်ပေါက် မမရယ်ပေါ့။တစ်နေ့ သူတို့က သူတို့ထက်ပိုဂေါက်တဲ့ သမီးပျောက်ရှာနေတဲ့ အမျိုးသမီးတစ်ယောက်ကို ရှာတွေ့တော့တယ်။ ဇာတ်လမ်းက အဲ့ဒီမှာစတော့တာပဲ။ သမီးပျောက်လိုက်ရှာတဲ့အမျိုးသမီးရဲ့ သမီးက လူမဟုတ်ဘဲ ကျားဖြစ်နေတဲ့အခါကြတော့ ရဲတိုင်လို့လည်းမရ။ အလွတ်တန်းစုံထောက်တွေအပ်တော့လည်း ငွေလိမ်ပြီးပြေးကြတာပဲ။ဒီဂေါက်သီး ၃ ယောက်ကတော့ ငွေလည်းလိမ်မပြေးသလို သေချာလည်း ရှာပေးပါတယ်။ တစ်ခုပဲ... ဂေါက်သီး ၃ ယောက်ရယ် ဂေါက်သီးမလေးရယ်ပေါင်းပြီးလိုက်ရှာတော့ အလွဲလေးတွေရှိတာပေါ့။ ကြားထဲ ကျားသမီးလေးကို ခိုးသွားတဲ့တစ်ဖက်ကလည်း ဂေါက်သီးကြီးဆိုတော့ ဇာတ်လမ်းလေးက ရယ်မဆုံးဖြစ်နေပါတော့တယ် စိတ်ပြေလက်ပျောက်ကြည့်ဖို့အတွက်သင့်တော်တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ် Filesize : 1.71 ...
movie
Tiger Robbers ( 2021 )
5.9
Strangers When We Meet ( 2024 )
ထောင်တံခါးဝမှာဆုံခဲ့တဲ့သူစိမ်းနှစ်ယောက်ဟာ အရင်းနီးဆုံးအလေးထားရဆုံးသူတွေဖြစ်လာနိုင်ပါတယ်။ (၂၇)နှစ်ထောင်ကျခဲ့တဲ့အတွက် လူပျိုကြီးဖြစ်နေတဲ့ လောင်ချင်ဟာ မိဘတွေကိုသားတစ်ယောက်တာဝန်ကျေဖို့အတွက် မိန်းမယူဖို့သင့်တော်တဲ့သူရှာနေပါတယ်။ ထောင်(၂)ခါကျဖူးတဲ့အတွက် ဒီကိစ္စဟာမလွယ်ပါဘူး လက်မခံနိုင်တဲ့သူများပြီး လူလိမ်နဲ့သာကြုံခဲ့ရတယ်။သူနဲ့ဘဝတူလက်တွဲဖော်ရှာမယ်ဆိုပြီး အမျိုးသမီးထောင်ပေါက်ဝမှ ာသွားရှာရင်း အသက်(၂၀)ကျော်ကလေးမလေးတွေ့ဆုံခဲ့ကြတယ်။ နှစ်ယောက်သားအစမ်းလက်ထပ်ခဲ့ပြီး တကယ်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။ ကလေးမလေးက တင်တောင်းငွေ (၁၈၄၄၀၀)ယွမ်ကို လက်ခံရရှိပြီးနောက်ပိုင်းမှာတော့ ပျောက်သွားခဲ့ပါတယ်။လောင်ချင်ဟာလိမ်ခံလိုက်ရပြီလို့ထင်နေတဲ့အချိန်မှာပဲ ဒီငွေပမာဏရဲ့နောက်ကွယ်ကအကြောင်းအရင်းကိုသိသွားပြီးတော့ လင်မယားဆိုတာထပ် ပိုပြီးဖြူစင်တဲ့သံယောဇဉ်တွေဖြစ်လာခဲ့ပါတယ်။ ကံဆိုးသူနှစ်ယောက်ကြားကသံယောဇဉ်အကြောင်း ပုံဖော်ထားတဲ့ ဒရာမာကောင်းလေးပဲဖြစ်ပါတယ်။ Filesize : 802 MB / 495 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Crime Runtime : 1h 48 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Strangers When We Meet ( 2024 )
5.8
The Guilty Ones (2019)
လွန်ခဲ့တဲ့၁၀နှစ်က လင်တန်းဆိုတဲ့ကလေးမလေးတစ်ယောက်ကို လူတစ်ယောက်ကပြန်ပေးဆွဲခဲ့ပြီး ကလေးမလေးအမေဆီကို ငွေညစ်တောင်းခဲ့ပေမဲ့ကလေးမလေးကတော့သေသွားခဲ့ပါတယ်.... အဲ့ဒီအမှုကို၁၀နှစ်ကြာစုံစမ်းစစ်ဆေးခဲ့တာတောင် အဖြစ်မှန်မပေါ်နိုင်သေးပဲရှိနေသေးတာမို့ ကလေးမလေးအမေကလက်မလျော့ပဲ အဲ့အချိန်တုန်းကပြန်ပေးဆွဲသမားကို ဆက်လက်ပြီးတော့လိုက်ရှာနေခဲ့ပါတယ်တိုက်ဆိုင်စွာနဲ့ပဲလွန်ခဲ့တဲ့၁၀နှစ်တုန်းကအဖြစ်လိုမျိုး ကျူးကျူးဆိုတဲ့ကလေးမလေးဆီမှာပြန်ဖြစ်လာသောအခါ... ကလေးကိုဘယ်သူကပြန်ပေးဆွဲတာလဲ ဘာကြောင့်လဲဆိုတာဆက်လက်ကြည့်ရှုလိုက်ကြပါစို့နော်..... Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Mystery , Drama Runtime : 1h 34 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Xiao Encoded by LK
movie
The Guilty Ones (2019)
7.6
Red Cliff II (2009)
Red Cliff II (2009)_________IMDb -7.6/10 ပထမကား မှာ အောင်မြင်မှုရရှိခဲ့ပြီး နောက် ဒုတိယ ကားကို၂၀၀၉ ခုနှစ်မှာပဲ ထပ်မံထွက်ရှိလာခဲ့ပါတယ် ဇာတ်လမ်းကတော့ပထမကား ကိုပဲ ဆက်လက်ရိုက်ကူးထားပြီး ပထမကားကိုသာ ကြည့်ပြီးမှ ဒီကားကိုဆက်ကြည့်မှသာ ဇာတ်ရည်လည်မှာပဲဖြစ်ပါတယ်ဒီကားကတော့ IMDb rating 7.6 ထိရရှိထားပြီးသိုင်းကား ရှေးရာဇဝင်စစ်ကားကိုကြိုက်နှစ်သက်သူတွေ အနေနဲ့ကတော့ လက်မလွှတ်သင့်တဲ့ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ချောင်ချောက်ရဲ့ ကုန်းတပ်စစ်ဦးကို အနိုင်တိုက်ပြီးနောက်မှာ အင်အားသောင်းချီတဲ့ ရေတပ်ကြီးကို ကျိုးယွီနဲ့ ခုံးမင်တို့ ဘယ်လို ဆက်ရင်ဆိုင်ကြမလဲဆိုတာ...... File size…(2.3 GB) and (1.3 MB) Quality….Blu-Ray 1080p & 720p Format…mp4 Duration….02:22:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias
movie
Red Cliff II (2009)
2009
7.1
The Final Master (2015)
သိုင်းကား မျှော်နေကြတဲ့ CM Fan တွေ အတွက် အကောင်းဆုံး သိုင်းကား တစ်ကားကို CM မှ တင်ဆက်ပေးလိုက်ပါပြီ IP Man ရဲ့ ၀င်းချွန်း သိုင်းအပြင် နာမည်ကြီးခဲ့တဲ့ ယုံချွန်း သိုင်းပညာ အကြောင်းကို ဒီရုပ်ရှင်မှာ ပြသထားပါတယ်... ယုံချွန်း သိုင်းပညာဟာ တောင်ပိုင်း က စတင်လာတဲ့ သိုင်းပညာဖြစ်ပြီး အစစ်အမှန်ကိုတော့ တက်သူ နည်းပါးခဲ့ပြီး ဆရာတွေ ဆိုတာလဲ ခေတ်မကောင်းလို့ သိုင်းပညာကို အစစ်အမှန် မသင်ကြတဲ့ အချိန်ပါ ၁၉၀၀ ခုနှစ်တွေ အကျော်မှာ တရုတ်နိုင်ငံရဲ့ သိုင်းလောက ဟာ မှေးမှိန်ပျောက်ကွယ်စ ပြုနေပါပြီ သိုင်းလောက မှာ အမှန်တကယ် တက်ကျွမ်းသူမှာ လက်ချိုးရေလို့ရခဲ့ပြီး ငွေသဲ့ယူ လိမ်စားနေတဲ့ သိုင်းသင်တန်းကျောင်းတွေသာ ကျန်ခဲ့ပါတော့တယ်... တရုတ်နိုင်ငံ ထန်ကျင်းမြို့ဟာ သိုင်းဂိုဏ်းပေါင်းစုံ တည်ရှိပြီး သူ့ဟာ နဲ့ သူ စည်းလုံးနေပေမယ့် သိုင်းအစစ်အမှန်ကိုတော့ မသင်ပေးကြပါဘူး ဒီလိုနဲ့ တောင်ပိုင်းသား တစ်ယောက်ဟာ ပညာအစစ်ကို ယူပြီး ထန်ကျင်းကို ရောက်လာခဲ့တယ် သူ မိန်းမ တစ်ယောက် ယူတယ် ထန်ကျင်း က တပည့် တစ်ယောက် မွေးတယ် ပညာတစ်ဝက် ...
movie
The Final Master (2015)
2015
6.5
Shock Wave (2017)
IMDb rating 6.5 နဲ့ tomatoes rating 80% ရထားတဲ့ မင်းသား Andy Lau ရဲ့ အက်ရှင်ဇာတ်ကားကြီးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ စုံထောက် ဂျေအက်စ်ဂျန်က ဗုံးရှင်းလင်းရေးမှာ အထူးကျွမ်းကျင်တဲ့ရဲအရာရှိတစ်ယောက်ပါ။ဗုံးဖေါက်ခွဲမှုကျွမ်းကျင်တဲ့ အကြမ်းဖက်သမားကို ဖမ်းနိုင်လို့ Undercover အနေနဲ့ ၂နှစ်လောက်အကြမ်းဖက်သမားတွေဆီမှာ စုံစမ်းရေးလုပ်နေခဲ့တယ်။နောက်ဆုံးဖမ်းမိခါနီးအချိန်လေးမှာ ဗုံးဖေါက်ခွဲရေး ကျွမ်းကျင်တဲ့လူဆိုးက ထွက်ပြေးလွတ်မြောက်သွားပြီး သူ့ညီကိုသာ ဖမ်းမိလိုက်ပါတယ်။နောက်နှစ်အနည်းငယ်ကြာတဲ့အခါမှာတော့ ဒီလူဆိုးက လက်စားချေဖို့ ဟောင်ကောင်ကို ပြန်ရောက်လာတဲ့အခါမှာတော့…………………….-ဗုံးကျွမ်းကျင်သူဖြစ်တာကြောင့် ဘယ်လိုတွေ လက်စွမ်းပြပြီးဖောက်ခွဲမှာလဲ-ဟောင်ကောင်ရဲ့ အရေးပါတဲ့ ပင်လယ်ဖြတ်ကူးတဲ့ရေအောက်ဥမင်လှိုင်ခေါင်းလမ်းကို အနုကြမ်းစီးလာတဲ့အခါမှာတော့ဂျေအက်စ်ဂျန် ဒီအမှုကို ဖြေရှင်းနိုင်ပါ့မလားဆိုတာ ဇာတ်ကားထဲမှာကြည့်ရှုစောင့်စားလိုက်ပါ။ကြမ်းကြမ်းရမ်းရမ်း အက်ရှင်ကားတွေကြိုက်ရင် ဒီကားကိုကြည့်လိုက်ပါ။ဗုံးတွေကို ဘယ်လိုရှင်းလင်းဖယ်ရတယ်ဆိုတာကို သိမြင်ခံစားနိုင်မှာပါ (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Little Twinlay ပါ) File Size : (850 MB) and (420 MB) Quality ...
movie
Shock Wave (2017)
2017