Channel Myanmar

Sonal Shah

Maidaan (2023) 8.4
Maidaan (2023) Maidaan (2024) "ပြိုင်ပွဲ" IMDb - 8.4/10တို့တစ်ရွာလုံးကတော့ အဂျေးဆိုတဲ့ ကျွန်တော့်လိုလူတွေအတွက် သိပ်မကြာသေးခင်ကမှ Shaitaan (2024)ရုံတင်ကားကြီးကို တင်ဆက်ပေးပြီးတဲ့နောက် အဂျေးရဲ့ ရှားရှားပါးပါး အားကစားရုပ်ရှင်ကားကြီး ရုတ်တရက်ထွက်ရှိလာတဲ့အတွက် အမြန်ဆုံးတင်ဆက်ပေးလိုက်ပါတယ်။အားကစားရုပ်ရှင်ဖြစ်တဲ့အလျောက် ရုပ်ရှင်ကားကြီးတိုင်း ရုံတင်ငွေအများကြီးမရခဲ့ပေမဲ့ အားကစားရုပ်ရှင်တို့ထုံးစံအတိုင်း ရသတမျိုးမျိုးကတော့ ခံစားစေရမှာ အမှန်ဖြစ်ပြီး ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးထောပနာပြုမှုကို ရရှိခဲ့ပါတယ်။၁၉၅၀ခုနှစ်ကနေ သေဆုံးချိန်အထိ အိန္ဒိယနိုင်ငံ့လက်ရွေးစင်ဘောလုံးအသင်းရဲ့ နည်းပြနဲ့မန်နေဂျာဖြစ်တဲ့ Rahim Saabအကြောင်းကို အခြေခံရိုက်ကူးထားပါတယ်။ခေတ်ကာလအလျောက် နိုင်ငံတော်ကနေ နိုင်ငံ့လက်ရွေးစင်ဘောလုံးအသင်းအပေါ် ထောက်ပံ့မှုအားနည်းပုံတွေ၊ နိုင်ငံ့လက်ရွေးစင်အသင်းတစ်သင်းရှုံးနိမ့်ပြီဆို ဘောလုံးအသင်းချုပ်ဘုတ်အဖွဲ့ဝင်တွေရဲ့ နည်းပြအပေါ် လွှဲချမှုတွေ၊ လူမျိုးရေးပဋိပက္ခတွေ၊နောက်ပြီး အဓိကဇာတ်လိုက်ဖြစ်တဲ့ နည်းပြတစ်ယောက်ရဲ့ အသင်းပေါ်ထားတဲ့စိတ်ဓာတ်နဲ့ ရင်ဆိုင်ရတဲ့ အမျိုးမျိုးသောဖြစ်ရပ်တွေအပြင် ကွင်းတွင်းကွင်းပြင်ဖြစ်ရပ်တွေကို သေချာရိုက်ကူးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…3.4GB / 1.7GB  Quality…WEB DL 1080p / 720p Format…mp4 Duration….3h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Maidaan (2023)

2024
The High Note (2020) 6.4
The High Note (2020) The High Note (2020)~ IMDb - 6.4/10, Rotten Tomatoes - 71% ~မာဂရက် ရှားဝုဒ် (မက်ဂ်) ဆိုတဲ့ ကောင်မလေးဟာ တန်းဝင်အဆိုတော်ကြီး ဂရေ့စ် ဒေးဗစ် ရဲ့ အတွင်းရေးမှူးလေးတစ်ယောက်ပေါ့။ မက်ဂ်ရဲ့ မိခင်က အဆိုတော်၊ ဖခင်က ရေဒီယိုအစီအစဉ်မှူးဆိုတော့ ဂီတနဲ့ ရင်းနှီးသူဖြစ်ပြီး ဂီတအကြောင်း ကောင်းကောင်းသိပါတယ်။ သူ့ရဲ့ရည်မှန်းချက်က ဂရေ့စ်ရဲ့ ထုတ်လုပ်ရေးမှူးဖြစ်လာချင်တာပါ။ ဒါပေမဲ့ ငယ်ရွယ်နုနယ်လွန်းတာကြောင့် ယုံကြည်မှုမရရှာတော့ တိတ်တိတ်လေးခိုးပြီး သီချင်းလေးတွေ အစမ်းထုတ်လုပ်ကြည့်နေသူပေါ့။ဒီလိုနဲ့ အသံသိပ်ကောင်းပြီး ဆွဲဆောင်အားပြင်းတဲ့ ကောင်လေးတစ်ယောက်ကို ချစ်လည်းချစ်မိ၊ အသံကိုလည်း ကြွေခဲ့ရတဲ့ မက်ဂ်က သူ့ကို သီချင်းတွေ ထုတ်လုပ်ပေးဖို့ ကြိုးစားကြည့်တယ်။ ဂရေ့စ်ဆီရယ်၊ ကောင်လေးဆီရယ် အပြန်အလှန် ပြေးပြေးလွှားလွှားနဲ့ သူ့ရဲ့ ထုတ်လုပ်ရေးမှူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့ကြိုးစားရင်း တလွဲတချော်တွေဖြစ်လာတဲ့အခါ၊ မက်ဂ်တစ်ယောက် ငါးရံ့နှစ်ကောင်ဖမ်းရင်း ...
movie

The High Note (2020)

2020