Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Son Hyun-joo
6.8
The Chronicles of Evil
The Chronicles of Evil (2015) စုံထောက် Choi Chang-Sik ဟာ သမ္မတကိုယ်တိုင် ချီးမြှင့်တဲ့ ထူးချွန်ဆုကိုရရှိထားပြီး ဌာနမှာ ရာထူးတိုးဖို့ အလားအလာရှိနေသူတစ်ယောက်ပါ။ ဆုချီးမြှင့်ခံရသည့်ည ဂုဏ်ပြုညစာစားပွဲမှအပြန်လမ်းမှာ ကားမောင်းသမားယောင်ဆောင်ထားတဲ့ လုပ်ကြံသူ၏တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။ နှစ်ယောက်သား ရုန်းရင်းဆန်ခတ်နဲ့ တိုက်ခိုက်နေကြရင်း Choi Chang- Sik မှ မတော်တဆ လက်လွန်သွားခဲ့ပါတယ်။ ရာထူးတိုးဖို့အကြောင်းရှိနေတာကြောင့် အမှုကို ဖုံးကွယ်ဖို့ကြိုးစားခဲ့ပေမယ့် နောက်နေ့မနက်မှာ တစ်စုံတစ်ယောက်က ဂန်းနမ်ရဲစခန်းရှေ့မှာ အလောင်းကို လာချိတ်ထားခဲ့ပါတယ်။ ထောင်ချောက်မိသွားမှန်း သိလိုက်ရတဲ့ Choi Chang-Sik တစ်ယောက် မိမိကို ဦးတည်တိုက်ခိုက်ရခြင်းရဲ့ နောက်ကွယ်က အဖြစ်မှန်ကို တိတ်တဆိတ် စုံစမ်းဖို့ဖြစ်လာခဲ့ပါတယ်။ လူသတ်မှုကိုပဲ ဆက်လက်ဖုံးဖိထားနိုင်မလား????? လွန်ခဲ့တဲ့၁၅နှစ်က အဖြစ်မှန်တွေပဲ ပြန်ရှာတွေ့သွားမလားဆိုတာကတော့ The Chronicles Of Evil မှာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။ မင်းသားPark Seo Joon ပါဝင်တဲ့အပြင် စုံထောက်အက်ရှင်မင်းသားကြီး Ma Dong Seok ကပါ ပါဝင်အားဖြည့်ထားပြီး Ratingကောင်းခဲ့တဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Translated by : Milkeux Encoded by : August
movie
The Chronicles of Evil
2015
6.5
Jesters: The Game Changers(2019)
Jesters: The Game Changers(2019)ဒီတစ်ခေါက်မှာလည်း Historical တစ်ကား ထပ်မံ တင်ဆက်ပေးလိုက်ပါတယ်...ပုံမှန်ကြည့်နေကျ နန်းတွင်းဇာတ်လမ်းတွေနဲ့တော့ နည်းနည်းကွဲထွက်ပြီး ဇာတ်လမ်းလေးဆန်းပါတယ်....... ဂျိုဆွန်းခေတ် ဘုရင်ဆယ်ဂျို လက်ထက်မှာတော့ သမိုင်းမှတ်တမ်းတွေကို အမှန်တိုင်း မဖြစ်အောင် လိမ်လည်ဖို့ ကြံစည်ခဲ့ကြပါတယ်..ဘုရင် ဆယ်ဂျိုဟာ သစ္စာဖောက် အမတ်တွေနဲ့ အတူ အစ်ကိုနဲ့ တူတော်ဘုရင်ငယ်လေးကို သတ်ပြီး နန်းတက်ခဲ့ပါတယ်...ပြည်သူတွေကလည်း ပုန်ကန်ပြီး ဘုရင်ဖြစ်လာတဲ့ ဘုရင်ဆယ်ဂျိုကို အသိမှတ်မပြုခဲ့ကြပါဘူး ...အဲ့နောက် ၁၀ နှစ်အကြာ ဆယ်ဂျိုဘုရင်မှာ အနာကြီးရောဂါတွေဖြစ်လာခဲ့တယ် ...ဘုရင်ဟာ နတ်ရွာစံကာနီးကျမှ သမိုင်းမှာ ဘုရင်ဆိုးအဖြစ် မှတ်တမ်းတင်ခံရမှာကိုကြောက်လာခဲ့တယ်...ဒါကြောင့် အမတ်ချုပ်က စျေးတွေမှာ ပုံပြော ဇာတ်ကပြီး ဖျော်ဖြေတဲ့ လူရွှင်တော် အဖွဲ့ကိုငှားပြီး ဘုရင်ကို ပြည်သူတွေ အမြင်ကြည်ဖို့ဇာတ်လမ်းမျိုးစုံထွင်ပါတော့တယ်...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်....File Size : (900 MB) and ...
movie
Jesters: The Game Changers(2019)
6.9
Secretly, Greatly ( 2013 )
IMDb 6.9 ရရှိထားတဲ့ဇာတ်ကားကောင်းလေးပါပဲ5446လို့ခေါ်တဲ့မြောက်ကိုရီးယားလျှို့ဝှက်စပိုင်အဖွဲ့အစည်းတစ်ခုငယ်ရွယ်တဲ့လူငယ်တွေကို တိုက်ရည် ခိုက်ရည် ဥာဏ်ရည်ပိုင်းတွေအထူးလေ့ကျင့်ပေးထားတယ်ရည်ရွယ်ချက်ကတော့တောင်ကိုရီးယားကိုစပိုင်တွေအဖြစ် စေလွှတ်ပြီး အသီးသီးဇတ်မြုတ်နေစေပြီးလျှို့ဝှက်တာဝန်တွေအသီးသီးထမ်းဆောင်ဖို့ပဲ ဒီထဲမှာအတော်ဆုံးလို့ခေါ်ရမဲ့ လူငယ်လေးသုံးယောက်သူတို့က စရိုက်တစ်မျိုးစီနဲ့တောင်ကိုရီးယားထဲမှာ ဇတ်မြုတ်ပြီးအထက်ကအမိန့်တွေကိုစောင့်ရင်းစပိုင်အဖြစ်နေကြတယ် တစ်နေ့တော့ အထက်ကသူတို့၅၄၄၆တပ်ကတပ်ဖွဲ့ဝင်တွေအားလုံးကို suside လုပ်ခိုင်းတယ်အဲ့ဒီအမိန့်ဟာ သူတို့ ၃ယောက်အတွက် ဘာမှ မခက်ခဲပေမယ့်မိသားစုအရေးတွေပါဝင်လာတဲ့အခါမှာတော့ ဆန့်ကျင်မှုတွေဖြစ်လာတယ်ဒွိဟပွားစရာတွေဖြစ်လာတယ် ဒီဇတ်ကားက တခြားစပိုင်ဇတ်လမ်းတွေနဲ့ခပ်ဆန်းဆန်းကွဲထွက်လာတာက အရူးတစ်ယောက်အဖြစ်သရုပ်ဆောင်ပြီးစပိုင်လုပ်နေတဲ့သူပါလာတာပါပဲ အခြား ၂ယောက်က အနုပညာသမားတစ်ယောက်အထက်တန်းကျောင်းသားတယောက်ပါ သူတို့ ၃ယောက်လုံးကိုတော့ပရိတ်သတ်ကြီးရင်းနှီးပြီးသားတွေဖြစ်မှာပါ အထူးသဖြင့် တည်ငြိမ်သူကွီးတယောက်လို့လူသိများတဲ့ Kim soo hyun က ဒီဇတ်ကားလေးထဲမှာ အရူးဇတ်ရုပ်ကနေခေါင်းဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်နောက်ထပ်မင်းသားတွေဖြစ်တဲ့ Park ki woong နဲ့ lee woo hyun ကလည်းသူ့နေရာနဲ့သူ ပါဝင်သရုပ်ဆောင်ထားကြပါတယ် ဒီဇတ်ကားကို အပိုင်း ၃ပိုင်းခွဲရမယ်ထင်ပါတယ်ပထမပိုင်းမှာရယ်စရာလေးတွေနဲ့စတင်ရင်းတစ်ယောက်စီရဲ့မြှုပ်ကွက်လေးတွေကိုတဖြည်းဖြည်းပြ သွားတယ်ဒုတိယပိုင်းမှာတော့ပရိတ်သတ်တွေကိုမိန်းမောသွားစေမဲ့ အက်ရှင်ခန်းတွေပါလာတယ်တတိယပိုင်းမှာတော့ messageလေးတွေ ပေးသွားလေရဲ့ကိုင်း ဒီလောက်ဆိုတော်သင့်ပြီထင်ပါရဲ့ ခံစားကြည့်လိုက်ပါဦးလို့This Movie Brought To You By ...
movie
Secretly, Greatly ( 2013 )
2013
6.6
The Phone ( 2015 )
" Honey " လက်ထပ်ခွင့်တောင်းတုန်းကကျွန်မ ကိုရှင်ပြောခဲ့တဲ့စကားလေး မှတ်မိသေးလား ?" ငါမင်းကိုတစ်သက်လုံးကာကွယ်စောင့်ရှောက်သွားပါမယ် "တကယ်တမ်းကျတော့ သူပြောခဲ့သလို မကာကွယ်နိုင်ခဲ့ပဲသူ့ဇနီးအသတ်ခံလိုက်ရတဲ့အတွက် ကတိကိုမတည်နိုင်ခဲ့လို့ကြေကွဲနေတဲ့ လူတစ်ဦးတစ်နေ့မှာတော့ အသတ်မခံရခင် ကာလဆီက မိန်းမကသူ့ဆီ ဖုန်းဆက်လာတဲ့အခါမှာ....အနာဂတ်က လူသတ်သမားရဲ့လက်က သူ့ချစ်ဇနီးလွတ်မြောက်အောင်လုပ်ဆောင်နိုင်ပါ့မလား.....ဘယ်လိုများကြိုးစားရမှာလဲဆိုတာဆက်လက်စောင့်ကြည့်ခံစားပါ အညွှန်း Khun Chan Myae ( CM Group ) မှ ပြန်လည်တင်ပြပြီးဘာသာပြန်ကတော့ Ei Pyae ပဲဖြစ်ပါတယ်
movie
The Phone ( 2015 )
2015