Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sneider Castro
7.0
Monos (2019)
Monos (2019)===========IMDb Rating - 7.0/10#Unicode"နာမည်ကျော် Gummy Bearလို့ခေါ်တဲ့ ၀က်ဝံရုပ်မုန့်ကလေး တွေကို 1992မှာ စတီထွင်ခဲ့တယ်။ ဒီမုန့်ကလေးတွေဟာ အေးဆေး ဝါးလို့ရအောင်နူးညံ့ရတယ် ဒါပေမယ့် သူ့ပုံစံဖြစ်တဲ့ ၀က်ဝံရုပ်ကလေးမပျက်အောင် မာကျောရမယ်။ အဲ့ဒီလိုမျိုးအရည်အသွေး မပါရှိတဲ့မုန့်တွေ ထုတ်လုပ်မှုမှာ ပါမပါ စစ်ဆေးဖို့က၁၅နှစ်ဝန်းကျင်လောက်ရှိတဲ့ ကလေးတွေရဲ့ အလုပ်ပါပဲ။"ဒါကရုပ်ရှင်ထဲက တီဗီမှာလာနေတဲ့ သတင်းပါပဲ။ ကလေးသာသာအရွယ်ကလေးတွေဟာ မုန့်မြည်းတဲ့ အလုပ်လောက်ပဲ လုပ်သင့်ပါတယ်။ ဒါပေမယ့် ဒီသတင်းကိုကြည့်နေတဲ့ ၁၅နှစ်သားကောင်လေးရဲ့ အလုပ်ကတော့ စစ်တိုက်ရတာပါ။ ၂၀မကျော်တဲ့ ကလေးတစ်အုပ်ကို စစ်တိုက်ဖို့ လေ့ကျင့်ပေးထားပြီး သူတို့အဖွဲ့ကို Monosတွေလို့ခေါ်ပါတယ်။သူတို့ ဘယ်ကလာလဲ ဘယ်လိုသူပုန်ဖြစ်လာလဲ မပြပေမယ့် သူတို့ရှင်သန်ရတဲ့ဘ၀ကိုတော့ ဆေးမှင်ရည်စုတ်ထိုးသလို ထင်းနေအောင်ကို ပြသွားတယ်။Monosလို့ခေါ်တဲ့ ကလေးတစ်အုပ်ကို သူပုန် အဖွဲ့အစည်းက သုံ့ပန်းဖမ်းထားတဲ့ အမေရိကန် အင်ဂျင်နီယာမတစ်ယောက်ကို စောင့်ကြည့်ဖို့ တာ၀န်ပေးထားတယ်။တစ်ဆက်တည်းမှာပဲ ရိက္ခာအတွက် နို့စားနွားမတစ်ကောင်ငှားပေးထားတယ်။ ငှားပေးတယ်ဆိုတာ စစ်ဆင်းရေးပြီးရင် ပြန်ပေးရမယ့် သဘောပါပဲ။ သူတို့ကိုပေးထားတဲ့တာ၀န်မှာ နံပါတ်တစ်အရေးကြီးတာက စစ်သုံ့ပန်းမလွတ်အောင် ကြည့်ရမယ်။နံပါတ်နှစ် အရေးကြီးတာက နွားမကို သေချာစောင့်ရှောက်ရမယ်။ ဒါပေမယ့် ကလေးတွေထဲက တစ်ယောက်က နွားမကိုသေနတ်နဲ့ပစ်မိသွားပါတယ်။ ဒီနွားတစ်ကောင်သေတဲ့အတွက် သူတို့ထဲက တာ၀န်ယူထားတဲ့တစ်ယောက်က ကွပ်မျက်ခံရမှာပါ။ ဒါပေမယ့် သူ့ကို အားပေးမယ့်သူ ဘယ်သူမှမရှိပါဘူး ကျန်တဲ့ကလေးတွေအကုန်လုံးဟာသေသွားတဲ့ နွားကိုပေါ်ရင်းအလုပ်များနေကြတယ်။ ဒီမှာပဲ အဲ့ဒီကောင်လေးဟာ သူ့ကိုယ်သူသတ်သေသွားတယ်။ သူတို့အသက်ဟာ နွားတစ်ကောင်လောက်မှ တန်ဖိုး မရှိတာလားတော့မသိပါဘူး။ ဒီအကြောင်းကို သတင်းပို့တဲ့အချိန်မှာလည်း သူတို့ခေါင်းဆောင်လူကြီးက အမှတ်မသားမရှိတဲ့မြေပုံမှာမြှပ်ဖို့နဲ့ ...
movie
Monos (2019)
2019