Channel Myanmar

Smruthi Venkat

Double Tuckerr (2024) 8.4
Double Tuckerr (2024) Double Tuckerr (2024)"ကံဆိုးသူ အာရဗင်" ==================================လူနဲ့ animation တွဲဖက်ရိုက်ကူးထားတဲ့ IMDb 8.4 ရ တမီလ်စကားပြော စိတ်ကူးယဉ် ဟာသဒရာမာရုပ်ရှင်လေးကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။အာရဗင်ဟာ ငယ်စဉ်ကတည်းက မတော်တဆမှုတစ်ခုကြောင့် မိဘနှစ်ပါးကိုဆုံးရှုံးခဲ့ရတဲ့ မိဘမဲ့လေးတစ်ယောက်ပါ။အဲဒီမတော်တဆမှုကြောင့် အာရဗင်ဟာ မိဘမဲ့ဖြစ်သွားရုံတင်မကဘဲ မျက်နှာတခြမ်း မီးလောင်ကာ အရုပ်ဆိုးကျည်းတန်သွားခဲ့တဲ့အတွက် အားလုံးကလည်း အာရဗင့်ကို ခွဲခြားဆက်ဆံကြပါသေးတယ်။ဒါပေမဲ့ ဘယ်သူမှ မသိကြတာကတော့ အာရဗင့်မှာ သူ့ကို မွေးကတည်းက စောင့်ရှောက်ပေးနေတဲ့ ကိုယ်စောင့်နတ်နှစ်ပါး ရှိနေတယ်ဆိုတာပါပဲ။ဒါပေမဲ့ အာရဗင့်ရဲ့ ကံဆိုးမှုတွေဟာ မရပ်တန့်သွားဘဲ အဲဒီထဲက ကိုယ်စောင့်နတ်တစ်ပါးရဲ့ အမှားကြောင့် အနိစ္စရောက်သလို စိတ်နဲ့ ခန္ဓာကွဲသွားခဲ့ရပါတယ်။အာရဗင်ဟာ အဲဒီနတ်နှစ်ပါးနဲ့အတူ အချိန်မနှောင်းခင် စိတ်နဲ့ခန္ဓာကို ပြန်ပေါင်းဖို့ကြိုးစားရင်း ထူးဆန်းတဲ့အဖြစ်တွေကြုံရပုံကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.14GB / 1.06GB Quality…WEB DL 1080p / 720p Format.... mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

Double Tuckerr (2024)

Saamaniyan (2024) 6
Saamaniyan (2024) Saamaniyan (2024)"လူသားပိုးဖလံများ" ===============================တမီလ် ခေတ်ဟောင်းမင်းသားကြီးတွေရဲ့ အသစ်ထွက် ဘဏ်ဓားပြရုပ်ရှင်လေးကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ဟာဆိုရင် နိုင်ငံရေးလောကထဲရောက်သွားကြတဲ့ တစ်ခေတ်တစ်ခါက ထိတ်ထိတ်ကြဲအောင်မြင်ခဲ့တဲ့ တမီလ်အနုပညာသမားကြီးတွေရဲ့ come back ရုပ်ရှင်ဆိုရင်လည်း မမှားပါဘူး။ဇာတ်လမ်းကတော့... အငြိမ်းစားစစ်ထွက်တစ်ယောက်ဖြစ်တဲ့ ဆန်ကာရာဟာ မြေးဖြစ်သူရဲ့မွေးနေ့အတွက် ရွာကနေ မြိုကိုတက်လာခဲ့ပြီး မြိုကို ရောက်တဲ့အခါ မြေးဖြစ်သူရဲ့ မွေးနေ့ပွဲကို မသွားခင် ဘဏ်ကို ပိုက်ဆံဝင်ထုတ်ရင်း အကွက်ကျကျစီစဉ်ထားတဲ့ ဘဏ်ဓားပြမှုတစ်ခုထဲမှာ ကြားညှပ်သွားပုံကို စိတ်ဝင်စားဖွယ် ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။တမီလ် ဂန္တဝင်ကြီးတွေရဲ့ တစ်ကျော့ပြန်ရုပ်ရှင်ဖြစ်တဲ့အပြင် ဇာတ်လမ်းကလည်း လှည့်ကွက်တွေနဲ့ တော်တော်လေးမိုက်တာမလို ချန်နယ်မြန်မာပရိသတ်တွေအတွက် Bollywood Team ကနေ ညွှန်းဆို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်...။ File size… 2.55GB / 1.23GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Saamaniyan (2024)

2024
Hit List (2024) 6.2
Hit List (2024) Hit List (2024) "အပြစ်ဒဏ်"IMDb 6.2ရက်ရက်စက်စက် ပြကွက်ခပ်ကြမ်းကြမ်းတွေနဲ့ တမီးလ် လျှို့ဝှက်သည်းဖို ရုပ်ရှင်လေး တင်ဆက်ပေးလိုက်ပါတယ်ဗီဂျေးက အနေအေးတဲ့ လူငယ်တစ်ယောက် သားသတ်လွတ် လှုံ့ဆော်သူလည်းဖြစ်တဲ့အပြင် ကြွက်ကလေးတစ်ကောင်ကိုတောင်မှ စာနာတတ်တဲ့ ကရုဏာရှင် ဒီလို နှလုံးလှဗီဂျေးရဲ့ အမေနဲ့ ညီမလေးကိုမှ အမည်မသိ မျက်နှာဖုံးစွပ် ဆိုက်ကိုကောင်တစ်ကောင်က ပြန်ပေးဆွဲသွားလေရဲ့သူများတကာကို နာကျင်မှုပေးရတာ နှစ်ခြိုက်သူ၊ ငွေနဲ့ အာဏာလို ရုပ်ဝတ္ထုတွေကို မက်မောလို့မဟုတ်ဘဲ စေ့ဆော်မှု ရည်ရွယ်ချက်တစ်ခုရှိနေတဲ့ မျက်နှာဖုံးစွပ် မိစ္ဆာကောင်က …ဗီဂျေးကို အကြပ်ကိုင်ပြီး ရက်စက်ကြမ်းကြုတ်လာအောင် ဘယ်လိုတွေခိုင်းစေမှာလဲ… သူ့ရဲ့ ခန့်မှန်းရခက်တဲ့ ရည်ရွယ်ချက်ကရော ဘယ်လိုဖြစ်မှာလဲမညှာစတမ်း ပြကွက်တွေနဲ့ ရင်တမမ အူလှိုက်သည်းလှိုက် ကြည့်ရမယ့် တမီးလ်ရုပ်ရှင်လေးတစ်ကားပါအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…2.05GB / 976MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM ...
movie

Hit List (2024)

2024
Thadam (2019) 8.1
Thadam (2019) Thadam (2019) "ဟာကွက်"IMDb 8.1 အထိရထားတဲ့ တေလဂူး မှုခင်း/လျှို့ဝှက်သည်းဖိုရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် မင်းသား Arun Vijay က ဒီရုပ်ရှင်မှာ နှစ်ကိုယ်ခွဲဇာတ်ရုပ်အဖြစ်သရုပ်ဆောင်ပြီး တေလဂူးရုပ်ရှင်ပွဲတိုင်းကျော် 'ယိုဂီဘာဘူ' လည်း ပါဝင်ထားပါတယ်အေဟီလ်က ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ယောက်၊ အိပ်မက်တွေနဲ့လူဖြစ်ပြီး ချစ်ရသူနဲ့ တစ်အိုးတစ်အိမ်တည်ဆောက်ဖို့ ကြံရွယ်ထားတဲ့ လူရည်လူမွန် ကာဗင်ကတော့ ဆန့်ကျင်ဘက်၊ အသေးစားလူလိမ်ဆိုပေမယ့် သူများကို လိမ်လည်လှည့်ဖြားတဲ့ နေရာမှာ တစ်ဖက်ကမ်းခတ်နေသူ၊ လောင်းကစားနွံမှာ နစ်နေတဲ့ လူလေလူလွင့်တစ်ယောက် မိုးသည်းတဲ့ ညတစ်ညမှာ လူတစ်ယောက်အသတ်ခံလိုက်ရတဲ့အခါ ဓာတ်ပုံသက်သေတစ်ခုကြောင့် အေဟီလ်ကို သံသယတရားခံအဖြစ် ခေါ်ယူမေးမြန်းခံရတယ်သိပ်မကြာခင်မှာပဲ အေဟီလ်နဲ့ ချွတ်စွပ်တူနေတဲ့ ကာဗင်ပါ မူးပြီးကားမောင်းမှုကြောင့် စခန်းရောက်လာတဲ့ အချိန်မှာတော့ ...အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ ToMo ~ Alex ~ V ~ KKKZ တို့ ဖြစ်ပါတယ် File size… 2.11GB  / 891MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h ...
movie

Thadam (2019)

2019
Run Baby Run (2023) 6.4
Run Baby Run (2023) Run Baby Run (2023) IMDb 6.4ခြေနှစ်ချောင်းမကယ်ကောင်းတဲ့ သနားစိတ်ဝင်ပြီး ကယ်မိရာက အေးဆေးနေတဲ့ကိုယ့်ဘဝကို ငရဲကျအောင်လုပ်မိတဲ့ ဆပ်သရာ ..ဇာတ်လမ်းစစချင်းမှာကို ကျောင်းဆောင်ပေါ်က ကောင်မလေးတစ်ယောက်ခုန်ချသွားခဲ့တယ် နာမည်ကဆိုဖီယာတဲ့ သတ်သေတာလား လုပ်ကြံခံရတာလား...ဆပ်သရာကတော့ ဘာမှမသိဘဲခံရမဲ့ကောင်ပါ တစ်နေ့ .. သူ့ကားထဲမှာဘယ်ကမှန်းမသိတဲ့ကောင်မလေးရောက်နေပါတယ် သူ့နောက်ကိုလူတွေလိုက်လို့ပါဆိုပြီးတက်ပုန်းနေရင်းသူနဲ့တွေ့တယ်ပေါ့ ဖုန်းအားလေးသွင်းချင်လို့ လာကြိုတဲ့လူကိုစောင့်ချင်လို့ဆိုပြီး သူ့တိုက်ခန်းထဲရောက်လာပါတယ် ဆပ်သရာကသနားပြီး တစ်ညတည်းခိုခွင့်ပေးလိုက်မိရာက မနက်ရောက်တော့ အဲဒီကောင်မလေးကထူးဆန်းစွာ‌သူတိုက်ခန်းထဲမှာသေဆုံးနေပါတယ် ဒီလိုနဲ့ရဲသူငယ်ချင်းရဲ့အကြံပေးမှုနဲ့ အလောင်းဖျောက်ဖို့လုပ်ရာကနေ ကြုံတွေရမဲ့ ဒုက္ခတွေ ကြားထဲမှာလည်း Plot Twist တွေ ပါတာ‌ကြောင့် မိသွားမလားဆိုတဲ့ခံစားချက်နဲ့ ကြည့်ရမဲ့ဇာတ်ကားကောင်းဖြစ်တာမို့ တင်ဆက်ပေးလိုက်ရပါတယ် File size…2.6GB / 1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~Nyein Aye
movie

Run Baby Run (2023)

2023
Repeat (2022) 7.7
Repeat (2022) Repeat 2022Crime/Thriller/Mystery (IMDb-7.8/10)တစ်ညမှာ ရဲစခန်းကို မူးပြီး စာရေးဆရာတစ်ယောက်ရောက်လာတယ်။ သူ့ဝတ္ထုထဲက ဇာတ်ကောင်က သူ့ကိုခြိမ်းခြောက်နေလို့တဲ့လေ။ မယုံကြည်နိုင်ဖြစ်နေတဲ့ ရဲတွေကြုံလိုက်ရတာက သူ့ဝတ္ထုထဲကနဲ့ တစ်ပုံစံတည်းတူတဲ့ ပြန်ပေးဆွဲ/ လူသတ်မှုတစ်ခု။ပြန်ပေးဆွဲခံရတဲ့ ပူဂျာဆိုတဲ့ မိန်းကလေးကလည်း ရဲချုပ်ရဲ့သမီးဖြစ်နေပြီး၊ ရွေးကောက်ပွဲမတိုင်ခင် ကာလဖြစ်တာမို့ ဒီအမှုဟာ ဟိုးလေးတကျော်ကျော်ဖြစ်လာတော့တာပေါ့။ဒါဟာတကယ်ပဲ Parallel universe တွေထဲကလို စာရေးဆရာဝတ္ထုထဲက ဇာတ်ကောင်တွေရဲ့မှုခင်းလား။ ဒါဆိုရင် ပျောက်ဆုံးနေတဲ့ ပူဂျာကရော အဲဒီဇာတ်လမ်းနဲ့ဘယ်လိုပတ်သတ်နေတာလဲ။ တရားခံအစစ်ကဘယ်သူလဲ၊ ဒီမေးခွန်းတွေကို အဖြေရှာဖို့ ရောက်လာတဲ့ လျှို့ဝှက်အေးဂျင့်တစ်ယောက်။ အဓိကဇာတ်ဆောင်အနေနဲ့ Naveen Chandra ကနေပြီး ပါဝင်ထားပါသေးတယ်။မဖြေရှင်းနိုင်တဲ့ရှုပ်ထွေးမှုတွေကြားက သဲလွန်စတွေကို တစ်စချင်းဆွဲထုတ်ရင်း ရင်တထိတ်ထိတ်ကြည့်ရမယ့် ရုပ်ရှင်မျိုးမို့ ခုပဲ Channel Myanmar မှာ ရှူစားလိုက်ပါတော့ခင်ဗျာ။ File size…1.9GB / 900MB Quality…1080p WEB DL HQ  /720p Format…mp4 Duration….2h 4min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko ~ BpL ~HayMan~OeliuJ~Yunni
movie

Repeat (2022)

2022
Dejavu (2022) 7.8
Dejavu (2022) Dejavu (2022) Thriller IMDb 7.8/10ဒီဇာတ်ကားကတော့ တကယ့်ကိုစိတ်ဝင်စားဖို့ကောင်းပြီး အတွေးတွေဝေစေမယ့်တမီလ်ရုပ်ရှင်ကားတစ်ကားဖြစ်ပီး... လတ်တလောထွက်ထားတဲ့ D-Block ထဲကမင်းသားကို ခပ်မိုက်မိုက် ရဲတစ်ယောက်အဖြစ်တွေ့မြင်ရမှာပါဇာတ်လမ်းအကျဉ်း တစ်ည ရဲစခန်းကို လူတစ်ယောက်ရောက်လာပြီး တိုင်ချက်လာဖွင့်ပါတယ် အကြောင်းရင်းက သူဟာ စာရေးဆရာတစ်ယောက်ဖြစ်ပြီး သူ့ဇာတ်လမ်းထဲကဇာတ်ကောင်တွေက သူ့ကိုဖုန်းဆက်ခြိမ်းခြောက်နေလို့ ရဲစောင့်ထားပေးပါလို့ လာတောင်းဆိုတာဖြစ်ပါတယ်လူကလည်းမူးနေတော့ ရဲတွေက ဒီလူမူးနေလို့ ရစ်တာပါဆိုပြီး ထင်မြင်ချက်ပေးပြီး ပြန်လွှတ်လိုက်တယ် အဲ့ဒီနေ့ညမှာပဲ ကောင်မလေးတစ်ယောက်ပျောက်သွားခဲ့ပါတယ်...ကောင်မလေးက မပျောက်ခင်မှာ ရဲထိန်းချုပ်ခန်းဆီ ဖုန်းဆက်ပြီး ဒီစာရေးဆရာနာမည်ကိုပြောသွားခဲ့ပါတယ်...မနက်စာရေးဆရာအိမ်ကို သွားစုံစမ်းတော့ တကယ်ပဲ သူရေးလက်စဇာတ်လမ်းက အပြင်ကဖြစ်ပျက်ပုံနဲ့ တထေရာတည်းတူနေတဲ့အခါ...ရှေ့ဆက်စိတ်ဝင်စားစရာ ဇာတ်လမ်းအချိုးအကွေ့တွေကို ဘယ်လိုအကြောင်းရင်းတွေနဲ့ ကြုံရမလဲဆိုတာကိုတော့ ပိတ်ကားပြင်ထက်မှာပဲ ဆက်လက်ရှုစားပေးကြပါ... File size…1.8GB / 845MB Quality…1080p True WEB DL  AAC5.1CH / 720p  Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Thet Ko & Lwin Htoo Aung
movie

Dejavu (2022)

2022
Manmatha Leelai (2022) 6.0
Manmatha Leelai (2022) Manmatha Leela (2022)IMDb 6/10 ပညာပေးဇာတ်လမ်းသဘောမျိုးဖြစ်ပြီး Romance/Comedy/ Thriller အမျိုးအစားဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်ဒီဇာတ်လမ်းက ဖြစ်ရပ်နှစ်ခုကိုယှဉ်ပြီးရိုက်ပြထားတာပါ ရာနဲ့ ဆာသရာဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ တစ်ချိန်တည်းမှာပဲလုပ်မိကြတဲ့အမှားတွေကိုယှဉ်ပြထားပါတယ် ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ဆာသရာက ဒိတ်ဒိတ်ကြဲနာမည်ကြီးသူတစ်ယောက်ပါရာကတော့သာမန်လူတစ်ယောက်ဖြစ်ပြီး သူတို့နှစ်ယောက်က တစ်ချိန်တည်းမှာပဲ မိန်းကလေးနှစ်ယောက်နဲ့ပတ်သက်မိသွားပါတယ် ရာတို့အတွဲကလိုင်းပေါ်ကနေချစ်ကြိုက်ပြီး အပြင်မှာသွားတွေ့တဲ့အချိန်မှာ မထင်မှတ်တာတွေဖြစ်ပေါ်လာပါတော့တယ် အချဉ်ဖမ်းမယ်လို့ရည်ရွယ်ပြီး ဘယ်သူမှမရှိချိန်ကောင်မလေးအိမ်ကိုလိုက်သွားခဲ့တဲ့ ရာတစ်ယောက် ဘယ်လိုတွေကြုံတွေ့ရမလဲ တစ်ချိန်တည်းမှာပဲ ဆာသရာ့ဆီ ညဘက်မိုးရွာနေချိန်အိမ်လိပ်စာမှားပြီး အလန်းစား ကောင်မလေးတစ်ယောက်ရောက်လာခဲ့ပြီးနောက် သူရောဘာတွေဆက်ဖြစ်သွားမလဲ ဆုံးဖြတ်ချက်အမှားတစ်ခုကြောင့်ဘဝကြီးတစ်ခုလုံးပြောင်းလဲသွားတဲ့အခါ သူတို့တွေဘယ်လိုကြံကြံခံသွားမလဲ ဟာသခန်းတွေကိုတောင် ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့်အပိုင်းတွေပါဝင်တာကြောင့် စိတ်ဝင်တစားကြည့်ရှုနိုင်ရန်တင်ဆက်ပေးလိုက်ရပါတယ်   File size…1.96GB / 950MB Quality…1080p TRUE WEB DL AAC5.1CH / 720p Format…mp4 Duration….1h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Honeyey & Yunni & GuuGuu
movie

Manmatha Leelai (2022)

Maaran (2022) 8.9
Maaran (2022) Maaran 2022အခုလောလောလတ်လတ်ကမှထွက်ရှိလာတဲ့ အိန္ဒိယတောင်ပိုင်းအက်ရှင်ကားတစ်ကားကို CM ကနေအမြန်ဆုံးကြိုးစားပြီးတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဥ်း - ဆက်သီမိုသီဟာရိုးသားတဲ့မှုခင်းဂျာနယ်သမားတစ်ယောက်ဖြစ်ပြီး အမှန်တရားကိုဖော်ထုတ်မိတဲ့အတွက်လုပ်ကြံခံခဲ့ရပါတယ်။ သူလုပ်ကြံခံရတဲ့အချိန်မှာပဲ သူ့မိန်းမကလည်းဆေးရုံမှာသူ့သမီးလေးကိုမီးဖွားရင်းကွယ်လွန်သွားခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ဆက်သီမိုသီရဲ့သားအကြီးလေးဖြစ်တဲ့မတ်သီမာရန်ကပဲ သူ့ညီမလေးကိုအုပ်ထိန်းပျိုးထောင်ဖို့ဖြစ်လာပါတော့တယ်။ အဲဒီနောက်မှာတော့ သူကိုယ်တိုင်လည်းဂျာနယ်သမားတစ်ယောက်ဖြစ်လာခဲ့ပြီး သူ့အဖေလိုပဲ အန္တရာယ်တွေကြားကအမှန်တရားတွေကိုဖော်ထုတ်ဖို့ကြိုးစားတဲ့အခါမှာတော့...။နှစ်နာရီကျော်လောက်နစ်မြောသွားစေမယ့် Action/drama ကားမျိုးဖြစ်တဲ့အပြင် IMDb 8.2/10 အထိရရှိထားတာကြောင့် သာမန်ကာလျှံကာမဟုတ်တာတော့ကျိန်းသေပါပဲ။ ယနေ့ခေတ် သတင်းမီဒီယာလောကကို သရော်ထားတဲ့အပြင် ဇာတ်ညွှန်းကောင်းကောင်းနဲ့ သေသပ်တဲ့ရိုက်ချက်တွေကြောင့် သိပ်မကြာခင်မှာလူပြောများလာမယ့်ဇာတ်ကားမျိုးဖြစ်လာနိုင်ပါတယ်။  File size…1.9GB / 800MB Quality…1080pHEVC / 720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….Nyein Saeya Aung Translated byPoe & Go-O & Honeyey & Haruko    
movie

Maaran (2022)

2022
Vanam (2021)
Vanam (2021) Vanam (2021)ဒီဇာတ်ကားလေးကတော့ Mystery, Thriller အမျိုးအစား ဘောလီးဝုဒ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်အနုပညာကောလိပ်ကျောင်းသားတစ်ယောက်ဟာ သူနေရတဲ့ အမျိုးသားဆောင်အခန်းထဲကလျှို့ဝှက်ဆန်းကြယ်တဲ့ သေဆုံးမှုတွေရဲ့ အကြောင်းရင်းကို ရှာဖွေဖို့ ကြိုးစားရင်း ကြုံတွေ့ရတဲ့အဖြစ်အပျက်လေးတွေကို ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်ဇာတ်လမ်းက ဒီလိုတော့ မရိုးရှင်းလှပါဘူးထူးဆန်းတဲ့သေဆုံးမှုတွေကို စုံစမ်းရင်းအနုပညာ‌ကောလိပ်ကို တည်ထောင်ခဲ့သူ ဂျာမင်ဒါ ဗာနာသီရာရန်ရဲ့ မှော်ကြေးမုံအကြောင်းတွေပါတစ်စတစ်စ‌ဖော်ထုတ်မိလာပြီး နောက်ပိုင်းမှာ ဘယ်လိုတွေဖြစ်လာမလဲဆိုတာ စိတ်လှုပ်ရှားဖွယ်သည်းထိတ်ရင်ဖို စောင့်ကြည့်ရမှာဖြစ်လို့ Bollywood fan တွေ အကြိုက်တွေ့မယ့် ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်  File size…1.6GB / 800MB / 400MB Quality…1080p / 720p / 480p Format…mp4 Duration….2h 4min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Go-O & Eliza
movie

Vanam (2021)

2021