Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Simon Yam
6.5
Deliverance ( 2024 )
မှတ်ဉာဏ်က အားနည်းတယ်။ မှတ်ဉာဏ်က လူကို လိမ်နိုင်တယ်။ မှတ်ဉာဏ်က အန္တရာယ်ရှိတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်က မိသားစု တစ်စုမှာ အားကုန်ကြိုးစားပြီး ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်က ဘာဖြစ်မလဲ......နိုင်ငံခြားက ပြန်လာတဲ့ ဖန်ရွှယ်အာဟာ သူ့ကို ချစ်တဲ့ အစ်ကို ၂ ယောက်နဲ့ ခင်ပွန်းလောင်းတစ်ယောက်ရှိပြီး စိတ်ချမ်းသာစရာ ဘဝကို ပိုင်ဆိုင်ထားရသူတစ်ယောက် ဖြစ်ပါတယ်။ သူ့အတွက် စိတ်မချမ်းမြေ့စရာ တစ်ခုတည်းသော အကြောင်းအရာကတော့ လွန်ခဲ့တဲ့ ၁၅ နှစ်က အမေဆုံးသွားချိန်မှာ ဘေးမှာရှိနေရက်နဲ့ အဲဒီအချိန်ကို မမှတ်မိဘဲ အတိတ်မေ့နေခဲ့တာကြောင့် ဖြစ်ပါတယ်။စိတ်ကျန်းမာရေးပညာရှင်ဖြစ်သူ အစ်ကိုကြီးက အိပ်ငွေ့ချပြီး ကူညီပေးခဲ့တဲ့အချိန်မှာ သူ့အမေက သဘာဝအတိုင်းသေဆုံးသွားတာ မဟုတ်ဘဲ တစ်ယောက်ယောက်က လည်ပင်းညစ်သတ်ခဲ့တာဖြစ်ကြောင်း မြင်ခဲ့ရပါတယ်။ တဖြည်းဖြည်းနဲ့ အဲဒီ လည်ပင်းညစ်တဲ့လူက အစ်ကို ၂ ရဲ့ ပုံရိပ်လို ပေါ်လာတဲ့အခါ......လွန်ခဲ့တဲ့ ၁၅ နှစ်က အမေ့ကိုသတ်တဲ့ တရားခံက ဘယ်သူဖြစ်မလဲ...... အတိတ်က အကြောင်းအရာတွေကို ပြန်လည်စုံစမ်းခြင်းက သူတို့မိသားစုအတွက် ဘယ်လိုမုန်တိုင်းကြီးတွေ ကျရောက်လာစေမလဲ...... ဆိုတာကို သဲထိတ်ရင်ဖိုရိုက်ကွက်နဲ့ ရိုက်ကူးထားတာ ဖြစ်တဲ့အတွက် ကြောက်တတ်တဲ့လူတော့ သတိထားဖို့ လိုလိမ့်မယ်နော်။ Filesize ...
movie
Deliverance ( 2024 )
Contract Killer (or) Hitman (1998)
ကြေးစားလူသတ်သမားတွေဆိုတာ ပိုက်ဆံအတွက် လူသတ်ကြပါတယ် ဒေါ်လာ သောင်းဂဏန်း သိန်းဂဏန်းသန်းဂဏန်း အတွက်ပေါ့ ဒါပေမယ့် မကြာသေးမီက ထူးဆန်းတဲ့ကြေးစားလူသတ်သမားတစ်ဦး ထွက်ပေါ်လာပါတယ် ... သူဟာ မကောင်းသတင်းနဲ့ ကျော်ဇောသူတွေကို အခကြေးငွေမယူပဲ သတ်ဖြတ်သူ တစ်ဦးပါ သူရဲ့နာမည်ကတော့...." သေမင်းတမန်တော်".................။မင်းသားကြီးဂျက်လီရဲ့ နုငယ်စဉ်က အသေဖိုက်ခဲ့တဲ့ ဇာတ်ကားပါ။ Rating လဲကောင်းတာမို့ ကျွန်တော်တို့ကလေးဘဝရဲ့ သူရဲကောင်းကြီးကို ပြန်လည်ခံစားရအောင်ပါ။ File size... 2.59 GB , 1.25 GB Quality…Bluray Format…mp4 Duration….01:45:00 Subtitle….Myanmar Subtitle (Hardsub) Encoder….LK Translated by Alias
movie
Contract Killer (or) Hitman (1998)
6.3
A Light Never Goes Out (2023)
A Light Never Goes Out (2022)======================IMDb - 6.3/10ဒီတစ်ခေါက်မိတ်ဆက်ပေးမှာကတော့ LED ဆိုင်းဘုတ်ခေတ်မစားခင်ခေတ်က အဏုမြူချောင်းတွေနဲ့ဆိုင်းဘုတ်တွေနဲ့ ဟောင်ကောင်မြို့လမ်းပေါ်ကို အလင်းရောင်စုံပေးခဲ့တဲ့သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ကူးပြထားတဲ့ ဟောင်ကောင်ဒရာမာကားကောင်းလေး A Light Never Goes Out ပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းဟောင်ကောင်ရဲ့ ဥပဒေအသစ်ကြောင့် လမ်းမပေါ်က အဏုမြူဆိုင်းဘုတ်အများစု ဖြုတ်ချခံရလိုက်ပြီး LED ဆိုင်းဘုတ်တွေ အစားထိုးလာတာကြောင့် အဏုမြူဆိုင်းဘုတ် ဘေလ်တစ်ယောက် စီးပွားရေးဆုတ်ယုတ်လာပြီး နောက်ဆုံးအလုပ်တစ်ခုကိုလုပ်ရင်း ရုတ်တရက်ဆုံးပါးသွားပါတယ်ဘေလ်ရဲ့ ဇနီးဖြစ်သူ ဟွမ်တစ်ယောက် ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီးနောက် အတိတ်ကအမှတ်တရတွေကို သတိရရာကနေ အလုပ်ရုံအသွား ဘေလ်ရဲ့ တပည့်ဆိုသူ လီယိုနဲ့တွေ့ဆုံခဲ့ပြီးနောက် ဘေလ်တစ်ယောက် အပြီးမသတ်လိုက်ရတဲ့ ဆန္ဒတစ်ခုရှိကြောင်းသိလိုက်ရပါတယ်ခင်ပွန်းသည်ရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးချင်တာကြောင့် ဟွမ်တစ်ယောက် လိုက်စုံစမ်းရင်း အရင် အတိတ်ကအမှတ်တရလေးတွေပါ စုမိသလိုဖြစ်လာပါတယ်အမှတ်တရတွေမှာ ပျော်စရာ ဝမ်းသာစရာ ဝမ်းနည်းစရာတွေနဲ့ ပြည့်နှက်နေတာလေးကို ကြည့်ရှုသူကို မျိုးစုံရသပေးနိုင်အောင် ရိုက်ပြထားတဲ့ ဒရာမကားကောင်းလေးပဲဖြစ်ပါတယ်( ...
movie
A Light Never Goes Out (2023)
6.1
I Did It My Way ( 2024 )
ဒီဇာတ်ကားလေးကတော့ ဆိုက်ဘာပြစ်မှုကျူးလွန်မှုကားတွေကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ။ အထဲမှာ fight scene တွေ action ခန်းတွေကလည်းရှယ်ဆိုတော့ ကြည့်ကိုကြည့်သင့်နေပါပြီ ။ICU ( အင်တာနက်ဆိုက်ဘာကျူးလွန်မှုများအားဖမ်းစီးရေး) အဖွဲ့ရဲ့ စုံစမ်းချက်တွေအရ ၂၀၂၃ ခုနှစ်မှာ အင်တာနက်မှာ မှောင်ခိုဝက်ဘ်ဆိုက်တွေထောင်ပြီး မူးယစ်ဆေးရောင်းဝယ်ဖောက်ကားနေမှုတွေအများကြီးရှိလာပါတယ် ။ ခန့်မှန်းချေ မူးယစ်ဆေး ၇တန်ကျော် ၊ အမေရိကန်ဒေါ်လာ ၂ သန်းကျော်ဖိုးနဲ့ Web ပေါင်း ၇သိန်းကျော်ထိရှိလာခဲ့တာပါ ။အဲဒီမှောင်လိုဝက်ဘ်ဆိုက်တွေက တစ်ကမ္ဘာလုံးကိုပြစ်မှတ်ထားတာဖြစ်ပြီး အာရှတိုက်တစ်ခုလုံးကိုပါ ပျံ့နှံ့လာခဲ့ပါတယ် ။ မူယစ်ရာဇာတွေကို တစ်ယောက်ယောက်ပြီးတစ်ယောက်ဖမ်းမိခဲ့ပါတယ် ။ ဒါပေမဲ့ လက်ရှိစုံစမ်းစစ်ဆေးချက်တွေအရ အာရှတိုက်မှာနာမည်ကြီးနေတဲ့ မှောင်ခိုဝက်ဘ်ဆိုက်ရဲ့ founder "လောင်ပန်" အမည်ရှိသူကိုတော့ဖမ်းလို့မမိသေးပါဘူး ။ICU ရဲ့စုံစမ်းချက်အရ လောင်ပန်ရဲ့နောက်လာမဲ့ပစ်မှတ်က ဟောင်ကောင်ဖြစ်နေချိန်မှာတော့... ဟောင်ကောင်က ဆိုက်ဘာပြစ်မှုစုံစမ်ူရေးရဲတွေရယ် ၊ အတွင်းသူလျိုတွေရယ်ပေါင်းပြီး လောင်ပန်ကိုဘယ်လိုဖော်ထုတ်သွားမလဲ ? ဘယ်လိုအမှုမျိုးတွေကိုဖမ်းဆီးသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime , Drama Runtime ...
movie
I Did It My Way ( 2024 )
6.2
The Goldfinger ( 2024 )
ဒီတစ်ခါမှာ CM ပရိသတ်တွေကို Liu De Hua ရဲ့ နာမည်ကြီးဇာတ်ကားဖြစ်တဲ့ Golden Finger လေးနဲ့တင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းကတော့ ချန်ယိယန်ဆိုတဲ့သူကတော့ တောင်ပိုင်းပင်လယ်မှာ အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး လူတွေကိုပြီးပြည့်စုံတဲ့အိမ်တစ်လုံးပိုင်ဆိုင်စေဖို့ အိပ်မက် မက်ခဲ့ဖူးသူဖြစ်ပေမဲ့လုပ်ငန်းအရူံးပေါ်ပြီး ဒေဝါလီခံလိုက်ရတယ်။ ဒီလိုနဲ့အပတ်တကုတ်အလုပ်ကြိုးစားရှာရင်း တနေ့မှာတော့တစ်နယ်သားကုမ္ပဏီတစ်ခုမှာ ကြေးစားသူဌေးယောင်ဆောင်အဖြစ်လုပ်ရင်း တကယ့်သူဌေးကြီးရင်းနှီးမြှုပ်နှံသူအစစ်နဲ့တွေ့ဆုံခဲ့တယ်။ဒီလိုနဲ့ ရင်းနှီးမြှုပ်နှံရေးလောကကိုဝင်ရောက်ခဲ့ပြီး လုပ်ငန်းရင်းနှီးမြှုပ်နှံရေး ရှယ်ယာကစားတာတွေကို လုပ်လာခဲ့ပြီးကျာဝန်ဆိုတဲ့ကုမ္ပဏီကိုတည်ထောင်ခဲ့တယ်။ တစ်စတစ်စ တဖြည်းဖြည်းဟောင်ကောင်မှာ လက်ညှိုးညွှန်ရာရွှေဖြစ်တဲ့ ကျာဝန်လုပ်ငန်းစုသူဌေးကြီးဖြစ်လာခဲ့တယ်။ကံတရားဆိုတာအတက်အကျရှိစမြဲဆိုတဲ့အတိုင်း ကံအရမ်းတက်နေတဲ့ ချန်ယိယန်တစ်ယောက်သူ့လုပ်ငန်းစုပိုင်ဆိုင်မှုကို ICAC အဖွဲ့မျက်စိကျတာကိုခံခဲ့ရတာပေါ့။ အဲ့အဖွဲ့ထဲမှာ လျိုအရာရှိက ဒီအမှုကိုဦးဆောင်ပြီးစုံစမ်းစစ်ဆေးခဲ့တယ်။ အစပိုင်းမှာလျိုအရာရှိကရိုးရှင်းလှပြီ ထင်မိတဲ့အမှုတစ်ခုလေးက တကယ်တမ်းမှာအများကြီး ပါဝင်ပတ်သက်မှုရှိနေတဲ့အခါမှာတော့ ဘယ်လိုတွေဖြေရှင်းကြမလဲ။ ဘယ်လိုတွေဖော်ထုတ်ကြမလဲ။စီးပွားရေးလောကရဲ့ကြောက်စရာကောင်းလှတဲ့ လှည့်ကွက်တွေ။ လောဘသားတွေရဲ့လောဘငတ်မွတ်နေမှုတွေ၊ စည်းစိမ်ဥစ္စာချမ်းသာသူတွေရဲ့ ချမ်းသာမှုအပေါ် ပျော်မွေ့နေမှုစတာတွေကို Liu De Hua , Liang Chao Wei တို့ကပါဝင်သရုပ်ဆောင်ထားတာဖြစ်တဲ့အပြင် ဇာတ်လမ်းဇာတ်အိမ်တွေဟာ သာမာန်စီးပွားရေး နိုင်ငံရေးဇာတ်လမ်းများနှင့်မတူတမူထူးခြားစွာရိုက်ကူးထားတာဖြစ်တဲ့အတွက် ဒီဇာတ်လမ်းလေးကို အတူတူကြည့်ရူအားပေးလိုက်ကြရအောင် ~ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Drama Runtime : 2h 6 min Subtitle : Myanmar Subtitle ( Hardsub ) Translated by ...
movie
The Goldfinger ( 2024 )
7.2
Exiled (2006)
Exiled (2006)~ IMDb - 7.2/10, RT - 80%, Meta - 73% ~Directed by "Johnnie To"ဂျွန်နီတိုရဲ့ ဒါရိုက်တာဘဝအစောပိုင်းမှာ ခုလို Crime Action ရုပ်ရှင်တွေကို စရိုက်ခဲ့တာတော့မဟုတ်ဘူး။ ကနဦးသူ့ရုပ်ရှင်တွေမှာ ဟာသနဲ့အက်ရှင်အရောကားတွေ ချောင်ကားတွေအထိ ရိုက်ခဲ့တယ်။ နောက်ကျ မှုခင်းအက်ရှင်ဘက် ပိုကူးလာတာတွေ့ရတယ်။ ဒါပေမဲ့ နှောင်းပိုင်းမှာတော့ Crime Action ကားတွေပဲ အရိုက်များလာခဲ့သလို အဲဒီကားတွေကလည်း သူ့မာစတာပိစ်ဖြစ်လာခဲ့တယ်။ ကနဦးအားဖြင့်တော့ သူက စတားတွေအသုံးများခဲ့တယ်။ ဒါပေမဲ့ သူ့တကယ့်မာစတာပိစ်ဆိုတာတွေကတော့ စတားတွေ မသုံးထားတာတွေပဲ။ သို့ပေမဲ့ သရုပ်ဆောင်ကောင်းတဲ့ သူသုံးနေကျလူတွေပါပဲ။ The Misson နောက်ပိုင်းကတည်းက ဒီလိုပုံစံမျိုးမှာ ဒီလူတွေကို သူခဏခဏသုံးလာခဲ့တယ်။ သူ့ကားတွေများပေမဲ့ ဒီလူတွေပါရင်ကို သူ့မာစတာပိစ်ကားလို့သတ်မှတ်လိုက်လို့ရတယ်။Exiled (2006) ကလည်း ဂျွန်နီတို့ တစ်ချို့ရုပ်ရှင်တွေလိုမျိုး ရဲတွေဝင်မပါရဲတာကို ...
movie
Exiled (2006)
2006
6.5
Vengeance (2009)
Vengeance (2009)~ IMDb - 6.5/10, Rotten Tomatoes - 68% ~Directed by "Johnnie To"ဂျွန်နီတိုဟာ အတော်ဆုံး ဟောင်ကောင်အက်ရှင်ဒါရိုက်တာတွေထဲပါပေမဲ့ သူ့တင်ပြပုံက ကျန်တဲ့အတော်ဆုံးတွေနဲ့ မတူအောင်ကွဲပြားနေသလို ဂိုဏ်းတွေကြားက ပြဿနာတွေကို ရက်ရက်စက်စက် လှလှပပ ပြနိုင်တဲ့ ဒါရိုက်တာပါပဲ။ ပုဂ္ဂလိကအမြင်အရတော့ ဟောင်ကောင် Crime Action လိုင်းမှာ သူ့ထက်သာတဲ့လူရှိတယ်လို့ မမြင်မိဘူး။ သူ့အရသာမျိုးရိုက်နိုင်တဲ့ ဒါရိုက်တာကိုလည်း မမြင်ဖူးဘူး။ ယုတ်စွအဆုံး လက်ရှိခေတ်ထနေတဲ့ K Industry မှာတောင် Infernal Affairs ကို မူရင်းထက် လူကြည့်ပျော်အောင် ခဏခဏဆိုသလို ရိုက်ပြနေကြပေမဲ့ ဂျွန်နီတိုလိုတစ်ကားလောက်ရိုက်ပြနိုင်တဲ့လူမရှိဘူး။အဲဒီကားတွေထဲမှာ Vengeance ကတော့ ထူးထူးခြားခြားပါပဲ။ ဂျွန်နီတိုက ဒီကားမှာ သူသုံးနေကျလူတွေဖြစ်တဲ့ Anthony Wong, Gordon Lam, Lam Suet နဲ့ ...
movie
Vengeance (2009)
2009
7
PTU (2003)
PTU (2003)~ IMDb - 7/10, Rotten Tomatoes - 6% ~Directed by "Johnnie To"ဟောင်ကောင်ရုပ်ရှင်ခေတ်တုန်းက ဟောင်ကောင်အက်ရှင် ဒါရိုက်တာတွေထဲ တော်တော်အထာကျတဲ့ ဒါရိုက်တာတွေပေါ်ခဲ့ဖူးတယ်။ John Woo လို Heroic Bloodshed Genreကို အနောက်အထိပါ ကူးစက်အောင် လုပ်နိုင်တဲ့ဒါရိုက်တာမျိုးအပြင် Once Upon a Time in China (1991) လို ဂျွန်ဝူးနဲ့တွဲပြီး A Better Tomorrow တို့လိုကားတွေကို ထုတ်နိုင်တဲ့ Tsui Hark တို့၊ Reservoir Dogs (1992) လို ကားမျိုးကို ရိုက်ဖို့ မှီးခဲ့ရတဲ့ City on Fire ကို ရိုက်ခဲ့တဲ့ Ringo Lam လိုမျိုး ဒါရိုက်တာတွေ၊ နောက် ...
movie
PTU (2003)
2003
5.5
Wake of Death (2004)
Wake of Death (2004)2004 မှာထွက်ရှိထားပြီး အက်ရှင်ကားပရိသတ်တွေရော၊ မင်းသားကြီး ဗန်ဒိမ်းဖန်တွေရော အကြိုက်တွေ့စေမယ့် ခပ်ကြမ်းကြမ်းကားတစ်ကားဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~မကြာခင် ကလပ်လောကကနေ အနားယူတော့မယ်လို့ ဘန်အာချာတစ်ယောက် လုပ်ဖော်ကိုင်ဖက်တွေကိုပြောပြီးနောက်မှာ ဇနီးဖြစ်သူ စင်သီယာတစ်ယောက် ကင်မ်ဆိုတဲ့ တရားမဝင်ရွေ့ပြောင်းနေထိုင်သူကလေးကို ကူညီပေးရာက ရုတ်တရက်အသတ်ခံလိုက်ရပါတယ်။ အဲဒီလူသတ်မှုနောက်ကွယ်က တရုတ်ဂိုဏ်းနောက် ဘန်တစ်ယောက်လိုက်လံချေမှုန်းရာကနေ ဘယ်လိုဆုံးရှုံးမှုတွေ ဘယ်လိုအခက်အခဲတွေနဲ့ တွေ့ရမလဲ... ဆိုတာကို အက်ရှင်ပရိသတ်တို့အကြိုက်ရိုက်ပြထားတဲ့ ကားကောင်းတစ်ကားပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.65GB, 730MB Quality - 1080p, 720p IMDb Rating - 5.5/10 Format - mp4 Duration - 1H 31Min Genre - Action, Adventure, Drama Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded ...
movie
Wake of Death (2004)
2004
6
Strange Tales of Chang’an ( 2023 )
CM ရဲ့ ပရိသတ်တွေအတွက် တရုတ်ရှေးခေတ် မှုခင်းရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-တာ့ထန်ယုံဟွေးခေတ်အတွင်းမှာ ကွမ်းကျိုး ဟယ်ပေ အစရှိတဲ့ ခရိုင် ၂၀ လောက် မိုးခေါင်ခဲ့ပါတယ်။ မိုင်ထောင်ချီရှိတဲ့ မြေတွေခြောက်ကပ်နေပြီး ပြည်သူတွေ ဒုက္ခရောက်ခဲ့ရပါတယ်။ နက္ခတာရာရုံးတော်က ရုံးတော်ချုပ်ကောင်းရှန်းယောင်က မင်းကြီးကို တရားပွဲလုပ်ပြီး မိုးခေါ်ရန် တင်သွင်းခဲ့ပါတယ်။တရားပွဲလုပ်နေတဲ့အချိန်မှာ မိုးပေါ်ကနေ ရေနံဆီတွေ ရွာလာခဲ့ပြီး ခေါင်းတစ်ထောင်မိစ္ဆာကြီး ထွက်ပေါ်လာပြီး လူတွေကို သတ်ဖြတ်ခဲ့ပါတယ်။ အဲ့ဒီ့အမှုကို စစ်ဆေးရန် ထောင်ထဲရှိ အသေဒဏ်ပေးခံထားတဲ့ အပြစ်သား တူကူးကို မင်းကြီးရဲ့ အမိန့်အရ အမှုစစ်ဆေးရန် ထောင်ထဲမှ ခေါ်ထုတ်ခဲ့ပါတယ်။ခေါင်းတစ်ထောင်မိစ္ဆာရဲ့ နောက်ကွယ်မှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေမလဲ...... အမှုက အဖြေထွက်လာမလိုနဲ့ လူတွေဆက်တိုက် သေဆုံးနေတဲ့အဖြစ်ကို တူကူးတစ်ယောက် ဘယ်လို ဖြေရှင်းမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ လိုက်ပါ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy , Mystery Runtime ...
movie
Strange Tales of Chang’an ( 2023 )
6.2
Death Notice ( 2023 )
အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ဟောင်ကောင်မှုခင်း ဇာတ်လမ်းကောင်းလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ -ကိုယ့်ကိုယ်ကိုယ် တရားမျှတသူအဖြစ် ခေါ်ဆိုနေတဲ့ လျှို့ဝှက်ကွင်းဆက်လူသတ်သမား Darker ဆိုသူဟာ ရဲတပ်ဖွဲ့ကို စိန်ခေါ်ခဲ့ပါတယ်။ "သေဆုံးခြင်းအကြောင်းကြားစာ" များကို ဆက်တိုက်ပို့ခဲ့ပြီး အပို့ခံရသူတွေကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပါတယ်။အမှန်တရားကို စုံစမ်းဖို့အတွက် ပေါက်ကွဲမှုမှာ မျက်မြင်သက်သေဖြစ်ခဲ့သူ ဟွမ်ရှောက်ဖျင်၊ ရဲမှူးလော်ဖေး၊ မှုခင်းတပ်ဖွဲ့အဖွဲ့ခေါင်းဆောင် ဟန်ဟောက်တို့ဟာ Darker ရဲ့ အစီအစဉ်ထဲကို ဝင်ရောက်လာခဲ့ပါတယ်။Darker က ဘယ်သူဖြစ်မလဲ...... အသတ်ခံရတဲ့လူတွေကရော ဘယ်လို ပြစ်မှုတွေကို ဖုံးကွယ်ထားသလဲ...... ဆိုတာကို plot twist အပြည့်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဟောင်ကောင်ရှုပ်ရှင်ကောင်းတွေ ရှားပါးနေတဲ့အချိန်မှာ ဟောင်ကောင်ဝါရင့်သရုပ်ဆောင်ကြီးတွေနဲ့ အပြည့်အဝ အားဖြည့်ထားတဲ့ ဒီရုပ်ရှင်လေးကိုတော့ မကြည့်မဖြစ်ကြည့်ကို ကြည့်သင့်ပါတယ်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Mystery Runtime : 1h 40 min Subtitle : Myanmar Subtitle ( ...
movie
Death Notice ( 2023 )
6.5
The Comeback ( 2023 )
ရှိသမျှပစ္စည်းမှန်သမျှကို အကောင်းတိုင်းဖြစ်အောင်ပြင်နိုင်တဲ့ ဦးလေးဟွာက ရှေးဟောင်းပစ္စည်းပြုပြင်ရေးဆိုင်လေးဖွင့်ပြီး သာမာန်ရိုးရှင်းတဲ့ဘဝကိုဖြတ်သန်းနေတယ် “တစ်ခုခုဖြစ်ရင် ဦးလေးဟွာကိုရှာ”ဆိုပြီး နာမည်ကျော်ဦးလေးဟွာက အထူးတပ်ဖွဲ့ဝင်ဖြစ်ခဲ့တာပေါက်ကြားမိပြီးတဲ့နောက် တပည့်ဖြစ်သူအားကျယ်ရဲ့လျှိုဝှက်တပ်ဖွဲ့ဖမ်းဆီးတာခံရတယ်ဦးလေးဟွာအမြဲတမ်းစားစရာကျွေးနေတဲ့ သူဖုန်းစားရဲ့ သရုပ်မှန်ကဘာဖြစ်နေလို့ ဦးလေးဟွာရဲ့အကြောင်းကိုအကုန်သိပြီးတော့ ကူညီပေးနေရတာလဲ အားကျယ်ရှာနေတဲ့ နံပါတ်0ကရော ဘယ်သူလဲ? ဘာလို့ရှာနေတာလဲ?ဆိုတာတွေကို လှည့်ကွက်မျိုးစုံတွေနဲ့အတူ ဇာတ်လမ်းထဲမှာ အဖြေလေးကိုဆက်လက်ကြည့်ရှုလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 1h 47 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Hnin Wutt Hmone Encoded by LK
movie
The Comeback ( 2023 )
6.3
Fireflies in the Sun ( 2023 )
ဇာတ်ညွှန်းဆရာ လင်ရိချန်က အချစ်အတွက်သာဆို တစ်ကမ္ဘာလုံးကို မီးပြာချပစ်မယ်ဆိုတဲ့ ဇာတ်လမ်းမျိုးတွေ ရေးလေ့ရှိပါတယ်။ အဲ့လို ဇာတ်လမ်းတွေကိုရေးတဲ့ လင်ရိချန်ဆီမှာလည်း သူချစ်ရတဲ့ ဇနီးဖြစ်သူ အားလင်နဲ့ သားဖြစ်သူ ရှောင်ချုံ ရှိပါတယ်။ငွေကြေးမပြည့်စုံသည့်တိုင် မိသားစုကလေးက သိုက်သိုက်ဝင်းဝင်း၊ နွေးနွေးထွေးထွေးပါပဲ။ တစ်နေ့မှာတော့ သားငယ်လေး ရှောင်ချုံဆီ နှလုံးရောဂါစွဲကပ်နေပြီလည်း ကြားရော မိဘနှစ်ယောက်စလုံး ရင်မှာ ဗလောင်ကိုဆူသွားတော့တာပါပဲ။ သားငယ်ရဲ့ ရောဂါကို ကုသနိုင်ဖို့ ငွေကလည်းအလောတကြီး လိုအပ်နေချိန်ဖြစ်တယ်။ငွေကိုအလောတကြီးရှာနေရင်းနဲ့ပဲ ဆေးရုံအတွင်းက အကျင့်ပျက်ခြစားမှူတွေအကြောင်း သိလာရတယ်။ အကျင့်ပျက်ခြစားသူတို့ရဲ့ လုပ်ရပ်တစ်ခုက သားငယ်လေးရဲ့ အသက်ကိုပါ ထိပါးလာတဲ့အခါမှာတော့ လင်ရိချန်တစ်ယောက် လက်ပိုက်ကြည့်မနေနိုင်တော့ပါဘူး။ သူ့ဇာတ်ကောင်တွေနည်းတူ သူကလည်း သားလေးအတွက်၊ မိသားစုအတွက်ဆို လက်နှေးနေမဲ့သူ မဟုတ်ပါဘူး။လက်မနှေးတဲ့အပြင် မိသားစုကိုချစ်တဲ့အချစ်က လှုံ့ဆော်ပေးလိုက်တဲ့ ဒေါသမီးတောက်နဲ့ တစ်ကမ္ဘာလုံးကို ပြာချဖို့ စီစဉ်ပါတော့တယ်။ သူ ဘယ်လိုဘယ်ပုံတွေလုပ်မယ်ဆိုတာကိုတော့............. Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Drama , Family Runtime : 1h 58 min Subtitle : ...
movie
Fireflies in the Sun ( 2023 )
5.3
Dragon Squad (2005)
ဇာတ်လမ်းကတော့ နိုင်ငံတကာအလိုရှိနေတဲ့ ဟောင်ကောင်ရာဇဝတ်သား ကျားသစ်ဒွမ်ကို ရုံးထုတ်တာကနေ စတင်ထားတာပါတယ်။တရားစွဲမှာဖြစ်တဲ့အတွက် အပြည်ပြည်ဆိုင်ရာရဲဌာနဖြစ်တဲ့ အင်တာပိုလ်ကလည်း ပါဝင်လာပြီးတော့ ကျားသစ်ဒွမ်ကို ထောင်ထဲပို့ သူ့ရဲ့ မြေပေါ်မြေအောက် စီးပွားရေးမှန်သမျှ ချုပ်ငြိမ်းဖို့ ကြံဆောင်ကြတော့မှာပါ...ဒါပေမယ့် ဇာတ်လမ်းက ရိုးရှင်းမနေပါဘူး.... ပြည်ပကြေးစားအဖွဲ့တစ်ဖွဲ့က ရုံးထုတ်မယ့်နေ့မှာပဲ လုံခြုံရေးယာဉ်တန်းကို တိုက်ခိုက်ပြီး ကျားသစ်ဒွမ်ကို ခေါ်ဆောင်သွားပါတယ်...ကျားသစ်ဒွမ်လည်း ကယ်တင်ခံရပြီ အထင်နဲ့ ပျော်ရွှင်ခံပေမယ့် တကယ်တန်းမှာတော့ သူနဲ့ သူ့အစ်ကို ကျားကြီးဒွမ်တို့ကို လက်စားချေမယ့်သူတွေပဲ ဖြစ်လို့နေပါတယ်... ဟောင်ကောင်ရဲတွေက တစ်ဖက်… အငယ်တန်းအင်တာပိုလ်ရဲတွေက တစ်သင်း.... ကြေးစားတွေက တစ်ဖွဲ့... သူ့ညီကို ပြန်ကယ်ချင်တဲ့ ကျားကြီးဒွမ်တို့ကလည်း တစ်ဖွဲ့ဖြစ်နေလောတော့ လေးပွင့်ဆိုင်အက်ရှင်ကားလေးလို့ပဲ ပြောရမှာပါ...ဟောင်ကောင်အက်ရှင်ကားကြိုက်သူတွေအဖို့ ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )File Size__(1.6GB) Quality__720p IMDb Rating__5.3/10 Format__mp4 Duration__01:59:00 Type__Action, Crime, ...
movie
Dragon Squad (2005)
6.1
Man of Tai Chi (2013)
ကျွန်တော်တို့ရဲ့ ကိုကျော်ဝင်းတစ်ယောက် John Wick မလုပ်ခင် တရုတ်ပြည်မှာကောင်လေးတွေ မွေးမွေးပြီး စားတဲ့အကြောင်းပါ။နောက်နေတာပါ ဒီသိုင်းကားကဆိုရင် မင်းသား ကီနူးရိဗ်တစ်ယောက်သူ့ရဲ့ Matrix ဇာတ်ကားထဲက ကွန်ဖူးဆရာကိုမြေတောင်မြှောက်ပေးတဲ့ကားဆိုရင် မမှားပါဘူးဘာလို့လဲဆိုတော့ သူကိုယ်တိုင် ဒါရိုက်တာလုပ်ထားတာ ဖြစ်ပြီးသူကိုယ်တိုင် ဗီလိန်အဖြစ် ပါထားလို့ပဲ ဖြစ်ပါတယ်။တခြားနာမည်ကြီး တရုတ်သရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါသေးတယ်။ဇာတ်လမ်းက အဓိက အခြေခံထားတာကတော့ကျွန်တော်တို့ ထိုက်ချိသိုင်းအကြောင်းပဲ ဖြစ်ပါတယ်သူကပြောရမယ်ဆို ရေနဲ့မီး အလင်းနဲ့အမှောင်စတဲ့ဆန့်ကျင်ဖက်တွေ အတူတည်ရှိနေသလိုမျိုးမာကျောတဲ့အရာကို ပျော့ပျောင်းမှုနဲ့ သိမ်းသွင်းတဲ့ကိုယ်ခံပညာတစ်ခုပါ(နာမည်ကြီးဆို မင်းသားကြီး ဂျက်လီချတာတွေ ရှိပါမယ်)။ ဇာတ်လမ်းအကျဉ်းကတော့ကိုကျော်ဝင်းဟာ ဟောင်ကောင်မှာ လုံခြုံရေးကုမ္ပဏီဟန်ပြလုပ်ပြီး မြေအောက်တိုက်ခိုက်ပွဲတွေ ကျင်းပနေတဲ့လူတစ်ဦး၊တစ်နေ့ သူ့ဖိုက်တာကောင် အားမရလို့ သတ်ပစ်ပြီးလူသစ်ရှာနေတဲ့အချိန်ပေါ့။မင်းသား တိုက်ဂါးဆိုတာကျ ထိုက်ချိပညာအမွေယူနေတဲ့လူတစ်ယောက် လမ်းကြောင်းမှန်မရောက်သေးပဲကြိုးစားနေရဆဲပေါ့။တစ်ဖက်မှာလည်း ကိုကျော်ဝင်းကို ဖမ်းချင်နေကြတဲ့ရဲမေတစ်သိုက်တို့က ရှိကြပါသေးတယ်။တစ်ရက်ကျ တိုက်ဂါးအရည်အချင်းတွေကို ကိုကျော်ဝင်းသဘောကျပြီး သူ့ဖိုက်တာလုပ်ဖို့ ဖိတ်ခေါ်ပါတယ်ဒါပေမဲ့ ကိုယ်ခံပညာဟာ ပိုက်ဆံရှာစရာမဟုတ်ဘူးဆိုပြီး ငြင်းခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ သူ့ဆရာနေတဲ့ ဘုရားကျောင်းအတွက်ပိုက်ဆံတွေ အများကြီး လိုအပ်လာတဲ့အချိန်မှာတော့ တိုက်ဂါးတစ်ယောက်….ဒီလောကထဲ ...
movie
Man of Tai Chi (2013)
6.3
Cyber Heist ( 2023 )
ဒီနေ့မှာတော့ ဟောင်ကောင် မင်းသား ၊ အဆိုတော် ၊ Dancer Aaron Kwok Fu-shing ရဲ့ ၂၀၂၃ ခုနှစ်ထွက် ဇာတ်ကားကောင်းလေးနဲ့ CMကပရိတ်သတ်ကြီးကို မိတ်ဆက်ပေးပါရစေ ။နည်းပညာတွေတိုးတတ်နေတဲ့ ယနေ့ခေတ်ကြီးမှာ Enter လေးတစ်ချက်ခေါက်လိုက်ယုံနဲ့ အရာအားလုံးကို ခိုင်းစေလို့ရနေတာ အမှန်ပါပဲ။ ဒီလိုခေတ်ကြီးအတွင်း ဟောင်ကောင်နယ်မြေမှ နိုင်ငံတကာ ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ ထျန်းကျီဟာလဲ ကမ္ဘာကြီးနဲ့ရင်ဘောင်တန်းပြီး နည်းပညာတွေကို တီထွင်လျှက်ရှိနေပါတယ် ။ အဲဒီအထဲမှာမှ-သူ့ရဲ့လက်ထဲမှာ ကွန်ပျူတာတစ်လုံးရှိယုံနဲ့ ဘယ်အရာမဆိုလုပ်ကိုင်နိုင်သူ ၊ နှလုံးမကောင်းတဲ့ သမီးငယ်လေးကို ပိုးမွေးသလိုမွေးကာ စောင့်ရှောက်နေရသူ ၊ ထျန်းကျီ ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီမှ တာဝန်ခံ နည်းပညာရှင် - ကျိုးကျားကျွင့် ကလဲ အပါအဝင်ပါပဲ ။ဒီလိုနဲ့ ဟောင်ကောင်ဘဏ်တွေကို အွန်လိုင်းကနေ တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပွားခဲ့ပြီး ထျန်းကျီဆိုက်ဘာလုံခြုံရေး ကုမ္ပဏီမှ ဖြေရှင်းလာပေးခဲ့တာ နှစ်တိုင်းလိုဖြစ်နေခဲ့ပါတယ် ။ ဒီလိုကိစ္စတွေကို အမြဲတစေ ဖြေရှင်းလာခဲ့ရင်း မထင်မှတ်ထားတဲ့ကိစ္စတစ်ခုက ဖြစ်သွားလို့လာခဲ့ပါတယ်။ ဘဏ်တွေကိုဟက်ခ်တဲ့ ကြိုးကိုင်သူဟာ ထျန်းကျီဆိုက်ဘာလုံခြုံရေး ကုမ္ပဏီမှ အတွင်းလူဖြစ်နေခဲ့သောအခါမှာ ? ...
movie
Cyber Heist ( 2023 )
5.8
[18+] Black Cat (1991)
Black Cat (1991)ဟောင်ကောင်အက်ရှင်ကားတွေရဲ့ရွှေခေတ်၊ မြန်မာပြည်ကလူတွေက ဂျက်မ လို့ သညာပြုခေါ်ကြတဲ့ အမျိုးသမီးဖိုက်တာဇာတ်ကားတွေထဲက အမှတ်တရဖြစ်စရာ တစ်ချိန်ကနာမည်ကျော်ကားတစ်ကားဖြစ်ပါတယ်။ကတ်သရင်းဆိုတဲ့ ပြန်အမှတ်ရချင်စရာမရှိတဲ့ အတိတ်ဆိုးပိုင်ရှင်ကောင်မလေးတစ်ယောက်ဟာ မတော်တဆလူသတ်မှုတွေကျူးလွန်မိရာကနေ ထွက်ပြေးခဲ့ချိန်မှာ ပြန်ပြီးပစ်ခတ်ဖမ်းဆီးခံခဲ့ရပါတယ်။ သူ သတိရချိန်မှာတော့ လေ့ကျင့်ရေးသင်တန်းကျောင်းတစ်ခုကို ရောက်ရှိနေပြီး လက်နက်တွေ၊ ရင်ဆိုင်တိုက်ပွဲစွမ်းရည်တွေ ပြင်းထန်တဲ့လေ့ကျင့်မှုတွေနဲ့ သင်ကြားပေးခံရပြီးနောက် အယ်ရစ်ကာဆိုတဲ့ ကုတ်အမည်နဲ့ CIA အေးဂျင့်တစ်ယောက်ဖြစ်လာပါတော့တယ်။ဇာတ်လမ်းသွားက Luc Besson ရဲ့နာမည်ကျော် La Femme Nikita နဲ့ဆင်သလို ဒါရိုက်တာကလဲ အဲ့ဒီကားကိုပဲပြန်ရိုက်ချင်ခဲ့တာပါ။ ဒါပေမဲ့ ဇာတ်ကားမူပိုင်ခွင့်ကို Disney ကဦးသွားခဲ့တဲ့အတွက် ခပ်ဆင်ဆင်ဇာတ်သွားနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အဲဒီမတိုင်ခင်က မထင်မရှားမော်ဒယ်တစ်ယောက်သာဖြစ်ခဲ့တဲ့ Jade Leung ကို တစ်ကားတည်းနဲ့နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်စေခဲ့တဲ့ ဇာတ်ကားတစ်ကားလဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.8GB, 760MB Quality - 1080p, 720p IMDb Rating ...
movie
[18+] Black Cat (1991)
1991
5.9
Future Cops (1993)
Future Cops (1993)~ IMDb - 5.9/10, MyDramaList - 7.5/10 ~ဒီကားက တကယ်ဆို ငစားကား။ ဘယ်လိုစားသတုန်းဆို အာနိုးရဲ့ Terminator ကားလို စတိုင်ကိုမှ Dragon Balls တွေ၊ Street Fighters တွေ၊ Fantastic Four ထဲက Reed Richards, Hulk ဘာညာ သာရကာ အကောင်စုံ ပလောင်စုံ ထည့်ထားတယ်။ အချောင်အနေနဲ့ စတီဖင်ချောင်ပါ ပါပါသေးတယ်။ စခွက်ပြောင်ပြီး ရိုက်ထားတယ်ဆိုပေမဲ့ သရုပ်ဆောင်တွေကတော့ ပေါ့ပေါ့သေးသေးတွေ မဟုတ်ပါဘူး။ ဟောင်ကောင် ပေါ့ဂီတရဲ့ နတ်မင်းကြီးလေးပါးလို့တင်စားကြတဲ့ အိုင်ဒေါဘဲတွေဖြစ်တဲ့ အန်ဒီလောင်၊ အာရွန်ကော့၊ ဂျက်ကီချောင် နောက် သူတို့ထဲ ကားရိုက်အနည်းဆုံးဖြစ်တဲ့ လီယွန်လိုင် ဒီလေးယောက်စလုံးပါတယ်ပြောရမယ်။ ပထမသုံးယောက်ကတော့ အကောင်လိုက်ကြီး ဝင်ပေါကြပေမဲ့ လီယွန်လိုင်ကတော့ နာမည်နဲ့ပဲ ဝင်ပေါသွားတာပါ။ ...
movie
Future Cops (1993)
1993
6.3
A Murder Erased ( 2022 )
အခုတစ်ခေါက်မှာ လျို့ဝှက်ဆန်းပြားပြီး စိတ်ဝင်စားဖို့ကောင်းလှတဲ့ မူးယစ်ဆေးလမ်းကြောင်းက နောက်ဆုံးတော့ ရုန်းထွက်လာနိုင်ခဲ့တဲ့ ဟောင်ကောင်မှုခင်းကားလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်ကားလေး အကျဉ်းကိုပြောပြရမယ်ဆိုရင်တော့ ပင်လယ်စာဆိုင်လေးဖွင့်ဖို့ ဆိုင်ခန်းငှားပြီး ပြန်လည်ပြင်ဆင်ရာကနေ အောက်ထပ် လှေကားအောက်နားလေးမှာ အပေါက်လေးဖြစ်နေခဲ့တာကိုတွေ့ခဲ့ရတယ်... အဲ့ အပေါက်လေးကို ရေဆိုးမြောင်းပိုက်ထင်ပေမယ့် လူအရိုးထွက်လာလို့ အလောင်းဝှက်ထားမှန်းသိခဲ့ရတာပေါ့....ဒီလိုနဲ့ ဒီအလောင်းပိုင်ရှင်နဲ့ သေဆုံးတဲ့ ဇစ်မြစ်ကို လိုက်ရာကနေ အလောင်းဟာ လွန်ခဲ့တဲ့ ၈ နှစ်က အသတ်ခံရတာသိရပေမယ့် သေဆုံးရတဲ့အကြောင်းရင်းကို မသိနိုင်ဖြစ်နေရတယ်... အကြောင်းကတော့ DNA အဖြေကြောင့် ဘယ်သူဆိုတာသိရပေမယ့် တိုက်တိုက်ဆိုင်ဆိုင် ဒီအမှုနဲ့ပတ်သက်တယ်ထင်ရသူနဲ့ သေဆုံးသူနဲ့ နီးစပ်သူ အားလုံးက သေဆုံးသူနဲ့ မိသားစုအကြောင်းမသိဘူးဆိုနေတာက တစ်ကြောင်း... နောက်ပြီး သေဆုံးသူအလောင်းမပေါ်ခင် ၃ နှစ်တည်းက သေဆုံးသူဇနီးဆုံးသွားတာက တစ်ကြောင်းကြောင့်ပေါ့...ကဲ ဒီလို အတားအဆီးတွေကြားကနေ အမှုမှန်ကိုဖော်ထုတ်နိုင်ပါ့မလား... သေဆုံးရတဲ့ အကြောင်းရင်းနဲ့ တရားခံကို ၈ နှစ်တောင်ကြာနေတာ သိနိုင်ပါ့မလား.... သိနိုင်တာပေါ့နော်... သိနိုင်လို့ ဇာတ်လမ်းရိုက်တာဆိုတော့ကာ ဘယ်လို အဆင့်တွေကို ဘယ်လိုကျော်ဖြတ်ပြီး ကြိုးစားဖော်ထုတ်ခဲ့တယ်ဆိုတာ ဒီဇာတ်ကားလေးကို ဒေါင်းကြည့်လိုက်ရင် သိနိုင်မှာမို့ ဉာဏ်ကစားရကြိုက်သူတွေ လက်လွတ်မခံဘဲ ကြည့်လိုက်ကြနော် [ Reviewed By Chu Chu ] Quality : WEB-DL 1080p , 480p Format : mp4 Genres ...
movie
A Murder Erased ( 2022 )
5.6
Man on the Edge (2022)
“ကျွန်တော်က သာမာန်ပြည်သူတစ်ယောက်ပါ” “ ပြည်သူ့အတွက်ပါ “ဆိုပြီး စွန့်စားမှုကိုစိန်ခေါ်လာခဲ့တဲ့လူအကြောင်းကို ရိုက်ကူးထားတဲ့ ဟောင်ကောင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၀၀ ဝန်းကျင်လောက်က ဟောင်ကောင်အစိုးရအဖွဲ့ရဲ့ အောက်ဖဲတွေကိုပါ ပါးပါးလေးလှပ်ပြထားတာမို့ စိတ်ဝင်စားဖို့ကောင်းတဲ့ကားလေးတစ်ကားပါပဲဗျ ။တရားမဝင်အဖွဲ့အစည်းဆိုတာ အစိုးရဘက်ကသတ်မှတ်ပေးထားတဲ့အဖွဲ့အစည်းတစ်ခု။ အဲ့ဒီအဖွဲ့အစည်းထဲမှာ အားလော့တစ်ယောက် သတင်းပေးလုပ်နေရင်းနဲ့ အဖွဲ့ထဲကညီအစ်ကိုတွေနဲ့ တော်တော်ရင်းနှီးလာခဲ့ပါတယ်။ သူ့အတွက် ရွေးချယ်ရအခက်ဆုံးကတော့ အဖွဲ့ခေါင်းဆောင်အဖြစ် လျာထားခံရတဲ့အထဲမှာ သူပါသွားတာပါပဲ။သူသတင်းပေးလုပ်ရတဲ့ရည်ရွယ်ချက်က နောက်ကွယ်က လက်မည်းကြီးတွေကို ဖော်ထုတ်ချင်တာဖြစ်ပြီး အခုသူကိုယ်တိုင် အဲ့ဒီလက်မည်းကြီးတွေနဲ့ ပူးပေါင်းလုပ်ကိုင်ဖို့ဖြစ်လာတဲ့အခါမှာတော့…. အဖွဲ့အစည်းကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာကို ဆက်ပြီးကြည့်ရှုလိုက်ပါတော့ဗျာ ။ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ JoJo Va ပါ ) File Size__(2GB) / (1GB) Quality__1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:57:00 Type__Action, Crime, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by JoJo Va Encoded by Naing Aung Latt
movie
Man on the Edge (2022)
1
2
3
Next