Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Simon Kunz
Hellraiser: Deader (2005)
Hellraiser: Deader (2005)Hellraiser ရဲ့ အခန်း နောက်တစ်ခု စဖွင့်ပါပြီ။ သေတ္တာလေးက သေခြင်းတရားကို လှည့်စားနိုင်တဲ့ အစွမ်းရှိတယ်ဆိုတာကို သိလာရပါလိမ့်မယ်။ဒီဇာတ်ကားမှာတော့ နောက်ထပ်သတင်းထောက်တစ်ယောက် အလှည့်ပါ။ သတင်းရှာရင်း သေတ္တာနဲ့တိုင်ပတ်သွားတဲ့ နောက်သတင်းထောက်တစ်ယောက်ပေါ့။ သေခြင်းတရားကိုလှည့်စားဖို့လုပ်တဲ့သူနဲ့ Pinhead ကြားက ဓားစာခံဖြစ်သွားပေမဲ့ သူ့ဘာသာလွတ်လမ်းရှာသွားတာကို တွေ့ရပါလိမ့်မယ်။ အဲဒီအကြောင်းကိုတော့မရှင်းသေးပါဘူး။သေတ္တာရဲ့အစွမ်းကတော့ ထင်တာထက်ပိုကြမ်းတယ်ဆိုတာကို တဖြည်းဖြည်းသိလာရပါပြီ။ တခြား Hellraiser တွေထက် ထူးခြားကောင်းမွန်နေတာမျိုး မရှိပေမဲ့ Franchise ထဲမှာ ၅/၁၀ ပေးလို့ရလောက်တဲ့ ဇာတ်ကားမျိုးပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.9GB, 910MB Quality - 1080p, 720p Format - mp4 Duration - 1H 28Min Genre - Horror, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded ...
movie
Hellraiser: Deader (2005)
2005
5.7
Jericho Ridge (2022)
Jericho Rudge (2022)ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့် Jericho Ridge ဆိုတဲ့ ဇာတ်ကားလေးကတော့ ၂၀၂၂ ကထွက်ရှိထားတဲ့ သဲထိတ်ရင်ဖိုဇာတ်ကား တစ်ကားဖြစ်ပါတယ်။နာမည်ကြီး နိုင်ဂျီးရီးယန်းမင်းသမီး Nikki Amuka-Bird ကနေ ဇာတ်ဆောင်မင်းသမီးအဖြစ်နဲ့ပါဝင်သရုပ်ဆောင်ထားပြီးတော့ "Origin" ဇာတ်လမ်းတွဲထဲက မင်းသား Philipp Christopher ကတော့ ဗီလိန်အဖြစ် ပါဝင်အားဖြည့်ပေးထားပါတယ်။ဇာတ်လမ်းကတော့ တန်ပီတန်ပယ်ဆိုတဲ့ အမျိုးသမီးကိုဇာတ်အိမ်တည်ပြီးတော့ ရိုက်ထားပါတယ်။ တက်ဘီဟာ သူ့ခင်ပွန်းနဲ့ကွဲပြီးနောက်ပိုင်းမှာ အရက်အလွန်အကျွံသောက်ပြီး ကားမောင်းလိုက်လို့ လမ်းမှာသမင်တစ်ကောင်ကို ရှောင်ရရင်းနဲ့ သူ့ခြေချင်းဝတ်ကျိုးသွားရှာပါတယ်။ ဒါပေမဲ့ သူ့က ရဲမေတစ်ယောက်ဖြစ်နေတော့ အလုပ်ကအရေးပေါ်လိုအပ်လာတော့လည်း ရဲစခန်းကိုပြန်သွားရတာပေါ့။ ဖြစ်ချင်တော့ သူလုပ်နေတဲ့ရဲစခန်းက သူအနားယူနေဆဲကာလမှာ အဖောက်ခံလိုက်ရတာပါ။ ဒါနဲ့ပဲ ရရာ သဲလွန်စကနေတစ်ဆင့် ဒီအမှုကို ဖော်ထုတ်ဖို့ကြိုးစားနေရင်းနဲ့ပဲ သူတို့ရဲစခန်းကို ဗီလိန်ကြီးက တစ်ခြားလူဟန်ဆောင်ပြီး ဝင်လာပြန်ပါတော့တယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ တက်ဘီကိုယ်တိုင် ရဲစခန်းထဲမှာရှိနေတဲ့အချိန်နဲ့တိုက်နေတော့ မသင်္ကာဖြစ်ပြီး တစ်ခြားရဲကို မေးကြည့်ရာမှ ဗီလိန်ဖြစ်နေတာကို ...
movie
Jericho Ridge (2022)
2022
6.6
The Parent Trap (1998)
The Parent Trap (1998)~ IMDb - 6.6/10, Rotten Tomatoes - 86% ~လူကြီးမင်းတို့ အောင်သွယ်ဇာတ်လမ်းတွေ ကြားဖူးကြလားဗျ။ မပြောမရှိနဲ့။ ကိုယ့်ဘေးက ကိုယ့်ရည်းစားကတောင် သူများအောင်သွယ်ပေးထားလို့ စွံခဲ့တာ ဖြစ်ချင်ဖြစ်နေမှာ။ ဘာပဲဖြစ်ဖြစ်ပါလေ။ အောင်သွယ်ဇာတ်လမ်းတွေက နားမဆန့်အောင် ကြားခဲ့ရတာပါပဲ။ဒါပေမဲ့ လူကြီးမင်းတို့ကို တစ်ခုမေးပါရစေ။ သမီးနှစ်ယောက်က သူတို့ အဖေနဲ့အမေအရင်းခေါက်ခေါက်နှစ်ယောက်ကို ညားကြပါစေတော့ရယ်လို့ အောင်သွယ်ပေးခဲ့ကြတဲ့ ဇာတ်လမ်းတော့ ကြားဖူးမယ်တော့ မထင်ပေါင်ဗျာ။ စိတ်ဝင်စားရင်တော့ ဟောဒီဇာတ်လမ်းကိုသာ ကြည့်လိုက်ပါ။နွေရာသီကျောင်းကြိုစခန်းတစ်ခုကို အတူလာမိကြတဲ့ ၁၁ နှစ်အရွယ် ကောင်မလေးနှစ်ယောက်။ တစ်ယောက်က ဓားရေးကောင်းတယ်။ တစ်ယောက်က ဖဲရိုက်တာတော်တယ်။ ဘုရင်မနှစ်ပါးဆိုတော့ အချင်းချင်း ငြိကြတာပေါ့လေ။ ဒီလိုနဲ့ တစ်ယောက်နဲ့တစ်ယောက် ဘတပြန် ကျားတပြန် အနိုင်ယူကြရင်း သောင်းကျန်းကြလွန်းလို့ သီးသန့်အိမ်တစ်ခုတည်းမှာ ခွဲထားခံရတဲ့အဖြစ်ရောက်သွားလေရဲ့။ဒါပေမဲ့ သူတို့သိသွားကြတာက သူတို့တွေဟာ တစ်အူထုံဆင်း မောင်နှမအရင်းဖြစ်ရုံမက၊ ...
movie
The Parent Trap (1998)
1998
7.6
Match Point (2005)
Match point(2005) ============== IMDb Rating - 7.6/10 Directed by Woody Allenဝူဒီအယ်လန်ကားဆို စောင်တလွဲလူ့ဘောင်ကြီးကို တစ်နည်းမဟုတ် တစ်နည်းနဲ့သရော်တတ်တဲ့ ရုပ်ရှင်တွေလို့ ပြေးမြင်မိကြမှာပဲ။ သူ့ကားတွေဟာ ရိုမန့် ဒရာမာ ဟာသ စာရင်းဝင်ကားတွေများတယ်။ Match Point ကတော့ ကွဲလွဲတယ်ပြောရမှာမယ်။တခြားအယ်လန်ကားတွေက နာမည်ကြီးအနုပညာသမားတစ်ချို့ကို သိမှ သူသရော်တာကို နားလည်မှာတို့ ဘာတို့ ပါတတ်ပေမဲ့ ဒီရုပ်ရှင်ကတော့ ဒါမျိုးကင်းတယ်။ မသိရင် စုံထောက်ကားလိုလိုပါပဲ။ Genresအရ Romance/Dramaပေမဲ့ ကြည့်ပြီးတဲ့သူတွေက Psychological Thriller ကားလို့ ဆိုကြတယ်။သို့ပေမဲ့ သရော်တာလည်း မကင်းပါဘူး၊ ဟာသတစ်စက်မှ မနှောဘဲ သရော်သွားတာကလွဲလို့ပေါ့။ ဒီရုပ်ရှင်မှာတော့ သူ့ THEMEကတော့ ကံပါပဲ။ ကံကိုTHEME အဖြစ်သုံးပြီး စောင်တလွဲလောကကြီးရဲ့မတရားလှတဲ့ ကံကိုသရော်သွားခဲ့တယ်။ဇာတ်လမ်းအစမှာ သူက ဒီလိုပြောထားတယ် " ကျုပ်မတော်ချင်ဘူး ကံပဲကောင်းချင်တယ်လို့ ပြောတဲ့သူက ဘဝကို ကောင်းကောင်းနားလည်တဲ့သူပဲ။ ဘဝရဲ့တစ်စိတ်တစ်ပိုင်းက ကံပေါ်အများကြီး မူတည်နေတယ်ဆိုတာကို လူတွေက ...
movie
Match Point (2005)
7.2
The Foreigner (2017)
The Foreigner (2017) IMDb - 7.0/10________Rotten - 65%၂၀၁၇ ထွက် ဂျက်ကီချန်းရဲ့ အက်ရှင်ကားအသစ်ကိုတင်ပေးထားပါတယ်။မြင်နေကြဟာသပုံစံမဟုတ်ဘဲ လေးနက်တဲ့ ဂျက်ကီကို မြင်ရပါလိမ့်မယ်။ဇာတ်လမ်းမှာ ဂျက်ကီဟာ အင်္ဂလန် နိုင်ငံသား သာမာန်စီးပွားရေးသမားတစ်ဦးပါပဲ။ဒါပေမယ့် သူ့ရဲ့နောက်ဆုံးကျန်တဲ့ သမီးလေးဟာ အကြမ်းဖက်ဗုံးခွဲမှုကြောင့် သေဆုံးသွားခဲ့တဲ့ နောက်မှာ တရားခံတွေကို အပြစ်ပေးနိုင်ဖို့ အသည်းအသန် လိုက်စုံစမ်းပါတော့တယ်။တရားခံတွေဟာ အိုင်ယာလန် ခွဲထွက်ရေးအဖွဲ့တစ်ခုကလို့ သိရတဲ့နောက်မှာ အဲဒီအဖွဲ့ဝင်ဟောင်း ဘဝကနေ ဒုဝန်ကြီးဖြစ်လာတဲ့ မစ္စတာ ဟန်နက်ဆီဟာ သူ့ရဲ့ပစ်မှတ်ဖြစ်လာပါတော့တယ်......ဂျက်ကီတစ်ယောက် အင်အားစုကြီးတစ်ခုကို ထိပ်တိုက်သွားရင်ဆိုင်မိလို့ ဒုက္ခရောက်မလား...လူကောင်းတစ်ယောက်ကို အစွန်းရောက်သွားစေခဲ့တဲ့ အကြမ်းဖက်အဖွဲ့တစ်ခုလုံး ဒုက္ခရောက်ရတော့မလားဆိုတာ...(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူက ကိုနီယိုပါ) File Size : (952 MB) Quality : Blu-Ray 720p Running Time : 1hr 53min Format : Mp4 Genre :Action, Crime, Drama Subtitle : Myanmar ...
movie
The Foreigner (2017)
2017