Channel Myanmar

Siddharth Randeria

Bachubhai (2023) 7.5
Bachubhai (2023) Bachubhai ( 2023 ) ဘာချူဘိုင်CM Bollywood ပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ဘာချူဘိုင်ဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းကတော့ .. ဘာချူဘိုင်ဆိုတဲ့အဘိုးကြီးဟာ အင်မတန်တိကျပြီးအလုပ်မှာတော်တဲ့သူဖြစ်ပါတယ်။ လုပ်သက်ကလဲ နှစ်ပေါင်း ၃၀ တောင်ရှိခဲ့ပြီမလို့ သူ့ကုမ္ပဏီမှာ သူဌေးတောင် သူ့ကိုမကျော်နိုင်ပါဘူး။ သူက အလုပ်မှာဆရာကျပေမဲ့ သူ့အားနည်းချက်က ဘွဲ့လက်မှတ်မရှိတာပဲဖြစ်ပါတယ်။တစ်ရက် ကုမ္ပဏီကို ကိုရီးယားတွေလက်လွှဲယူလိုက်တဲ့အခါမှာတော့ ဘွဲ့လက်မှတ်က ပြဿနာအကြီးကြီးဖြစ်လာပါပြီ။ အလုပ်မှာ ဘယ်လောက်ပဲကျွမ်းကျင်ပြီး ဘယ်လောက်ပဲတော်နေပါစေ ဘွဲ့လက်မှတ်မရှိတာကြောင့် ကုမ္ပဏီကနေ ကန်ထုတ်ခံလိုက်ရပါတယ်။ဒီအခါမှာ ခံပြင်းစိတ်နဲ့ ဘာတွေဆက်လုပ်မလဲ.. ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းဆင်ရိုက်ကူးထားပါတယ်။ မင်းသားက အသက်ကြီးကြီးဘိုးတော်ကြီးဖြစ်နေပေမဲ့ ဘယ်လောက်တောင်ကောင်းလဲဆို 21st Transmedia Gujarati Awards ဆုပေးပွဲမှာ nominations 6 ခုရတဲ့အထိပါပဲဗျာ။ဒါကြောင့် ဒီလိုချစ်ကြိုက်ကွဲညား မဲပြာမုဆိုးထဲက ကွဲထွက်နေတဲ့ ဇာတ်ကားကောင်းလေးကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။( ဘာသာပြန်နဲ့အညွှန်းကတော့ KKKZ , Yunni , Tomo , Alexia , LL တို့ဖြစ်ပါတယ်) File size… 1.7GB / 839MB Quality…WEB ...
movie

Bachubhai (2023)

2023
Hu Ane Tu (2023) 8.4
Hu Ane Tu (2023) Hu ane Tu (2023) "တစ်လိမ် နှစ်လိမ်" IMDb-8.4/10အချစ်ဆိုတာ လူငယ်တွေပဲကြည်နူးခံစားတတ်တဲ့အရာတဲ့လား....အူမီ့ရှ်ဟာ ဇနီးသည်ဆုံးသွားပြီးနောက် သားဖြစ်သူတေဂျာ့စ်ကို တစ်ယောက်တည်းပျိုးထောင်လာတဲ့သူတေဂျာ့စ်တစ်ယောက်အရွယ်ရောက်လာချိန် ရီဗာဆိုတဲ့ကောင်မလေးနဲ့ချစ်ကြိုးသွယ်မိတယ် တစ်ဖက်မှာလည်း ဖခင်ဖြစ်သူကကီတကီဆိုတဲ့ ငယ်ချစ်ဦးနဲ့ ပြန်တွေ့ပြီး ချစ်ခြင်းတစ်ဖန်ပြန်လည်လန်းဆန်းလာတော့တယ်နားလည်မှုရှိတဲ့သားဖြစ်သူဟာဖခင်ရဲ့ အချစ်သစ်အတွက် ကြည်ဖြူသဘောတူ အဖေကလည်းသားအလိုကျနဲ့ သူတို့ဘဝကြည်နူးသာယာချိန်မှာ မထင်မှတ်တဲ့ အလွဲတွေတစ်ခုပြီးတစ်ခုပေါ်လာချိန်မှာတော့....လန်းဆန်းတက်ကြွနေတဲ့ လူငယ်အချစ်နဲ့ နှစ်ရှည်ထိန်းသိမ်းလာရပြီးမှ ပွင့်လင်းထွက်ပေါ်လာတဲ့ လူကြီးနှစ်ယောက်ရဲ့အချစ်တွေ အလွဲအချော်ဟာသလေးတွေနဲ့ ခံစားကြည့်ပါဦး(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.17GB / 1GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Hu Ane Tu (2023)

2023
Satyaprem Ki Katha (2023) 7.0
Satyaprem Ki Katha (2023) Satyaprem Ki Katha (2023) IMDb-7/10Freddy(2022)ထဲမှာ သွားဆရာဝန်အဖြစ်နာမည်ကြီးခဲ့တဲ့မင်းသား ကာတစ်အာရန်းရယ် ဖြူဖွေးဝင်းဥနုဖတ်နေတဲ့အလှတရားတို့ရဲ့ပိုင်ရှင် မင်းသမီးချောလေးကီရာရာတို့ရဲ့ အချစ်ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်းဂူဂျာရတ်ကမြို့ငယ်လေးတမြို့မှာ မိဘတွေနဲ့အတူနေပြီး ဘာအလုပ်အကိုင်မှမရှိတဲ့ ဆပ်တူ။ အလုပ်အကိုင်မရှိပေမဲ့ မိန်းမလိုချင်နေလို့ မိဘတွေကို နားဂျီပူဆာလုပ်နေတဲ့ သဘောကောင်းမနောကောင်း မေမေ့သားလေး ဆပ်တူ။သူတမ်းတမ်းစွဲချစ်မိနေတာက ချမ်းသာတဲ့အသိုင်းအဝိုင်းက အကမယ်လေး ကာသာ။ကာသာမှာ ရည်းစားရှိမှန်းသိသွားပေမယ့် ယောက်ျားကြိုက်တော့ ဆိုက်ဆိုက်လာဆိုတဲ့အတိုင်း မလွန်ဆန်နိုင်တဲ့နှလုံးသားနဲ့ ရစ်နှောင်တွယ်နှင့်ခဲ့ပြီလေ။တစ်ရက် အက်စီးဒန့်တခုမှာ ကာသာရဲ့အသက်ကို ကယ်တယ်ခဲ့ရပြီးတဲ့နောက်မှာတော့ အရာရာပြောင်းလဲသွားခဲ့ပေမယ့် အလုပ်အကိုင်မရှိတာကို မနှစ်မြို့တဲ့ယောက္ခမလောင်းကြီး သဘောကျဖြစ်ဖို့ အလုပ်တွေကြိုးစားနေပြီဗျို့ဆိုပြီး ကြိုးစားလိုက်တာ တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ်ကနေ မန်နေဂျာဘ၀ရောက်သွားပါလေရော။သို့ပေမယ့်လည်း ကံတရားရဲ့စီမံမှုတွေက ဘယ်လိုတွေလွဲချော်ပြီး ဘယ်အချိန်မှာသူတို့တွေကို ဆုံစည်းစေမလဲဆိုတာတော့ မိတ်ဆွေတို့စိတ်ကြိုက်ဖန်သားပြင်ပေါ်မှာ ကြည့်ရှုလိုက်ကြပါဦး။ ကြည်နူးဖို့ကောင်းတဲ့ ဇာတ်ကားတစ်ကားရှာနေတယ်ဆို Satyaprem Ki Kathaက မိတ်ဆွေအတွက်ဆိုတာ သေချာပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~BpL~Zwe~Saii~Yunniတို့ဖြစ်ပါတယ်) File size…7GB /2.29GB / 1.15GB Quality…4k AMZ WEB DL/ 1080p WEB DL / 720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~BpL~Zwe~Saii~Yunni
movie

Satyaprem Ki Katha (2023)

2023
4K HEVC