Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Siddharth
5.7
Indian 2: Zero Tolerance (2024)
Indian 2 (2024) "အိန္ဒိယခေါင်းဖြူ"အခုတစ်ခါမှာတော့ အိန္ဒိယရုပ်ရှင်လောကမှာ နာမည်အကျော်ကြားဆုံးရုပ်ရှင်တွေထဲက တစ်ကား အပါအဝင်ဖြစ်တဲ့ classic ရုပ်ရှင် Indian (1996) ရဲ့ sequel ထွက်ရှိလာလို့ မနှေး/အမြန် ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ရှေးခေတ်နာမည်ကြီးမင်းသား ကာမယ်လ်ဟာဆန် ပြန်လည်ပါဝင်လာပြီး Jigarthanda(2014), Chithha(2023) တို့လို ရုပ်ရှင်တွေမှာ ပါဝင်ခဲ့တဲ့ ဆစ်ဒါးသ်လည်း အားဖြည့်ထားပါတယ် ဒီကားက စူပါဟီးရိုးအထာပြောရရင် ဘတ်မင်း Returns ပုံစံပါဇာတ်လမ်းအကျဥ်းကတော့ ချစ်တရာနဲ့ သူ့ဘော်ဒါတစ်သိုက်က နယ်ပယ်မျိုးစုံက အဂတိလိုက်စားမှုကို သရော်ဝေဖန်ရေး ဟာသဇာတ်လမ်းတိုတွေ Youtube မှာတင်ရင်း ပရိသတ်အားပေးမှု တစ်ခဲနက်ရထားကြပါတယ်ဒီလိုနဲ့ လာဘ်ပေးလာဘ်ယူမှုကြောင့် သားကောင်ဖြစ်ခဲ့ရတဲ့ ကောင်မလေးအတွက် ဆန္ဒထုတ်ဖော်ရင်း သူတို့ အဖမ်းခံလိုက်ရပါသေးတယ် အာမခံနဲ့ ပြန်လွတ်လာတော့ သူတို့တွေ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရတယ်အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ဖို့ သူတို့ချည်းမလုံလောက်ဘဲ တစ်ချိန်က "အင်ဒီးယန်း အမည်ရှိ အဘိုးကြီးကို ပြန်ခေါ်ဖို့ကြိုးစားကြရာမှာဘယ်လိုတွေဆက်ဖြစ်ဦးမှာလဲ လူငယ်တစ်သိုက်နဲ့ အဘိုးကြီးပူးပေါင်းပြီး တကယ်ပဲ အကျင့်ပျက်မှုတွေကို တိုက်ဖျက်နိုင်သွားမှာလား ဆိုတာကတော့ ...အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ...
movie
Indian 2: Zero Tolerance (2024)
2024
4.4
Aranmanai 2 (2016)
Aranmanai 2 (2016) ကျိန်စာသင့်ကလဲ့စား Imdb 4.4လက်ရှိမှာ ၄ကားထိထွက်ရှိထားပြီးတော့ တစ်ခေတ်တစ်ခါက ရုံတင်ကားဖြစ်ခဲ့ပြီး box office အနေနဲ့ ၃၉၀ မီလီယံရရှိခဲ့တဲ့ ဝက်ဝက်ကွဲလူကြိုက်များခဲ့တဲ့ သရဲကားတစ်ကားပါဘုရားကျောင်းပြုပြင်ဖို့ မြို့ကိုကာကွယ်ပေးထားတဲ့မယ်တော်ရုပ်ထုကို ခဏရွှေ့ဆိုင်းဖို့အကြောင်းဖန်လာတယ် ၁၀ရက်တာ ရတနာသေတ္တာထဲထည့်ပိတ်ထားရမှာဖြစ်ပြီး ဒီ၁၀ရက်အတွင်းမှာ မယ်တော်ရုပ်ထုကစွမ်းအားတွေပျောက်ဆုံးသွားမှာပါဒါအခွင့်အရေးကို အောက်လမ်းနဲ့ကမ္ဘာကြီးကိုအုပ်စိုးချင်ကြတဲ့ဘာဘာတို့အဖွဲ့က အမိအရအသုံးချပါတော့တယ် မယ်တော်ရုပ်ထုကိုဖယ်ပြီဆိုတည်းက အောက်လမ်းသုံးပြီး အိပ်ပျော်နေတဲ့ ပရလောကသားတွေကိုလှုပ်နှိုးခဲ့တယ် နိုးထလာခဲ့တဲ့ပရလောကသားတွေထဲမှာ သူတို့မကိုင်တွယ်နိုင်လောက်အောင်စွမ်းအားကြီးတဲ့မကောင်းဆိုးဝါးတစ်ကောင်ပါလာခဲ့ပါတယ် ထိန်းချုပ်မရတဲ့အဆုံး အုပ်လိုက်ထွက်ပြေးကြရင်း လူ့လောကထဲ ထွက်ပေါ်မလာသင့်တဲ့မကောင်းဆိုးဝါးတစ်ကောင်က ရောက်ရှိလာပါတော့တယ်ဒီမကောင်းဆိုးဝါးကနိုးနိုးချင်းပဲ အိမ်ကြီးတစ်လုံးဆီ ရန်ငြိုးအပြည့်နဲ့ ဒေါသတကြီးထွက်သွားခဲ့တယ် သူတို့ကြားကဇာတ်လမ်းကဘာများဖြစ်မလဲ ဒီမကောင်းဆိုးဝါးကိုနှိမ်နင်းနိုင်သူရော ပေါ်လာပါ့မလားဆိုတာကိုတော့။။( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ ToMo ~ V ~ Zwe Yan ~ KKKZ တို့ပဲဖြစ်ပါတယ် ) File size… 4.78GB / 2.16GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ ToMo ...
movie
Aranmanai 2 (2016)
2016
6.3
Ayalaan (2024)
Ayalaan 2024 ချစ်သောဤကမ္ဘာ IMDb - 6.4ဒီနေ့မှာတော့ တောင်းဆိုသူတွေလည်းများပြားနေတဲ့ တမီလ်စကားပြော Sci-fi ရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးမှာပါ။ ကိုဗစ်ကြောင့် အချိန်အတော်ကြာနှောင့်နှေးခဲ့ရပေမဲ့ ထွက်ရှိလာချိန်မှာ Box Office 96 ကုဋေအထိရထားတဲ့၂၀၂၄ခုနှစ်ရဲ့ ဒုတိယဝင်ငွေအမြင့်ဆုံးတမီလ်ကားလေးဆိုတော့ ဘယ်လိုလာမလဲဆိုတာ ရှုစားကြပါဦး။တာမစ်ရှ်ဟာ ကမ္ဘာကြီးကို အလွန်ချစ်တဲ့သူတစ်ယောက်၊ လောကအလှတွေကို တန်ဖိုးထားတတ်တဲ့ nature loverတစ်ယောက်ပါ။ ပတ်ဝန်းကျင်ကို အလေးထားလွန်းသူပီပီ သူ့မှာ ဆပ်ပြာလည်းမသုံးရက်၊ အပင်တွေကိုလည်းဆေးမဖြန်းရက်၊ သူ့ရဲ့နေကြာခင်းကို ကျိုင်းကောင်အုပ်လိုက် ဝင်သမတာတောင်မှ ပိုးသတ်ဆေးနဲ့ဓာတ်မြေဩဇာတွေသုံးရင် ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုပြီး ပြုံးပြုံးကြီး တရားဟောနေသူပေါ့။ သဘာဝအကြောင်း စကားစလေးများရလိုက်ရင် တမေ့တမော ပတ်ဝန်းကျင်ထိန်းသိမ်းရေးတရားတော် ဓာတ်ပြားဟောင်းဖွင့်တတ်သူမလို့ တာမစ်ရှ်စကားစပြီဟေ့ဆို တစ်ရွာလုံးပြေးကြတဲ့အထိပါပဲ။ဒီတော့ UNတွေဘာတွေသွားရင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတရားကို ကမ္ဘာလှည့်ဟောမယ့်သူဖြစ်မှာပေမဲ့ ပွမ်ဘာရိုင်ရွာမှာတော့ အမေကိုယ်တိုင်က နားကြားပြင်းကပ်နေတဲ့ လူထူးဆန်း လူ့ဂွစာဖြစ်နေတာပေါ့။ဒီလိုနဲ့ နေကြာခင်းကြီးလည်း ကျိုင်းကောင်စာမိပြီး စိုက်သမျှမဖြစ်ထွန်းလို့ အကြွေးတွေလည်း လည်ပင်းနစ်လာချိန်မှာတော့ အမေနဲ့ရွာသားတွေရဲ့ ဆွမ်းကြီးလောင်းမှုနဲ့ အလုပ်ရှာဖို့ မန်ဒရာမြို့ပေါ်တက်ရင်း တက်တူးဆိုတဲ့ဂြိုဟ်သားလေးနဲ့ ခင်မိရာကနေ ကမ္ဘာကြီးကို ကယ်တင်ရမယ့်မစ်ရှင်ပါ အတူကပ်ပါလာတဲ့အခါ...သိပ်ချစ်တဲ့ကမ္ဘာကြီးကို ကိုယ့်လက်နဲ့ကယ်တင်ရဖို့ ဖြစ်လာချိန်မှာတော့ တာမစ်ရှ်တစ်ယောက် တက်တူးနဲ့တူတူ ဘယ်လိုစွန့်စားခန်းတွေဝင်ရင်း အလွဲလေးတွေကြုံရမလဲဆိုတာ ...
movie
Ayalaan (2024)
2024
8.6
Chithha (2023)
Chithha (2023) "ဖခင်သောက"IMDb 8.5 ရထားပြီး ရုံတင်ငွေ လေးဆ ပြန်ရရုံသာမက ရုပ်ရှင်ဝေဖန်ရေးဆရာတွေရဲ့ ထောပနာပြုမှုကိုပါ ခံထားရတဲ့ Tamil စကားပြော drama/thriller ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် တမီးလ်မင်းသား Siddharth ပါဝင်ထားပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ရာဇဝတ်မှုထူပြောလှတဲ့ အိန္ဒိယက ဆင်ခြေဖုံးမြို့လေးမှာ အီ စ်ဝါရန်ဆိုတဲ့ အစိုးရဝန်ထမ်းနဲ့ သူ့ရဲ့ ရှစ်နှစ်အရွယ် တူမလေး ဆွန်ဒါရီတို့ အတူနေကြပါတယ် အီစ်ဝါရန်မှာ အိမ်ထောင်လည်းမရှိတာမို့ တူမလေးကို တစ်ချိန်လုံး အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်နေရသူပါတစ်နေ့မှာ သူ့ရဲ့ ချစ်လှစွာသော တူမလေးကို နာမည်ဆိုးနဲ့ကျော်ကြားတဲ့ သက်ငယ်မုဒိန်းသမား က ပြန်ပေးဆွဲသွားပါတော့တယ် ဒီကိစ္စကို အီစ်ဝါရန်နဲ့ သူ့ရဲ့ သူငယ်ချင်း ရဲဖြစ်သူ ဗာဒီဗယ်လ်လူတို့ အပူတပြင်း လိုက်ရှာကြပါတော့တယ် တူမလေးအသက်ကို သူတို့ အချိန်မီ ကယ်နိုင်ပါ့မလား...အိန္ဒိယလိုမျိုး အာရှနိုင်ငံအချို့မှာ အဖြစ်အများဆုံးဖြစ်တဲ့ ဒီလို အမှုမျိုးက ဘယ်သူမဆို မကြားချင်မှ အဆုံးပါ ဒီကားမှာလည်း ဒီအမှုမျိုးကို ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ထိုင်ခုံအစွန်းက မထချင်ဖြစ်အောင် ...
movie
Chithha (2023)
2023
8.2
Jigarthanda (2014)
Jigarthanda (2014) "ဘိုင်စကုတ်ဂန်းစတား" IMDb-8.2/10မင်းသားချော ဆစ်ဒါးအဓိကသရုပ်ဆောင်ထားပြီး ဆရာကြီးဗီဂျေးစည်သူပတီပါဝင်အားဖြည့်ထားတဲ့ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။သတင်းရင်းမြစ်တွေအရတော့ တောင်ကိုရီးယားရုပ်ရှင်တစ်ကားကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။ ကားဟောင်းပေမဲ့ ရုံဝင်ငွေရူပီးကုဋေနဲ့ချီအမြတ်ရထားပြီး ဝေဖန်ရေးသမားတွေအကြိုက်တွေ့ခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားပါ။ ဒုတိယမြောက်ကား "Jigarthanda double X 2023" မလာခင်လေးမှာ ဒီကားကိုအရင်ကြည့်ရှုခံစားလိုက်ကြပါဦး။ဇာတ်လမ်းအကျဉ်း ကာသစ်ဟာ တက်သစ်စ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ပါ။ ပြိုင်ပွဲတွေတစ်ခုပြီးတစ်ခုပြိုင်ရင်း ထုတ်လုပ်သူတွေကို လိုက်ရှာနေတဲ့သူပေါ့။ တစ်နေ့မှာ ပြိုင်ပွဲကနေ ကံကောင်းထောက်မစွာနဲ့ သူ့ရုပ်ရှင်တွေကိုထုတ်ပေးမဲ့ ထုတ်လုပ်သူရှာတွေ့သွားတယ်။ဒါပေမဲ့ ထုတ်လုပ်သူဘက်က ဂန်းစတားရုပ်ရှင်တွေရိုက်မှ ထုတ်ပေးမယ်ပြောလာတဲ့အခါမှာ ကာသစ်ဟာ သူ့ပွဲဦးထွက်ရုပ်ရှင်ပီပြင်ဖို့ ဂန်းစတားတွေဘဝကို ထဲထဲဝင်ဝင်သိအောင် လေ့လာရပါတော့တယ်။ဂိုဏ်းတွေအကြောင်းသတင်းထွက်ရင် သတင်းထောက်ပါသတ်ပစ်နေတဲ့ချိန်မှာ ကာသစ်တစ်ယောက်ဂန်းစတားအကြောင်း ရုပ်ရှင်ပါရိုက်မယ်လို့ အရဲစွန့်ရပါတော့တယ်။ ဂန်းစတားအကြောင်းသူစုံစမ်းနေတာကို ဂိုဏ်းတွေမသိအောင် သူဘယ်လိုချဉ်းကပ်မလဲ၊ သူ့ရုပ်ရှင်ပြီးမြောက်ဖို့ ဘယ်လိုအန္တရာယ်တွင်းထဲဆင်းမယ်ဆိုတာ လက်တွေ့ဆန်ဆန် ရုပ်ရှင်ဆန်ဆန်ကြည့်ရှုရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Moon~V~Saii~Yunni တို့ပဲဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.54GB / 1.25GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon~V~Saii~Yunni
movie
Jigarthanda (2014)
2014
8.1
Takkar (2023)
Takkar (2023) IMDb-8.3/10တက်သစ်စမင်းသမီးချောလေး ဒေ့ဗ်ယန်ကာ၊နှုတ်ခမ်းမွှေးပဲထားထား မုတ်ဆိတ်ပဲထားထားလန်းလွန်းတဲ့ မင်းသားချောဆစ်ဒါးသ်၊ဟာသမင်းသားကြီး ယိုဂီဘာဘူတို့ပါဝင်ထားတဲ့ တမီးလ်စကားပြော ရိုမန့်စ်အက်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။လူနေခြုံကြား စိတ်နေဘုံဖျားဆိုသလို စားစရာတောင်အနိုင်နိုင်ဘဝကနေ မီလျံနာသူဌေးကြီးဖြစ်ချင်တဲ့ ဂွန်ဇ်တစ်ယောက် ဆင်းဆင်းရဲရဲမွေးလာတာအပြစ်မဟုတ်ဘူး ဆင်းဆင်းရဲရဲတော့မသေနိုင်ဘူးဆိုတဲ့ စိတ်နဲ့ မြို့တက်အလုပ်လုပ်ပါတော့တယ်။လူကဆတ်ဆတ်ထိမခံဆိုတော့ ဝင်လုပ်သမျှအလုပ်အကုန် ပြုတ်လို့ပြုတ် ထွက်လို့ထွက်နဲ့ တက္ကစီဒရိုင်ဘာကျမှပဲ ခြေငြိမ်သွားတယ်။တက္ကစီမောင်းရင်း သူသွားငြိမိတဲ့ ဂိုဏ်းတစ်ခုရှိတယ်။အဲဒီဂိုဏ်းလုပ်ပုံက အဆန်း။မိန်းကလေးတွေကို ပြန်ပေးဆွဲပြီး လေလံတင်တာ။ပြန်ပေးဆွဲခံရတဲ့မိန်းကလေး မိဘတွေနဲ့ တစ်ဖက်ကလူကုန်ကူးတဲ့လူနဲ့ကိုစျေးအပြိုင်ပေးခိုင်းတာ။ဂွန်ဇ်မောင်းလာတဲ့ ကားနောက်ဖုံးထဲမှာ မိန်းကလေးတစ်ယောက်ပါလာတာစ ဂွန်ဇ်တစ်ယောက်ဘယ်လိုတွေ ရှေ့ဆက်မလဲ။ သူ့ရဲ့သန်းကြွယ်သူဌေးအိပ်မက်ကရော ဖြစ်လာပါမလားဆိုတာ ကြည့်ရှုရမှာပါ။ အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Zwe~BpL~ThaikSanတို့ဖြစ်ပါတယ်) File size…2.89 GB/ 1.40 GB Quality…1080p WEB DL /720p Format…mp4 Duration…2h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Zwe~BpL~ThaikSan
movie
Takkar (2023)
2023
6.3
Baadshah (2013)
Baadshah (2013) ===============ဒီနေ့မိတ်ဆက်ပေးချင်တာကတော့ ဘောလီဝုဒ် အက်ရှင်ကားလေး တစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ အကလည်းရ၊ သရုပ်ဆောင်လည်းရ၊ အစီအစဉ်တင်ဆက်လည်းရတဲ့ မင်းသားကြီး N.T.Rama Rao Jr. နဲ့ နာမည်ကြီးမင်းသမီး Kajal Aggarwal တို့ ပါ၀င်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ဇာတ်ကားအကြောင်းကိုပြောရရင် ရာမာရောင် ဆိုတဲ့လူဟာ အရည်အချင်းရှိတဲ့ လူတစ်ယောက်ဖြစ်ပေမယ့် ရဲတစ်ဖွဲ့ထဲဝင်ဖို့လျှောက်တဲ့အခါ သူ့အဖေက လူဆိုးဂိုဏ်းထဲမှာရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့် အငြင်းခံလိုက်ရပါတယ်။ အဲဒီအချိန်မတိုင်ခင်က ဆာဒူဘိုင်းဆိုတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက် ခွဲလိုက်တဲ့ဗုံးမှာ သူ့ညီ ဆစ်ဒူ ပါသွားပြီး အသက်ဆုံးရှုံးသွားခဲ့ရတာပါ။ ဒီအချိန်ကစပြီး ရာမာရောင်ဟာ ဘာရှာ ဆိုတဲ့ နာမည်ကြီးလူသတ်သမားတစ်ယောက် ဖြစ်သွားခဲ့ပြီး ဆာဒူဘိုင်းကို လက်စားချေဖို့ ကြိုးစားပါတော့တယ်။ဒီဇာတ်ကားဟာ Action သီးသန့်မဟုတ်ပဲ Drama/ Comedy တို့နဲ့ပါ ပေါင်းစပ်ထားသေးတာကြောင့် ကြည့်ရင်းနဲ့ ပျင်းဖို့အချိန်ကို မရှိနေတဲ့အတွက် ဘောလိဝုဒ်ကြိုက်တဲ့သူရော၊ ဘောလိဝုဒ်မကြည့်ဖြစ်တဲ့သူတွေပါ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…3.68GB / 1.96GB Quality…1080p WEBRIP / 720p Format…mp4 Duration….2h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie
Baadshah (2013)
2013
5.9
Maha Samudram (2021)
ဒီကားကတော့ IDMB မှာ Rating 6.0 ထိရထားတဲ့ မင်းသားကြီး Jagapathi Babu ပါ၀င်တဲ့Action/Romance အမျိုးအစား တေလ်ဂူ ကားလေးပါ။ မင်းသားကြီး Jagapathi Babu ကိုဗီလိန်နေရာမှာ သရုပ်ဆောင် ပိုင်နိုင်မှုကြောင့် တော်တော်လေးကြိုက်ခဲ့ဖူးပြီး ရှာကြည့်သမျှထဲမှာလည်း ဗီလိန်မဟုတ်တာနည်းပါတယ်။ဇာတ်လမ်းအကျဉ်း ..............................ငယ်ငယ်တုန်းက အရမ်းချစ်ခင်ခဲ့ကြတဲ့သူငယ်ချင်းနှစ်ယောက် အာဂျွန်နဲ့ ဗီဂျေး။မှောင်ခိုလုပ်ငန်းအကြီးအကျယ်လုပ်တဲ့ ဦးလေးရှိပေမယ့် မှောင်ခိုလုပ်ငန်းကို မုန်းတဲ့အာဂျွန်။ ကိုယ့်ဘ၀ကိုပဲဂရုစိုက်မယ် ဘယ်လိုအနှောက်အယှက်မဆို မလိုချင်ခဲ့တဲ့ဗီဂျေး။ခပ်ဆိုးဆိုး ဗီဂျေးကိုမှ သဘောကျခဲ့တဲ့ မဟာ။ သူတို့သုံးယောက်ဆုံပြီးနောက်မှာမှောင်ခိုလောကအတွင်းဘာတွေပြောင်းလဲကုန်မှာလဲ။ မှောင်ခိုလောကရဲ့ဘုရင်အဖြစ်ဘယ်သူက အုပ်စိုးနိုင်မှာလဲ။ အတ္တ နဲ့ ချစ်ခြင်း အနစ်နာခံခြင်းတွေစုံအောင် ၂နာရီကျော်အတွင်းစီးမျောခံစားရမှာပါ။အညွှန်းနဲ့ဘာသာပြန်ကတော Lwin Htoo Aung နှင့် JimX တို့ပဲဖြစ်ပါတယ် File size…2.36GB Quality…1080p AAC 5.1CH Format…Mp4 Duration….2h 3omins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by JimX & Lwin Htoo ...
movie
Maha Samudram (2021)
2021
8.3
Rang De Basanti (2006)
Rang De Basanti (2006)- ပါဝင်သူများ- Aamir Khan, Sharman Joshi, Kunal Kapoor, Siddharth Narayan, Atul Kulkarni, R.Madhavan, Soha Ali Khan"သေခြင်းတရားကို ပက်ပင်းတိုး ရင်ဆိုင်ရတဲ့အခါ တုန့်ပြန်တာချင်း မတူတာမှာ လူနှစ်မျိုးပဲ ကြုံဖူးတယ်... ပထမတစ်မျိုးက အသံ တစ်ချက်မှမထွက်ပဲ တည်ငြိမ်စွာ အသေခံတာရယ် ဒုတိယ တစ်မျိုးကျတော့ သေခြင်းတရားကို မချိတင်ကဲ ပြင်းထန်တဲ့ ဝေဒနာနဲ့ အော်ဟစ်ငိုယိုပြီး အသေခံသွားကြတာပဲ ရှိတယ်... ကျုပ်တစ်ဘဝစာ အတွေ့အကြုံကို လှုပ်ခါပစ်ခဲ့တဲ့ တတိယ တစ်မျိုး ကြုံတွေ့လိုက်ရတဲ့အခါ..."ဆိုပြီး အစချီထားတဲ့ အိန္ဒိယမှာ အင်္ဂလိပ်တွေ အုပ်စိုးတုန်းက ထောင်မှူး Mr. McKinley တစ်ယောက် သူ့ ဒိုင်ယာရီထဲမှာ ရေးထားခဲ့တဲ့ ထောင်မှာ ကြိုးမိန့်ကျနေတဲ့ နိုင်ငံရေး အကျဉ်းသား ...
movie
Rang De Basanti (2006)
2006
7.4
Aval (2017)
တာဝန်ကျရာ ဇာတ်ကားတစ်ကားကို စ,ရေးတော့မယ်လို့ ကြည့်လိုက်တော့ Kollywood(Tamil) ကားတစ်ကား ဖြစ်နေတယ်။ အမှန်တိုင်းပြောရရင် Tamilကားတွေဆို သိပ်အထင်မကြီးတတ်တော့ Google မယ်ဒီကားနာမည်လေး ရေးရှာကြည့်တော့ BEST KOLLYWOOD MOVIES OF 2017 မှာ နံပါတ် ၂ ချိတ်ထားသလို Rating တွေအနေနဲ့ကလည်း IMDB - 7.2/10 နဲ့ Rotten Tomatoes - 100% အပြည့်ဆိုပဲ ဒီအချက်ကြောင့် ဒီဇာတ်ကားကို ကြည့်ချင်စိတ်ဖြစ်လာပြီး အလုပ်တွေပြီးလို့ အားတဲ့အချိန်ကလည်း ည၁၁ထိုး၊ မနက်ထိ မဆိုင်းတော့ပဲ လက်တော့လေးဖွှင့်ကာ ရုပ်ရှင်ကားကို စကြည့်မိပါတော့တယ်ကုလားကားသာ ပြောတယ် စလာတော့ ၁၉၃၅ ခုနှစ်၊ ကိုလိုနီခေတ်က တရုတ်သားအမိနှစ်ယောက်နဲ့ သူတို့အိမ်ကိုပြပြီး ပျော်ရွှင်နေတဲ့ သားအမိနှစ်ယောက်ရဲ့ အိမ်မှာ ရုတ်တရက်ဆိုသလို အော်ငြီးသံကြီးတစ်ခုနဲ့ ၂၀၁၆ကို မောင်းနှင်သွားပါတော့တယ်။၂၀၁၆ ခုနှစ် အေးချမ်းတဲ့ဆောင်းရာသီလေးမယ် အိမ်လေးတစ်လုံးထဲက ညားခါစဇနီးမောင်နှံနှစ်ဦးရဲ့ အပျော်တွေကို ကျွန်တော်တို့ဆီ မျှဝေလိုက်ပြီး ဘေးခြံကို မိသားစု အသစ်တွေပြောင်းလာတာကို အသိပေးလိုက်ပါတယ်။ဇနီးမောင်နှံနှစ်ယောက်အတွက်ကတော့ အိမ်နီးချင်းအသစ်တွေ ရမှာဖြစ်သလို ယောက်ျားအလုပ်သွားတဲ့အချိန် ပြင်းခြောက်ခြာက်ဖြစ်နေမယ့် ဇနီးသည်အတွက်တော့ပိုပျော်ရွှင်ရမယ့် လက္ခဏာပါပဲထင်ထားတဲ့အတိုင်းပါပဲ ဘေးအိမ်ကို ပြောင်းလာတဲ့ ...
movie
Aval (2017)
2017