Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Shri Vallabh Vyas
8.1
Sarfarosh (1999)
Sarfarosh (1999) "တာဝန်" IMDb - 8.1/10ဒီတစ်ခါမှာဆိုရင် ၁၉၉၉ က ထွက်ရှိခဲ့တဲ့ နာမည်ကြီး ရိုမန့်/အက်ရှင်ကားလေးကို ပရိသတ်ကြီးခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်ဝါရင့်သရုပ်ဆောင် Naseeruddin Shah, အားလုံးသိကြတဲ့ မင်းသား Aamir Khan နဲ့ တစ်ချိန်က မင်းသမီးချော Sonali တို့ ပါဝင်ထားပြီး အမြတ်ငွေ လေးဆပြန်ရခဲ့တဲ့ ခေတ်ဟောင်းကားလေးပါအိန္ဒိယနိုင်ငံမှာ လက်နက်မှောင်ခိုမှုတွေ ဖြစ်ပွားစဥ် အကြမ်းဖက်မှုတွေများလာတာကြောင့် အစိုးရက မွန်ဘိုင်းအထူးစုံစမ်းရေးကို တာဝန်ပေးနေရတဲ့ အချိန် ကောလိပ်ကျောင်းသား အဂျေး (အမီခန်း)ရဲ့အဖေက အကြမ်းဖက်တစ်ယောက်ကို ဆန့်ကျင်ထွက်ဆိုဖို့အသွား ပြန်ပေးဆွဲခံလိုက်ရပြီးအကြမ်းဖက်တွေလက်ချက်နဲ့ သူ့အစ်ကိုကြီးကိုဆုံးရှုံးလိုက်ရတဲ့အပြင် အဖေကပါ စကားမပြောနိုင်တော့ဘူး ဖြစ်သွားတဲ့အခါ အဂျေးတစ်ယောက် ရဲတပ်ဖွဲ့ထဲဝင်ဖို့ ဆုံးဖြတ်လိုက်တယ်လူတိုင်းလေးစားရသူလဲဖြစ်၊ အဂျေးနဲ့ ချစ်သူကောင်မလေး ဆီမာတို့ အရမ်းသဘောကျတဲ့ ဂီတစာဆို ဂူဖမ်ဟာဆန်ဆိုသူမှာ ဘယ်သူမှမထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေတဲ့အခါမှာဆိုရင်တော့ .....အက်ရှင်ခန်းတွေသာမက ချစ်ခန်းကြိုက်ခန်းတစ်လှည့်စီ အရောင်အသွေးစုံလင်တဲ့ ဒီခေတ်ဟောင်းလက်ရာလေးကို ပရိသတ်ကြီးက ခံစားကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…3.4GB ...
movie
Sarfarosh (1999)
1999
5.7
Aan: Men at Work (2004)
Aan: Men at Work (2004) Action, Crime, Drama IMDb 5.7/10 (3.2K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ၂၀၀၀ခုနှစ်အလွန်လောက်က ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ မှုခင်းကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာ နာမည်ကြီးမင်းသားကြီးတွေဖြစ်ကြတဲ့ အရှေးကူမား..ဆူနီးရှက်တီး..အစ်ရဖန်းခန်း..ဂျက်ကီရှရော့ဖ်စတဲ့ မင်းသားကြီးတွေအပြင် မင်းသမီး ရဗီနားတန်ဒန်နဲ့ လာရာဒက်သားတို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားကြပါတယ်။ တခြားသော နာမည်ကြီးဇာတ်ပို့သရုပ်ဆောင်များစွာနဲ့လည်း အားဖြည့်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် လူမှန် မြို့ပြင်ထွက်နေ ဆိုသလို ပူနေးမြို့ကနေ မွန်ဘိုင်းမြို့ကို အရာရှိတစ်ယောက်ဟာ နယ်ပြောင်းတာဝန်ကျလာခဲ့ပါတယ်။ရာထူးတိုးတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ပေါ့။ သူ ရောက်လာတဲ့ မွန်ဘိုင်းမြို့ရဲ့အခြေအနေဟာလည်း တစ်မြို့လုံးကို လူမိုက်ဂိုဏ်းအသီးသီးက အုပ်စိုးကျက်စားနေသလို နိုင်ငံရေးသမားတွေ စီးပွားရေးသမားတွေဟာလည်း လူမိုက်တွေနဲ့ပေါင်းပြီး မတရားစွာ ကြီးစိုးနေခဲ့ကြပါတယ်။အင်အားကြီးသူက အနိုင်စတတ်စမြဲ ဒီလောကကြီးမှာ ရဲတွေဟာလည်း ကျီးလန့်စာ စားနေခဲ့ရပါတယ်။ နာမည်သာရှိပေမယ့် စနစ်ဆိုးကြီးကြောင့် လက်ပြန်ကြိုးတုပ်ခံထားရတဲ့ လုပ်ပိုင်ခွင့်နဲ့ ရှေ့လည်းမတိုးသာ နောက်လည်းမဆုတ်သာ အခြေအနေပါ။အဲ့ဒီစနစ်ကြီးကို ဒီအရာရှိနဲ့ သူ့အဖွဲ့က ပြောင်းလဲပစ်ဖို့ ကြံစည်လာတဲ့အခါ တစ်ဖက်က လူမိုက်ဂိုဏ်းအသီးအသီးဟာလည်း ဒီရဲတွေကို ရှင်းထုတ်ပစ်ဖို့ ကြံလာခဲ့ပါပြီ။ဆက်လက်ပြီး ရာဇဝတ်ဘေး ပြေးမလွတ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ်လိုချင်တဲ့ ဇာတ်သိမ်းနဲ့သွားမလား...။ငွေများတရားနိုင်ဆိုတဲ့ ဇာတ်နာနဲ့သွားမလားဆိုတာကိုတော့ ဖန်သားပြင်ထက်မှာပဲ ဆက်လက်ပြီးရှုစားပေးကြပါဦးနော်...။ File size…3GB ...
movie
Aan: Men at Work (2004)
2004
7.0
(18+)Rang Rasiya (2008)
Rang Rasiya (2008) Biography, Drama, Romance IMDb 7.0/10 (2K)အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ ၁၉ရာစုနှစ်လောက်က အောင်မြင်ကျော်ကြားလူသိများခဲ့တဲ့အပြင် အငြင်းပွားဖွယ်ကိစ္စရပ်များကို ဖြစ်ပေါ်စေခဲ့တဲ့ အိန္ဒိယပန်းချီဆရာ ရာဂျာရဗီဗာမာရဲ့အတ္ထုပ္ပတ္တိကို ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်။သူဟာ ဘုရားသခင်တွေရဲ့သရုပ်ပုံစံကိုတောင် စတင်ရေးဆွဲခဲ့တဲ့ အာဂသတ္တိခဲတစ်ယောက်ပဲ ဖြစ်သလို သူ့အနုပညာအရည်အသွေးကိုပြသဖို့ ဝတ်လစ်စလစ်ပန်းချီတွေကိုလည်း ရေးဆွဲဖို့ လက်မတွန့်ခဲ့သူတစ်ယောက်ပါ။ ငယ်စဉ်ကတည်းက ပန်းချီဝါသနာကိုပါခဲ့သလို သူရေးဆွဲခဲ့တဲ့ ပန်းချီကားချပ်တိုင်းဟာလည်း အားလုံးကို အံ့ဩမှင်သက်စေခဲ့ပါတယ်။မွေးဖွားရာဇာတိမြေဖြစ်တဲ့ ထရာဗန်ကိုးတိုင်းပြည်မှာ ငယ်စဉ်ကတည်းက ရှင်ဘုရင်ရဲ့ ချီးမြှောက်ခြင်းကိုခံခဲ့ရပြီး အရွယ်ရောက်လာတော့ မင်းသမီးတစ်ပါးနဲ့ လက်ဆက်ခွင့်ရခဲ့တယ်။ ပြီးနောက် မဒရာဆ်မြို့မှာ ကျင်းပတဲ့ နိုင်ငံတကာပန်းချီပြိုင်ပွဲမှာလည်း ဘုရင်ခံက ချီးမြှင့်တဲ့ အိန္ဒိယဂုဏ်ဆောင်ရွှေတံဆိပ်ဆုရခဲ့တဲ့အပြင် ထရန်ဗန်ကိုးဘုရင်ဟာလည်း ရာဂျာ(ရာဇာ)ဆိုတဲ့ဘွဲ့ကို ချီးမြှင့်ခဲ့ပါတယ်။ အဲ့ဒီခေတ်အခါက ရှင်ဘုရင်တွေကိုမှ တပ်ခေါ်ခွင့်ရှိတဲ့ ဘွဲ့နာမည်တစ်ခုပါ။သူ့ရဲ့အသွေးအသားထဲမှာ အနုပညာသွေးတွေ စီးဆင်းနေတော့ သူ့အတွေးအခေါ်တွေကို တော်ရုံလူတွေ လိုက်မမှီခဲ့သလို အပုပ်ချချင်တဲ့လူတွေဟာလည်း ရန်ငြှိုးတွေထားခဲ့ကြပါတယ်။ဒီလိုနဲ့ ဘုရားကျောင်းပေါင်း ၁၈၀၀၀ နီးပါးကို အပိုင်စားရထားတဲ့ ဓမ္မသတ်မှူးနဲ့ အငြင်းပွားခဲ့ပြီးနောက်မှာတော့ သူ့ဘဝဟာ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို Murder 3 ထဲက မင်းသား ရန်ဒီပ်ဟူဒါက ...
movie
(18+)Rang Rasiya (2008)
2022