Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Shivaraj Kumar
6.5
Karataka Damanaka (2024)
Karataka Dhamanaka (2024) "ဆရာနှစ်ပါး"IMDb 6.5အသစ်ထွက် ကန်နားဒါး ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်ရွာလေးတစ်ရွာမှာ မိုးခေါင်ရေရှားမှုတွေ နှစ်ချီကြာညောင်းခဲ့ပြီး အဆင်မပြေကြလို့ ပြောင်းရွှေ့သွားတဲ့သူတွေလည်း ဒုနဲ့ဒေးပါ နိုင်ငံရေးသမားတွေရဲ့ အကျင့်ပျက်ချစားမှုကြောင့် မြေစာပင်ဖြစ်ရတဲ့ ရွာသားတွေမှာ အံတကြိတ်ကြိတ်ပေါ့တစ်ချိန်တည်းမှာပဲ လိမ်လည်ခြင်းအတတ်ကို တစ်ဖက်ကမ်းခတ် တတ်ကျွမ်းတဲ့ နိုင်ငံကျော်လူလိမ်နှစ်ယောက်ဟာ နိုင်ငံရေးသမားတစ်ဦးကို မလှိမ့်တစ်ပတ်လုပ်ပြီး အရှက်ရစေခဲ့တဲ့အတွက် ထောင်ထဲရောက်လာတယ်သူတို့ရဲ့ အရည်အချင်းကို သိသွားတဲ့ ထောင်မှူးဟာဆိုရင် လူလိမ်နှစ်ယောက်ကို မိုးခေါင်ရေရှား ရွာလေးကို လွှတ်လို့ အထူးတာဝန်တစ်ခု ပေးလာတဲ့အခါ …ဘယ်လိုအလွဲတွေ ဆက်ဖြစ်မှာလဲ လူလိမ်နှစ်ယောက်ကရော ရွာလေးအတွက် ကယ်တင်ရှင်ဖြစ်လာမှာလား ဆိုတာကတော့ ……အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…2.94GB / 1.7GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 36m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by M Bollywood Team
movie
Karataka Damanaka (2024)
2024
7.2
Captain Miller (2024)
Captain Miller (2024) "ကပ္ပတိန် မီလာ"IMDb 7.2 ရထားတဲ့ တမီးလ်စကားပြော ဗြတိသျှခေတ် နောက်ခံကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ဝါရင့်မင်းသား ဒနွတ်ရှ်နဲ့အတူ Shiva Rajkumar နဲ့ မင်းသမီး Priyanka Mohan တို့ ပါဝင်သရုပ်ဆောင်ထားကြပြီး ရီဗျူးကောင်းတွေရထားရုံမက ရုံတင်ငွေ ၁၀၄ ကုဋေ ရထားတဲ့ ကားလေး ဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ၁၉၃၀ ဗြိတိသျှခေတ်မှာ အီဆာဆိုတဲ့ ခပ်ဆိုးဆိုးရွာသားတစ်ယောက်က မျိုးရိုးဇာတ်နိမ့်ဇာတ်မြင့် ကွာခြားမှုတွေကို မနှစ်မြို့သူဖြစ်ပြီး လူလေးစားခံရမှုလိုချင်တာကြောင့် အိန္ဒိယ-ဗြိတိသျှ စစ်တပ်ကို ဝင်နေချင်ပါတယ်ဒါပေမဲ့ ဗြိတိသျှကို တော်လှန်ပုန်ကန်နေတဲ့ သူ့အစ်ကိုကတော့ ဒါကို သဘောမတူပါဘူး တစ်နေ့ ဗယ်လာမီဆိုတဲ့ ဇာတ်မြင့်မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်မိပြီး သူနဲ့အဆင်ပြေရင် ဗြိတိသျှစစ်တပ်ထဲ မဝင်ဘူးလို့ ဆုံးဖြတ်ခဲ့ပေမဲ့ ကောင်မလေးမှာ ပိုင်ရှင်ရှိနေတာကြောင့် ကောင်မလေးကို မေ့ပစ်ပြီး ဗြိတိသျှစစ်တပ်ထဲ ဝင်သွားပါတယ်အီဆာတစ်ယောက် "ကပ္ပတိန်မီလာ" ဆိုတဲ့ နာမည်နဲ့ သူ့သူငယ်ချင်း ရာဖစ် စတီဖင်တို့နဲ့အတူ သောင်းကျန်းပါတော့တယ် ...
movie
Captain Miller (2024)
2024
4K HEVC
8.5
Ghost (2023)
Ghost 2023 "တစ္ဆေ"IMDb 8.5 ရရှိထားပြီး ရုံတင်ဝင်ငွေ ရူပီး သန်း ၃၀၀ ကျော်ရခဲ့တဲ့ ကန်နားဒါး action-thriller ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုတွေလည်း ရရှိထားပြီး Shiva Rajkumar, Jayaram နဲ့ Anupam Kher တို့ ပါဝင်ထားပါတယ်ဇာတ်လမ်းအကျဥ်းကတော့ အမည်မသိ လူတစ်စုက ဗဟိုအကျဥ်းထောင်တစ်ခုမှာရှိတဲ့ အကျဥ်းသားတွေ အပါအဝင် ဗြူရိုအရာရှိဟောင်းဖြစ်တဲ့ မစ္စတာဗာမန်ကိုပါ ပြန်ပေးဆွဲသွားပါတယ် အဲဒီ ဓားစာခံပြဿနာကို မဟုတ်မခံ သမာသမတ်ကျတဲ့ ဒုရဲမှူး ချန်ဂါပါကို တာဝန်ပေးလာပါတယ်အကျဥ်းထောင်ကို ဝင်စီးတုန်းက စီစီတီဗီမှတ်တမ်းတွေကိုပါ လက်စဖျောက်သွားခဲ့ပြီး ဆရာချန်ဂါပါနဲ့ အမည်မသိ ဂိုဏ်းစတားတို့ရဲ့ ကြောင်နဲ့ကြွက် ကစားပွဲ စတင်ပါတော့တယ် အမည်မသိ ဂိုဏ်းစတားဆိုတာ တကယ်တော့ "Big Daddy" ဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဂိုဏ်းခေါင်းဆောင် ဒါလာဗာရီဖြစ်ပါတယ်ဒါလာဗာရီက ထောင်အတွင်းမှာ ဝှက်ထားတဲ့ ရွှေတုံးတွေကို ယူဖို့လာတာဖြစ်ပြီး ရွှေတုံးတွေကတော့ ဗြူရိုအကြီးအကဲ ဗာမန်တို့ ...
movie
Ghost (2023)
2023
7.5
Jailer (2023)
Jailer (2023) IMDb-7.5/10ရူပီသန်းပေါင်း၂၄၀ဝန်းကျင် အသုံးပြုရိုက်ကူးထားပြီး ရူပီ၆၃၅သန်းပြန်လည်ရရှိခဲ့တဲ့ မင်းသားကြီးရာဂျ်နီကန့်သ်ရဲ့ ရုပ်ရှင်ကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ်။ဟာသမင်းသားကြီး ရိုဂီဘာဘူလည်း ပါဝင်အားဖြည့်ထားပါတယ်။ အကြည်ဗားရှင်းထွက်တာ အချိန်တစ်ခုကြာပြီဖြစ်ပေမယ့် ရုပ်သံစာတန်းထိုးမှန်အောင်စောင့်ဆိုင်းနေခဲ့တဲ့အတွက် စီအမ်ဘောလိဝုဒ်ပရိသတ်ကြီးကိုအနူးအညွတ်တောင်းပန်အပ်ပါတယ်။ဖြောင့်မတ်မှန်ကန်တဲ့အရာရှိတစ်ယောက်ဆိုတာ နာမည်တစ်ခုတင်ကျန်ရစ်တတ်ပေမယ့် အတိုက်ခိုက်ခံရ ပေးဆပ်လိုက်ရတာတွေကတော့ ရှိနေတတ်တာဓမ္မတာပါပဲ။ မင်းသားကြီးရာဂျ်နီကန့်သ်က ဇနီးဖြစ်သူရယ် သားရယ် ချွေးမရယ် မြေးလေးရယ်နဲ့ အငြိမ်းစားထောင်မှူးကြီးဘ၀ကို ငြိမ်းချမ်းစွာဖြတ်သန်းနေသူတစ်ယောက်။သားဖြစ်သူကိုလည်း ဖြောင့်မတ်မှန်ကန်တဲ့အရာရှိတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ခဲ့သူ။ တစ်ရက်မှာတော့ ဘုရားကျောင်းရုပ်တုတွေပျောက်ဆုံးမှုကို စုံစမ်းဖော်ထုတ်နေတဲ့ သားဖြစ်သူ ပျောက်ချင်းမလှပျောက်သွားရာကစ အသတ်ခံလိုက်ရတာကိုသိလိုက်ရပါတယ်။ အဲဒီမှာပဲ အေးချမ်းတဲ့ဘ၀လေးကနေ သားကိုသတ်ခဲ့တယ်လို့သိရတဲ့ လူဆိုးဂိုဏ်းကို လက်စားချေအမြစ်ဖြတ်သုတ်သင်ဖို့ကြိုးစားတဲ့နောက်မှာတော့ ထင်မှတ်မထားတဲ့အမှန်တရားတွေ အသတ်အဖြတ်ကြမ်းကြမ်းရမ်းရမ်းတွေကို ကြည့်ရှုခံစားကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~V~YH~Cherry~Zwe Yan~BpLတို့ပဲဖြစ်ပါတယ်) File size…9.4GB/ 3.16GB / 1.2GB Quality…WEB-DL 4K HEVC/1080p/ 720p Format…mp4 Duration….2h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~V~YH~Cherry~Zwe Yan~BpL
movie
Jailer (2023)
2023
4K HEVC
7.1
Kabzaa (2023)
Kabzaa (2023) IMDb 7.2ဒီကားကတော့ အိန္ဒိယသမိုင်းအကြောင်းတွင်တွင်ကျယ်ကျယ်ရိုက်ပြထားတယ်ဆိုရမှာဖြစ်ပြီး ရုံတင်ကားတကားဆိုလဲ မမှားပါဘူး Cast တွေအနေနဲ့ မင်းသမီးချောလေး Shriya Saran က တော်ဝင်မင်းသမီးအဖြစ် ယင်ကောင်၂ဘဝကလဲ့စားကားထဲကဗီလိန် Kiccha Sudeep ကလည်းအပိုအလိုမရှိသရုပ်ဆောင်ထားပြန်ပါတယ်လူမိုက်တစ်ယောက်ကိုဖမ်းလိုက်မိလို့ ရဲစခန်းတစ်ခုလုံးကိုမီးလောင်တိုက်သွင်းလိုက်တဲ့ဂိုဏ်းစတားတွေထကြွမှုကြောင့်ဒီလူမိုက်တွေကိုရှင်းပစ်ဖို့ ဘာဟ်ဂတ်ဘတ်ခ်ရှီကို အထက်ကတာဝန်ပေးခဲ့ပါတယ် မရေတွက်နိုင်တဲ့ တိုက်ပွဲတွေကိုအောင်နိုင်ခဲ့ပြီး နိုင်ငံတော်အလံကလွဲရင် ဘယ်သူ့ကိုမှဦးမညွတ်ဖူးတဲ့သူ ဒီလူဖြတ်ကျော်ခဲ့ရတဲ့သမိုင်းကလည်းနည်းနည်းနောနောမဟုတ် ..၁၉၄၂ကနေ ၁၉၈၆အထိ သူဖြတ်သန်းခဲ့ရတဲ့အိန္ဒိယသမိုင်းမှာ သူကရာထူးကြီးလူတစ်ယောက် ဒီလိုလူက သောင်းကျန်းနေတဲ့လူမိုက်တွေမြို့ကိုရောက်ချလာပြီး လူမိုက်တွေအကုန်စုစေခဲ့တယ် ပြီးတော့ သူ့အာဏာကိုပြဖို့အတွက် သူတွေ့ကြုံခဲ့ရတဲ့ အိန္ဒိယလွတ်လပ်ရေးမရခင်ကစအခုချိန်အထိ နောက်ကြောင်းပြန်ပြကွက်မျိုးနဲ့ ပြောပြပေးသွားမှာပဲဖြစ်ပါတယ် ကဲ သူကြုံတွေ့ခဲ့ရတဲ့ အိန္ဒိယသမိုင်းကိုလိုက်ပါရှုစားလိုက်ပါဦး File size…2GB / 907MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 14m Subtitle….Myamar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~Nyein
movie
Kabzaa (2023)
2023
7.0
Vedha(2022)
Vedha (2022) IMDb 7.2/10ကန်နန်ဒါးရဲ့နာမည်ကြီးမင်းသားကြီး Shiva Rajkumar က Vedha အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး Box Office အနေနဲ့ ကုဋေ ၁၀၀ရရှိထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ် Rating လည်းကောင်းပြီးအဆုံးထိဆွဲခေါ်သွားမဲ့ဇာတ်လမ်းမျိုးပါပဲဇာတ်လမ်းအကျဉ်း... Vedha မှာ ကန်နာကာလို့ခေါ်တဲ့သမီးတစ်ယောက်ရှိတယ် စလာလာချင်းမှာတော့ ဒီကောင်မလေးကထောင်ကထွက်လာတယ်ပေါ့ သားအဖနှစ်ယောက်စလုံးမျက်နှာမှာ အပြုံးအရယ် တစိုးတစိမရှိ...သူတို့ရဲ့ပန်းတိုင်ဆီပဲ ရည်မှန်းချက်တွေပြည့်ဝနေတဲ့ မျက်နှာထားတွေနဲ့ပေါ့ ဒီသားအဖနှစ်ယောက်ကိုသူတို့တစ်မြို့လုံးမှာမသိတဲ့လူမရှိဘူး သူတို့နာမည်ကြားတာနဲ့ ဖိန့်ဖိန့်တုန်အောင်ကြောက်ကြရတယ် သူတို့ကိုလိုက်နေတဲ့ ရဲမေရာမာကလည်း သူတို့ဆိုအသေရရအရှင်ရရ... ဒါကသူတို့အတိတ်မှာဖြစ်ခဲ့တဲ့ကိစ္စတစ်ခုနဲ့စပ်လျဉ်းပြီး ကျန်ရှိနေတဲ့ရလဒ်အနေနဲ့ပေါ့ Vedha က အတိတ်နေ့တွေမှာ လူချစ်လူခင်ပေါပြီး လူအများကခေါင်းဆောင်တင်ချင်ကြတဲ့လူတစ်ယောက်ပါ သူအရမ်းချစ်တဲ့ မိန်းမနဲ့ သမီးလေးနဲ့အတူ အပူအပင်မရှိ ဘဝကို အေးအေးဆေးဆေးဖြတ်သန်းနေသူ ဒါပေမဲ့ ကံကြမ္မာဆိုးကြီး သူတို့မိသားစုထဲဝင်လာပြီး နူးနူးညံ့ညံ့သမီးလေးကပါ ထောင်ကျတဲ့အထိ ဘာတွေများဖြစ်သွားမလဲ လိုက်ဖမ်းနေတဲ့ရဲရာမာလက်ကနေ လက်တစ်လုံးကြားလွတ်လွတ်သွားပုံတွေ ရဲဘက်ကလည်းအစွမ်းကုန်ကြိုးစားကြပုံတွေနဲ့ သူတို့ဇာတ်လမ်းလေးကိုဆက်လက်ကြည့်ရှုလိုက်ပါရှင် File size…2.86GB / 1.34GB Quality…1080p True WEB DL / 720p Format…mp4 Duration…2h 36m. Subtitle….Myanmar Subtile (Hard Sub) Encoder….YK Translated by Bpl ~ Yunni ~ Sai ThuRein ~ Nyein Aye
movie
Vedha(2022)
2022
7.5
Bairagee (2022)
ကန်နာဒါလောကက ကိုယ်တွေမင်းသားကြီး ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်ရှီဗာဟာ ကျားပြဇာတ်ကို သရုပ်ဆောင်တဲ့ သူတစ်ယောက်ဖြစ်ပြီး "ကျားကြီး ရှီဗာ" ဆိုတဲ့ အမည်တွင်တဲ့အပြင် ဒေါသကြီးတဲ့သူအဖြစ်လည်း နာမည်ကြီးပါတယ်တစ်နေ့ သူ အဲဒီဒေါသကြောင့်ပဲ ထောင် ၁၅ လ ကျခဲ့ပြီး ပြန်လွတ်လာတော့ ဒေါသကြီးတာမကောင်းဘူးဆိုပြီး ဒေါသကို ချုပ်ထိန်းက ကျိုးနွံတဲ့စိတ်နဲ့ လူသစ်တစ်ယောက်လို နေထိုင်ခဲ့ပါတယ်အဲဒီလိုနဲ့ သူ အလုပ်အတူလုပ်တဲ့ ဗက်တာဗီဆိုတဲ့ ကောင်လေးနဲ့တွေ့ပြီး ညီအစ်ကိုအရင်းတွေကို ခင်လာခဲ့ပါတော့တယ်သူတိုတွေ အတူတူပျော်ပျော်ရွှင်ရွှင်နေထိုင်ကြပြီး သူတိုချစ်တဲ့ကောင်မလေးတွေကို ပိုးရင်းနဲ့ ဘဝကို အေးချမ်းစွာ ဖြတ်သန်းခဲ့ကြပေမယ့်မထင်မှတ်ထားတဲ့ ကံကြမ္မာအပြောင်းအလဲတစ်ခု (သိုမဟုတ်) မကောင်းတဲ့လူတစ်စုကြောင့် ရှီဗာရဲ့ ကိုယ်တွင်းမှာ ချုပ်တည်းထားတဲ့ ကျားတစ်ကောင်ဟာ ပေါ်ထွက်လာခဲ့ပါတော့တယ်မေတ္တာတရားတွေနဲ့ ချည်နှောင်ထားတဲ့ ဒီကားလေးဟာ ဝမ်းနည်းစရာများလည်း ရောယှက်လျက် ကြည့်ရှုသူများကို လူ့ဘဝဇာတ်ခုံရဲ့ စုံလင်လှတဲ့ အရောင်အသွေးတွေကို မြင်စေမယ့် ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်စေမှာ အသေအချာပါပဲရှင် File size…2.96GB / 1.43GB Quality…1080p AVC AAC5.1CH / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora & Kham Mon & OeliuJ & ...
movie
Bairagee (2022)
2022