Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Shi Zhaoqi
5.7
Touch Guy Sniper ( 2024 )
ကြေးစား စနိုက်ပါ သမားတစ်ယောက်ရဲ့ ဘဝကို ရိုက်ကူးထားတဲ့ကားလေးပေါ့... အသက်ကိုလောင်းကစားလုပ်ပြီး ရှာနေတဲ့အလုပ်ထဲမှာ စနိုက်ပါအဖွဲ့လည်း ပါတာပေါ့...ဒီဇာတ်လမ်းထဲမှာ ရှောင်လုံဆိုတဲ့ စနိုက်ပါအဖွဲ့ခေါင်းဆောင်ဟာ ဓားစာခံတွေကို ကယ်တင်တဲ့မစ်ရှင်ကို ၈ ယောက်အုပ်စုနဲ့ဆောင်ရွက်ခဲ့တာပေါ့.. အဖွဲ့တိုင်းမှာ စုန်းပြူးပါသလို သူတို့အဖွဲ့မှာလည်း အားထိုက်ဆိုတဲ့ စုန်းပြူးပါတာပေါ့.. အုပ်စုလိုက်လှုပ်ရှားမှုမှာ အကြောင်းမပြန်ချင် အမိန့်မနာခံချင်ပဲ... ငါသိပ်တော်တာပါလို့ သက်သေပြချင်နေတဲ့သူတစ်ယောက်ပေါ့...ဓားစာခံကို ဘိန်းကျွေးပြီး မေးနေတာကို သိလိုက်ရချိန်မှာ ဓားစာခံကိုကယ်လည်း သေမှာပဲဆိုပြီး ရှောင်လုံရဲ့ အမိန့်ကို မျက်ကွယ်ပြုပြီး လှုပ်ရှားလိုက်တဲ့ အားထိုက်ကြောင့် သူတို့အဖွဲ့သားတစ်ယောက် သေဆုံးခဲ့ရတယ်...ဒီအပြင် နောက်မစ်ရှင်တစ်ခုလာတော့ အစတည်းက အလုပ်အပ်သူ ဘယ်သူမှန်းမသိလို့ ထူးဆန်းရတဲ့ထဲ တစ်ဖက်ရန်သူအင်အားလည်း အတော်လေး အတွေ့အကြုံရှိသူတွေပီပီ ယှဉ်ရခက်နေတာပေါ့... အပေါ်မှာ ပြောခဲ့ဖူးတဲ့ စုန်းပြူးကပါထဖောက်တဲ့အခါမှာတော့... တဖွဲ့လုံးဘယ်လိုတွေဖြစ်ကြမလဲ..စွန့်စားခန်းကိုရော အောင်မြင်နိုင်ပါတော့မလား အမည်မဖော်လိုတဲ့ အလုပ်အပ်နှံသူကရော ဘယ်သူဖြစ်မလဲ.. ဇာတ်လမ်းလေးထဲမှာအဖြေရှာကြည့်ကြရအောင် Filesize : 815 MB / 469 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime , Mystery Runtime : 1h ...
movie
Touch Guy Sniper ( 2024 )
6
Walk The Line ( 2024 )
CM ချစ်ပရိသတ်တို့အတွက် ရင်းနှီးသလိုဖြစ်ပြီး မျက်နှာစိမ်းနေတဲ့ သရုပ်ဆောင်တွေနဲ့ပြည့်နေတဲ့ ဟာသနှော အက်ရှင်ကားလေး Walk in Line ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်..."မိုးနတ်မင်းကြီး ဘာလို့လူရိုးတွေပဲ အနိုင်ကျင့်ခံနေရတာလဲ" "ရိုးဖြောင့်တဲ့သူတွေအတွက် တရားမျှတမှု ဘယ်မှာလဲ" ဟုတ်ပါတယ်... ဒီဇာတ်လမ်းလေးရဲ့ အဓိက ဇာတ်လမ်းကျောရိုးက အဲ့စကားလေး ၂ ခွန်းပါပဲ...အမေအိုကြီးကိုလုပ်ကျွေးနိုင်ဖို့ မိတဆိုး သမီးလေးကို အချစ်တွေနဲ့ ဖြည့်ဆည်းနိုင်ဖို့ သူများတွေမလုပ်ချင်တဲ့ အန္တရာယ်များတဲ့ မိုင်းတွင်းမှာ လုံခြုံရေးဝန်ထမ်းအဖြစ် အလုပ်ဝင်ခဲ့တဲ့ ရှောင်မန်ဆိုတဲ့ လူရိုးကြီးဟာ... တစ်ရက်မှာတော့ ပေါက်ကွဲမှုဖြစ်လို့ဆိုပြီး ထောင်ဒဏ် ၁၀ နှစ်ကျော် ကျပြီး ထောင်ကျခဲ့တယ်...သူထောင်ကထွက်လာတော့ ခေါက်ဆွဲဆိုင်လေးဖွင့်ပြီး သားအပြန်ကို စောင့်နေတဲ့ အမယ်အိုရယ်... အကြောင်းမဲ့ဘဝထဲက ပျောက်သွားလို့ အဖေဟာသေသူလို့ သတ်မှတ်ပြီး ဆိုးချင်တိုင်း ဆိုးနေတဲ့ သမီးလေးရယ်ပဲ သူ့ဘဝထဲ ကျန်ခဲ့တော့တယ်...နောက်တော့လည်း ရုတ်တရက်ကြီး သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်တဲ့... ဒါပေမယ့်ကွယ် ဒီပေါက်ကွဲမှုကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက အကြီးအကဲလည်း လူတွေလေးစားယုံကြည်ခံခဲ့ရပြန်တယ်... ဒေသခံစခန်းမှူးကလည်း ဂုဏ်ထူးဆောင်အနေနဲ့ ရာထူးတွေတိုးကုန်ပြန်တယ်... နောက်ပြီး ဒေဝါလီခံပြီး မွဲမယ်ထင်တဲ့ မိုင်းပိုင်ရှင်သူဌေးကလည်း တစ်မြို့လုံးမှာ မြေဧကအများဆုံးပိုင်တဲ့ မြေပိုင်ရှင်သူဌေးလေး ဖြစ်သွားခဲ့တယ်...ဒီအထိက ရိုးရှင်းတယ် ထင်နေသေးရင်တော့ မိတ်ဆွေ ...
movie
Walk The Line ( 2024 )
5.9
Third Suspect ( 2024 )
CM ချစ်ပရိသတ်တို့အတွက် တရုတ် မှုခင်းကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဇာတ်လမ်းလေးကတော့ ရုတ်တရက်ကြီး ဘယ်သူမှန်းမသိတဲ့ အလောင်းပေါ်လာခဲ့တယ်... ဒါပေမယ့်လည်း အလောင်းတွေ့တဲ့နေရာက အခင်းနေရာမဟုတ်ဘဲ အလောင်းပစ်တဲ့နေရာဖြစ်နေခဲ့တယ်...ဒီလိုနဲ့ ရဲတွေ အမှုစစ်ဆေးတဲ့အခါမှာ သဲလွန်စ ပျောက်နေတာပေါ့... ဒီအန်အေစစ်ဆေးချက်တွေကြောင့်သာ သေဆုံးသူကို သိနိုင်ခဲ့ပေမယ့်လည်း... ဘယ်သူသတ်တယ်ဆိုတဲ့ ကွင်းဆက်က ပျောက်နေပြန်တယ်...ဒီလိုနဲ့ သေဆုံးသာက ပြည်သူ့ချဉ်ဖတ် ဖြစ်နေပြန်တာမို့ သူ့ကို သတ်ချင်သူကများတာနဲ့ သံသယရှိသူလည်း များလာတာကြောင့် ရဲတပ်ဖွဲ့လည်း အတော်လေး ခေါင်းကိုက်ခဲ့ရပါတယ်...သံသယရှိသူတွေကတော့ ကွက်ကျော်အရိုက်ခံခဲ့ရတဲ့ ပြိုင်ဖက်ကုမ္ပဏီပိုင်ရှင်ရယ် အိမ်ထောင်ရေးဖောက်ပြန်ခံရတဲ့ သူ့ဇနီးသည် တစ်ရွာလုံးကို ဂျင်းထည့်ခဲ့တာကြောင့် တွေ့ရာသင်္ချိုင်းဓားမဆိုင်း ဖြစ်နေတဲ့ ရွာကလူမိုက်ကြီးရယ် ဘာကြောင့်မှန်းမသိ သူ့ပိုင်ဆိုင်မှုကို ထိန်းသိမ်းထားတဲ့ သူ့ဇနီးရဲ့ ညီမရယ်ကဲ ဒီလေးယောက်မှာ ဘယ်သူက တရားခံအစစ်လဲဆိုတာကတေ ာ့ CM ရဲ့ မှုခင်းကားတွေကို မပြတ်ကြည့်နေတဲ့ စုံထောက်လေးတွေကိုပဲ အဖြေဖော်ထုတ်လိုက်ကြပါတော့ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Mystery Runtime : 1h 30 min Subtitle ...
movie
Third Suspect ( 2024 )
5.9
Art of War ( 2024 )
ဉာဏ်များပြီး ရက်စက်တဲ့မူးယစ်ရာဇာကြီးနဲ့ အထူးသူလျှိုအဖွဲ့လေးတို့ကြားက ဗျူဟာချင်းပြိုင်ကြတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ အစိုးရအကြီးပိုင်းတွေကိုထိန်းချုပ်ထားပြီး ထင်ရာစိုင်းနေတဲ့မူးယစ်ရာဇာကြီးကို မြေအောက်သမ္မလို့တောင်ခေါ်ကြပါတယ်။ သူ့ရဲ့အာဏာကြီးတာကြောင့် သူကျူးလွန်ခဲ့တဲ့ရာချီတဲ့ပြစ်မှုတွေရှိပေမယ့် ရဲဘက်ကဘာမှမလုပ်နိုင်ခဲ့ပါဘူး။တစ်နေ့မှာတော့ မူးယစ်ဆေးဖော်စပ်သူတစ်ယောက်ဟာ တရားရုံးမှာ သက်သေအဖြစ်ထွက်ဆိုဖို့သဘောတူလာတဲ့အတွက် မူးယစ်ရာဇာကိုဖြုတ်ချဖို့အခွင့်အရေးရလာပါတယ်။ ဒါပေမယ့်လဲ သက်သေကို တရားရုံးပေါ်မရောက်နိုင်အောင် အမျိုးမျိုးလုပ်ကြံခဲ့တဲ့အတွက် သက်သေရော စခန်းမှူးတစ်ယောက်ပါသေဆုံးသွားခဲ့တယ်။သူတို့ကိုစောင့်ရှောက်ပြီးပို့ရတဲ့အဖွဲ့ဟာ ဒီအမှုရဲ့တရားခံအဖြစ်တရားစွဲခံရပြီး ထောင်ကျသွားခဲ့ပါတယ်။ ဒီအဖွဲ့လေးကိုသေဒဏ်ချမှတ်ခံရတဲ့အခါ ဒီလိုပဲ လည်စင်းပြီးခံကြရတော့မှာလား...... မခံချင်စိတ်တွေနဲ့ ထောင်ကထွက်ပြေးလာပြီး ဒီအမှုနောက်ဆက်လိုက်တော့ မထင်ထားတဲ့ အဖြေတွေကိုရှာတွေ့သွားကြတဲ့အခါ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action Runtime : 1h 35 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Art of War ( 2024 )
6.3
Moscow Mission ( 2023 )
1993ခုနှစ်မှာဖြစ်ခဲ့တဲ့ ပေကျင်းမှမော့စကိုပြေးဆွဲနေတဲ့ နိုင်ငံတကာအမြန်ရထားကိုဓားပြတိုက်မှု ဖြစ်ရပ်မှန်ကို မှီငြမ်းပြီးရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။အရှေ့တိုင်းနဲ့အနောက်တိုင်းစစ်အေးခေတ်ကာလမှာ ရုရှားနိုင်ငံရဲ့စီးပွားရေးဟာ အရမ်းကိုကြပ်တည်းခဲ့ပါတယ်။ တရုတ်ပေါက်ဖော်ကုန်သည်တွေက စီးပွားရေးလုပ်ဖို့ငွေသားတွေအများကြီးကိုသယ်ပြီး မော့စကိုကိုရထားနဲ့သွာားတတ်ကြတယ်။ စီးကရက်၊ ရေမွှေး၊ အစားအသောက်စတဲ့ ကုန်ပစ္စည်းတွေကို သယ်ပြီးတော့လည်း သွားပြီးရောင်းချကြပါတယ်။ လုယက်သမားတွေရဲ့အမြင်မှာတော့ ဒီရထားကြီးက တကယ်ကိုပွပေါက် ငွေရထားကြီးဖြစ်နေတာပေါ့...... အဲဒီလိုနဲ့ရထားတစ်တွဲလုံးကိုဓားပြတိုက်မှုဖြစ်သွားခဲ့ပါတယ်။တရုတ်နိုင်ငံရဲတပ်ဖွဲ့ကနေပြီး တရားခံကိုမော့စကိုကနေဖမ်းပြီးခေါ်လာဖို့ အထူးစုံစမ်းရေးတစ်ဖွဲ့ကိုဖွဲ့စည်းပြီးလွှတ်လိုက်ပါတယ်။ တရုတ်ရဲတပ်ဖွဲ့နဲ့ ရုရှားရဲတပ်ဖွဲ့တို့ မသမာလောဘသားတွေကို ကြိုးစားပြီးဖမ်းဆီးတဲ့အကြောင်းရိုက်ကူးထားတာပဲဖြစ်ပါတယ်ဟောင်ကောင်မင်းသားကြီး Andy Lau ကဝရမ်းပြေး မှောင်ခိုသမား မော့စကိုမှာဘာမဆိုရအောင်လုပ်ပေးနိုင်တယ်ဆိုပြီး မော့စကို တရုတ်အသိုင်းအဝိုင်းကြားကနာမည်ကျော်တစ်ယောက်အနေနဲ့သရုပ်ဆောင်ထားပါတယ်။ Andy Lau အပြင် တခြားဝါရင့်သရုပ်ဆောင်တွေပါဝင်အားဖြည့်ထားပြီးတော့ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့ အရည်အသွေးမီအောင် ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားဖြစ်တာမလို့ အက်ရှင်ကားပရိသတ်တွေ ကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 2h 8 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Moscow Mission ( 2023 )
6.1
Black Hunting Operation ( 2022 )
တရုတ်နိုင်ငံအတွင်းမှာ အမြတ်ကြီးစား လက်ဝါးကြီးအုပ်ချင်ကြတဲ့ ဒုစရိုက်ဂိုဏ်းသားတွေဟာ အပြစ်မဲ့ပြည်သူတွေကို ချုပ်ကိုင်ပြီး ငွေတိုးချေးခြင်း လောင်းကစားရုံတွေဖွင့်ခြင်း အစရှိတဲ့ ဥပဒေချိုးဖောက်တဲ့ အလုပ်တွေကို လုပ်ကိုင်လျှက်ရှိကြပါတယ် ။ငွေတိုးအဆမတန်ချေပြီး ပြန်မပေးနိုင်ပါက ပြည်သူတွေကို ဓားစာခံအဖြစ် ခေါ်ယူနှိပ်စက်မှုတွေ ကြုံလာတဲ့အခါမှာတော့ ပြည်သူ့ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး နှိမ်နင်းဖို့အထိ ဖြစ်လာခဲ့ပါတယ် ။ အဲ့အထဲမှာလဲ ရဲတပ်ဖွဲ့ခေါင်းဆောင် ချင်ဖုန်းကလဲ အပါအဝင်ပါ ။ပြည်သူတွေအတွက် လက်စားချေပေးဖို့အရေး နောက်ကွယ်က ကြိုးကိုင်သူကို ဖမ်းဆီးဖို့အတွက် ရဲတပ်ဖွဲ့ခေါင်းဆောင်ချင်ဖုန်းကိုယ်တိုင် ဒုစရိုက်ဂိုဏ်းအတွင်း ဝင်ရောက်ကာ ချဥ်းကပ်ခဲ့ပါတော့တယ် ။❏ ဒီတော့ ခေါင်းဆောင်ချင်ဖုန်း နဲ့ သူ့ရဲ့ ရဲဘော်တွေ ဒီဒုစရိုက်လုပ်ငန်းလုပ်ကိုင်သူတွေရဲ့ နောက်ကွယ်က ကြိုးကိုင်သူကို ရှာတွေ့နိုင်ပါ့မလား ?❏ သက်သေအထောက်အထား စုံစုံလင်လင်နဲ့ ကြိုးကိုင်သူ ခေါင်းဆောင်ကို ဖမ်းဆီးကာ ပြည်သူတွေအတွက် တရားမျှတမှုကို ရှာပေးနိုင်ပါ့မလား ? ဆိုတာ ဒီဇာတ်ကားလေးကို စိတ်ဝင်တစား ကြည့်ရှုရအောင်ပါနော် ။ (Reviewed By Chit Mya Mya Hmwe) Quality : WEB-DL 1080p , 480p Format : ...
movie
Black Hunting Operation ( 2022 )
6
The Seven’s Dog PDU ( 2023 )
CM ပရိသတ်တွေအတွက် The Seven Dogs ဆိုတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ရဲတပ်ဖွဲ့ဝင် အသစ်ဖြစ်တဲ့ ချန်ရှောင်ထျန်းဟာ မှုခင်းရဲတစ်ယောက် ဖြစ်ချင်ခဲ့ပေမဲ့ ရဲခွေးတပ်ဖွဲ့ကို အပို့ခံလိုက်ရပါတယ်။ သူတာဝန်ယူရတဲ့ ခွေးလေး ဖက်ထုပ်လေးက သူ့စကားကို နားမထောင်ပဲ လေ့ကျင့်ရခက်ခဲခဲ့ပါတယ်။နောက်ပိုင်းမှာတော့ အဖြစ်အပျက် အမျိုးမျိုး ဖြတ်သန်းပြီးနောက် အချင်းချင်း ပူးပေါင်းကူညီပြီး သူတို့ဟာ အကောင်းဆုံးရဲဘော်ရဲဘက်တွေ ဖြစ်သွားကြပါတော့တယ်။ ဖက်ထုပ်လေးကို ချန်ရှောင်ထျန်းက ဘယ်လို လေ့ကျင့်ပေးမလဲ...... သူတို့နှစ်ယောက် သံယောဇဉ်က ဘယ်လို ဆက်သွယ်သွားမလဲကို...... ရုပ်ရှင်လေးနဲ့အတူ ခံစားကြည့်ရှုကြရအောင်နော်။ [ Reviewed By Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Action Runtime : 1h 28 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie
The Seven’s Dog PDU ( 2023 )
6.0
Wolf Warrior 2 (2017)
စစ်ပွဲနောက်ခံ အက်ရှင်ဇာတ်ကားသစ် Wolf Warriors II သည် တရုတ်နိုင်ငံအတွင်း၌ ရုံဝင်ငွေအများဆုံး ရရှိသော ဇာတ်ကားတစ်ကားဖြစ်လာပြီး ရုံတင်ပြသခဲ့သည့် ၁၂ရက်အတွင်း ယွမ်ငွေ ၃.၄၄ ဘီလျံ (ဒေါ်လာ ၅၀၆ သန်း) ခန့် ရရှိခဲ့သောကြောင့် အအောင်မြင်ဆုံး ရုပ်ရှင်တစ်ကားဖြစ်လာသည်။အဆိုပါဇာတ်ကားကို မင်းသားဝူကျင်းက ဒါရိုက်တာအနေနှင့်ရော ခေါင်းဆောင်မင်းသားအနေဖြင့်ပါ ဦးဆောင် ရိုက်ကူးထားပြီး သူနှင့်အတူ အခြားသရုပ်ဆောင် ကြယ်ပွင့်များဖြစ်ကြသော ဖရန့်ခ်ဂရီလို၊ ဆယ်လီနာဂျိတ်၊ ဝူဂန်းနှင့် ကျန်ဟန်တို့က ပါဝင်သရုပ်ဆောင်ထားကြသည်။ထိုရုပ်ရှင်သည် အာဖရိကန်စစ်ပွဲဇုံအတွင်းသို့ အမှတ်မထင်ရောက်ရှိသွားသော တရုတ်စစ်သားများ အနေဖြင့် လူ့အသက်ပေါင်းများစွာကို ကယ်တင်ရပုံအား ဇာတ်အိမ်တည်ထားခြင်း ဖြစ်သည်။Wolf Warriors II ကို လွန်ခဲ့သောဇွန်လ ၂၇ ရက်နေ့က စတင်ပြသခဲ့ပြီး တရုတ်နိုင်ငံရုံဝင်ငွေဇယားတွင် ထိုနေ့ကတည်းက ထိပ်ဆုံးမှဦးဆောင်နိုင်ခဲ့သည်။ ဒါ့အပြင် ယနေ့အချိန်ထိ ရရှိခဲ့သော ရုံဝင်ငွေမှတ်တမ်းများ အရ ထိုဇာတ်ကားသည် ပြီးခဲ့သောနှစ်က ...
movie
Wolf Warrior 2 (2017)
2017
5.4
Wolf Warrior (2015)
ဒီနေ့ အတွက်တော့ အတိုက် အခိုက်၊ အပစ်အခတ်နဲ့ ခပ်သွက် သွက် အက်ရှင်ကားကြည့် ပရိ သတ်အတွက် တရုတ်အက်ရှင် ကားလေးဖြစ်ပါတယ်။အထူး ရဲတပ်ဖွဲ့က တပ်ကြပ် ကြီး လန်ဖန် ဟာ လက်ဖြောင့်သေနတ် သမား တစ်ဦးဖြစ်ပြီး တစ်ရက် မှာ သူတို့ တပ်ဖွဲ့တရားမဝင် ဘိန်း ထုတ်တဲ့ စက်ရုံကို ဝင်ရောက်နှိမ်နင်းရင်း ဘိန်းရာဇာ တစ်ယောက် နဲ့ ထိပ်တိုက် ဆုံခဲ့ပါတယ်။ဘိန်းရာဇာက ဓားစာခံ တစ်ယောက်ကို အကာအကွယ် ယူရင်း အထူးတပ် ဖွဲ့ဝင်တစ်ယောက်ကို သေနတ် နဲ့ ပစ်ခဲ့တာကြောင့် လန်ဖန် က အထက် အမိန့် ကို မစောင့်ဘဲ ကိုယ့် သဘော နဲ့ ကိုယ် ဘိန်းရာဇာကို သေနတ်မှန်အောင်လုပ်ခဲ့ပါတယ်။အမိန့် မနာခံမှု နဲ့ လန်ဖန် တစ်ယောက် အထူးရဲ တပ်ဖွဲ့က ...
movie
Wolf Warrior (2015)
2015