Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sharad Ponkshe
7
Juna Furniture (2024)
Juna Furniture (2024) အမေ့လျော့ခံ အာဃာတ Genre – Drama IMDB – 7.8/10ဇာတ်လမ်း၊ ဇာတ်ညွန်း၊ ဒါရိုက်တာနဲ့ ဇာတ်ဆောင်နေရာအားလုံးကို မင်းသားကြီး Mahesh Manjrekar တစ်ယောက်တည်းတာဝန်ယူ ရိုက်ကူးဖော်ဆောင်ထားတဲ့ အသစ်ထွက် အိန္ဒိယဒရမ်မာကားကောင်းလေးဖြစ်ပါတယ်။ ဂိုဗင်ပတ်သာခ်ဆိုတဲ့ အသက် ၇၀ အရွယ် ဘဲကြီးဟာ ဇနီးဖြစ်သူနဲ့ လင်မယားနှစ်ယောက်တည်း အေးအေးဆေးဆေး ဖြတ်သန်းနေလျက်ရှိပါတယ်။ရပ်ကွက်ထဲမှာလည်း မတရားတာမြင်ရင် မနေနိုင်ပဲ ဝင်ဝင်ပါမိလို့ ရပ်ကွက်ဇိုးလေးတွေနဲ့လည်း မကြာခဏ နောင်ဂျိန်ပလေးရသူပါ။ မဟုတ်မခံလူမှန်ကြီးတစ်ယောက် ဆိုပါစို့။ သားဖြစ်သူကတော့ နေရာကောင်းရထားတဲ့ အစိုးရအရာရှိဖြစ်ပြီး ချမ်းသာတဲ့ လုပ်ငန်းရှင်ရဲ့သမီးနဲ့ လက်ထပ်ထားပြီး ယောက္ခမဖြစ်သူနဲ့ အဆင်ပြေပြေရှိပြီး သူတိုနဲ့သာ အတူတူနေထိုင်တာပါ။ မိဘရင်းတွေဆီလည်း သိပ်မတွေ့ဖြစ်ပဲ ငွေရေးကြေးရေးလောက်သာ ထောက်ပံ့ထားသူပေါ့။တစ်ရက်ကျ ဖခင်ဖြစ်သူဆီကို လစဉ်ငွေပို့ဖို့ မေ့ပြီး နောက်ကျတာတွေရယ် ရေပေါ်ဆီဘဝမှာ သာယာယစ်မူးနေပြီး မပေါ့ဆအပ်တာတွေ ဖြစ်သွားတဲ့အခါ ဖြစ်ရပ်ဆိုးတစ်ခု ဖြစ်လာပြီး သားအဖရင်းနှစ်ယောက်ကြား အာဃာတမီးတောက်တစ်ခု ပေါ်ထွန်းလာတဲ့အခါမှာတော့…..။ရုပ်ဝါဒီတွေ ...
movie
Juna Furniture (2024)
2024
8.2
Baipan Bhari Deva (2023)
Baipan Bhaari Deva (2023) "မိန်းမသားတို့ ဘဝ"IMDb 8.2 ရထားပြီး ဘတ်ဂျက် ၅ ကုဋေသာ အကုန်ကျခံရိုက်ကူးထားပေမဲ့ ရုံတင်ငွေ ၉၂ ကုဋေအထိ (အမြတ် ၁၈ ဆ) ပြန်လည်ရရှိခဲ့ပြီး ထင်မထားပဲ ပေါက်ခဲ့တဲ့ ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်ဗြိတိန် ရုပ်ရှင်ဆုပေးပွဲ BAFTA မှာ ၁၉၈၂ က ဂန္ဒီရုပ်ရှင်နဲ့ အကောင်းဆုံးဇာတ်ပို့မင်းသမီးဆု ရရှိခဲ့ဖူးတဲ့ တစ်ဦးတည်းသော အိန္ဒိယမင်းသမီး Rohini Hattangadi ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းလေးကတော့ ညီအစ်မခြောက်ယောက်ရဲ့ အခက်အခဲကိုယ်စီနဲ့ သူတို့ရဲ့ ဘဝနေထိုင်မှုတို့ကို ဟာသလေးနှောပြီး တင်ဆက်ထားတာပါ စိတ်ဓာတ်ကျနေတဲ့ ဂျာရာ၊ ယောကျာ်းက အမြဲတမ်းတစ်ခုပြီးတစ်ခု ခိုင်းတာခံရတဲ့ ချာရူ၊ သမီးဖြစ်သူက ယောက္ခမကို အမေထက် ပိုဂရုစိုက်အလေးပေးနေလို့ စိတ်အားငယ်နေတဲ့ မိခင်တစ်ယောက်ဖြစ်သူ ရှာရှီ၊ အိမ်ထောင်ရေးပြဿနာကို ရင်ဆိုင်နေရတဲ့ ပါလာဗီနဲ့ ချွေးမကိုအလေးမထားတဲ့ ယောက္ခထီးကို ပိုင်ဆိုင်ထားသူ ဆာဒါနား တို့ရဲ့ ဘဝအခက်အခဲတွေ မိန်းမသားတို့ဘဝရဲ့ ကြမ်းတမ်းမှုတွေကို ...
movie
Baipan Bhari Deva (2023)
2023
7.8
Har Har Mahadev (2022)
Har Har Mahadev (2022) Action, Drama, War IMDb 7.8/10 (1.6K)ဒီဇာတ်ကားလေးက အေဒီ ၁၆ရာစု မာရသာအင်ပါယာကြီးကို စတင်တည်ထောင်နေစဉ်ကာလအတွင်း ဘုရင်ချက်သရပတီရှီဗာဂျီနဲ့ သူ့အပေါင်းအပါတွေက နယ်ချဲ့လက်ပါးစေတွေကို တော်လှန်ခဲ့တဲ့ ဖြစ်စဉ်ကို ရုပ်ရှင်ရုံကားအဖြစ် ရိုက်ကူးတင်ဆက်ထားခြင်းပဲ ဖြစ်ပါတယ်။အတိအကျပြောရရင် ဒီဇာတ်ကားက ၁၆ရာစုနှောင်းပိုင်းမှာဖြစ်ပွားခဲ့တဲ့ ပဝန်းခင့်တိုက်ပွဲအကြောင်းကို အဓိကဇာတ်အိမ်တည်ထားပါတယ်...အဆိုပါတိုက်ပွဲမှာ ဘာဂျီပါရာဘူဒေ့ရှ်ပန်ဒေဦးဆောင်တဲ့ စစ်သည် ၃၀၀ ပါဝင်တဲ့တပ်စုဟာ စစ်သည်ရဲမက် ၁၂၀၀၀ ပါဝင်တဲ့ ဘီဂျာပူရီတပ်တွေကို တိုက်ထုတ်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။မာရသာအင်ပါယာကြီးဟာ ပြိုကွဲနေခဲ့ပြီး အင်အားကြီးရှင်ဘုရင်ဆူတန်ဟာလည်း ဒီလိုပြိုကွဲနေအောင် အချင်းချင်းသွေးထိုးရန်တိုက်ပေးခဲ့ပြီး နယ်မြေအတွင်း သွေးချောင်းစီးစေခဲ့တယ်...။ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ မာရသာလူမျိုးတွေဟာ ဆိတ်တွေ ကျွဲတွေအတွက်နဲ့ အချင်းချင်း ရန်ဖြစ်သတ်ဖြတ်နေကြတဲ့အချိန်ပေါ့...။ဒီအဖြစ်ကို ရင်လေးမိနေတဲ့ ရှီဗာဂျီက နယ်မြေအားလုံးကို စုစည်းပြီး ဘုံရန်သူကို တိုက်ထုတ်ပစ်ဖို့ စွန့်စားပါတော့တယ်...။အဲ့ဒီလို တစ်နယ်ပြီးတစ်နယ်သိမ်းပိုက်လာရင်း မာဗယ်နယ်မြေ ၁၂ခုလုံးက တုန်လှုပ်ရတဲ့ ဘာဂျီပါရာဘူဒေ့ရှ်ပန်ဒေနဲ့ ထိပ်တိုက်တိုးမိလာတဲ့အခါ...။ဒီဇာတ်ကားလေးမှာ တိုက်ရေးခိုက်ရေးတွေကို ကောင်းကောင်းမြင်တွေ့ရမှာဖြစ်သလို နိုင်ငံရေးဉာဏ်အားပြိုင်မှုတွေကိုလည်း မြင်တွေ့ရမှာဖြစ်လို့ ကြည့်လိုက်ပါဦးနော်...။ File size…2.3GB / 1.2GB Quality…1080p Zee5 WEB DL ...
movie
Har Har Mahadev (2022)
2022