Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sharad Kelkar
7.8
Srikanth (2024)
Srikanth (2024) ဆရီကန့်သ်ဒီတစ်ခါ CM ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ IMDb rating မှာ 7.8 အထိ ရရှိထားတဲ့ 2024 ခုနှစ်ထွက် အိန္ဒိယဟိန္ဒူစကားပြော ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ ဘိုလန့်စက်မှုလုပ်ငန်းတည်ထောင်သူ အမြင်အာရုံချို့တဲ့တဲ့ စက်မှုလုပ်ငန်းရှင် ဆရီကန့်သ်ဘိုလာရဲ့ ဘဝဇာတ်ကြောင်းလေးကို ရိုက်ကူးဖော်ပြထားတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ Rajkummar Rao က အဓိကပါဝင်သရုပ်ဆောင်ထားပြီး တွဲဖက်သရုပ်ဆောင်တွေအနေနဲ့ကတော့ Jyothika, Alaya F နဲ့ Sharad Kelkar စတဲ့ သရုပ်ဆောင်တွေ ပါဝင်ပါတယ်။ဇာတ်လမ်းအစမှာတော့ ဆရီကန့်သ်လေးဟာ မွေးလာကတည်းက လုံးဝမျက်စိမမြင်ဘဲ မွေးလာတာပါ ဒါကို ပတ်ဝန်းကျင်ကလူတွေသိတော့ သူ့မိဘနှစ်ပါးကို ဝိုင်းစွန့်ပစ်ဖို့ ပြောကြရော အဲဒီမှာ အဖေဖြစ်သူကလည်း မြေမြှုပ်သတ်ပစ်ဖို့ လုပ်တဲ့အခါ အမေဖြစ်သူက ငိုယိုပြီး မလုပ်ဖို့ တောင်းပန်တော့ သေမင်းခံတွင်းဝကနေ သီသီလေး လွတ်လာရတာပေါ့။ကြီးလာတော့ ပညာသင်ရတဲ့အချိန် ဆရီကန့်သ်လေးက တခြားကလေးတွေထက် ပိုပြီး ထူးခြားနေခဲ့ပါတယ်။ နောက်တော့ မျက်မမြင်ကျောင်းပြောင်းတက်ရင်း ကျောင်းစာမှာ ပိုမိုထူးချွန်လာသလို ကျောင်းရဲ့ ကျောင်းသားခေါင်းဆောင်လည်း ဖြစ်လာပါတယ်။ ...
movie
Srikanth (2024)
2024
6.3
Ayalaan (2024)
Ayalaan 2024 ချစ်သောဤကမ္ဘာ IMDb - 6.4ဒီနေ့မှာတော့ တောင်းဆိုသူတွေလည်းများပြားနေတဲ့ တမီလ်စကားပြော Sci-fi ရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးမှာပါ။ ကိုဗစ်ကြောင့် အချိန်အတော်ကြာနှောင့်နှေးခဲ့ရပေမဲ့ ထွက်ရှိလာချိန်မှာ Box Office 96 ကုဋေအထိရထားတဲ့၂၀၂၄ခုနှစ်ရဲ့ ဒုတိယဝင်ငွေအမြင့်ဆုံးတမီလ်ကားလေးဆိုတော့ ဘယ်လိုလာမလဲဆိုတာ ရှုစားကြပါဦး။တာမစ်ရှ်ဟာ ကမ္ဘာကြီးကို အလွန်ချစ်တဲ့သူတစ်ယောက်၊ လောကအလှတွေကို တန်ဖိုးထားတတ်တဲ့ nature loverတစ်ယောက်ပါ။ ပတ်ဝန်းကျင်ကို အလေးထားလွန်းသူပီပီ သူ့မှာ ဆပ်ပြာလည်းမသုံးရက်၊ အပင်တွေကိုလည်းဆေးမဖြန်းရက်၊ သူ့ရဲ့နေကြာခင်းကို ကျိုင်းကောင်အုပ်လိုက် ဝင်သမတာတောင်မှ ပိုးသတ်ဆေးနဲ့ဓာတ်မြေဩဇာတွေသုံးရင် ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုပြီး ပြုံးပြုံးကြီး တရားဟောနေသူပေါ့။ သဘာဝအကြောင်း စကားစလေးများရလိုက်ရင် တမေ့တမော ပတ်ဝန်းကျင်ထိန်းသိမ်းရေးတရားတော် ဓာတ်ပြားဟောင်းဖွင့်တတ်သူမလို့ တာမစ်ရှ်စကားစပြီဟေ့ဆို တစ်ရွာလုံးပြေးကြတဲ့အထိပါပဲ။ဒီတော့ UNတွေဘာတွေသွားရင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတရားကို ကမ္ဘာလှည့်ဟောမယ့်သူဖြစ်မှာပေမဲ့ ပွမ်ဘာရိုင်ရွာမှာတော့ အမေကိုယ်တိုင်က နားကြားပြင်းကပ်နေတဲ့ လူထူးဆန်း လူ့ဂွစာဖြစ်နေတာပေါ့။ဒီလိုနဲ့ နေကြာခင်းကြီးလည်း ကျိုင်းကောင်စာမိပြီး စိုက်သမျှမဖြစ်ထွန်းလို့ အကြွေးတွေလည်း လည်ပင်းနစ်လာချိန်မှာတော့ အမေနဲ့ရွာသားတွေရဲ့ ဆွမ်းကြီးလောင်းမှုနဲ့ အလုပ်ရှာဖို့ မန်ဒရာမြို့ပေါ်တက်ရင်း တက်တူးဆိုတဲ့ဂြိုဟ်သားလေးနဲ့ ခင်မိရာကနေ ကမ္ဘာကြီးကို ကယ်တင်ရမယ့်မစ်ရှင်ပါ အတူကပ်ပါလာတဲ့အခါ...သိပ်ချစ်တဲ့ကမ္ဘာကြီးကို ကိုယ့်လက်နဲ့ကယ်တင်ရဖို့ ဖြစ်လာချိန်မှာတော့ တာမစ်ရှ်တစ်ယောက် တက်တူးနဲ့တူတူ ဘယ်လိုစွန့်စားခန်းတွေဝင်ရင်း အလွဲလေးတွေကြုံရမလဲဆိုတာ ...
movie
Ayalaan (2024)
2024
Chatrapathi (2023)
Chatrapathi (2023) "ချာထရာပတ်သီ"ချန်မရန်ရဲ့ Naayak (2013)ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ V. V. Vinayakရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားကို Prime Videoကထုတ်လွှင့်ခဲ့ပြီဖြစ်လို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ချာထရာပတ်သီဆိုတာ မြန်မာလိုဆို ဧကရာဇ်မင်းပေါ့။ ရှီဗာကို လူထုက ချာထရာပတ်သီဆိုပြီး ကင်ပွန်းတပ်ကြတယ်။ နိုင်ငံရေးထဲမှာပါဝင်ပြီး လူထုကိုဒုက္ခပေးနေတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်တွေကို ပြန်လည်တိုက်ခိုက်ပေးတဲ့အတွက်ပေါ့။ရှီဗာက ပါကစ္စတန်ဘက်ကနေ ထွက်ပြေးလာခဲ့တဲ့ ဒုက္ခသည်တစ်ဦး။ ထွက်ပြေးရင်း ပျောက်ဆုံးနေခဲ့တဲ့ အမေဖြစ်သူနဲ့ ညီလေးကို လိုက်ပြီးရှာနေခဲ့သူ။ ဆပ်ပ်နာဆိုတဲ့ အရာရှိအမျိုးသမီးလေးနဲ့ တွေ့ဆုံခဲ့ပြီး ဆပ်ပ်နာက ရှီဗာရဲ့အမေနဲ့ညီလေးကို ကူရှာပေးရင်း နှစ်ဦးသားချစ်ခင်စုံမက်ခဲ့တယ်။ဒီလို လူပျောက်ရှာနေတဲ့ကြားထဲကမှ မွေးစားအဖေဖြစ်သူရဲ့ သားအရင်းအာရှို့ခ်ရဲ့ အငြိုးထားရန်လိုခြင်းကိုလည်း ခံနေရပြန်တယ်။ အာရှို့ခ်က ရှီဗာရဲ့ရန်သူတွေနဲ့ ပူးပေါင်းပြီး ရှီဗာကို ဒုက္ခပေးဖို့ကြံလာတဲ့အခါ...။ ရှီဗာတစ်ယောက် ပျောက်ဆုံးနေတဲ့ အမေနဲ့ညီလေးကို ရှာတွေ့ပြီး ချစ်ရသူနဲ့အတူတူ ပျော်ရွှင်စွာနေနိုင်သွားမလားဆိုတာ...။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…3.4GB /1.5GB Quality…1080p WEB ...
movie
Chatrapathi (2023)
2023
Adipurush (2023)
Adipurush (2023) ============ ဝေဖန်သံတွေညံခဲ့ပြီး 2023ရဲ့ ဒုတိယ၀င်ငွေအများဆုံးရုပ်ရှင်အဖြစ် ရပ်တည်နေတဲ့ ရာမာယဏရုပ်ရှင်ဇာတ်ကားကြည်တောက်ရှင်းထွက်လာပါပြီ။အရင်ဦးဆုံးတောင်းပန်လိုတာက နာမည်နဲ့အသုံးအနှုန်းတွေပါပဲ။ကျွန်တော်တို့မြန်မာတွေနားနဲ့မစိမ်းတဲ့ ရာမ၊လက္ခဏ၊သီတာ၊ရာ၀ဏ ဒီလိုနာမည်တွေပဲခေါ်ဝေါ်သုံးစွဲထားလို့ပါ။ ကျွန်တော်တို့ဘာသာပြန်အဖွဲ့သုံးနှုန်းခဲ့တဲ့ နာမည်တွေ နာမ်စားတွေကြောင့် ဘာသာဝင်တဦးတယောက်ချင်းစီကို စော်ကားမိသလိုဖြစ်သွားရင် ကျွန်တော်တို့အဖွဲ့ကနေ အနူးအညွတ်တောင်းပန်ပါကြောင်း ဦးစွာပြောကြားပါရစေ။ဒဿဂီရိဟာ အချစ်ရှုံးတာမဟုတ်ပါဘူး။အငြိုး အာဃာတတွေနဲ့ အချစ်ရူးခဲ့လို့ ကိုယ့်ပြည်ကိုယ်ပြန်ဖျက်မိတဲ့မင်းတစ်ပါးဖြစ်ခဲ့တာပါ။ အရင်အတိတ်ကံကြောင့် ကျိန်စာမိထားပြီး အမျိုးသမီးတစ်ဦးကို အလိုမတူပဲထိကပါးရိကပါးမလုပ်ရဲတာကြောင့် သီတာအပေါ်မှာ ဘာမှကိုယ်ထိလက်ရောက်မကျူးလွန်ရဲခဲ့တဲ့သူတစ်ဦးသပ်သပ်ပါပဲ။ဇာတ်လမ်းကတော့ အားလုံးသိပြီးသား ရာမမင်းက သီတာဒေဝီကို လင်္ကာပြည်ကနေ ကယ်တင်တဲ့အကြောင်းဖြစ်ပေမဲ့ ဇာတ်လမ်းကို ချဉ်းကပ်တဲ့ပုံစံက အရင်ကရှိခဲ့ဖူးပြီးသား adaptation တွေနဲ့ ပုံစံကွဲထွက်နေပါတယ်။ဒီရုပ်ရှင်ရဲ့ဇာတ်လိုက်သရုပ်ဆောင် ပရာဘာ့စ်ဟာ ရာမဇာတ်ကောင်နဲ့ မလိုက်ဖက်ဘူးလို့ ဝေဖန်ခံခဲ့ရပေမယ့် သီတာဒေဝီနေရာမှာသရုပ်ဆောင်တဲ့ ကရီသီးဆန်နွန်ကတော့ မင်းသမီးနေရာကနေ ကောင်းခြင်းငါးဖြာနဲ့ ပြည့်စုံစွာ ကျက်သရေရှိလှပနေပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် ထင်သလောက်မအောင်မြင်ခဲ့ပေမဲ့ နှစ်ပေါင်းထောင်ချီသက်တမ်းရှိတဲ့ ဂန္တဝင်လင်္ကာရှည်ကြီးကို တမူဆန်းသစ်ရိုက်ကူးထားတာမလို့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် ဝေဖန်ဖို့ပဲဖြစ်ဖြစ် တစ်ခေါက်လောက်တော့ ကြည့်ဖူးသင့်တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။ (အညွှန်းနှင့်ဘာသာပြန်ကတော့ CM Bollowood Team မှဖြစ်ပါတယ်) File size…2.73GB / 1.33GB Quality…1080p NF WEB DL / 720p ...
movie
Adipurush (2023)
2023
7.3
Bhediya (2022)
Bhediya (2023) *************** IMDb 7.5/10 ဒီဇာတ်ကားလေးကတော့ ပရိတ်သတ်အချစ်တော်မင်းသား ဝါရွန်းဒဝမ်န်နဲ့ ပရိတ်သတ်အသဲစွဲကရီသီးဆနွန်းတို့ရဲ့ Horror/ Thriller အမျိုးအစား ဇာတ်ကားလေးတစ်ကားဖြစ်ပြီး IMDb rating 7.5အထိ ရရှိထားပါတယ်။ဒါ့အပြင်ရားဂ်ျကူမားရ်ရောဝ်ကလည်း ဗစ်ကီအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ရှရက်ဒါးကပူးရ်ကလည်း စတရီးဇာတ်ကောင်အနေနဲ့ Cameoအဖြစ် ပါဝင်ထားပါသေးတယ် ရုံတင်ငွေဆိုရင်လည်း ၈၉ကုဋေထိပြန်ရခဲ့တဲ့ ရှယ်မိုက်ရှယ်ကြမ်းတဲ့ ရုံတင်ကားတစ်ကားပဲဖြစ်ပါတယ်ဘေဒီယာဆိုတာ ဝံပုလွေဆိုတဲ့အဓိပ္ပာယ်ပါ ဒီဝံပုလွေက အရုနာကျလ်ပြည်နယ်က တောအုပ်တစ်ခုကို ကာကွယ်သူအနေနဲ့ စောင့်ရှောက်တယ်လို့ အဆိုရှိကြတယ် တောအုပ်ကိုထိခိုက်အောင်လုပ်တဲ့ လူတွေမှန်သမျှ သူကကိုက်သတ်ပစ်တယ်ပေါ့...ဘာစကရ်ကတော့ အဲဒီအရုနာကျလ်ရဲ့ တောထဲမှာလမ်းဖောက်ဖို့ အလုပ်လက်ခံခဲ့ပြီး သူနဲ့အတူ သူ့ဝမ်းကွဲညီအစ်ကိုနဲ့ သူ့သူငယ်ချင်း ဂျိုကိုခေါ်သွားပါတယ်။ မစ္စတာပန်ဒေးဆိုတဲ့သူက ဘာစကရ်ရဲ့ လမ်းဖောက်မယ့် အကြံအစည်ဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တာကတစ်ကြောင်း တောတွင်းလူမျိုးစုတွေ လက်ခံမှာ မဟုတ်တာကတစ်ကြောင်းကြောင့် သူ့အကြံအစည်ကို သိပ်လက်မခံချင်ခဲ့ပါဘူး။ညတစ်ညမှာတော့ ဘာစကရ်တို့အဖွဲ့ ကားနဲ့ခရီးထွက်လာရင်း မတော်တဆမှုတစ်ခုဖြစ်ပြီး ကားပျက်သွားပါတော့တယ်။အဲဒီအချိန်မှာပဲ ဘာစကရ်ရှေ့ကို စောင့်ရှောက်သူဘေဒီယာ(ဝံပုလွေ)တစ်ကောင် ရောက်လာတဲ့အခါ ... ဘာစရ်တို့အဖွဲ့ ဘယ်လို ခြောက်ခြားစရာတွေနဲ့ ကြုံတွေ့ရမလဲ ... တောထဲလမ်းဖောက်ဖို့ အစီစဉ်ကရော အောင်မြင်နိုင်မှာလား... ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲ ... ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်တွေကတော့Thaik San,chiclon3, Zwe Yanနဲ့ Yunni တို့ပဲဖြစ်ပါတယ်။ File size…2.52GB ...
movie
Bhediya (2022)
2022
7.5
Chor Nikal Ke Bhaga(2023)
Chor Nikal Ke Bhanga(2023) *****************************************IMDb-8/10Glow & Lovely (Fair & Lovely)ရဲ့ ကြော်ငြာမင်းသမီးချောလေးယန်မီဂေါ်သမ်က လေယာဉ်မယ်အဖြစ် ၊ မင်းသားချောနှစ်ယောက်ဖြစ်တဲ့ ဆန်နီကောရှလ်နဲ့ ရှရားဒ်ကဲလ်ကရ် တို့အဓိကပါ၀င်ထားတဲ့ လေယာဉ်ပြန်ပေးဆွဲကားပါ ။ဇာတ်လမ်းအကျဉ်းသက်သတ်လွတ်သမားအန်ကစ်နဲ့ လေယာဉ်မယ်နေဟာတို့ သက်သတ်လွတ်ဟင်းပွဲကိစ္စကအစပြုပြီး တွေ့ဆုံရင်းချစ်မိသွားကြရာက နေဟာကိုယ်၀န်ရသွားတဲ့အထိနီးစပ်သွားကြပါတယ်။ နှစ်ယောက်လုံးကအရမ်းချစ်ကြသူတွေမို့ လက်ထပ်ဖို့ဆုံးဖြတ်ပြီးသာယာကြည်နူးနေချိန်မှာ အန်ကစ်လုပ်ငန်းတစ်ခုကအမှားအယွင်းကြောင့် အန်ကစ်ဟာ သူ့ကုမ္မဏီကစိန်ကို သူကိုယ်တိုင်ပြန်ခိုးရမယ့်အဖြစ်ရောက်သွားပါတယ်။ ကြင်ယာလောင်းအတွက် နေဟာပါအဆစ်ပါပြီး နှစ်ယောက်ပေါင်း အကြံအစည်အကောင်အထည်ဖော်ခါနီးမှာပဲ အဲဒီလေယာဉ်ကြီးကိုပြန်ပေးဆွဲခံရပြီး နှစ်ယောက်လုံးဓားစာခံဖြစ်သွားပါတော့တယ်။သူတို့က ဘာကြောင့်လေယာဉ်ကိုပြန်ပေးဆွဲရတာလဲ... အန်ကစ်ကရော ဒီကိစ္စတွေကြားမှာမှ သူ့အစီအစဉ်ကိုအကောင်အထည်ဖော်နိုင်ပါ့မလား... နောက်ထပ်အဓိကဇာတ်ဆောင်တစ်ယောက်ဖြစ်တဲ့ ရှရားဒ်ကဲလ်ကရ် ကရော ဘယ်နားကနေဘယ်လိုပေါ်လာမလဲ ရင်တထိတ်ထိတ်ခံစားကြည့်ပါဦးလို့ .... ဘာသာပြန်တွေကတော့ Bpl,Yunniနဲ့ Thaik Sanတို့ ဖြစ်ပါတယ် File size…1.2GB / 540MB Quality…1080p WEB DL /720p Format…mp4 Duration….1h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Yunni~ Thaik San
movie
Chor Nikal Ke Bhaga(2023)
2023
Code Name: Tiranga (2022)
Code Name: Tiranga ( 2022 )အခုတစ်ခေါက်မှာတော့ မင်းသမီးချောလေး ပရီနီသီးချိုပရာရဲ့ စပိုင်အက်ရှင် ရုံတင်ကားသစ်တစ်ကားကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်... စပိုင်တစ်ယောက်ရဲ့တာဝန်က ဘာလဲ စပိုင်တစ်ယောက်ဟာသူ့ရဲ့ တာဝန်နဲ့ပက်သက်လာရင် ဘယ်လောက်ထိကြောက်ဖို့ကောင်းပြီး အရေးပါလဲဆိုတာကို အက်ရှင်ဇာတ်ဝင်ခန်းအလန်းတွေနဲ့ချပြထားပြီး plot twistတွေနဲ့ ကြည့်ရတာမအီစေသွားမယ့် ဇာတ်လမ်းတပုဒ်ပဲဖြစ်ပါတယ်ဇာတ်လမ်းကိုတော့ ဒေါက်တာမစ်ဇာဆိုတဲ့ လူတစ်ဦးနဲ့စတင်ထားပြီး မစ်ဇာကတော့ ကုလသမ္မဂရဲ့တာဝန်တခုကြောင့် တူရကီကနေ အာဖဂန်နစ္စတန်ကိုရောက်ရှိလာသူပဲဖြစ်ပါတယ်....သူ့တာဝန်ကိုထမ်းဆောင်ရင်း သူ့ဘဝရဲ့မထင်မှတ်ထားတဲ့ အလှည့်ပြောင်းကိုကြုံတွေ့လိုက်ရပါတယ်... အဲ့တာကတော့သူနဲ့အမှတ်မထင်ဆုံတွေ့ပြီး ရင်းနှီးခဲ့ရတဲ့မိန်းမပျိုလေးဖြစ်ပြီး အဲ့ဒီမိန်းမပျိုကို သဘောကျမိရာကနေ ကံကြမ္မာအပြောင်းလဲကြီးတခုကြုံတွေ့ရပြီး မထင်မှတ်ထားတဲ့ ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ သည်းထိတ်ရင်ဖို စိတ်လှုပ်ရှားဖွယ်ရုပ်ရှင်တကားကိုတင်ဆက်သွားမှာပဲဖြစ်ပါတယ် File size…1.34GB / 630MB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ OeliuJ ~Yunni
movie
Code Name: Tiranga (2022)
2022
7.8
Har Har Mahadev (2022)
Har Har Mahadev (2022) Action, Drama, War IMDb 7.8/10 (1.6K)ဒီဇာတ်ကားလေးက အေဒီ ၁၆ရာစု မာရသာအင်ပါယာကြီးကို စတင်တည်ထောင်နေစဉ်ကာလအတွင်း ဘုရင်ချက်သရပတီရှီဗာဂျီနဲ့ သူ့အပေါင်းအပါတွေက နယ်ချဲ့လက်ပါးစေတွေကို တော်လှန်ခဲ့တဲ့ ဖြစ်စဉ်ကို ရုပ်ရှင်ရုံကားအဖြစ် ရိုက်ကူးတင်ဆက်ထားခြင်းပဲ ဖြစ်ပါတယ်။အတိအကျပြောရရင် ဒီဇာတ်ကားက ၁၆ရာစုနှောင်းပိုင်းမှာဖြစ်ပွားခဲ့တဲ့ ပဝန်းခင့်တိုက်ပွဲအကြောင်းကို အဓိကဇာတ်အိမ်တည်ထားပါတယ်...အဆိုပါတိုက်ပွဲမှာ ဘာဂျီပါရာဘူဒေ့ရှ်ပန်ဒေဦးဆောင်တဲ့ စစ်သည် ၃၀၀ ပါဝင်တဲ့တပ်စုဟာ စစ်သည်ရဲမက် ၁၂၀၀၀ ပါဝင်တဲ့ ဘီဂျာပူရီတပ်တွေကို တိုက်ထုတ်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။မာရသာအင်ပါယာကြီးဟာ ပြိုကွဲနေခဲ့ပြီး အင်အားကြီးရှင်ဘုရင်ဆူတန်ဟာလည်း ဒီလိုပြိုကွဲနေအောင် အချင်းချင်းသွေးထိုးရန်တိုက်ပေးခဲ့ပြီး နယ်မြေအတွင်း သွေးချောင်းစီးစေခဲ့တယ်...။ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ မာရသာလူမျိုးတွေဟာ ဆိတ်တွေ ကျွဲတွေအတွက်နဲ့ အချင်းချင်း ရန်ဖြစ်သတ်ဖြတ်နေကြတဲ့အချိန်ပေါ့...။ဒီအဖြစ်ကို ရင်လေးမိနေတဲ့ ရှီဗာဂျီက နယ်မြေအားလုံးကို စုစည်းပြီး ဘုံရန်သူကို တိုက်ထုတ်ပစ်ဖို့ စွန့်စားပါတော့တယ်...။အဲ့ဒီလို တစ်နယ်ပြီးတစ်နယ်သိမ်းပိုက်လာရင်း မာဗယ်နယ်မြေ ၁၂ခုလုံးက တုန်လှုပ်ရတဲ့ ဘာဂျီပါရာဘူဒေ့ရှ်ပန်ဒေနဲ့ ထိပ်တိုက်တိုးမိလာတဲ့အခါ...။ဒီဇာတ်ကားလေးမှာ တိုက်ရေးခိုက်ရေးတွေကို ကောင်းကောင်းမြင်တွေ့ရမှာဖြစ်သလို နိုင်ငံရေးဉာဏ်အားပြိုင်မှုတွေကိုလည်း မြင်တွေ့ရမှာဖြစ်လို့ ကြည့်လိုက်ပါဦးနော်...။ File size…2.3GB / 1.2GB Quality…1080p Zee5 WEB DL ...
movie
Har Har Mahadev (2022)
2022
8.2
Tanhaji: The Unsung Warrior (2020)
(Unicode)ဘောလီဝုဒ်ဖန်တွေအတွက် 2020 ရဲ့ blockbuster ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်နာမည်ကျော်မင်းသားကြီး အဂျေးနဲ့ ဆေ့ဖ်အလီခန်းမ်တို့က အပြိုင်သရုပ်ဆောင်ထားတဲ့ ဖြစ်ရပ်မှန် ရာဇဝင်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်ဇာတ်လမ်းက မရာထာတပ်မှူး တာနာဂျီးရဲ့ဘဝဇာတ်ကြောင်းပဲဖြစ်ပါတယ်မဂိုအင်ယာကြီးစိုးတဲ့အချိန်မှာ အိန္ဒိယတစ်နိုင်ငံလုံးကိုသိမ်းပိုက်ဖို့ ကြိုးစားခဲ့ပါတယ်အဲ့ဒိအချိန်အခါမှာ အိန္ဒိယမှာလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအတွက် လွပ်လပ်ရေးတိုက်ပွဲဝင် မရာထာတပ်သားများစွာရှိပါတယ်အင်အားချင်းမမျှမှုကြောင့် အနိုင်မရဘဲ မဂိုတွေကိုအရှုံးပေးလိုက်ရတဲ့အခါ မရာထာအင်ယာပါမှ ခံတပ် ၂၃ ခု မဂိုတွေဘက်ကိုပေးအပ်လိုက်ရပါတယ်အဲ့ဒိထဲမှာ အကြီးမားဆုံးခံတပ်ဖြစ်တဲ့ ကွန်ဒါနားလည်းပါခဲ့ပါတယ် ဒီခံတပ်ကိုရရှိရင် အိန္ဒိယတောင်ပိုင်းတစ်ခုလုံးကို ရရှိသလိုပါပဲမဂိုတွေဟာ မတွန့်မဆိုင်းဘဲ အိန္ဒိယတစ်ခွင်လုံးကိုပါ သိမ်းဖို့ကြိုးစားလာတဲ့အခါမှာတော့မရာထာတပ်မှူးကြီး တာနာဂျီးနဲ့မဂိုတပ်မှူးကြီး အူဒေဘန်းတို့ ထိပ်တိုက်တွေ့ဖို့ဖြစ်လာပါတော့တယ်ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….(Zawgyi)ဘောလီဝုဒ်ဖန်တွေအတွက် 2020 ရဲ့ blockbuster ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်နာမည်ကျော်မင်းသားကြီး အဂျေးနဲ့ ဆေ့ဖ်အလီခန်းမ်တို့က အပြိုင်သရုပ်ဆောင်ထားတဲ့ ဖြစ်ရပ်မှန် ရာဇဝင်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်ဇာတ်လမ်းက မရာထာတပ်မှူး တာနာဂျီးရဲ့ဘဝဇာတ်ကြောင်းပဲဖြစ်ပါတယ်မဂိုအင်ယာကြီးစိုးတဲ့အချိန်မှာ အိန္ဒိယတစ်နိုင်ငံလုံးကိုသိမ်းပိုက်ဖို့ ကြိုးစားခဲ့ပါတယ်အဲ့ဒိအချိန်အခါမှာ အိန္ဒိယမှာလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအတွက် လွပ်လပ်ရေးတိုက်ပွဲဝင် မရာထာတပ်သားများစွာရှိပါတယ်အင်အားချင်းမမျှမှုကြောင့် ...
movie
2020
5.5
Bhoomi (2017)
Bhoomi ဆိုတာ ့့့ အာဂ်ရမြို့ရဲ့ ဖိနပ်ဆိုင်လေး တစ်ဆိုင်ရဲ့ နာမည်။ဆိုင်ပိုင်ရှင်နာမည်က အာရွှန်ဆိုတဲ့ အသက်ကြီးပိုင်း လူကြီးတစ်ယောက်ဆိုင်နာမည်ကိုတော့ သူအချစ်ဆုံး မိတဆိုး သမီးလေးရဲ့ နာမည်ကို ပေးထားတာBhoomi ဆိုတဲ့ကောင်မလေးကတော့ ပညာတတ်ငယ်ငယ်ရွယ်ရွယ်နဲ့ အချောအလှလေးအဖေဖြစ်သူက ဖိနပ်ဆိုင်ပိုင်ပေမယ့် ကိုယ့်အလုပ်ကိုယ်လုပ်တယ်ချစ်သူကလည်း ရှိတော့ မကြာခင်မှာ လက်ထပ်ဖို့ ရည်ရွယ်ထားတယ်။သာသာယာယာ ဘဝလေးထဲကို ဝင်လာတဲ့ ပြသနာကတော့ ့့့့ဗီရှဲလ် ့့့့့ အင်း ့့့့့ ဗီရှဲလ်ဆိုတာ ဘူမီတို့ ပတ်ဝန်းကျင်က ရွယ်တူ ကောင်လေးတစ်ယောက် ့့့့ဘူမီကို ချစ်ခွှင့်အကြိမ်ကြိမ်ပန်ခဲ့ပေမယ့် ့့့့ ဘူမီက သူငယ်ချင်းတစ်ယောက်လိုပဲ သတ်မှတ်ပြီး ငြင်းခဲ့တယ် ့့့့့အယုတ်တမာ ဗီရှဲလ်က လက်မခံပဲ ့့့့့့ သူ့အစ်ကို ဝမ်းကွဲဖြစ်တဲ့ ဒိုလီဆီက အကူအညီတောင်းခဲတယ် ့့့့ဒိုလီ ့့့့" လွယ်လွယ်နဲ့နိုင်မယ့် ကစားပွဲတွေကို ငါဝင်မဆော့ဘူး အရှုံးဆိုတဲ့ အငွေ့အသက်ပါမှ အနိုင်ဆိုတာ ချိုမြိန်တာကွ ့့့့"ဒိုလာပူးရ်ရဲ့ ...
movie
Bhoomi (2017)
2017
6.4
Goliyon Ki Raasleela Ram-Leela (2013)
ဒီတခါ Channel Myanmar ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားကတော့ "Goliyon Ki Raasleela Ram-Leela" ဆိုတဲ့ အချစ် ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်း ဒါရိုက်တာက ရိုမီယို နဲ့ ဂျူးလိယက် အချစ်ကို အမှီပြုပြီး ရိုက်ကူးထားတာပါရိုမီယို နဲ့ ဂျူးလိယက် ဆိုတော့ စိတ်ဝင်စားဖို့ ကောင်းသွားပြီဇာတ်လမ်းအညွှန်းကတော့ ဒီလိုပါ...ရာဂျာဒီ မျိုးနွယ်စု နဲ့ စန်နရာ မျိုးနွယ်စု ဟာ နှစ်ပေါင်း ၅၀၀ ကျော်ကြာ ရန်ငြိုးရှိခဲ့ပါတယ်...ရာဂျာဒီ တွေက အာဃာတ မီးတွေ မငြိမ်းသတ်နိုင်ပေမယ့် ရာဂျာဒီ အကြီးအကဲ ရဲ့ အငယ်ဆုံးသား ရမ် ကတော့ ငြိမ်းချမ်းရေးကို မြတ်နိုးသူပါ..ရမ် က အဖေ နဲ့ အကို ကို ဆန့်ကျင်ပြီး ဆိုးချင်တိုင်း ဆိုးနေပါတော့တယ်.. ...
movie
2013
6.8
Rocky Handsome (2016)
2016ခုနှစ်ကထွက်ခဲ့တဲ့ သည်းထိပ်ရင်ဖိုအက်ရှင် ဇာတ်ကြမ်းကား ကြီးတစ်ကားနဲ့မိတ်ဆက်ပေးခြင်ပါတယ် ဇာတ်လမ်းလေးက IMDb မှာ 6.7 ထိရရှိထားပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ အပေါင်ဆိုင်ပိုင်ရှင် handsome သည် ဘေးအိမ်ခန်းရှိကလေးမလေး နှင့် ရင်းနှီးသည်ထက်ရင်းနှီးလာသည်။ ကလေးမလေး၏အမေသည် မူးယစ်ဆေးများသုံးစွဲရာမှ မူးယစ်ဂိုဏ်းများနှင့် အရှုပ်အရှင်းလုပ်မိကာ ကလေးမလေးအပေါ်သို့ အန္တရာယ်ကျရောက်လာပါတော့တယ်။ ထိုအန္တရာယ်တွေကိုကာကွယ်ဖို့ အပေါင်ဆိုင်ပိုင်ရှင်အဖြစ်ဇာတ်မြှုပ် နေနေသော အထူးစစ်သား Rocky တစ်ဖြစ်လဲ Handsomeထံကျရောက်လို့လာပါတော့တယ်။ ပရိသတ်ကြီးအကြိုက်တွေ့စေမယ့် ကြမ်းကြမ်းရမ်းရမ်း action ဇာတ်ကားတစ်ကားမို့ကြိုက်နှစ်သက်ကြမှာပါ :) ဘာသာပြန်ကတော့ ကိုအောင်ကျော်စို
movie
Rocky Handsome (2016)
2016