Channel Myanmar

Shane Nigam

Little Hearts (2024) 7.1
Little Hearts (2024) Little Hearts 2024 ငယ်နုတဲ့နှလုံးသားနေ့စဉ်ဘဝရဲ့ပြဿနာတွေကြားမှာ ဟာဒယရွှင်ဆေးကို တောင့်‌တနေသူတွေအတွက် မလေယာလမ် အချစ်ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဟာသဖောဖောသီသီနဲ့ သားအဖနှစ်ယောက်ရဲ့ ‌အလွဲလေးတွေကို ဟာသနှောပြီးရိုက်ကူးပုံဖော်ထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါးရုပ်ရှင်ကြည့်ချင်သူတွေ သဘောတွေ့မှာပါ။မွေးမွေးပြီးချင်းမှာပဲ အမေဆုံးသွားတဲ့ မိတဇိုးလေးစီဘီ၊ အမေမရှိတဲ့ စီဘီရဲ့ဘဝမှာ ဘေဘီကပဲအဖေရော အမေပါ တာဝန်ယူခဲ့ရတာပေါ့။ ဘေဘီအဖေအလုပ်လုပ်တဲ့ စိုက်ခင်းပိုင်ရှင် ဂျွန်ဆန်က အလုပ်ရှင်ရော ငယ်သူငယ်ချင်းပါဖြစ်နေတဲ့သူ့အတွက် သားသမီးတွေလည်း မောင်နှမလို ဖြစ်နေကြတာပါ။ဒါပေမဲ့ အနားယူတဲ့အရွယ်ရောက်ကာမှ ဘေဘီရဲ့နှလုံးသားက တစ်ဖန်ပြန်နိုးထဖို့ဖြစ်လာတဲ့အပြင် ယူကေက ဂျွန်ဆန်ရဲ့သားနဲ့သူကိုယ်တိုင်လည်း အချစ်နဲ့ဆုံတွေ့လာရတဲ့အခါ...(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်) File size… 1.8GB / 973MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Little Hearts (2024)

RDX: Robert Dony Xavier (2023) 7.8
RDX: Robert Dony Xavier (2023) RDX:Robert Don't Xavier (2023)IMDb-7.8/10တောင်ပိုင်းကားကြမ်းကြမ်းလေးမှကြိုက်တဲ့လူတွေအတွက် သူငယ်ချင်းသုံးယောက်ပေါင်းကြမ်းကြမဲ့ရုပ်ရှင်ကား‌ကောင်းလေးတင်ဆက်ပေးလိုက်ပါတယ် ဘတ်ဂျက်အနေနဲ့ ၈ ကုဋေပဲသုံးထားတဲ့ဒီကားဟာ ကုဋေ ၈၀ ကျော်ထိရအောင် ပြန်ရှာနိုင်ခဲ့တဲ့ကားပါ မလေးယားလမ်းရုပ်ရှင်တွေမှာ စတုတ္ထမြောက်ဝင်ငွေအကောင်းဆုံးကားလည်းဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းဘုရားပွဲတစ်ခုက ဖြစ်လိုက်တဲ့ရန်စတစ်ခုက အိမ်ထဲထိဝင်ပြီး မိသားစုကိုပါ ဒုက္ခပေးတဲ့အချိန်... ဆိုးတူကောင်းဖက် သူငယ်ချင်း သူများအနိုင်ကျင့်ခံရတာသိလိုက်ရတဲ့အချိန်... ချစ်ရတဲ့သူနဲ့ သူငယ်ချင်း အချစ်နဲ့မေတ္တာ နှစ်မျိုးထိပ်တိုက်တွေ့ရွေးချယ်လာရချိန်ရောဘတ် ဒွန်နီ စေဗီဆိုတဲ့ သူငယ်ချင်းသုံးယောက်ရဲ့ သံယောဇဉ် သူတို့တွေတန်ဖိုးထားကြတဲ့ အချစ်မေတ္တာတွေအတွက် ရန်သူတွေကို တိုက်ခိုက်ရင်ဆိုင်ကြတဲ့ဒီကားဟာ Action/Thriller ကြိုက် ပရိသတ်ကြီးတို့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Dee ~ Moon ~ ToMo တို့ပဲဖြစ်ပါတယ်) File size…3.4GB / 1.5GB Quality…1080p WEB DL /720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Dee ~ Moon ~ ToMo
movie

RDX: Robert Dony Xavier (2023)

2023
Corona Papers(2023) 7.3
Corona Papers(2023) Corona Papers (2023)IMDb-7.5/10Malayalam ရုပ်ရှင်တွေရဲ့ ထိပ်တန်းသရုပ်ဆောင်တွေဖြစ်တဲ့ Shane Nigam, Shine Tom Chacko, Jean Lal, Gayathrie တို့ အဓိကပါ၀င်ထားတဲ့ Crime/Thriller ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းအလုပ်ကိုကောင်းကောင်းမလုပ် လိမ်စားလှည့်စားနေတဲ့ရဲစခန်းမှာ ဘယ်သူ့မှမကြောက်တဲ့ မှန်မှန်ကန်ကန်ရဲအရာရှိတစ်ယောက်ရှိနေတယ် အဲဒီလိုရဲစခန်းကိုမှ SI ရာထူးနဲ့ရဲ၀န်ထမ်းအသစ်စက်စက်လေး ရာဟူလန် (ရာဟူး)ရောက်လာပါတယ် တစ်နေ့ဘက်စ်ကားစီးရင်းပဲ သူ့ရဲ့ ပစ်စတိုလေးအခိုးခံလိုက်ရပါတော့တယ် လူငယ်ရဲအသစ်လေးက အထက်ကိုမတင်ပြပဲကိုယ်တိုင်ပဲလိုက်ဖမ်းဖို့ကြိုးစားချိန်မှာ COVID ကာလအတွင်း ဖြစ်ပျက်ခဲ့တဲ့ များစွာသောဒုစရိုက်မှုတွေကို ရှာဖွေတွေ့ရှိလာချိန်မှာတော့....အုန်းစားရတဲ့ ခက်ခဲနက်နဲလိမ်ထွေးနေတာမျိုးမဟုတ်ဘဲ တစ်ရစ်ချင်းတစ်ခန်းချင်း plot twist အလှည့်အပြောင်းအတက်အကျလေးတွေနဲ့ ပြစ်မှုဇာတ်ကားကောင်းလေးကို ခံစားကြည့်ပါဦး File size…2.3GB/ 1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~Khin~Sai~Nyein
movie

Corona Papers(2023)

2023
Bhoothakaalam (2022) 7.9
Bhoothakaalam (2022) Bhoothakaalam (2022)မကြာသေးခင်ကမှထွက်ရှိထားတဲ့ အိန္ဒိယတောင်ပိုင်းရုပ်ရှင်ကားကြီးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကိုပြောရရင်Psychoနဲ့ Horror ပေါင်းစပ်ထားတဲ့ စိတ္တဇသရဲကားမျိုးပါပဲ။ အသည်းငယ်တတ်ရင်တော့နေ့ခင်းဘက်လင်းလင်းရှင်းရှင်းရှိတုန်းမှာကြည့်စေချင်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ စိတ်ကျရောဂါခံစားနေရတဲ့သားအမိနှစ်ယောက်ဟာမိသားစုဝင်တစ်ယောက်သေဆုံးသွားပြီးနောက် ပုံမှန်မဟုတ်တဲ့ဖြစ်ရပ်တွေကိုကြုံလာရပါတယ်။ရုပ်ရှင်အစအဆုံးမှာလည်း သာမန်အိန္ဒိယသရဲကားတွေလိုပုံစံခွက်ထဲကအတိုင်းမဟုတ်ပဲစိတ္တဇထိတ်လန့်သည်းဖိုပုံစံမျိုးရော သရဲခြောက်တာရောပေါင်းပြီး ကြက်သီးထစရာဖြစ်အောင်ဖန်တီးထားပါတယ်။ဇာတ်လမ်းအစမှာ သားအမိနှစ်ယောက်ရဲ့ဆက်ဆံရေးကိုအရင်ဆုံးအသားပေးဖော်ပြထားပြီးတော့သူတို့ရဲ့ မိသားစုဝင်တစ် ယောက်ဆုံးရှုံးသွားရတဲ့အခါ စိတ်ကျဝေဒနာကိုစတင်ခံစားလာရတာကနေဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းတစ်လျှောက်မှာလည်းလူတွေမခန့်မှန်းနိုင်တဲ့အလှည့်အပြောင်းတွေကိုမြင်ရမှာမို့ Spoiler မဖြစ်အောင် အများကြီးပြောမပြတော့ပါဘူး။ဇာတ်ကားရဲ့အစပိုင်းမှာ သရဲခြောက်တဲ့အခန်းတွေကိုအများကြီးမြင်ရမှာမဟုတ်ပေမယ့် ဒီ Psychoသားအမိနှစ်ယောက်နဲ့တင်ကိုကျောချမ်းနေရမှာတော့ အာမခံပါတယ်။ အမှန်တကယ်ကတော့ဒီဇာတ်ကားတစ်လျှောက်လုံးမှာ ပဟေဠိတွေ၊မြှုပ်ကွက်တွေ၊မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေမထင်ရင်မထင်သလိုပြနေတာကြောင့် သရဲကားလို့ကြိုမသိထားရင်တောင်ကြည့်ရတာပိုအရသာရှိမယ့်ကားမျိုးပါ။ ဒီတော့သရဲကားပရိသတ်မှမဟုတ်ပဲဇာတ်အိမ်ခိုင်ခိုင်၊ ဒိုင်ယာလော့ကောင်းကောင်းနဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုကြိုက်တတ်ရင်တော့ လက်လွှတ်မခံသင့်တဲ့ဇာတ်ကားကောင်းတစ်ကားလို့ပဲညွှန်းလိုက်ပါရစေ။  File size…1.05Gb  / 500MB Quality…1080p True WEB DL AAC 2.0CH Format…mp4 Duration….1h 45mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Haruko & Yate
movie

Bhoothakaalam (2022)

2022
Parava(2017) 8.2
Parava(2017) Parava(2017) IMDb....8.2 ဒီကုလားကားကတော့ နာမည်ကြီးသရုပ်ဆောင်တွေမပါသလို ကလေးသရုပ်ဆောင်တွေအဖြစ်ရွေးထားတဲ့ (၂)ယောက်ကလည်း သူတို့ အတွက်ပထမဆုံးဇာတ်ကားဖြစ်ပါသတဲ့... သို့ပေမယ့် သူတို့ဟာ အံသြစရာကောင်းလောက်အောင် သရုပ်ဆောင်ကောင်းတယ်လို့ချီးကျူးခံထားရပါတယ်... ဒီကားထဲမှာဆိုရင်  မန်ချက်ထရီမြို့နယ်မှာ  အထင်ကရပြိုင်ပွဲတစ်ခုဖြစ်တဲ့ ခိုပျံပြိုင်ပွဲအတွက် ခိုလေးတွေမွေးတဲ့ ညီအကို(၂)ယောက်နဲ့ ဇာတ်လမ်းကိုအစပျိုးထားပါတယ်.. ကျောင်းသားဘ၀ ကျောင်းစာတစ်ဖက် နဲ့ ခိုလေးတွေမွေးရင်း ကျောင်းပျော်ကြီး တွေ လုပ်ချင်ရာလျောက်လုပ်နေတဲ့ ညီအကို(၂)ယောက်ရဲ့ အကြောင်းကို တွေ့ရပါလိမ့်မယ်.. ဒီကားက အခြေခံလူတန်းစားရပ်ကွက်တွေမှာဖြစ်တတ်တဲ့သူတွေရဲ့ ဘ၀ကို သရုပ်မှန် လှလှပပလေး ပုံဖော်ထားပြီး ကလေးတွေရဲ့ စရိုက်လေးတွေ၊ အသင်းအဖွဲ့အားကစားစိတ်ဓတ်လေးတွေ၊ ကို  ပညာသားပါပါရိုက်ကူးထားတာပါ... မိမိလူနေမှုဘ၀၊ကလေးဘ၀က လုပ်ခဲ့တာတွေနဲ့အကြောင်းပေါင်းများစွာ တိုက်ဆိုင်နေလို့ ဒီကားကြည့်နေတဲ့အချိန် ခင်ဗျားဟာ ခပ်ပြုံးပြုံးကြီးဖြစ်နေလိမ့်မယ်.. ကိုင်း ကုလားကားကောင်းလေးမို့ ခံစားကြည့်လိုက်ပါဦး... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်... File Size : (1GB) and (439 MB) Quality : Blu-Ray 720p Format…mp4 Duration…02:27:00 Genre :  Action, Comedy, Drama | Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by Phyo Pyae
movie

Parava(2017)

2017