Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Shah Ra
7.7
Boat (2024)
Boat (2024)လှေIMDb-7.9/10အခုနောက်ပိုင်း ယိုဂီဘာဘူရဲ့ဇာတ်လမ်းတွေက ကြည့်ပျော်ရုံအဆင့်ထက်ပိုတဲ့ အတွေးတွေ စဉ်းစားစရာတွေနဲ့ ပိုကြည့်ကောင်းလာတယ်ဆိုတာ ဘောလိဝုဒ်ပရိသတ်ကြီး သတိထားမိမယ်ထင်ပါတယ်ဒုတိယကမ္ဘာစစ်အတွင်း မဖွံ့ဖြိုးသေးတဲ့ဒေသတစ်ခုမှာ လာဗိုလ်ကျစိုးမိုးတဲ့ဗြိတိသျှတွေရဲ့ နိုင်လိုမင်းထက်ပြုမူကတစ်မျိုး ၊ ဂျပန်ဗုံးကြဲလေယာဉ်ဒဏ်တွေကို ရှောင်ပြေးဖို့ကြိုးစားရတာတစ်မျိုးနဲ့ ဒုက္ခပင်လယ်ဝေနေကြတဲ့ကာလတစ်ခုမှာ ....။ယိုဂီဘာဘူက အသက်ကြီးနေတဲ့ အဘွားနဲ့အတူ ဒီခေတ်အခြေအနေမှာ သင့်တော်ရာလူတွေ့ထားပြီးတဲ့ ညီမကို အိမ်ထောင်ချပေးဖို့အရေး ၊ ဘုမသိဘမသိဖမ်းခံလိုက်ရတဲ့ညီဖြစ်သူလွတ်ဖို့အရေးတွေနဲ့ ခေတ်နဲ့ စစ်ကို မပူအားသေးတဲ့အစ်ကိုကြီးတစ်ယောက်....။ညီကို သွားကယ်ဖို့ကြိုးစားနေချိန်မှ ဂျပန်ဗုံးကြဲလေယာဉ်တွေလာတယ်ဆိုလို့ အဘွားနဲ့ ညီကိုခေါ်ပြီးလှေနဲ့ ပင်လယ်ထဲပြေးဖို့ကြံတော့ ရှေ့ပြေးလမ်းကိုပဲ အာရုံစိုက်မိနေချိန် ညီဖြစ်သူကကျန်နေခဲ့ပြီး လွတ်လမ်းဆိုတာနဲ့ အချောင်လိုက်ချင်တဲ့ လူတစ်ဖွဲ့ပဲ သူ့လှေပေါ်ပါလာခဲ့တယ်....။ပင်လယ်ပြင်ကြီးထဲက လှေတစ်စီးပေါ်မှာ နိုင်ငံရေးသမား ၊ တစ်ကိုယ်ကောင်းစိတ်ဓာတ်နဲ့ စီးပွားရေးသမား ၊ အကြောက်လွန်သူ ၊ လက်တွေ့သမား လူအမျိုးမျိုးပါလာကြတယ်....။တစ်လှေတည်းစီးတစ်ခရီးတည်းသွားအချင်းချင်း နားလည်ဖေးမကူညီသူရှိသလို ဗိုလ်ကျအနိုင်ကျင့်ချင်သူနဲ့ ၊ မိတ်ဆွေယောင်ဆောင်ရန်သူတွေလည်းရှိနေပြန်တော့....။ဒီတစ်ခါရော ယိုဂီဘာဘူကြီးက သဘာဝကျကျ ဘဝကိုဘယ်လိုသရုပ်ဖော်ပြဦးမလဲဆိုတာ ရှုစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ် File size…3.3GB / 1.4GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 6m Subtitle….Myanmar Subtitle ...
movie
Boat (2024)
8.4
Double Tuckerr (2024)
Double Tuckerr (2024)"ကံဆိုးသူ အာရဗင်" ==================================လူနဲ့ animation တွဲဖက်ရိုက်ကူးထားတဲ့ IMDb 8.4 ရ တမီလ်စကားပြော စိတ်ကူးယဉ် ဟာသဒရာမာရုပ်ရှင်လေးကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။အာရဗင်ဟာ ငယ်စဉ်ကတည်းက မတော်တဆမှုတစ်ခုကြောင့် မိဘနှစ်ပါးကိုဆုံးရှုံးခဲ့ရတဲ့ မိဘမဲ့လေးတစ်ယောက်ပါ။အဲဒီမတော်တဆမှုကြောင့် အာရဗင်ဟာ မိဘမဲ့ဖြစ်သွားရုံတင်မကဘဲ မျက်နှာတခြမ်း မီးလောင်ကာ အရုပ်ဆိုးကျည်းတန်သွားခဲ့တဲ့အတွက် အားလုံးကလည်း အာရဗင့်ကို ခွဲခြားဆက်ဆံကြပါသေးတယ်။ဒါပေမဲ့ ဘယ်သူမှ မသိကြတာကတော့ အာရဗင့်မှာ သူ့ကို မွေးကတည်းက စောင့်ရှောက်ပေးနေတဲ့ ကိုယ်စောင့်နတ်နှစ်ပါး ရှိနေတယ်ဆိုတာပါပဲ။ဒါပေမဲ့ အာရဗင့်ရဲ့ ကံဆိုးမှုတွေဟာ မရပ်တန့်သွားဘဲ အဲဒီထဲက ကိုယ်စောင့်နတ်တစ်ပါးရဲ့ အမှားကြောင့် အနိစ္စရောက်သလို စိတ်နဲ့ ခန္ဓာကွဲသွားခဲ့ရပါတယ်။အာရဗင်ဟာ အဲဒီနတ်နှစ်ပါးနဲ့အတူ အချိန်မနှောင်းခင် စိတ်နဲ့ခန္ဓာကို ပြန်ပေါင်းဖို့ကြိုးစားရင်း ထူးဆန်းတဲ့အဖြစ်တွေကြုံရပုံကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.14GB / 1.06GB Quality…WEB DL 1080p / 720p Format.... mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie
Double Tuckerr (2024)
7
The Boys (2024)
The Boys (2024) "ငါးယောက်ပေါင်းလောင်းကျော်" IMDb - 9.1/10အသစ်ထွက်ရှိလာတဲ့ တမီလ်စကားပြော အိန္ဒိယအချစ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ကိုယ်တိုင်ဇာတ်ညွှန်းရေး ရိုက်ကူးလေ့ရှိတဲ့ တမီလ်လူငယ်ဒါရိုက်တာ ဆန်သို့ရှ်ကိုယ်တိုင်ရိုက်ကူးပြီး ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒါရိုက်တာရူးရူးနေတဲ့ အာကီရာ။နပန်းရူးရူးနေတဲ့ WWEအမာခံပရိသတ် အိုင်တီပညာရှင် ဂျိမ်းစ်။ ဆိုရှယ်မီဒီယာကို အစွဲကြီးစွဲနေတဲ့ ဘေဘီ။ ဟင်းချက်ဝါသနာပါတဲ့ လူ့ဂလန့် ကိုလာရူ။ ပိုက်ဆံနဲ့ပတ်သက်လာရင် အတွက်အချက်ကြီးတဲ့ ကာသစ်ခ်။ဒီလိုသူငယ်ချင်းငါးယောက် တိုက်ခန်းတစ်ခန်းမှာ အတူပေါင်းနေပြီး မွဲချက်က အရက်သောက်စရာမရှိလို့ အရက်ဆိုင်မှာ အကြွေလိုက်တောင်းပြီး သောက်ရတဲ့ဘ၀။ ဒီလိုဘ၀ကိုမခံချင်တဲ့စိတ်နဲ့ ငှားနေတဲ့တိုက်ခန်းမှာ ဘားဖွင့်တာကြောင့် တိုက်ခန်းကနေ နှင်ချခံရပြန်ပါရော။ ဒီမှာပဲ လွပ်လွပ်လပ်လပ်နေလို့ရမဲ့ လုံးချင်းအိမ်ငှားပြီး ဘားဖွင့်ဖို့ကြံကြပါတော့တယ်။မြို့စွန်မှာ စျေးပေါပေါနဲ့ အိမ်ကြီးတစ်လုံးတွေ့ပြီး ဝမ်းသာအားရငှားလိုက်တဲ့ရက်မှာပဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂၁ရက် အိမ်ပြင်မထွက်ကျဖို့ ကြေငြာချက်ကျလာပါတော့တယ်။သူတို့နေတဲ့အိမ်ကြီးကလည်း ရပ်ကွက်ထဲမှာရှိသမျှလူတိုင်းက ရှောင်သွားကြပြီး အိမ်ကြီးမှာ ထူးဆန်းတဲ့ ဖြစ်ရပ်တွေ ဖြစ်လာတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ V ~ Zwe Yan ~ ToMo ~ KKKZ တို့ပဲဖြစ်ပါတယ်) File size… ...
movie
The Boys (2024)
2024
6.7
Romeo (2024)
Romeo (2024)"ရိုမီယို" ================== IMDb - 7/10ကြည်နူးချမ်းမြေ့စရာ တမီလ်စကားပြော အချစ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ Pichaikkaran 1,2ဆိုပြီး သူတောင်းစားကားတွေနဲ့ နာမည်ကြီးတဲ့ တမီလ်နာမည်ကျော်မင်းသားကြီး ဗီဂျေးအန်တိုနီနဲ့ ဟာသမင်းသားကြီး ယိုဂီဘာဘူတို့ရဲ့ အသစ်ထွက်ရုပ်ရှင်လည်းဖြစ်ပါတယ်။အသက် ၃၅နှစ်ရောက်တဲ့ထိ ဘယ်သူ့ကိုမှ မချစ်ဖူးသေးတဲ့ ချစ်ကံခေလူပျိုကြီးကတော့ အာရီဗူ။ လူကြီးတွေပေးစားဖို့လုပ်တဲ့ ကောင်မလေးတွေကိုတောင် လက်မထပ်ဘဲ အချစ်စစ်ရှာတွေ့မယ်လို့ မျှော်လင့်နေခဲ့တဲ့သူကြီး။ သူမျှော်လင့်ထားတဲ့အတိုင်း ချစ်ရတဲ့မိန်းကလေးကို ရှာတွေ့ခဲ့ပြီး လူကြီးချင်းပေးစားလို့ လက်ထပ်ခွင့်ရခဲ့ပါတယ်။ဒါပေမဲ့လည်း သူ့ထက် ဆယ်နှစ်ငယ်တဲ့ အဲဒီမိန်းကလေးကတော့ အာရီဗူကို ခင်ပွန်းသည်တစ်ယောက်အနေနဲ့ ချစ်ခင်စုံမက်ခြင်းမရှိခဲ့ပါဘူး။ အာရီဗူတစ်ယောက် ချစ်ရသူလည်းဖြစ် ဇနီးသည်လည်းဖြစ်ပြီးတော့ ချစ်ရတဲ့ဇနီးသည်ဆီက အချစ်ကိုရဖို့ကြိုးစားရတာတွေကို မြင်တွေ့ခံစားရမှာပါ။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.23GB / 1.04GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Romeo (2024)
2024
5
Iruttu Araiyil Murattu Kuthu (2018)
Iruttu Araiyil Murattu Kuthu (2018) "လာဆင်သရဲ" ========================================၂၀၁၈ က ထွက်ခဲ့တဲ့ တမီလ်စကားပြော သရဲဟာသ လူကြီးရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဗီရာနဲ့ ဗာဆူဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ ရည်းစားကိုယ်စီနဲ့အတူ ဘန်ကောက်မှာ အိမ်ကြီးတစ်လုံးငှားကာ အပန်းဖြေခရီးထွက်လာခဲ့ကြပါတယ်။အခန့်မသင့်ချင်တော့ အဲဒီအိမ်ကြီးမှာ မကောင်းတဲ့ဝိညာဉ်တွေ ကိန်းအောင်းနေပြီး အဲဒီမှာရှိတဲ့ သရဲမတစ်ကောင်က ယောက်ျားလေးနှစ်ယောက်ကို ဘာညာဘာညာဖို့ကြိုးစားလာတဲ့အခါမှာတော့...။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.1GB / 1GB Quality…WEB DL 1080p /720p Format…mp4 Duration….1h 59min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Iruttu Araiyil Murattu Kuthu (2018)
2018
6.5
Odavum Mudiyadhu Oliyavum Mudiyadhu (2023)
Odavum Mudiyadhu Oliyavum Mudiyadhu (2023) သရဲခြောက်သောရုပ်ရှင်ရုံကြီး(function(f,b,n,j,x,e){})();အတည်ပေါက်ကားတွေ ကြည့်ရတာများပြီး ပေါ့ပေါ့ပါးပါး ရီမောချင်တဲ့ပရိသတ်တွေအတွက် တမီလ်ဟာသသရဲကားလေးကို တင်ဆက်ပေးချင်ပါတယ်ဟာသသရဲကားဆိုပေမဲ့ သရဲဆိုတဲ့အတိုင်း နဲနဲတော့ခြောက်မှာပါနော် အဲ့တော့ ကြောက်လဲကြောက်ခွီလဲခွီနဲ့ ပျော်စရာကြီးဖြစ်နေမှာပါ ဇာတ်လမ်းအကျဉ်းလေးကတော့ ရုပ်ရှင်ရုံသရဲပါ အဆောင်ကနေခိုးထွက်လာတဲ့ကောင်မလေးတွေရယ် ကျောင်းလစ်ပြီး ရုပ်ရှင်လာကြည့်တဲ့ သောက်ကလေးတွေရယ် ရွာပြန်ဖို့ကားမရှိတော့လို့ ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်ရင်းအိပ်ကြမဲ့ ရုပ်ရှင်ရူးတောသားတွေရယ် လင်ငယ်နဲ့ရုပ်ရှင်ရုံမှာလာချိန်းတွေ့တဲ့အတွဲရယ် စသည်ဖြင့်လူတအုပ်ကြီးက အမှတ်မထင် ရုပ်ရှင်ဝင်ကြည့်ဖြစ်တဲ့အချိန် အဲ့ရုံက လူများစွာသေထားပြီး မကျွတ်လွတ်သေးတဲ့ သရဲများရှိနေတဲ့အချိန်….. အားလုံးအတွက် ပေါ့ပေါ့ပါးပါးနဲ့ ဘယာနကရသနဲ့အတူ ဟဒယရွှင်ဆေးလေးကို CM Bollywood Team မှ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…1.67GB / 763MB Quality…WEB DL 1080p / 720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Odavum Mudiyadhu Oliyavum Mudiyadhu (2023)
2023
8.1
Maanagaram(2017)
Maanagaram (2017) "မြို့ပြရဲ့ သားကောင်များ"IMDb 8.1 ရထားတဲ့ ဒါရိုက်တာ Lokesh Kanagaraj ရဲ့ တမီးလ် action/thriller ကား(UNCUT version) ဖြစ်ပါတယ် ဒါရိုက်တာ Lokesh ကို ဘာလို့ ထည့်ပြောရသလဲဆိုရင် လတ်တလောလေးက ထွက်ထားတဲ့ ဗီဂျေးရဲ့ သောက်ကြမ်းကား Leo(2023) ရဲ့ ပဲ့ကိုင်ရှင်ဖြစ်နေလို့ပါဒါရိုက်တာ Lokesh ဟာ action/thriller ကားတွေနဲ့ တမီးလ်ရုပ်ရှင်လောကမှာ နောက်ပိုင်း ထင်ပေါ်လာသူတစ်ယောက်ဖြစ်ပါတယ် Kaithi, Vikram နဲ့ Leo ဆိုပြီး သုံးကားတွဲ (Lokesh Cinematic Universe - LCU)ဆိုပြီး ကင်ပွန်းတပ်ရတဲ့အထိ အောင်မြင်ခဲ့ပြီး ဒီ Maanagaram ကတော့ သူ့ရဲ့ ပွဲဦးထွက် ကိုယ်တိုင် ဇာတ်ညွှန်းရေး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ် တက်သစ်စ ဒါရိုက်တာတစ်ယောက်ရဲ့ ပွဲဦးထွက်ဆိုပေမယ့် ဘတ်ဂျက် သန်း ၄၀ နဲ့ ရိုက်ကူးခဲ့ရာမှာ ...
movie
Maanagaram(2017)
2017
7.1
Aneethi (2023)
Aneethi (2023)IMDb - 7.4/10 The Times Of India - 3.5/5"မိုးလင်းကနေ မိုးချုပ်ထိ မနားတမ်းအလုပ်လုပ်တယ်... အလုပ်က နားလိုက်တာနဲ့ ဒီလောက်ကျယ်တဲ့မြို့ကြီးမှာ ငါ့အတွက်နေရာဆိုတာမရှိဘူး.." တစ်နေကုန် အစားအသောက်ပို့ရင်း တစ်ပုံစံထဲ ငြီးငွေ့စရာနေ့တွေထဲ တွေ့သမျှလူတိုင်းကို သတ်ပစ်ချင်စိတ်နဲ့ အိပ်မရညတွေဖြတ်သန်းရင်း စိတ်ရောဂါကို အံတုနေရတဲ့ ဇာတ်လိုက်ကျော်မင်းသား..။တစ်နေ့ ညနက်မှပို့တဲ့ Deli way ထဲက အသံချိုချို လက်လှလှလေးနဲ့ ကြွေကျသွားတဲ့ နှလုံးသားကြောင့် | နေ့တိုင်း ဒီအိမ်ကြီးဆီ ချစ်ရသူလေးအတွက် မုန့်ပို့ဖို့ အကြောင်းတွေရှာပြီး နည်းလမ်းရှာအနားကို ပြေးကပ်ရပါပြီ။ စိတ်ရောဂါဆိုတာ ပန်းလေးလိုပါပဲ ဂရုထားပုံပေါ်မူတည်ပြီး ကြွေရင်ကြွေ ၊ မကြွေရင် ဝေ ။ဒီလိုအခြေအနေမှာမှ လူသတ်ချင်နေတဲ့မင်းသားတစ်ယောက် အချစ်မှာမျောပါသွားတဲ့အခါ အရောင်မဲ့ကမ္ဘာကြီး သက်တံ့တွေထွန်းလာတော့တာပေါ့။ ဒီလိုနဲ့ ချစ်တတ်လာတဲ့မင်းသားဟာ တစ်နေ့တာမှာ အပြုံးတွေဝေ အသက်ရှင်လာသလိုခံစားရလာရကနေ မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေကြောင့် တရားခွင်ရင်ဆိုင်ရမယ့်အခြေအနေတွေ ဖြစ်လာတဲ့အခါ..။ဒီ့အပြင် ချစ်ရသူကိုယ်တိုင်ကပါ သူ့ကို ချနင်းပြီး အသုံးချသွားတဲ့အခါ..။ ...
movie
Aneethi (2023)
2023
7.7
Karungaapiyam (2023)
Karungaapiyam(2023) IMDb 7.7/10 တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ထဲ လူမသိလိုက်တဲ့ ထူးခြားဆန်းကြယ်ပုံပြင်စာအုပ်တစ်အုပ်ကို ဖတ်နေရသလိုခံစားချက်မျိုးအပြင် Kajal Aggarwal နဲ့ Regiana Cassandra တို့လို နာမည်ကြီးတွေပါဝင်သရုပ်ဆောင်ထားပြီး ဘာဘူကလဲ ပါဝင်အားဖြည့်ထားတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ကိုဗစ်ကာလရဲ့ ပျောက်ဆုံးသွားတဲ့အချိန်တွေကို ပြန်ပြောင်းပြောရရင် Lock down နဲ့အတူ ပြတ်တောက်သွားတဲ့ဆက်သွယ်မှုတွေထဲက သီးသန့်ဆန်သွားတဲ့ လူနေအိမ်တွေထဲကအကြောင်းအရာတွေကလည်း မပါမဖြစ်ပေါ့။ ဒီကားလေးမှာဆိုရင် အစပိုင်းမှာ ကိုဗစ်ကလည်းဖြစ်၊ ဘဲကလည်းပစ်ခံလိုက်ရတဲ့ မင်းသမီးဟာ သူငယ်ချင်းကျေးဇူးနဲ့ ရှေးဟောင်းစာကြည့်တိုက်တစ်ခုမှာ သွားဖတ်ဖို့အခွင့်အရေးရသွားလို့ သွားလိုက်တယ်ဆိုပြီး ပေါ့ပေါ့ပါးပါးလေးစထားပေမယ့် သူဖတ်လိုက်မိတဲ့ ‘မဟူရာ ပုံပြင်များ’ဆိုတဲ့ စာကြည်တိုက်ထောင်စကတည်းက ရှိနေတဲ့ နှစ်တစ်ရာကျော်ကြာပုံပြင်စာအုပ်ထဲ ဘယ်လိုအဖြစ်အပျက်တွေပါနေမလဲ …အပြင်လောကနဲ့ရောဘယ်လို ဆက်စပ်နေမလဲ ..သူနဲ့ရော ဘာတွေပတ်သတ်နေမလဲ ..စတာတွေကို အသည်းတအေးအေး ကျောတချမ်းချမ်းနဲ့ကြည့်ရမယ့်အပြင် ကိုဗစ်ကာလအိပ်မက်ဆိုးကြီးကိုလည်း ဟာသလေးတွေနှောပြီး ဇာတ်အိမ်ကောင်းကောင်းနဲ့ရိုက်ကူးထားပါတယ်။ (အညွှန်းကို Aditi မှရေးထားပြီး Aditi,BpL,Voldemort&Cherryတို့မှ ဘာသာပြန်ထားပါတယ်) File size…2.13GB / 863MB Quality…1080p WEBDL AAC5.1CH / 720p Format…mp4 Duration….2h8mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Aditi~ BpL~ Voldemort~ Cherry
movie
Karungaapiyam (2023)
7.6
Soppana Sundari (2023)
Soppana Sundari 2023 IMDb - 7.8/10တေလဂူး မင်းသမီးချော Aishwarya Rajesh က မိသားစုအပေါ်သိတတ်တဲ့ အဂါလယာအဖြစ် အဓိကပါ၀င်ထားပြီး ဟာသမြိုင်မြိုင်ဆိုင်ဆိုင်လေးနဲ့ ပဋိပက္ခတသီတသန်းနဲ့ ကြည့်ရှူရမယ့် တေလဂူးဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းဆင်ခြေဖုံးရပ်ကွက်မှာနေထိုင်ကြတဲ့ အဂါလယာတို့မိသားစုဟာ ကံကောင်းထောက်မစွာနဲ့ စိန်ရွှေရတနာဆိုင်ကနေကျင်းပတဲ့ ကံစမ်းမဲပွဲမှာ ကံထူးရှင်ဖြစ်သွားပါတယ်။ ကံထူးရှင်ဖြစ်လို့ နောင်ရေးအတွက်တွေးရင်း ပျော်မယ်ကြံခါမှ ပဋိပက္ခတွေတစ်ခုပြီး တစ်ခုဖြစ်ရင်း ကြာကြာမပျော်နိုင်ခဲ့ကြပါဘူး။ဒီလိုနဲ့ ကံထူးရှင်အစစ်က ငါပါ နင်ပါ...ဆိုပြီးတော့ မဆိုင်တဲ့သူတွေပါ ဆုတွေငမ်းငမ်းတက် လိုချင်လာကြတဲ့ချိန်မှာတော့... အဂါလယာဟာဆုကိုလက်လွှတ်ပေးလိုက်မှာလား...သူကရော ကံထူးရှင်အစစ်လားဆိုတာကို အဖြေရှာရင်း လူ့ဘောင်လူ့ဘဝမှာကြုံတွေ့ရတတ်တဲ့ ကိစ္စအဝဝကို တွေ့မြင်ရမှာဖြစ်ပါတယ်။ File size…2.5GB / 986MB Quality…1080p WEBDL / 720p pFormat…mp4 Duration….1h 55m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khin ~Nyein~BpL~Cherry
movie
Soppana Sundari (2023)
2023
7.6
Vaathi(2023)
Vaathi (2023)IMDb-7.6/10သရုပ်ဆောင် ဒါရိုက်တာ ပရိုဂျူဆာ တေးရေး ဇာတ်ဝင်တေးသီချင်းအဆိုတော် စွယ်စုံရမင်းသား Dhanush နဲ့ မင်းသမီးချောလေး Samyuktha Menon တို့ အဓိကပါ၀င်သရုပ်ဆောင်ထားတဲ့ Rating လည်းကောင်း ကြည်နူးမှုကြောင့်လည်းမျက်ရည်စို့ရမဲ့ အိန္ဒိယဇာတ်ကားသစ်လေးနဲ့မိတ်ဆက်ပေးပါရစေ ဇာတ်ကားအစမှာကျောင်းသားသုံးယောက်ဟာသူတို့အဘိုးပိုင်ခဲ့တဲ့ ဗီဒီယိုခွေဆိုင်အဟောင်းလေးကို ရှင်းလင်းရင်းနဲ့ ဗီဒီယိုတိတ်ခွေဟောင်းတွေကို ဖွင့်ကြည့်လိုက်တဲ့အချိန်မှာ သူတို့မနက်တုန်းမှာ ကျောင်းမှာသင်ခဲ့တဲ့ သင်္ချာပုစ္ဆာကို ဆရာငယ်ငယ်တစ်ယောက်က သင်ပေးနေတဲ့ ဗီဒီယိုမှတ်တမ်းကိုတွေ့လိုက်ပါတယ် အဲဒါနဲ့ သူတို့ကစာမလိုက်နိုင်တော့ အဲဒီဆရာဆီမှာကျူရှင်သင်မယ်ဆိုပြီး အဲ့တိတ်ခွေအဖုံးပေါ်မှာပါတဲ့ နာမည်နဲ့လိပ်စာအတိုင်းလိုက်ရှာကြည့်တော့ သူတို့တွေ့လိုက်ရတာ အဲဒီဆရာရဲ့တပည့်ဖြစ်တဲ့သူကိုပါ အဲဒီကနေတစ်ဆင့် ဆရာ့ရဲ့နာမည်က ဘာလာဖြစ်ပြီး ဆရာဘာလာရဲ့အကြောင်းတွေကို နောက်ကြောင်းပြန်ပြောပြလိုက်တဲ့အခါမှာတော့..... ဇာတ်ကားကကြည့်လို့ကောင်းတယ်ဆိုတာ ဒီနေရာမှာတင်ရပါပြီ ဇာတ်လမ်းဇာတ်ကွက်ကောင်း ပေးချင်တဲ့ message ကောင်းတဲ့အပြင် cast ကလဲကောင်း အချစ်ဒရာမာအက်ရှင် အစုံပါဝင်တာမို့ ပေးတဲ့ rating နဲ့လဲထိုက်တန်ပါတယ် အောက်ကစာကတော့ ကျွန်တော် အာချောင်ထားတာပါဒီဇာတ်လမ်းလေးကို မချီးကျူးခင်မှာ နယ်ဆင်မင်ဒဲလားပြောခဲ့တဲ့ စကားလေးတစ်ခုရှိပါတယ် Education is the only weapon that can change the world တဲ့ ကမ္ဘာကြီးကိုပြောင်းလဲနိုင်တဲ့တစ်ခုတည်းသောလက်နက်ဟာ ပညာရေးပါတဲ့ ၁၉၉၀ ပြည့်နှစ်တွေမှာ အိန္ဒိယမှာ စီးပွားရေးတိုးတက်လာတာနဲ့အမျှ ...
movie
Vaathi(2023)
2023
8.4
Diary(2022)
Diary ( 2022 ) IMDb 8.5/10ဒီတစ်ခေါက်မှာတော့ Mystery, Thriller တွေမှာ ကျွမ်းကျင်ပိုင်နိုင်တဲ့ Dejavu မင်းသား Arulnithi ရဲ့ နောက်ထပ် Crime, Thriller ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ဇာတ်လမ်းရဲ့အစမှာတော့ မတ်တူပါလာယမ်ကနေ အိုတီမြို့ကိုသွားတဲ့လမ်းက ထူးဆန်းတဲ့ ၁၃လမ်းကွေ့ဆိုတဲ့နေရာအကြောင်းကို ဖော်ပြထားပါတယ် ။ အဲ့ဒီနေရာရောက်တိုင်း ယာဉ်မတော်တဆမှုတွေဖြစ်လေ့ရှိတာကြောင့် ရဲတပ်ဖွဲ့၀င်တွေကပါ သတိပေးထားရတာကြောင့်ပါ ။ တချို့ကလဲ အဲ့ဒီနေရာကသရဲခြောက်တယ်လို့ ပြောကြပါတယ် ။ ၁၃လမ်းကွေ့ရဲ့အကြောင်းကတော့ အိုတီမြို့မှာပြောစမှတ်တွင်လာပါတော့တယ်။ဗာရတ်ဒါဟာ စုံစမ်းစစ်ဆေးရေးသင်တန်းသား အရာရှိလောင်းတစ်ဦးဖြစ်ပါတယ် ။ တစ်ရက်မှာ ဌာနကသင်တန်းသားတွေကို အဖြေမပေါ်သေးတဲ့အမှုတွေကိုပြန်လည်စစ်ဆေးဖို့ တာ၀န်ပေးလိုက်ပါတော့တယ်။ ဗာရတ်ဒါစုံစမ်းရမဲ့အမှုက ၁၆နှစ်ကြာတဲ့အထိအဖြေမပေါ်သေးတဲ့ အိုတီမြို့ကဟိုတယ်မှာ လင်မယားနှစ်ယောက် အသတ်ခံရတဲ့အမှုပါ။ ဗာရတ်ဒါနဲ့အတူ အမှုကိုကူညီပြီးစုံစမ်းပေးဖို့ ဒုစုံစမ်းရေးမှူး ပါဗီသရာကိုလည်းတာ၀န်ပေးထားပါတယ် ။ ဒါပေမဲ့ သူတို့စုံစမ်းရမဲ့အမှုဟာ ထင်သလောက်မလွယ်ကူခဲ့ပါဘူး ... ဒါ့အပြင်အိုတီမြို့က တခြားသောအမှုတွေနဲ့လည်း ပတ်သတ်နေပါသေးတယ်... သူတို့နှစ်ယောက် လွန်ခဲ့တဲ့၁၆နှစ်ကအမှုကိုပြန်လည်ဖော်ထုတ်နိုင်ပါ့မလား... ဇာတ်လမ်းအစက သရဲခြောက်ပါတယ်ဆိုတဲ့ ၁၃လမ်းကွေ့နဲ့ရော ဘယ်လိုပတ်သတ်နေမလဲ...ဇာတ်လမ်းမှာဘာဆက်ဖြစ်မယ်ဆိုတာကြိုမသိရပဲ ရင်တထိတ်ထိတ်နဲ့ ပရိသတ်ကိုအဆုံးထိဆွဲခေါ်သွားမှာပါ ။ လျှို့ဝှက်သည်းဖို မှုခင်းဇာတ်လမ်းမျိုးကြိုက်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်နော် File size…1.7GB / 849MB Quality…1080p WEB ...
movie
Diary(2022)
2022
8.1
Oh My Kadavule(2020)
Oh My Kadavule(2020)အညွှန်း****************************IMDb...8.1အန်နူးဆိုတဲ့ကောင်မလေးဟာ သူ့အဖေပေးစားတဲ့ လူတစ်ယောက်နဲ့လက်ထပ်ရတော့မယ်..ဒီလူအကြောင်းကို မသိတဲ့အတွက် တစ်ဘဝလုံးပုံအပ်ဖို့ဆိုတော့ မိန်းကလေး ပီပီမျက်လုံးမှိတ်ပြီး ခေါင်းမညိတ်ရဲရှာဘူး..ဒါကြောင့် ငယ်သူငယ်ချင်းဖြစ်တဲ့ အာဂျွန်ကို 'ငါတို့လက်ထပ်ကြမလား' ဆိုပြီးမေးလိုက်တယ်..သူစိမ်းတစ်ယောက်ထက်စာရင်အကြောင်းသိသူငယ်ချင်းနဲ့ အိမ်ထောင်ြပုတာက အချစ်မပါလည်း အဆင်ပြေနိုင်မယ်လို့တွေးမိတာကိုး...အာဂျွန်ကလည်း သူငယ်ချင်းမလေးရဲ့အခက်အခဲကိုသိတော့ လက်ထပ်ကြတာပေါ့လို့ ပြောလိုက်တယ်...အဲ့ဒီနောက်မှာတော့ ပြဿနာမျိုးစုံနဲ့အခက်အခဲမျိုးစုံစတွေ့တော့တာပဲ...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်......File Size : (1.13GB) and (460MB) Quality :WEB-DL 720p Format…mp4 Duration…02:31:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by Phyo Pyae
movie
Oh My Kadavule(2020)