Channel Myanmar

Sean WONG Tsz-lok

Twilight of the Warriors: Walled In (2024) 6
Twilight of the Warriors: Walled In (2024) Louis Koo ၊ Sammo Hung ၊ Richie Jen ၊ Lam Raymond စတဲ့ ဟောင်ကောင်မင်းသားတွေတစ်သီကြီးသရုပ်ဆောင်ထားတဲ့ အက်ရှင်ဝေဝေဆာဆာနဲ့ ဟောင်ကောင်မြို့ထဲက သီးခြားတံတိုင်းမြို့အကြောင်းအက်ရှင်ကားကိုတင်ပေးလိုက်ပါပြီ။ဇာတ်လမ်းကတော့ ၁၉ရာစုနှစ် ဟောင်ကောင်ရဲ့အုပ်ချုပ်ရေး မတည်ငြိမ်တဲ့ကာလကိုအခြေခံထားတာဖြစ်ပါတယ်။ အဲဒီအချိန်ကာလမှာ မဟာမိတ်အဖွဲ့က ဟောင်ကောင်ကိုပထမဆုံးခိုလှုံခွင့်ရဆိပ်ကမ်းအဖြစ် သတ်မှတ်လိုက်တဲ့အတွက် ဟောင်ကောင်ကိုခိုလှုံလာတဲ့ ဒုက္ခသည်တွေအများကြီးရောက်လာကြတယ်။ဟောင်ကောင်ရဲ့တစ်ချို့အပိုင်းတွေမှာ အုပ်ချုပ်ရေးမဲ့တဲ့အနေအထားဖြစ်နေတဲ့အတွက် လူမိုက်အုပ်စုဂိုဏ်းတွေဖွဲ့ပြီး ပိုင်နက်ရဖို့ အင်အားပြိုင်တိုက်ခိုက် နေကြတဲ့အချိန်ဖြစ်တယ်။ ဒုက္ခသည်လူငယ်တစ်ယောက်က လူမိုက်ခေါင်းဆောင်တစ်ယောက်ကို ပြဿနာရှာမိရာကနေပြီးတော့ ကျိုလုံတံတိုင်းမြို့ကိုရောက်သွားပြီး ခိုလှုံရာကနေစတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းအများကြီးမပြောတော့ပါဘူး မင်းသားကြီးတွေနဲ့ အရည်အသွေးရှိရှိရိုက်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့အတွက် အက်ရှင်ကားကြိုက်သူတွေ ဟောင်ကောင်ဂိုဏ်းစတားကား ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်လို့ပဲပြောပါရစေ။ Filesize : 3.5 GB / 1.19 GB / 716 MB Quality : WEB-DL 2160p (4K), 1080p , 720p Format : mp4 Genres : Action , Crime , Thriller Runtime : 2h 5 min Subtitle : Myanmar Subtitle ( Hardsub ...
movie

Twilight of the Warriors: Walled In (2024)

4K HEVC
Hong Kong Family ( 2022 ) 5.9
Hong Kong Family ( 2022 ) ဒီနေ့မှာတော့ မိသားစု တစ်စုအတွင်းမှာ တွေ့ကြုံလေ့ရှိတတ်တဲ့ အကြောင်းအရာတွေအကြောင်း ရိုက်ကူးထားတဲ့ ဟောင်ကောင် မိသားစု ရုပ်ရှင်ကားလေးကို CM က ပရိသတ်ကြီးအတွက် မိတ်ဆက်ပေးပါရစေ ။ဟောင်ကောင် မိသားစုတစ်စုဟာ ဇာတိမြေကိုပြန်ပြီး ဆောင်းဦးရာသီ မိသားစု လက်စုံထမင်းစားပွဲတစ်ခုကို ကျင်းပခဲ့ပါတယ် ။ ဒါပေမဲ့ ဒီလက်စုံထမင်းစားပွဲဟာ သူတို့ ထင်သလို ချောချောမွေ့မွေ့ဖြစ်မနေခဲ့ပါဘူး ။ မိခင်ဖြစ်သူ နဲ့ သားဖြစ်သူမင် တို့ နားလည်မှုတွေ ဖြစ်ရင်း မင်ဟာအိမ်ပေါ်ကနေ ဆင်းသွားခဲ့ပါတယ် ။ဒါ့အပြင် သမီးဖြစ်သူ လင်ဟာလဲ ယောကျာ်းနဲ့ ပြဿနာတွေဖြစ်ကာ သူတို့ရဲ့ လူမမည် ကလေးတွေကိုပါ စိတ်ဒဏ်ရာရစေခဲ့ပါတော့တယ် ။ သ ားဖြစ်သူ မင် နဲ့ သမီးဖြစ်သူ လင် တို့ရဲ့ အခြေအနေကို ကြည့်ရင်း မိခင်ကြီးမှာ စိတ်မအေးချမ်းနိုင်ဖြစ်ခဲ့ပြီး ဒီမိသားစုရဲ့ ဆက်ဆံရေးဟာလဲ ၁၀ စုနှစ်တိုင်တိုင် အေးစက်လို့ နေခဲ့ပါတယ် ။ဒီလိုနဲ့ နှစ်တွေကြာလာတဲ့အခါ မင် တစ်ယောက် မိခင်ကြီးဆီကို ပြန်လာနိုင်ပါ့မလား ? အဆင်မပြေမှုတွေ ရင်ဝယ်ပိုက်ထားတဲ့ သူတို့ ...
movie

Hong Kong Family ( 2022 )