Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sean Penn
7.6
The Thin Red Line (1998)
The Thin Red Line (1998)IMDb Rating (7.6) / Rotten Tomatoes (80%)ဒီရုပ်ရှင်ကားကြီးကတော့ သရုပ်ဆောင်ပေါင်းများစွာနဲ့ စစ်ပွဲရဲ့အနိဌာရုံအကြောင်းတွေကို အသေးစိတ်အနုစိတ်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဂန္တဝင်ရုပ်ရှင်စစ်ကားကြီးဖြစ်ပါတယ်.....ကံဆိုးတာကတော့ တွမ်ဟန့်ရဲ့ Saving Private Pyan (1998) ရုပ်ရှင်ကားနဲ့တစ်နှစ်တည်းထွက်ခဲ့တာကြောင့် အော်စကာဆုတစ်ဆုမှမရခဲ့ဘဲ စကာတင်အဆင့်နဲ့တင်ကျေနပ်ခဲ့ရပြီး အခြားဆုပေးပွဲတွေမှာပဲ Won ခဲ့ရပါတယ်... ဒါပေမယ့် တချို့ဆိုရင် ဒီရုပ်ရှင်ကားကြီးကို Saving Private Pyan ထက် ပိုကြိုက်ခဲ့ကြပြီး အေးအေးလေးလေးခံစားတတ်သူများအဖို့တော့ TTRL က ခံစားစီးဝင်ဖို့ သိပ်ကောင်းတဲ့ရုပ်ရှင်ကားကြီးပါ....ရုပ်ရှင်ပြသချိန်ကလဲ ၃ နာရီလောက် ကြာရှည်ပြီး ကြည့်ရင်းကြည့်ရင်း ကိုယ်ပါရုပ်ရှင်ထဲရောက်ရှိသွားသလို နစ်မြောသွားမှာပါ။ TTRL ရဲ့ဇာတ်ကြောင်းကတော့ Saving Private Ryan (1998) နဲ့ Hacksaw Ridge (2016) စတဲ့နာမည်ကြီးစစ်ကားတွေလိုပဲ ရန်သူရဲ့ အဓိက အခြေချတပ်စွဲထားတဲ့နေရာတွေကို အသက်စွန့်ပြီး ဝင်သိမ်းတာကို အခြေပြုရိုက်ကူးထားပါတယ်... ဒီလိုခြေကုတ်ယူထားတဲ့နေရာဆိုတာနဲ့ ...
movie
The Thin Red Line (1998)
1998
4K HEVC
7.2
State of Grace(1990)
IMDb 7.2I am Sam (2001) ရုပ်ရှင်မှာ အော်တစ်ဇင် ဖြစ်နေတဲ့ ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကိုကြည့်ရှုသူ ရင်ထဲရောက်အောင် အကောင်းဆုံး ပုံဖော်သွားနိုင်ခဲ့တဲ့ မင်းသားကြီး Sean Penn ရဲ့မှုခင်းဇာတ်ကားကောင်းလေး တစ်ကားကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်မွေးရပ်မြေမှ ထွက်သွားပြီး ဆယ်နှစ်ကြာမှ ပြန်လည်ရောက်ရှိလာတဲ့ ရဲအရာရှိ ထယ်ရီနူနန်တစ်ယောက်ငယ်စဥ်က ဆိုးတူပေါင်းဖက် ပေါင်းသင်းလာခဲ့တဲ့ သူငယ်ချင်းနဲ့ ငယ်ချစ်ဦးရဲ့ အစ်ကိုဖြစ်သူ ဦးဆောင်းတဲ့လူဆိုးဂိုဏ်းကို ထောက်လှမ်းဖို့ သူလျှိုအဖြစ် ရောက်ရှိသွားတဲ့အခါ ကိုယ့်မျက်စိရှေ့မှာ သူငယ်ချင်းအရင်းကြီးတွေ လုပ်ကြံသတ်ဖြတ်ခံလိုက်ရပြီး တရားခံတွေကို သိနေတာတောင်မိမိဟာ တရားဥပဒေဘက်တော်သားဖြစ်နေတဲ့အတွက် တရားဥပဒေအရ လက်ပိုက်ကြည့်နေရတဲ့အခါဥပဒေအထက်မှာ ပုဂ္ဂိုလ်ပေါင်းများစွာရှိနေတဲ့ သူတို့မြို့လေးမှာထယ်ရီနူနန်တစ်ယောက် သူငယ်ချင်းတွေအတွက် တရားမျှတမှု ဘယ်လိုပြန်ယူမလဲဆိုတာစိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် Action / Crime / Drama ရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ် File size…2.81GB / 941.9MB Quality…Blu-Ray 1080p / ...
movie
State of Grace(1990)
7.3
The Secret Life of Walter Mitty (2013)
[Unicode]The Secret Life of Walter Mitty (2013)အမှန်အတိုင်းပြောရရင် ဒီဇာတ်ကားကို အစပိုင်း မိနစ်(၂၀)လောက်အထိ သူ ဘာကိုပြချင်မှန်း နားမလည်ခဲ့ဘူး။ ဒီအတိုင်း ပေါကြောင်ကြောင် ဇာတ်ကားကြီးပါလားလို့ ထင်ခဲ့မိတယ်။ ဒီဇာတ်ကားဟာ 1939 ခုနှစ်က အရမ်းကို နာမည်ကြီးခဲ့တဲ့ ဟာသ/ကာတွန်း/စာရေးဆရာကြီး James Thurber ရဲ့ ဝတ္ထုတို The Secret Life of Walter Mitty ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး 1947 ခုနှစ်မှာ တစ်ကြိမ် The Secret Life of Walter Mitty နာမည်နဲ့ပဲ ရုပ်ရှင်ရိုက်ကူးထားပါသေးတယ်။ အစောပိုင်းမှာ ကြည့်ရတာတစ်မျိုးကြီးဖြစ်နေပေမယ့် အဆုံးထိ ဆက်ကြည့်ဖြစ်ခဲ့ပြီး.. ကြည့်ရကျိုးနပ်ရုံမက မကြည့်ရသေးတဲ့ သူတွေကိုပါ ကြည့်ဖို့ညွှန်းချင်လောက်အောင်ပဲ ကြိုက်သွားခဲ့ပါတယ်။လူတော်တော်များများပါပဲ.. (ကျွန်တော်အပါအဝင်) သမားရိုးကျ နေ့စဉ်ဘဝကို ကျင်လည်နေကြပါတယ်။ ပညာသင်မယ် .. ...
movie
The Secret Life of Walter Mitty (2013)
7.7
21 Grams (2003)
21 Grams ( 2003 ) ------------------------ Directed by Alejandro G. Iñárritu IMDb Rating - 7.7/1021 Gramsဟာ Death Trilogyရဲ့ ဒုတိယကားပါ။ Death Trilogy ကတော့ Alejandro ရိုက်ခဲ့တဲ့ ဇာတ်ကောင်တွေရဲ့ သေခြင်းကို အခြေတည်ရိုက်ပြထားတဲ့ ဇာတ်ကား၃ကားဖြစ်ပြီး ၃ကားလုံးရဲ့စာရေးဆရာကလည်း Guillermo Arriaga ပါ။ Death Trilogyမှာ Amores perros ( 2000 ) , 21 Grams (2003) , Babel (2006) တိုပါဝင်ပြီး ၃ကားလုံးကို ဆက်တိုက်ရိုက်ကူးခဲ့သလို ၃ကားလုံးလည်း ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုရခဲ့တဲ့ ရုပ်ရှင်တွေပါ။ Alejandro ဟာ Death Trilogyအပြင် Birdman , The Revenant , biutiful ...
movie
21 Grams (2003)
7.3
The Professor and the Madman (2019)
The Professor and the Madman (2019)============================IMDb Rating - 7.3/10တစ်ခေတ်တစ်ခါက A+စတားတွေဖြစ်ခဲ့တဲ့ ခုထိလည်း နာမည်မကျသေးတဲ့ ရှောင်ပန်းန်နဲ့ မယ်ဂစ်ဆွန်တို့ အဓိကသရုပ်ဆောင်ထားတဲ့ကားပါ။ဇာတ်အိမ်ကတော့ 19ရာစုအလယ်မှာ ပထမဆုံး အောက်စ်ဖို့ဒ်အဘိဓာန်ကို ရေးသားတည်းဖြတ်ခဲ့တဲ့ အကြောင်း ကြုံခဲ့ရတဲ့ အခက်အခဲတွေအကြောင်းပါပဲ။ အဘိဓာန်တစ်အုပ်ရဖို့ ဘယ်လိုဘယ်ပုံ ခက်ခဲတယ်ဆိုတာကို ကောင်းကောင်းကြီး ပြထားတယ်။နာမည်နဲ့အတော်လိုက်ပါတယ်။ ကိန်းကြီးခန်းကြီးစကားလုံးတွေ အရူးစကားတွေ အပြည့်နဲ့ပါပဲ။ သမိုင်းဒရာမာပေမဲ့ တင်ပြပုံ အရမ်းရှင်းမနေပါဘူး။သမိုင်းတွေ ဒိုကူတွေ စိတ်၀င်စားတဲ့လူတွေ ကြိုက်မယ့် ရုပ်ရှင်ပါပဲ။ မင်းသားကြီး ၂ယောက်ရဲ့ သရုပ်ဆောင်ကွက်တွေကို မြင်ရတာနဲ့တန်တယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။File Size - (2.2 GB)/(1.17 GB)/(700 MB) Quality – BluRay- (1080p) / (720p) / (480p) Duration - 2hrs 4min Subtitle – Myanmar Hardsub Format – MP4 Genre : Biography, Drama Translator – WiRa Aung Encoder ...
movie
The Professor and the Madman (2019)
2019
6.8
The Tree of Life (2011)
The Tree of Life (2011)=================IMDb Rating - 6.8/10#Unicodeပြောရမယ်ဆိုရင် ဒီရုပ်ရှင်နဲ့ ကျွန်တော်နဲ့ကြားမှာ တံတိုင်းကြီးတစ်ခုခြားထားတယ်။အဲ့ဒီတံတိုင်းက ခရစ်ယာန်ဘာသာရေးပါပဲ။ ဒီရုပ်ရှင်ရဲ့ အဓိက Conceptက ဘာသာရေးဆိုတော့ ဒါကို ဖယ်ပြီး ခံစားဖို့အတော်ခက်တယ်။ ကောင်းလားမေးရင်လည်း ဒီရုပ်ရှင်ဟာ အတော်တန်းမြင့်တဲ့အထဲထည့်လို့ရတဲ့ အထိကောင်းတယ်။ အတော်အနုပညာဆန်တယ်။ အပေါ်မှာပြောထားတဲ့ ဘာသာရေးတွေ ဘာသာစကားတွေကို ဖယ်ကြည့်လိုက်ရင် ကျွန်တော်တို့အားလုံးဟာ နှလုံးသားကိုယ်စီရှိကြတဲ့ တူညီတဲ့လူသားတွေပါပဲ။ ဒီတော့ ဒီထဲက အဓိက Conceptမဟုတ်တဲ့ မိသားစုဆက်ဆံရေးထဲက အတော်လှတဲ့ ချစ်ခြင်း ပဋိပက္ခတွေကို ပြသွားတဲ့ ပုံတွေကို အပြည့်အ၀ခံစားလို့ရတယ်။ အဓိက Conceptမဟုတ်တာနဲ့တောင် ဒီရုပ်ရှင်ဟာ အတော်လေးစွဲမက်ဖို့ကောင်းတယ်။ စကားပြောသံတွေက မသဲမကွဲတွေ စကားပြောနေရင်းတောင် တစ်ချိန်လုံးနီးပါး ကြားနေရတဲ့ဂန္တ၀င်ဂီတတွက စကားပြောသံထက်ပို စူးရှနေတယ်။ ဒါကလည်းအတော်ဆွဲဆောင်မှု ရှိတယ်ပြောရမယ်။ စကြ၀ဠာကနေ သားလောင်းအထိ လှပတဲ့ (ခရစ်ယာန်စကားနဲ့ဆို ဖန်ဆင်းမှု)တွေကို ထည့်သုံးသွားတာကလည်း သက်ဆိုင်သူတွေအတွက် တကယ်ခံစားရစေမယ့်အရာပါပဲ။Tree of Lifeဆိုတဲ့နာမည်လှလှလေးနဲ့လိုက်ဖက်အောင်ကို ဒီရုပ်ရှင်ထဲက အရာအားလုံးကလှပတယ်။Castတွေကလည်း Aတန်း၀င် Actorတွေ ဘရက်ပစ် ရှောင်ပင်းန်။ ဘာရည်ရွယ်ချက်နဲ့လဲတော့ မသိပေမယ့် အသက်ခြောက်ဆယ်ရှိပြီဖြစ်တဲ့ ရှောင်ပင်းန်ကို ငါးဆယ့်ခြောက် ဘရက်ပစ်ရဲ့ သားလုပ်ပစ်ထားတာကတော့ တစ်မျိူးပါပဲ။ ရှောင်ပင်းန်အခန်းတွေမှာတော့ ဘာမှထူးထူးခြားခြား သိပ်မရှိပေမယ့် ဘရက်ပစ်ကတော့ တကယ့်ဘ၀မှာ ကလေးတွေအများကြီးရဲ့ အဖေဖြစ်နေတာရော ဇာတ်ကောင်လိုက်ဖက်မှုကြောင့်ရော ဖခင်အစစ်တစ်ယောက်လိုခံစားရစေတယ်။ သူမဟုတ်ဘဲ တခြားလူသာဆို ဒီလောက် လှမယ်မထင်မိဘူး။ ဇာတ်လမ်းအကျဉ်းပြောဖို့ မလိုလောက်အောင် ဇာတ်လမ်းက အရမ်းရိုးရှင်းတယ်။ ဒီဇာတ်လမ်းရိုးရိုးလေးကို မပျင်းရအောင် ရိုက်ပြသွားတဲ့ ...
movie
The Tree of Life (2011)
2011
6.8
U Turn (1997)
[Unicode] U Turn (1997) ========= ဘဝမှာမှားခဲ့တဲ့ လူတိုင်းကို ဘုရားသခင်က ဂငယ်ကွေ့ခွင့်ပြုပါတယ်တဲ့။ ကိုယ် ဒီလမ်းကလေးကို ဂငယ်ကွေ့ခဲ့မိတဲ့ဘက်က ငရဲလမ်းတုရှုပါပဲ။ ကုန်းကမူ ကန္တာရလွင်ပြင်နဲ့ ဖုန်ထူတဲ့ ဒီလမ်းဘေးမှာ လဒတွေ ယုန်သေကောင်ပုပ်အပေါ်နားလို့။ ငရဲဖြစ်စေ သင်္ချိုင်းဖြစ်စေ သေဘေးလွတ်ဖို့ လူဟာ ဘာမဆို လုပ်မှာပဲမဟုတ်လား။ လက်ချောင်းနှစ်ချောင်းနှုတ်ယူခံထားရတဲ့ ကိုယ့်ဆီက သူတို့က အသက်ကိုယူဖို့လည်း ဝန်လေးမှာမဟုတ်ပါဘူး။ ဒီလိုနဲ့ပဲ တိမ်းရှောင်သူကိုယ်က မင်းနဲ့တွေ့ခဲ့တယ် အင်းဒီယန်းတစ်ဝက်မလေးရေ။ မင်းတို့နေတဲ့ မြို့ကလေးကို ကိုကွေ့လာတဲ့အချိန်မှာ ကတောက်ကဆတ် ၁ က စတာပါပဲ။မင်းသိမှာပါ ပြဿနာဟာ မြို့အဝင်ဝပ်ရှော့က ဗိုက်ပူပူ ချေးအထပ်ထပ်နဲ့ အေးတဲ့အချိန်နဲ့ ပူတဲ့အချိန် အလုပ်မလုပ်ချင်တဲ့ စက်ပြင်ဆရာငတိနဲ့ စတာပေါ့။ ကိုယ်ပိုင်တဲ့ တစ်ခုတည်းသောအရာဖြစ်တဲ့ ၁၉၆၄မော်ဒယ် မတ်စတန်းအမိုးဖွင့်ကားလေးကို ဒီငတိနဲ့ ထားခဲ့ရတာ သိပ်စိတ်မချလှပါဘူး ရွေးစရာမှမရှိပဲ။ ဒီညစ်ပတ်ဖုန်ထူတဲ့ မြို့ဟာ မင်းကို မတွေ့ခင်အထိတော့ တကယ်ငရဲပါပဲ။ ကတောက်ကဆတ် ၂ ကတော့ ခရီးသွားဟန်လွဲ စားသောက်ဆိုင်အသွားတိုးတဲ့ မျက်မမြင် အင်းဒီးယန်းအဘိုးကြီးပါပဲ။ ဒီအဘိုးကြီးက အတော်ခက်ပါတယ်။ မျက်မမြင်တစ်ယောက်နဲ့ မလိုက်အောင်ကို ကင်းမြှီးကောက်သတ်သေတာအစ အတွဲတွေပလီတာအဆုံး အကုန်မြင်နေတော့တာပါပဲ။ စကားတွေကလည်း ဖောင်ဖွဲ့လို့ မကုန်အောင်ပါပဲ။ ဒီအချိန်မှာပဲ လမ်းတစ်ဘက်က မင်းကို ကိုယ် မြင်လိုက်ပါတယ်။ ဒါအချစ်မဟုတ်ပါဘူး။ အလှကိုတပ်မက်မှုပါ။ အချစ်ဟာ လှတာကိုလိုချင်တာဆိုတဲ့ ...
movie
U Turn (1997)
6.3
The Angry Birds (2016)
ကမ္ဘာကျော်ဂိမ်းကို ရုပ်ရှင်အဖြစ် ပြန်ပြီး အသက်သွင်းတဲ့ The Angry Birds Movie ဖြစ်ပါတယ် ..Animation ပရိတ်သတ်တို့ မျှော်လင့်ခဲ့ရတဲ့ ရုပ်ရှင်ကားဆိုလည်း မမှားပါဘူး ..ဇာတ်လမ်းအရဆိုရင် Angry Bird တွေ ဖြစ်ပေါ်လာပုံကိုအစပျိုး မိတ်ဆက်ပေးထားပါတယ်ဂိမ်းထဲမှာ ဘာကြောင့် ဝက်တွေနဲ့ ရန်ဖြစ်ရလဲဆိုတဲ့အကြောင်းကို သိရမှာပါ ..ဂိမ်းထဲက အတိုင်း ငှက်တစ်ကောင်စီရဲ့ စွမ်းရည်တစ်မျိုးစီကိုလည်းကောင်းကောင်းမွန်မွန် ကြည့်ရှူခံစားရပါမယ်..ဇာတ်လမ်းကြီးကြီးမားမားမရှိပေမယ့်တင်ဆက်ပြသပုံ မဆိုးတဲ့အတွက် ကြည့်ရှုမယ့် ပရိတ်သတ်တွေသဘောကျ စိတ်ကျေနပ်စေမှာပါ ...ရုပ်ရှင်ကပေးတဲ့ message တွေကလည်းကောင်းမွန်တဲ့အတွက် ကြည့်ရကျိုးနပ်ပါလိမ့်မယ် ..အထူးသဖြင့် ဇာတ်ကောင်လေးတွေကို မိတ်ဆက်တဲ့နေရာမှာသဘောကျစရာလေးတွေပါဝင်ပြီး ချစ်စရာပုံစံလေးတွေလည်းအများကြီးတွေ့ရပါဦးမယ် ခင်ဗျ .. ပြောရရင် animation cartoon ချစ်သူတို့ အကြိုက်တွေ့စေမယ့်ရုပ်ရှင်ကားတစ်ကားဖြစ်ပါကြောင်း။အားပေးကြည့်ရှုခံစားကြပါဦး(ေဩာ် မေ့တော့မလို့ စာတန်းထိုးပြီးတဲ့အထိကြည့်ကြပါလို့ )(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Ye Kyaw Htet ပဲ ဖြစ်ပါတယ်)
movie
The Angry Birds (2016)
2016
7.6
I Am Sam(2001)
I Am Sam(2001) IMDb....7.6 လူတစ်ယောက်ဟာ ဆေးရုံရဲ့ သားဖွားခန်းထဲကို အပြေးအလွှားသွားနေတယ်.... မိန်းမ မီးဖွားခန်းချိန်မို့ပဲလားတော့မသိ...သူ့ပုံစံက သာမန်လူတွေနဲ့အနည်းငယ် ကွဲလွဲနေသလိုပင်... ဂနာမငြိမ်..မိန်းမရဲ့သားဖွားခန်းထဲရောက်တော့လည်း ပါးစပ်က တလှုပ်လှုပ်ရေရွတ်ရင်း ကိုယ်ခန္ဓာကို ပတ်ချာလှည့်နေတယ်... ဂနာမငြိမ်လွန်းနဲ့သူ့ကို ကြက်သေ သေလိုလုပ်နိုင်လိုက်တာက ခုမှ လူ့လောကထဲရောက်လာတဲ့ သမီးလေးရဲ့ငိုသံ.... သူ့ပုံစံက ငါဖခင်တစ်ယောက်ဖြစ်ပြီ ဒါငါ့သမီးလေး ငါတာဝန်ယူရမယ် ငါချစ်ရတော့မယ်ဆိုတဲ့အကြည့်မျိုးနဲ့ သမီးလေးကိုကြည့်နေတယ်... တကယ်တော့ ဆမ်က သာမန်လူတွေထက်ဥာဏ်ရည်နည်းသလို ပေါင်းသင်းဆက်ဆံရေးမှာလည်း အခက်အခဲရှိသူပါ.. အယဉ်ကျေးဆုံးပြောရရင် ဥာဏ်ရည်ချို့တဲ့သူပေါ့....ဒီလိုလူမျိုးနဲ့မှားခဲ့ပြီး ကလေးတစ်ယောက်ရခဲ့တဲ့မိခင်အဖို့ ကလေးမွေးပြီးပြီးချင်းမှာပဲ ဆမ်တို့သားအဖကို ထားခဲ့တယ်...ဆမ်လို လူအတွက် သမီးလေးကိုစောင့်ရှောက်ရတာ တကယ်မလွယ်ပါဘူး... သူ့သမီးလေးလူကလဲသိပ်လိမ္မာတယ် အဖေတစ်ခုသမီးတစ်ခုပါပဲ သူတို့ဘဝက.. .ဒီလိုနဲ့လူစီလေး၇နှစ်လောက်ရောက်လာတော့ ကလေးနဲ့မိသားစုဆိုင်ရာဌာနက လူစီ့ကို သူ့အဖေနဲ့မထားဖို့ တရားရင်ဆိုင်ဖို့တွေဖြစ်လာတယ်... အဓိက ကတော့ ဆမ်ရဲ့ အားနည်းချက်ကြောင့်ပါပဲ.... ဒီလိုနဲ့တရားရင်ဆိုင်မှုတွေဖြစ်လာတယ် သမီးလေးကိုမိသားစုတစ်ခုကလဲမွေးစားချင်နေတယ်... ဆမ့်လိုဉာဏ်ရည်မပြည့်စုံတဲ့သူတစ်ယောက် တရားရင်ဆိုင်တာနိုင်ပါ့မလား? သမီးလေးကို သူပဲစောင့်ရှောက်ခွင့်ရပါ့မလား? ဆမ်နဲ့သူ့သမီးလေးတူတူပြန်နေနိုင်ပါ့မလား? ဆိုတာတွေကိုတော့ ခံစားကြည့်လိုက်ပါဦးဗျို့.....ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ Cynthia ဖြစ်ပါတယ်... File Size : (1GB) and (395 MB) Quality : Blu-Ray 720p Format…mp4 Duration…02:12:00 Genre ...
movie
I Am Sam(2001)
2001
8.0
Mystic River(2003)
Mystic River(2003) IMDb....8.3,,,,Rotten...88%[{Director: Clint Eastwood} Zawgyi ဒီဇာတ်ကားကတော့ စာအုပ်လဲထွက်ထားပါတယ် ..... ဇာတ်လမ်းကလည်း ၂နာရီလောက်ကြာပါတယ် ..... တော်တော်များများရုပ်ရှင်တွေက စာအုပ်ကိုမမှီဖူးလို့ဝေဖန်ခံရလေ့ရှိပါတယ် .... ဒါပေမယ့်ဒီရုပ်ရှင်ကတော့ စာအုပ်ဖတ်ဖူးသူတိုင်းက ရုပ်ရှင်ကပိုကောင်းတယ် ပိုပြီးခံစားရတယ် .... သာမန် Thriller ရုပ်ရှင်တွေထက်ကိုသာလွန်တယ်လို့ review ကောင်းတွေရထားတဲ့ဇာတ်ကားပါ... Thriller fan တွေတကယ်ကိုလက်မလွတ်သင့်တဲ့ဇာတ်ကားပါပဲ.. ထောင်ထွက် Jimmy ရဲ့သမီးလေး အသတ်ခံရတော့ သူ့ရဲ့ငယ်သူငယ်ချင်း၂ယောက်ပါဒီကိစ္စထဲပါလာတယ်... တစ်ယောက်က Daveက သာမန်အလုပ်သမား ဒါပေမယ့်အတိတ်ဆိုးနဲ့လူ .... သူက Jimmy သမီးကိုမသေခင်နောက်ဆုံးတွေ့ခဲ့တဲ့လူဖြစ်နေတယ်.. နောက်တစ်ယောက်က Sean လူသတ်မှုတွေရဲ့စုံထောက်ပေါ့ သူကဒီအမှုကိုတာဝန်ယူထားရတဲ့လူ... သူငယ်ချင်း၃ယောက်ပြန်ဆုံဖြစ်ကြတယ်ပေါ့ ... တဖြည်းဖြည်းနဲ့ အမှုနဲ့ပတ်သက်လို့သိလာရတာတွေရှိလာတော့ Jimmy က Dave ကိုသံသယ၀င်လာတယ်... ဘယ်လိုဖြေရှင်းကြတယ် သူငယ်ချင်း၃ယောက်ရဲ့ဇာတ်လမ်းကဘယ်လိုလဲဆိုတာတော့ ဆက်ကြည့်ကြဖို့ပဲတိုက်တွန်းချင်ပါတယ်... ဒါရိုက်တာ Clint Eastwood ရိုက်ကူးထားတာဖြစ်ပြီး နာမည်ကျော်မင်းသားကြီးတွေဖြစ်တဲ့Sean Penn,Tim Robbins, Kevin Bacon တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်...အညွှန်းနဲ့ဘာသာပြန်သူကတော့ ညီမငယ်Jthekoala ပဲဖြစ်ပါတယ်... Unicodeဒီဇာတ်ကားကတော့ စာအုပ်လဲထွက်ထားပါတယ် .....ဇာတ်လမ်းကလည်း ၂နာရီလောက်ကြာပါတယ် .....တော်တော်များများရုပ်ရှင်တွေက စာအုပ်ကိုမမှီဖူးလို့ဝေဖန်ခံရလေ့ရှိပါတယ် ....ဒါပေမယ့်ဒီရုပ်ရှင်ကတော့ စာအုပ်ဖတ်ဖူးသူတိုင်းက ရုပ်ရှင်ကပိုကောင်းတယ် ပိုပြီးခံစားရတယ် ....သာမန် Thriller ရုပ်ရှင်တွေထက်ကိုသာလွန်တယ်လို့ ...
movie
Mystic River(2003)
2003
6.8
Risky Business (1983)
ဒီဇာတ်ကားကတော့ ၁၉၈၃ ခုနှစ်က ထွက်ရှိထားတဲ့ မင်းသားကြီးတွမ်ခရုဇ်ရဲ့ Comedy,Drama အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။အိမ်မပိုင်ပဲ ဂေါ်လီလုပ်ချင်တဲ့ တွမ်ခရုစ်တစ်ယောက်......မိဘတွေ ခရီးထွက်သွားပြီး အိမ်မှာတစ်ယောက်ထဲကျန်ခဲ့အခါ.....သူငယ်ချင်းတွေရဲ့ ခြောက်တွန်းမှုနဲ့ အိမ်အရောက်ပို့ စကီလေးများဝန်ဆောင်မှုကို ဆက်သွယ်မိရာကနေ....အရှုပ်တော်ပုံထဲ ကြားညှပ်ပြီး ဘယ်လိုတွေဖြေရှင်းကြမလဲဆိုတာ.....။ဒီဇာတ်ကားဟာ IMDb (6.8) နဲ့ Rotten Tomatoes (96%) ထိ ရရှိထားပြီး ၁၉၈၀ ခုနှစ်များရဲ့ အငွေ့အသက်ကို အပြည့်အဝခံစားရမယ့် ဇာတ်ကားပါ။ဇာတ်ကောင်တွေနဲ့ ဇာတ်ဝင်တေးတွေ ထိမိလှသလိုတွမ်ခရုဇ်ကို ငယ်ရုပ်နဲ့ နုပျိုချောမောစွာတွေ့ရတာ နှုတ်ခမ်းနီမလေးတွေအနေနဲ့ မှင်သက်မိစေနိုင်ပါတယ်။ File Size…(740 MB) and (400 MB)Quality…BluRay Rip 720pFormat…mp4 Duration…01:39:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Nyeinsaeya AungTranslated by Htet Myat
movie
Risky Business (1983)
1983
6.7
Gangster Squad
Gangster Squad (2013)_____IMDb - 6.7/10 ဒုတိယကမ္ဘာစစ်ပြီးတော့ အမေရီကန်ဟာ ကိုရီးယားပြည်တွင်းစစ်ကို ဝင်ပါတယ် ၊ နောက်ကျူးဘားအရေးကြောင့် ရုရှားနဲ့ စစ်ဖြစ်မလိုလိုအထိ ဖြစ်ခဲ့တယ် ။ ပြည်ပအရေးတွေ ဝင်ရောက်စွက်ဖက်တာများလာတယ် ပြီးတော့ ကမ္ဘာစစ်ဒဏ်ကိုလည်း တော်တော်ထိထားတော့ မိမိ ပြည်တွင်းအုပ်ချုပ်ရေးဘက်ကို ကောင်းကောင်းမလှည့်ကြည့်နိုင်တော့ဘူး ။ အဲသလိုတွေ ပြည်တွင်း အုပ်ချုပ်ရေးဘက် ပေါ့လျော့ခဲ့လို့ အမေရီကန်ပြည်သူတွေဟာ လူဆိုးဂိုဏ်းတွေရဲ့ ဒုက္ခပေးခြင်းကို တော်တော်ခံခဲ့ရတယ် ။ ဂျွန်ဒီလင်ဂျာလို ပြည့်သူရန်သူ နံပါတ်-၁ လို့ ကြေငြာရတဲ့အထိ လူဆိုးတွေ ပေါ်ထွက်လာတယ် ။ ဒီရုပ်ရှင်က ၁၉၄၉ ခုနှစ် အမေရီကန်ရဲဌာနတွေ ၊ တရားရေးဌာနတွေ အကျင့်ပျက်ခြစားပြီး မကောင်းမှုပြုရာတွေကို အခြေခံပြီး ရိုက်ကူးထားတယ် ။ လော့အိန်ဂျလိစ်မြို့မှာ လောင်းကစားရုံ ၊ ပြည့်တန်ဆာအိမ် ၊ မူးယစ်ဆေးအရောင်းအဝယ်စသဖြင့် မကောင်းမှုမှန်သမျှအကုန်လုံး ထိန်းချုပ် လုပ်ကိုင်နေတဲ့ ဂိုဏ်းစတား တစ်ယောက်ရှိတယ် ။ သူက အရင်တုန်းက ...
movie
Gangster Squad
2013
7.8
The Game (1997)
IMDb (7.8/10)....Rotten Tomatoes (72%)The Game ဇာတ်ကားဟာ Seven(1995),Fight Club(1999) စတဲ့ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကျော်ဒါရိုက်တာ David Fincher ရဲ့လက်ရာဖြစ်ပြီး မင်းသားကြီး Michael Douglas အဓိကပါဝင်ထားပါတယ်...။The Game ဆိုတဲ့အတိုင်းပဲ Mission Complete ဖြစ်ဖို့ ကြိုးစားရပုံတွေကို အချိတ်အဆက်မိမိရိုက်ကူးထားပါတယ်။ဒီဇာတ်ကားက အစပိုင်းမှာ ပြင်းထန်တဲ့ ခံစားချက်တစ်ချို့နဲ့ အစချီ ချပြထားခဲ့ပြီး အတော်ပဲဆွဲဆောင်နိုင်ခဲ့ပါတယ်။နောက်ပိုင်းမှာ ဇာတ်လမ်းကို အကျကြမ်းစေခဲ့လို့ ပေါ့ပါးသွားပေမယ့် ဇာတ်ကားရဲ့မေးခွန်းတွေဖြစ်တဲ့ ဘဝရဲ့ ရှင်သန်နေထိုင်မှု ခံစားချက် ခံယူချက်တွေနဲ့ ပတ်သက်တဲ့မေးခွန်းတွေကတော့ ခေါင်းထဲက မထုတ်နိုင်ဖြစ်ခဲ့ရပါတယ်။ဘဝမှာ ရှင်သန်နေထိုင်မှုက ဘာအတွက်လဲ?ဘယ်လိုခံစားချက်တွေနဲ့ ရှင်သန်နေထိုင်ကြမလဲ?ကိုယ့်ဘဝတစ်ခုလုံးက တစ်ခြားလူတစ်ယောက်ရဲ့ Game တစ်ခုသာဖြစ်နေခဲ့ရင်ရော? File size…(999MB) Quality…Blu-Ray Rip 720p Format…mp4 Duration….02:08:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie
The Game (1997)
1997