Channel Myanmar
Sean Hayes
Igor (2008) 5.9
Igor (2008) Igor (2008)==========ဒီဇာတ်လမ်းကတော့ ဆိုးရွားရက်စက်မှုတွေကိုမှ ကောင်းတဲ့အရာလိုနှစ်သက်သဘောကျကြတဲ့တိုင်းပြည်က သိပ္ပံပညာရှင်တွေနဲ့ သူတို့ရဲ့ယုတ်မာတဲ့တီထွင်မှုတွေကြား အောင်မြင်တဲ့သိပ္ပံပညာရှင်ဖြစ်ဖို့ အိပ်မက်ထားထားတဲ့ အီဂေါ်ဆိုတဲ့ ကျောမှာဘုရှိတဲ့ ခါးကုန်းကောင်လေးအကြောင်းပါ။ အီဂေါ်က နှစ်စဥ်ကျင်းပနေကျဖြစ်တဲ့ ယုတ်မာတဲ့တီထွင်မှုပြိုင်ပွဲမှာ အနိုင်ရပြီး အတော်ဆုံးယုတ်မာမှုသိပ္ပံပညာရှင်ဖြစ်ဖို့ ကြိုးစားနေ​တာပါ။ဒါပေမဲ့ အီဂေါ် မကောင်းဆိုးဝါးတစ်ကောင်ကို​ ဖန်တီးပြီးနောက်ပိုင်း အမှားပါသွားတာ​​ကြောင့် ဘယ်လိုဟာသအလွဲတွေ ဖြစ်သွားမလဲ၊ အောင်မြင်ဖို့အတွက် ယုတ်မာကောက်ကျစ်ရတာဟာ မှန်ကန်ရဲ့လားဆိုတဲ့မေးခွန်းအောက်မှာ အီဂေါ်ရဲ့အိပ်မက်တွေ ပြောင်းလဲသွားမလားဆိုတာတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ကာတွန်းကားဆိုပေမဲ့ အဓိပ္ပါယ်နက်နဲတဲ့အပြင် dark humor တွေအပြည့်နဲ့ တစ်ကားလုံးခွီနေရမဲ့ကားမို့ မလွတ်တမ်းကြည့်သင့်တဲ့ကားတစ်ကားပဲ ဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ )File size_(1.7GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:27:00 Genre_Animation, Comedy, Family Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin
movie
Igor (2008)
The Bucket List (2007) 7.4
The Bucket List (2007)   ဒီကားဟာ ဘာသာပြန်သူအရမ်းကြိုက်တဲ့ ဇာတ်ကားပါ ဒီဇာတ်ကားကနေ ဘဝအတွက် အတွေးတစ်ခုခုရမယ်ဆိုတာ အသေအချာပါပဲ ကင်ဆာရောဂါသည်တွေဖြစ်တဲ့ ဘီလီယံနာ အက်တ်ဝေါ့ကိုးလ် နဲ့ စက်ပြင်ဆရာ ကတ်တာချိန်ဘာတို့ဟာ ဆေးရုံခန်းတစ်ခန်းထဲ တူတူမနေရခင်အထိ လုံးဝသူစိမ်းနှစ်ယောက်ပါပဲ သူတို့ဟာ သူတို့ကိုယ်သူတို့ရှာတွေ့ဖို့နဲ့သူတို့မသေခင် လုပ်ချင်တာတွေ လုပ်သွားဖို့ ဆန္ဒကြောင့် ဆရာဝန်တွေတားတာတောင်မမှုပဲ ဆေးရုံက ထွက်သွားပြီး ဘယ်လိုတွေ စွန့်စားကြလဲ ဘဝအဓိပ္ပာယ်နဲ့သူတို့ကို သူတို့ရှာတွေ့သွားကြမှာလားဆိုတာကို ဇာတ်လမ်းမှာ ကြည့်ကြည့်လိုက်ပါ (ဘာသာပြန်သူကတော့ အဉ္ဇလီ သန်းထိုက် ပါ) ------------------------------------------------------------ ဒီကားဟာ ဘာသာပြန်သူအရမ်းကြိုက်တဲ့ ဇာတ်ကားပါ ဒီဇာတ်ကားကနေ ဘ၀အတွက် အတွေးတစ်ခုခုရမယ်ဆိုတာ အသေအချာပါပဲ ကင်ဆာရောဂါသည်တွေဖြစ်တဲ့ ဘီလီယံနာ အက်တ်ဝေါ့ကိုးလ် နဲ့ စက်ပြင်ဆရာ ကတ်တာချိန်ဘာတို့ဟာ ဆေးရုံခန်းတစ်ခန်းထဲ တူတူမနေရခင်အထိ လုံးဝသူစိမ်းနှစ်ယောက်ပါပဲ သူတို့ဟာ သူတို့ကိုယ်သူတို့ရှာတွေ့ဖို့နဲ့သူတို့မသေခင် လုပ်ချင်တာတွေ လုပ်သွားဖို့ ဆန္ဒကြောင့် ဆရာဝန်တွေတားတာတောင်မမှုပဲ ဆေးရုံက ထွက်သွားပြီး ဘယ်လိုတွေ စွန့်စားကြလဲ ဘ၀အဓိပ္ပာယ်နဲ့သူတို့ကို သူတို့ရှာတွေ့သွားကြမှာလားဆိုတာကို ဇာတ်လမ်းမှာ ကြည့်ကြည့်လိုက်ပါ (ဘာသာပြန်သူကတော့ အဉ္ဇလီ သန်းထိုက် ပါ)  File Size : (700 MB) Quality : 720pBluray Running Time : 1hr ...
movie
The Bucket List (2007)
2007
Tangled: Before Ever After (2017) 6.6
movie
The Three Stooges (2012) 5.1
The Three Stooges (2012) The Three Stooges (2012) IMDb - 5.1/10_____Rotten - 52%  The three stooges ဟာသဇာတ်ကားလေးပါ ၊၊ မိတ်ဆွေ သင်အမှန်တစ်ကယ် ဟာသဇာတ်ကားတွေ ကြိုက်ပါသလား၊၊ ဒီ ဇာတ်ကားကို ကြည့်ပါ၊၊ ဇာတ်လမ်းတစ်ခုလုံး မိုး၊ လယ်ရီ၊ ကယ်လီ ဆိုတဲ့ ဇာတ်ကောင်သုံးယောက်က သင့်ကို ကလိထိုးပေးပါလိမ့်မယ်၊၊  Church တစ်ခုမှာ တစ်ပြိုင်တည်း စွန့်ပစ်ခံရတဲ့ မိဘမဲ့ကလေးသုံးယောက်ဟာ ရောက်ရောက်ချင်းမှာတော့ sister တွေရဲ့ဆုလဒ် နတ်သားလေးသုံးပါးပေါ့၊၊ ဘာမှမသိ ချစ်စဖွယ်ကလေးတွေ၊၊ နောက်ဆယ်နှစ်အကြာမှာတော့ အနီးကပ်ပြုစုတဲ့ sister ကပြောတယ်၊၊ “ဒီသုံးယောက်ဘေးမှာ မနေနိုင်တော့လို့ မတော်တဆ ငါးမန်းကိုက်ခံရနိုင်တဲ့ ငါးဖမ်းသင်္ဘောမှာဘဲ အလုပ် လုပ်တော့မယ်တဲ့ ” အကုန်လုံး လက်လန်သွားရတဲ့ ငမွှေတွေဖြစ်သွားတယ်၊၊  ဒီလို အော်ကြောလန်သုံးယောက်က သူတို့ရဲ့ မတော်တဆအမှားတွေကြောင့် အကြွေးနစ်သွားရတဲ့ ဘုရားကျောင်းလေးကို မဖျက်သိမ်းရအောင် လိုတဲ့ပိုက်ဆံတွေကို ပြန်ရှာပေးဖို့ ကျိုးစားရင်း ကမောက်ကမ အဖြစ်တွေနဲ့ ရယ်ရမဲ့ ပျော်စရာ ဇာတ်ကားကောင်းလေးတစ်ခုပါ ၊၊    (ဇာတ်ကားအညွန်းရေးသူကတော့ ...
movie
The Three Stooges (2012)
2012