Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Satya Krishnan
7.3
Hello! (2017)
Hello (2017) IMDb: 7.3/10 Genre: Action/Romanceဒီရုပ်ရှင်ကို "ငယ်ကချစ်နှစ်တစ်ရာ" လို့ပဲဆိုမလား၊ "နဖူးစာရွာလည်တယ်" လို့ပဲဆိုမလားမသိတော့ပါဘူး။တော်တော်လေးကို ရင်ထဲကလိကလိဖြစ်စေတဲ့ အချစ်ဇာတ်လမ်းလေးတစ်ခုဆိုရင်လည်းမမှားပါဘူး။Serendipity ကိုကြည့်ဖူးတဲ့လူတွေဆိုရင်တော့ ဒီဇာတ်လမ်းလေးက ဆင်သယောင်ယောင်ဖြစ်နိုင်ပေမယ့်ပြန်တွေးကြည့်တော့လည်း သိပ်မဆင်ပြန်ပါဘူး။ ပြောချင်တာကတော့ ရင်ထဲမှာနွေးကနဲဖြစ်သွားစေမယ့်ဇာတ်လမ်းလေးပါ။ အတော်လေးလည်း ကြည်နူးဖို့ကောင်းပါတယ်။ဇာတ်ညွှန်း ဂျန်နူးဆိုတာကတော့ အနေအထားကြီးတဲ့ မိသားစုက တစ်ဦးတည်းသောသမီးလေးဖြစ်ပါတယ်။ဆီနူးဆိုတာကတော့ မိဘမဲ့လမ်းဘေးက ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။နောက်တစ်နေ့မှာဘာဆက်ဖြစ်မလဲတောင်မသိတဲ့ ဆီနူးဆိုတဲ့ကောင်လေးနဲ့ ဂျန်နူးလိုကောင်မလေးမျိုးကဖူးစာပါတယ်လို့ပြောရင် ယုံချင်စရာတောင်မရှိပါဘူး။ သူတို့နှစ်ယောက်ဟာ ငယ်ဘဝမှာ အတော်လေးကိုခင်တဲ့သူငယ်ချင်းနှစ်ယောက်ဖြစ်ခဲ့ပြီး ကံအကောင်းအကြောကင်းမလှတော့ နှစ်ယောက်ဝေးကွာခဲ့ရပါတယ်။အချစ်တွေများစစ်လာရင် လမ်းက မဖြောင့်ဖြူးတတ်ပါဘူး။ဝေးကွာလိုက်တာမှမဖြစ်နိုင်လောက်တဲ့အထိပါပဲ။လမ်းမရှိတဲ့အမှောင်ထုထဲမှာ အပ်ပျောက်ရှာပုံတော်ဖွင့်နေရသလိုပါပဲ။ကိုဗဒင် ရဲ့ နေရာ(၂)သီချင်းထဲကလိုပဲပေါ့"ရောက်လာချိန်မှာတော့ အဆင်သင့်ဖြစ်အောင်အမြဲတမ်းပဲရှင်းလင်းထားပါတယ်" တဲ့။ဒီစာသားလေးထဲကလိုပဲ အချိန်တွေဘယ်လောက်ကြာကြာ တစ်ဦးတည်းသောသူအတွက် ပြန်လာလို့ရအောင် နှလုံးသားတစ်ခါးကိုဖွင့်ထားတတ်ကြပါတယ်။ ကမ္ဘာကြီးကကျဉ်းကျဉ်းလေးဆိုပေမယ့်တကယ့်တကယ် ချစ်သောသူနှစ်ယောက်ဝေးကွာတဲ့အခါမှာတော့ ကမ္ဘာကြီးကထင်သဘောလည်းကျဉ်းမနေပါဘူး။ဂျန်နူးနဲ့ဆီနူးတို့နှစ်ယောက်ရဲ့ ကံတရားကဘယ်လိုများအကြောင်းဖန်လာမှာလဲ။ကျွန်တော်ကတော့ တော်တော်လေးကိုသဘောကျဖို့ကောင်းတယ်လို့ပဲပြောပါရစေခင်ဗျာ။ File size… 2.7 GB / 1.3 GB Quality… WEBRip 1080p / 720p Format… mp4 Duration…. 2h ...
movie
Hello! (2017)
2017
7.3
Shankar’s I(2015)
I 2015 ခါးကုန်းကြီး Imdb 7.4ခါးကုန်းကြီးဆိုပြီးလူသိပိုများတဲ့ တစ်ခေတ်တစ်ခါကနာမည်ကြီးရုံတင်ကားကို ကြည့်ရှုသူများရဲ့တောင်းဆိုမှုများကြောင့် ပြန်လည်တင်ဆက်ပေးပါရစေဇာတ်လမ်းအစမှာတော့ မျက်နှာကကြောက်ဖို့ကောင်းအောင် အဖုအထစ်တွေနဲ့ ခါးကုန်းကြီးတစ်ယောက်က နာမည်ကြီးမင်းသမီးဖြစ်တဲ့ဒီယာ့မင်္ဂလာဆောင်ကိုခိုးဝင်ပြီး ဒီယာ့ကိုခိုးယူခဲ့ပါတယ် မင်္ဂလာပွဲမှာမင်းသမီးပျောက်သွားလို့ ဗြောင်းဆန်ကုန်ပြီး ရဲတိုင်တဲ့လူကတိုင် ရှာတဲ့လူကရှာနဲ့ပေါ့ ဘာကြောင့်များ ဒီခါးကုန်းကြီးက မင်းသမီးကိုဖမ်းခေါ်သွားတာများလဲအတိတ်ကိုပြန်ကြည့်ရရင် လင်ဂတ်ဆန်ဆိုတာက မစ္စတာတမီလ်နာဒူချန်ပီယံရှစ်ဝင်ပြိုင်ဖို့ ဘော်ဒီကိုဗလတွေထွက်အောင်နှစ်နဲ့ချီလေ့ကျင့်ထားသူတစ်ယောက်ပါ ဒီပွဲကိုဝင်ပြိုင်ဖို့သူ့ရဲ့အတိုက်အခံက ဗလတောင့်တောင့်လူမိုက်တစ်ယောက်ပေါ့ နောက်နှစ်ဆိုအသက်ပြည့်ပြီဖြစ်လို့ ဒီနှစ်တော့သူ့ကိုအနိုင်ပေးဖို့ လင်ဂတ်ဆန်ကိုခြိမ်းခြောက်ရင်း ရန်စရှိခဲ့တဲ့သူတို့၂ယောက်အနေနဲ့ ရှေ့လျှောက်ဘယ်လိုတွေဆက်ဖြစ်ဦးမလဲဒီယာဆိုတာ လင်ဂတ်ဆန်အသည်းစွဲမင်းသမီးတစ်ယောက်ပါ ကြိုက်လွန်းလို့ဒီယာကြော်ငြာသမျှပစ္စည်းမျိုးစုံကို အစုံဝယ်စုဆောင်းထားတတ်ပါတယ် ဒီလိုနဲ့တစ်နေ့ လင်ဂတ်ဆန်က ဒီယာ့ဘော်ဒီဂတ်ဖြစ်ဖို့အကြောင်းဖန်လာပြီး ကြော်ငြာအတူရိုက်ကူးရင်းနဲ့ ထိပ်တန်းမင်းသားထက်ကျော်လွန်လာတော့ ဒီမင်းသားကသူ့အပေါ်ထားမဲ့အမုန်းတရားတွေ။။ဒီလိုနဲ့ လင်ဂတ်ဆန်ကိုမုန်းကြတဲ့လူတစ်သိုက်ပေါင်းမိသွားပြီး လင်ဂတ်ဆန်ကိုကလဲ့စားချေဖို့ဖြစ်လာတဲ့အခါမှာတော့။။ အားရကျေနပ်ဖို့ကောင်းတဲ့ လက်စားချေမှုတွေကြား ရှုစားလိုက်ကြပါဦး( အညွှန်းကိုတော့ Yunni ကရေးသားထားပြီး ဘာသာပြန်ကတော့ CM ပဲဖြစ်ပါတယ် ) File size…5.59GB / 2.49GB Quality…WebRIp Uncut 1080p / 720p Format…mp4 Duration….3h 8min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM
movie
Shankar’s I(2015)
2015
7.3
Extra Ordinary Man (2023)
Extra Ordinary Man (2023) "တမူထူးတဲ့ ဘူလူ" =====================================အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် IMDb 7.3 ရရှိထားတဲ့ တေလဂူးစကားပြော အက်ရှင်ဒရာမာရုပ်ရှင်လေး တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်မှာ Vikram Vedha ထဲက ရီသိက်လိုလို ပွတ်ရှ်ပါထဲက အာလူးအာဂျွန်လိုလိုဒီဇိုင်းကာလာနဲ့မင်းသားက ဇာတ်လိုက်ဇာတ်ကောင် အာဘီနေးအဖြစ် သရုပ်ဆောင်ထားတာပါ။အာဘီနေးဆိုတဲ့ တက်သစ်စအနုပညာသမားလေးဟာ ငယ်ငယ်ကတည်းက ဇာတ်လိုက်မင်းသားဖြစ်ချင်ခဲ့ပေမဲ့ တချို့ရုပ်ရှင်ကားကြီးတွေရဲ့ ဘက်ဂရောင်းတွေမှာသာ မထင်မရှားပါဝင်ရင်း မင်းသားဖြစ်ဖို့ အခွင့်အရေးကို စောင့်စားနေသူပါ။သူဟာ ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ ကြိုးစားနေရင်း တစ်နေ့မှာ သူဌေးမတစ်ယောက်က သူ့ကိုသဘောကျသွားပြီး ဇာတ်လိုက်ဖြစ်ဖို့ အခွင့်အရေးရခါမှ မမျှော်လင့်တာတွေဖြစ်ပျက်ရင်း ဘဝတဆစ်ချိုး ပြောင်းလဲသွားပါတော့တယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…4.03GB / 1.8GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 37mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie
Extra Ordinary Man (2023)
2023
7.2
Gaalodu(2022)
Gaalodu (2022) IMDb 7.3/10 (2K)အခုတစ်ခါမှာတော့ တေလဂူကားကောင်းလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ရာဂျူးဟာ ခပ်မိုက်မိုက်နေတတ်ပြီး သူမှန်တယ်ထင်ရင် ဘယ်သူ့ကိုမှလည်း ဂရုမစိုက်သလို သူ မလုပ်ရဲတာလည်း ဘာမှမရှိပါဘူး။ဇာတ်လမ်းအစမှာ ရာဂျူးဟာ လူသတ်မှုနဲ့ထောင်ကျနေခဲ့ပါတယ်။ ထောင်ကျတာ တစ်ရက်တောင်မရှိသေးဘူး ရဲအရာရှိကို ရိုက်လွှတ်လိုက်ပါတယ်။ ဒီလိုနဲ့ ထောင်တွင်း နာမည်ကြီးသွားပြီး ထောင်သားတွေ လေးစားရတဲ့သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ငယ်ငယ်ရွယ်ရွယ်နဲ့ လူသတ်ပြီး ထောင်ကျခဲ့ရတဲ့ ဒီလိုလူအတွက်အချစ်နဲ့စစ်ရဲ့ အဓိပ္ပါယ်သတ်မှတ်ချက်တွေဟာ ဘယ်လိုဖြစ်နေမလဲ ဆိုတာကတော့....။ သူထောင်သားတွေကို ပြောပြမယ့် နောက်ကြောင်းနဲ့အတူ ထပ်မံကြည့်ရှုပေးပါဦးနော်။ File size…1.94GB / 937MB Quality…1080p TRUE WEB DL /720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Khin Khin~BpL~Taylor
movie
Gaalodu(2022)
2022
7.6
Ammu (2022)
Ammu (2022) 7.3/10 IMDb"အိမ်ထောင်ပြု ဘုရားတည် ဆေးမှင်ရည်စုတ်ထိုး ဤသုံးမျိုးချက်မပိုင် နောင်ပြင်ရန်ခက်သည့်အမျိုးတဲ့" အားလုံးသိကြတဲ့အတိုင်း မိဘပေးစားသူနဲ့ယူကြရတာမျိုးဟာ အိန္ဒိယမှာယနေ့အထိတိုင်ရိုးရာတစ်ခုလိုရှိနေဆဲပါ... ချစ်လို့ခင်လို့အိမ်ထောင်ပြုကြတာမှန်ရင်တောင် လူဆိုတာပြောင်းလဲတတ်တဲ့အမျိုးပါ... ဇာတ်လမ်းလေးကိုနည်းနည်းပြောရရင်...သူ့နာမည်က အမ်မူတဲ့၊ အကောင်းမြင်တတ်ပြီး ပျော်ပျော်နေတတ်တဲ့ မိန်းမလှလေးတစ်ယောက်ပေါ့။ အရွယ်ရောက်လာတော့ မိဘတွေ စီစဥ်ပေးတာကို လက်ခံပြီး ရာဗီဆိုတဲ့ ရဲအရာရှိတစ်ယောက်နဲ့ လက်ထပ်ခဲ့တာ။ သို့ပေမယ့် ဒီအိမ်ထောင်ရေးက ဒီလောက် ကြောက်စရာကောင်းတဲ့ ငရဲဖြစ်မယ်မှန်းလည်း အမ်မူ ကြိုမတွေးနိုင်ခဲ့။သူဒီလို မွန်းကြပ်စရာ၊ ကြောက်လန့်စရာ အခြေအနေကနေ ဘယ်လိုကြိုးစားပြီး ရုန်းထွက်ခဲ့လဲဆိုတာကို အသားပေး ရိုက်ပြထားတာပါ။ အမ်မူ တကယ်ရော ဒီအိမ်ထောင်ရေးကနေ ရုန်းထွက်နိုင်ခဲ့ရဲ့လား။ မထင်မှတ်ထားတဲ့ ဇာတ်အိမ်အလှည့်အပြောင်းတွေနဲ့ အမ်မူရဲ့ Character Development ကိုလည်း ရင်တမမနဲ့စောင်ကြည့်ရမှာမို့ ၂၀၂၂ ရဲ့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ကောင်းလို့ ညွှန်းလိုက်ပါတယ်ဗျာ။ File size…1.6GB / 788MB Quality…1080p WEB DL /720p Format…mp4 Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & OeliuJ & Hay Man
movie
Ammu (2022)
2022
8.3
Bujji… Ila Raa (2022)
Bujji Ila Raa ( 2022 ) IMDb 8.3/10ဒီတစ်ခေါက်မှာတော့ မှုခင်းရုပ်ရှင်တွေမှကြိုက်တယ်ဆိုသူတွေအတွက် နောက်ထပ်Teluguမှုခင်းဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ဝါရန်ဂယ်လို့ခေါ်တဲ့မြို့တစ်မြို့မှာ ပြန်ပေးဆွဲမှုတွေဟာ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ ပြန်ပေးဆွဲခံရသူတွေကလည်း အသက်ရှစ်နှစ်အရွယ်မိန်းကလေးတွေချည်းပါပဲ။စီအိုင်ရဲအရာရှိ ကီရှိုးနဲ့မိသားစုဟာလည်း အဆိုပါမြို့ကိုပြောင်းရွေ့လာရတဲ့အတွက် အရာရှိကီရှိုးတစ်ယောက် ပြန်ပေးဆွဲမှုတွေကိုစုံစမ်းစစ်ဆေးရပါတော့တယ်။ ပြန်ပေးဆွဲခံရတဲ့ကလေးအရေအတွက်ဟာလည်း တစ်စထက်တစ်စပိုများလာခဲ့ပြီး အလောင်းတွေကိုပါတွေ့ရှိလာရပါတယ်။ ရင်ခွဲစစ်ဆေးကြည့်တဲ့အခါ နှလုံးတွေကိုပဲထုတ်ယူထားတာတွေ့ရှိရတဲ့အတွက် ကိုယ်တွင်းကလီစာမှောင်ခိုမှုတွေနဲ့များ ဆက်စပ်လေမလားဆိုပြီး အရာရှိကီရှိုးတစ်ယောက် ဦးနှောက်ခြောက်ရပြန်ပါတယ်။ ပြန်ပေးသမားတွေရဲ့နောက်ကွယ်မှာ ဘာတွေများရှိနေတာလဲ ...မြို့ကကလေးတွေရဲ့အန္တရာယ်ကိုရော ဖယ်ရှားပေးနိုင်ပါ့မလား ... ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး ဇာတ်လမ်းရဲ့အလယ်လောက်မှာ မထင်မှတ်ထားတဲ့လှည့်ကွက်တွေနဲ့ အံ့အားသင့်စေဦးမှာပါ... ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ရင်ခုန် ကြည့်ရှုပေးကြပါဦး။ File size…2.2GB / 1.1GB Quality…1080p WEB DL /720p Format…mp4 Duration….2h Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Thet Ko & OeliuJ & Hay Man
movie
Bujji… Ila Raa (2022)
2022
5.9
Saakini Daakini (2022)
ကောင်မလေးနှစ်ယောက်ရှိတယ် သူတို့က ရဲသင်တန်းကျောင်းမှာ ကျောင်းလာအပ်ရင်းနဲ့ ဆုံကြတာ နှစ်ယောက်သားက စစဆုံကတည်းက ဘယ်လိုမှမတည့်ကြဘူး မတည့်တဲ့သူနှစ်ယောက်က အဆောင်မှာကျတော့လည်း အခန်းအတူတူကျပြန်ရောကြောင်နဲ့ကြွက် သူတို့နှစ်ယောက် သင်တန်းဆင်းနေရင်းနဲ့ တစ်ယောက်ကိုတစ်ယောက် အမြဲ ချောက်တွန်း၊ ချောက်ချကြရင်း ခင်မှန်းမသိ ခင်လာကြတာပေါ့အဲဒီလိုနဲ့ သူတို့တွေ လက်တွေ့ကွင်းဆင်းရမယ့် အချိန်ကိုရောက်လာပြီး တစ်ရက် သူတို့ရဲ့ အိမ်ပြန်လမ်းမှာ ကောင်မလေးတစ်ယောက် ပြန်ပေးဆွဲခံရတာကို မြင်လိုက်ရတယ်ကောင်မလေးရဲ့ နောက်ကြောင်းကို စုံစမ်းကြည့်တော့ ကောင်မလေးက မိသားစုမရှိတဲ့ တစ်ကောင်ကြွက်အဲဒီမှာ သူတို့သိသွားတာက အဲဒီပြန်ပေးဆွဲသမားတွေက မိသားစုမရှိတဲ့ မိန်းကလေးတွေကိုပဲ ပစ်မှတ်ထားပြီး ဖမ်းနေတယ်ဆိုတာပဲ ဘာလို့ဆို မိသားစုမရှိတော့ သူတို့အတွက် တိုင်ချက်ဖွင့်မယ့်သူလည်းမရှိဘူးလေ တိုင်ချက်တွေမရှိတော့ အဲဒီဒုစရိုက်ဂိုဏ်းကြီးရဲ့လုပ်ရပ်ကို သိသူလည်းမရှိတော့ဘူးပေါ့အဲဒါကို စုံစမ်းဖော်ထုတ်မှာက ဒီလေ့ကျင့်ရေးဆင်း မိန်းကလေးနှစ်ယောက်ပေါ့ ရဲအစစ်မဟုတ်သေးတဲ့ သူတို့နှစ်ယောက်.. ဒုစရိုက်ဂိုဏ်းအကြီးကြီးကို ဘယ်လိုဖော်ထုတ်အရေးယူမလဲ အဲဒီဒုစရိုက်လုပ်ငန်းကရော ဘာကြောင့် မိန်းကလေးတွေကိုပဲ ဖမ်းနေတာလဲဆိုတာ ဒီဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ် ဟာသအနှောလေးနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…1.9GB / 914MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Kko & BpL & Sora
movie
Saakini Daakini (2022)
2022
6.3
Gangster Gangaraju (2022)
Gangster Gangaraju (2022)========================== ဒယ်ဗာလန်ကာလို့ခေါ်တဲ့မြို့လေးတစ်မြို့ကို ဘာဆီရက်ဒီနဲ့ ဆစ်ဟပ်ပါလို့ခေါ်တဲ့ဂန်းစတားနှစ်ယောက်ကအုပ်စိုးလျက်ရှိပါတယ် သူတို့ရဲ့ဆရာကြီးဥပဒေအရာရှိ ဆီဗာရက်ဒီကွယ်လွန်ပြီးနောက်မှာ သူတို့ကတရားဝင်နိုင်ငံရေးအာဏာမှာ ပါဝါတည်ဆောက်ယှဉ်ပြိုင်ကြပြီး ဗိုလ်လုဖို့ကြိုးစားကြပါတော့တယ်ဒယ်ဗာလန်ကာမြို့မှာလည်းသူတို့ကိုဘယ်သူမှမလှန်ရဲဘဲ ပြည်သူတွေက ရွံကြောက်ကြီးဖြစ်နေပါတော့တယ် ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်မင်းသားဖြစ်တဲ့ ဂန်ဂါရာဂျူးကတော့ အဲ့ဒီမြို့လေးမှာ အပေါင်းအသင်းတွေနဲ့ပရုတ်ကျနေတဲ့ ဂျစ်ပစီလေးတစ်ယောက်ပဲဖြစ်ပါတယ်ဥမာဒေဝီလို့ခေါ်တဲ့မင်းသမီးဖြစ်တဲ့ ရဲမေအချောလေး ရောက်ရှိလာချိန်မှာတော့ မင်းသားကသူ့သူငယ်ချင်းတွေနဲ့အကူအညီနဲ့နောက်ပိုးပါတော့တယ် တနေ့မှာမင်းသားက သူ့အဖေကိုစော်ကားတာကြောင့် ဆစ်ဟပ်ပါရဲ့လူတွေကိုဆော်လွှတ်လိုက်ရာမှ ဂန်းစတားအာဏာရှင်တွေရဲ့လက်အောက်မှာခံစားနေရတဲ့လူထုကြီးက အုံကြွလာကာမင်းသားကို ဆရာ့ဆရာကြီးထင်ပြီးထောက်ခံမြှောက်စားပါတော့တယ် ဒီလိုနဲ့ဆရာ့ဆရာကြီးလို့ ပြည်သူတွေကရော ချစ်ရည်းစားရဲမေလေးကပါအထင်ခံရတဲ့အချိန် ဂန်းစတားတွေရဲ့စစ်ပွဲကြားထဲအာဏာပါဝါတွေလုတာရောကြားမှာ မင်းသားကဘယ်လိုဖြေရှင်းကိုင်တွယ်မလဲဆိုတာ .................... ဒီကားမှာ သူငယ်ချင်းတွေရဲ့ကူညီပံ့ပိုးပေးမှုတွေ ဟာသရောနှောကာ ပျော်ရွှင်မြူတူးစရာကောင်းပေမဲ့ တဖက်မှာအာဏာရှင်တွေလက်အောက်ကဘဝတွေ ရက်စက်ကြမ်းကြုတ်မှုတွေကိုပါ ဖော်ကျူးရိုက်ကူးထားတာမို့ ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းဖြစ်ပါတယ်.......... File size…2.25GB / 1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Kevin & Kham Mon & Yunni & Khai & Honeyey
movie
Gangster Gangaraju (2022)
2022