Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Saravanan
6.9
Raayan (2024)
Raayan (2024) "ရာယန်"IMDb 6.9CM ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိလာတဲ့ တမီးလ် action ဇာတ်ကြမ်း ရုံကားအသစ်လေးကို မိုးလင်းလင်းချင်း မနှေး/အမြန် တင်ဆက်ပေးလိုက်ပါတယ်နာမည်ကျော် မင်းသား Dhanush ရဲ့ ကားငါးဆယ်ပြည့်ရုပ်ရှင်ဖြစ်ပြီး သူကိုယ်တိုင် ဇာတ်ညွှန်းရေးကာ ဒါရိုက်တာလုပ် အစွမ်းပြထားတဲ့ ဒီရုပ်ရှင်ဟာ ရုံတင်ငွေ ၁၅၈ ကုဋေ ရရှိထားပါတယ်ဇာတ်လမ်းအကျဥ်းကိုပြောရရင် ရာယန်ဟာ ညီငယ်နှစ်ယောက်ဖြစ်သူ မူတူးနဲ့ မာနီကမ်၊ အချစ်ဆုံး ညီမလေး ဒူရ်ဂါတို့ရဲ့ အစ်ကိုကြီးဖြစ်ပြီးအဖေအမေတို့စွန့်ပစ်သွားကတည်းက ရွာကနေမြို့ကို ညီလေးညီမလေးတွေ လက်ဆွဲခေါ်လာကာ ကြုံရာစား ရရာလုပ်ရင်း လူစည်ကားတဲ့ မုန့်ဆိုင်တစ်ဆိုင်ဖွင့်နိုင်တဲ့ ဘဝရောက်လာပါတယ်ညီလတ်ဖြစ်သူ မူတူးက အရက်မူး သွေးဆိုးကာ ပြဿနာရှာတတ်သူဖြစ်ပြီး ညီငယ် မာနီကမ်ကတော့ လိမ္မာတဲ့ ကောလိပ်ကျောင်းသားလေးပါတုန်နေအောင်ချစ်ရတဲ့ ညီမအငယ်ဆုံးလေးကို လက်ထပ်ပေးနိုင်ဖို့နဲ့ မူတူးစရိုက်ကို ပြုပြင်ပေးနိုင်ဖို့ပဲ ပဓာနထားတဲ့ ရာယန်...တစ်နေ့မှာတော့ ဒူရိုင်နဲ့ ဆီသူ ဆိုတဲ့ လူမိုက်ဂိုဏ်းခေါင်းဆောင်နှစ်ယောက်နဲ့ ပတ်သက်မိရာမှ ဖြူစင်ရိုးသားတဲ့ သူတို့ဘဝတွေ အကျင့်ပျက် ဒုစရိုက်ပတ်ဝန်းကျင်ကြောင့် အရောင်နွမ်းမယ့်အရေး... အစ်ကိုကြီးတစ်ယောက်အနေနဲ့ ဘယ်လိုကယ်ထုတ်သွားနိုင်မလဲ ဆိုတာကတော့ ...အညွှန်းနဲ့ ဘာသာပြန်ကတော့ ...
movie
Raayan (2024)
5.3
Aranmanai (2014)
Aranmanai (2014) "ကျိန်စာသင့်ကလဲ့စား"IMDb 5.3ရုံတင်ငွေ သန်း ၂၂၀ ရခဲ့တဲ့ နာမည်ကြီး တမီးလ် ဟာသသရဲကား လေးကားမှ ပထမဆုံးရုပ်ရှင်ကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်မြို့စွန်တစ်နေရာက ခမ်းနားလှတဲ့ ဘိုးဘွားပိုင်စံအိမ်ကြီးတစ်လုံးရှိတယ် ဘယ်သူမှမနေတာကြာပြီဖြစ်တဲ့ ဒီအိမ်ကြီးကို အိုက်ယာနာ ဆိုသူက ဝယ်ဖို့လုပ်လာတော့စံအိမ်ကြီးရဲ့ အမွေခံသားသမီးသုံးယောက်ရဲ့ သဘောတူလက်မှတ်ရဖို့ လူလိုက်စုရတယ် တစ်ချိန်က မခေါ်မပြောတဲ့ မောင်နှမတွေလည်း အိမ်ကြီးကို ပြန်လာရတာရှိသလို ဘယ်ကမှန်းမသိတဲ့ စံအိမ်ပိုင်ရှင်အဘိုးကြီးရဲ့ မယားငယ်ရဲ့ မြေးဆိုသူကလည်း ပေါ်လာပါလေရောအမျိုးတွေစုံစုံလင်လင် စုဝေးနေတဲ့ အိမ်ကြီးမှာ ထူးဆန်းတဲ့ သဘာဝလွန်ခြောက်လှန့်မှုတွေ ဆက်တိုက် ကြုံလာရတဲ့အခါမှာ အိမ်ကိုရောင်းဖို့အရေး တစ္ဆေမရဲ့ အတိတ်ဇာတ်လမ်းကို အားလုံးပြန်လည်တူးဖော်ဖို့လုပ်ရင်းက …ဘယ်လိုတွေဆက်ဖြစ်မှာလဲ တမီးလ်သရဲကားတို့ရဲ့ ထုံးစံအတိုင်း အကြောက်တစ်ခါ အဖောက်တစ်လှည့်တင်ဆက်ထားတဲ့ ဇာတ်လမ်းလေးကို အားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ V ~ ToMo ~ Yunni ~ Zwe Yan ~ KKKZ တို့ ဖြစ်ပါတယ် File size… 4.74GB / 2.23GB Quality…WEB ...
movie
Aranmanai (2014)
2014
7.4
Lover (2024)
Lovers (2024) "တစ်စစီကျိုးပဲ့"IMDb 7.3 ရထားတဲ့ တမီးလ် ရိုမန့်ဇာတ်လမ်း ဖြစ်ပြီး မြင်နေကျ အချစ်ကားတွေလို ပေါ့ပေါ့ပါးပါး အပြောင်အပျက်တွေ သိပ်မပါပဲ အမှန်အကန်ဆွေးလို့ရမယ့် ဇာတ်လမ်းလေးလို့ ညွှန်းချင်ပါတယ်ဇာတ်လမ်းကတော့ အာရွန်က အင်ဂျင်နီယာဘွဲ့ရ/ အလုပ်မရှိ/ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ ကြံရွယ်နေပြီး ကောလိပ်ကတည်းက တွဲခဲ့တဲ့ ချစ်သူကောင်မလေး "ဒီဗယာ" ကတော့ အိုင်တီအလုပ်တစ်ခု လုပ်နေသူပါအာရွန်က တစ်ခုခုဆို မူးရူး ရမ်းကား၊ သဝန်တိုတတ်ပြီး ဒီဗယာ့ကို မကြာခဏ ပြဿနာရှာတတ်ပေမယ့် ဒီဗယာကတော့ ချစ်သူကို အစစအရာရာ သည်းခံ "I can fix you" ဆိုတဲ့ မိန်းကလေးပေါ့မတူညီတဲ့ နောက်ခံ၊ စရိုက်အပြုအမူတွေကြောင့် တစ်ကြောင်း၊ သူ့ကောင်မလေးနားက အောင်မြင်နေတဲ့ ယောကျာ်းလေးအပေါင်းအဖော်တွေကို မနာလိုတာကြောင့်ရယ်...ပြဿနာတွေတက်လိုက် ပြန်အဆင်ပြေသွားလိုက် ငိုတစ်လှည့် ရယ်တစ်ခါ.... များလှတဲ့ မညီမျှခြင်းတွေက သူတို့နှစ်ယောက်ရဲ့ အချစ်ကို အကြိမ်ကြိမ် စမ်းသပ်ရင်း သူတို့နှစ်ယောက် ဒီလိုစိန်ခေါ်မှုတွေကို ဆက်လက်ရင်ဆိုင်နိုင်မှာလား၊ အရှိတရားကို မလွန်ဆန်နိုင်ပဲ မျက်ရည်စများကသာ အဆုံးသတ်လား ဆိုတာကတော့....အညွှန်းနဲ့ ဘာသာပြန်ကတော့ ...
movie
Lover (2024)
2024
7.6
Aayiram Porkaasugal (2023)
Aayiram Porkaasukal (2023) "ရွှေဒင်္ဂါးတစ်ထောင်"========================================စီအမ်ပရိသတ်တွေအတွက် ခွီလည်းခွီ ရယ်လည်းရယ်ရတဲ့ IMDb 7.7 ရ တမီလ်စကားပြော တောင်ပိုင်း ကျေးလက်ဟာသရုပ်ရှင်လေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။အိန္ဒိယနိုင်ငံတောင်ပိုင်းမှာရှိတဲ့ ထရီချီဆိုတဲ့မြို့နားက ရွာလေးတစ်ရွာမှာ အိမ်ထောင်စု ၃၄၄ စုရှိပါတယ်။ အဲဒီရွာထဲမှာ အားလုံးက အလုပ်လုပ်ကြပေမဲ့ အန်နီမူသူဆိုတဲ့လူကတော့ အစိုးရက အလကားပေးတာတွေကိုပဲ ဂုံးဆင်းရှင်သန်ရင်း ဟင်းစားလိုရင်တောင် ဘေးအိမ်ကကြက်ကိုပဲ ခိုးဖမ်းချက်စားတဲ့ လက်ကြောမတင်း အလုပ်မလုပ်သူလူပျိုကြီးပါ။တစ်နေ့မှာတော့ သူ့ဆီကို သူ့ရဲ့ညီမက တခြားရွာမှာပြဿနာရှာထားတဲ့ သားဖြစ်သူသမီးလ်ကို အန်နီမူသူ့ဆီ အားကိုးတကြီးနဲ့ လာပြီး အပ်သွားခဲ့ပါတယ်။ သူ့ရဲ့တူတော်မောင် သမီးလ်ကတော့ ယဉ်ကျေးလိမ္မာကောင်လေးဖြစ်ပြီး ဦးလေးကိုလည်း ရိုသေကာ ရွာထဲကအပျိုတွေ အသားလွတ်ဝိုင်းကြိုက်တာခံရတဲ့ ရွာရဲ့စော်ကြည်ဘဲပေါ့။ဒီလိုနဲ့ သူတို့ရွာမှာ အစိုးရရဲ့ စီမံကိန်းနဲ့ အိမ်တိုင်းမှာ အိမ်သာဆောက်ဖို့ တွင်းတွေတူးကြရင်း အန်နီမူသူရဲ့တွင်းထဲကနေ ရွှေဒင်္ဂါး ၁၀၀၀ ပါတဲ့ မြေအိုးတစ်လုံးကို ရှာတွေ့ရာကနေ တစ်ရွာလုံး တစ်ယောက်တပေါက်နဲ့ တလွဲတွေဖြစ်ကြပါတော့တယ်...။(ဒီရုပ်ရှင်အတွက် ...
movie
Aayiram Porkaasugal (2023)
2023
Naan Kadavul Illai (2023)
Naan Kadavul Illai 2023 (သို့) တစ်ကျော့ပြန်ကလဲ့စားကြမ်းကြမ်းရမ်းရမ်း တမီလ်ကားတွေကြိုက်တဲ့ စီအမ်ပရိသတ်ကြီးအတွက် Leoမင်းသားကြီးဗီဂျေးရဲ့အဖေ ဒါရိုက်တာ SAC ရိုက်ကူးပုံဖော်ပြီး တမီလ်မင်းသားကြီး Samuthirakani ပါဝင်ထားတဲ့ အက်ရှင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ IMDb 8.6ရထားပြီး critic review ကောင်းတွေလည်းပိုင်ဆိုင်ထားတာဆိုတော့ revenge dramaကြိုက်သူတွေ လက်မလွတ်သင့်တဲ့ရုပ်ရှင်ကားတစ်ကားပါပဲ။ဗီရာပန် ၅ နှစ်တာကာလအတွင်း လူသတ်မှု ၉ မှုကို လက်မရွံ့တမ်းကျူးလွန်ခဲ့တဲ့ နာမည်ကြားရုံနဲ့ လူတကာကြောက်ရတဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်၊ နိုင်ငံရေးအဆက်အသွယ်တွေလည်းရှိတော့ တော်ရုံလူမထိရဲတဲ့အပြင် သက်သေတောင်လာမထွက်ရဲကြတဲ့အထိ ဩဇာညောင်းတဲ့ ရာဇဝင်ထဲကလူမိုက်ကြီးပေါ့။ဒါပေမဲ့ တောင်တစ်လုံးထက် နောက်တောင်တစ်လုံးက ပိုမြင့်နေတတ်တယ်ဆိုတဲ့အတိုင်း ရာဇဝင်လူဆိုးကြီး ဗီရာပန်ကို လက်ရဖမ်းဆီး သက်သေအခိုင်အလုံနဲ့ ရုံးတင်ပြီး တစ်သက်တစ်ကျွန်းကျအောင် လုပ်နိုင်တဲ့ အင်စပက်တာကြီးဆန်သိုရန်ဖြစ်ချင်တော့ဗီရာပန်တစ်ယောက် ထောင်ဖောက်ပြေးပြီးတော့ သူ့ကိုထောင်ဒဏ်တစ်သက်တစ်ကျွန်းကျအောင်လုပ်ခဲ့တဲ့ တရားသူကြီးတွေ ရှေ့နေတွေနဲ့အတူ အဓိကရန်သူတော်ကြီးဆန်သိုရန်ကို တစ်ချိန်ကကြုံးဝါးခဲ့တဲ့အတိုင်း ချွန်းဖွင့်ပြီး လက်စားချေဖို့ပြန်လာတဲ့အခါမှာတော့....လယ်ပြင်မှာကျားနဲ့ဆင်တို့တွေ့ကြသလို သူသေကိုယ်သေတိုက်ခိုက်ကြမယ့် ဆန်သိုရန်နဲ့ဗီရာပန်တို့ ဘာဆက်ဖြစ်ကြမလဲ။ အရှင့်ဆီကို ...
movie
Naan Kadavul Illai (2023)
7.5
Jailer (2023)
Jailer (2023) IMDb-7.5/10ရူပီသန်းပေါင်း၂၄၀ဝန်းကျင် အသုံးပြုရိုက်ကူးထားပြီး ရူပီ၆၃၅သန်းပြန်လည်ရရှိခဲ့တဲ့ မင်းသားကြီးရာဂျ်နီကန့်သ်ရဲ့ ရုပ်ရှင်ကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ်။ဟာသမင်းသားကြီး ရိုဂီဘာဘူလည်း ပါဝင်အားဖြည့်ထားပါတယ်။ အကြည်ဗားရှင်းထွက်တာ အချိန်တစ်ခုကြာပြီဖြစ်ပေမယ့် ရုပ်သံစာတန်းထိုးမှန်အောင်စောင့်ဆိုင်းနေခဲ့တဲ့အတွက် စီအမ်ဘောလိဝုဒ်ပရိသတ်ကြီးကိုအနူးအညွတ်တောင်းပန်အပ်ပါတယ်။ဖြောင့်မတ်မှန်ကန်တဲ့အရာရှိတစ်ယောက်ဆိုတာ နာမည်တစ်ခုတင်ကျန်ရစ်တတ်ပေမယ့် အတိုက်ခိုက်ခံရ ပေးဆပ်လိုက်ရတာတွေကတော့ ရှိနေတတ်တာဓမ္မတာပါပဲ။ မင်းသားကြီးရာဂျ်နီကန့်သ်က ဇနီးဖြစ်သူရယ် သားရယ် ချွေးမရယ် မြေးလေးရယ်နဲ့ အငြိမ်းစားထောင်မှူးကြီးဘ၀ကို ငြိမ်းချမ်းစွာဖြတ်သန်းနေသူတစ်ယောက်။သားဖြစ်သူကိုလည်း ဖြောင့်မတ်မှန်ကန်တဲ့အရာရှိတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ခဲ့သူ။ တစ်ရက်မှာတော့ ဘုရားကျောင်းရုပ်တုတွေပျောက်ဆုံးမှုကို စုံစမ်းဖော်ထုတ်နေတဲ့ သားဖြစ်သူ ပျောက်ချင်းမလှပျောက်သွားရာကစ အသတ်ခံလိုက်ရတာကိုသိလိုက်ရပါတယ်။ အဲဒီမှာပဲ အေးချမ်းတဲ့ဘ၀လေးကနေ သားကိုသတ်ခဲ့တယ်လို့သိရတဲ့ လူဆိုးဂိုဏ်းကို လက်စားချေအမြစ်ဖြတ်သုတ်သင်ဖို့ကြိုးစားတဲ့နောက်မှာတော့ ထင်မှတ်မထားတဲ့အမှန်တရားတွေ အသတ်အဖြတ်ကြမ်းကြမ်းရမ်းရမ်းတွေကို ကြည့်ရှုခံစားကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~V~YH~Cherry~Zwe Yan~BpLတို့ပဲဖြစ်ပါတယ်) File size…9.4GB/ 3.16GB / 1.2GB Quality…WEB-DL 4K HEVC/1080p/ 720p Format…mp4 Duration….2h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~V~YH~Cherry~Zwe Yan~BpL
movie
Jailer (2023)
2023
4K HEVC
7.4
Nenjuku Needhi (2022)
“လူသားအားလုံး သာတူညီမျှ ဖြစ်သွားရင် ဘယ်သူက အုပ်ချုပ်မင်းလုပ်မှာလဲ…တဲ့ လူသားအားလုံးဟာ သာတူညီမျှ အခွင့်အရေးရသင့်ကြောင်း တွေးခေါ်နိုင်စွမ်းရှိတဲ့သူပေါ့ဗျာ”ကမ္ဘာအနှံ့မှာ လူ့အခွင့်အရေးအရ သာတူညီမျှဖြစ်နိုင်ဖို့ ယနေ့ထိတိုင် Ideology Revolution တွေ ဆင်နွှဲနေရဆဲပါ။ ပဒေသရာဇ်စနစ်တော်လှန်ရေးမှစပြီး ယနေ့ LGBTQ+ အခွင့်အရေးတွေအထိ ကျွန်တော်တို့ လူသားတွေ တော်လှန်ခဲ့ကြရာ သာတူညီမျှ အခွင့်အရေးရှိတဲ့ လူ့အဖွဲ့အစည်းဟာ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာခဲ့ပါပြီ။ သို့ပေမဲ့ ကျွန်တော်တို့နိုင်ငံအပါအဝင် ကမ္ဘာ့ဒေသတချို့မှာလည်း ခွဲခြားဆက်ဆံခံရမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ အဲ့ဒီအထဲကမှ အိန္ဒိယနိုင်ငံဟာ လူတန်းစားခွဲခြားမှုကြီးမားပြီး ဇာတ်နိမ့်၊ ဇာတ်မြင့် စသဖြင့် အမျိုးမျိုး ခွဲခြားဆက်ဆံတဲ့ ပြဿနာဟာ ယနေ့ထိတိုင် ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ အိန္ဒိယနိုင်ငံရဲ့ဇာတ်ခွဲခြားမှုအပေါ် အခြေခံပြီး လူ့အခွင့်အရေးအတွက် လှလှပပ တင်ဆက်ထားတဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ================ ဗီဂျာယာရာဂါဗန်ဟာ နိုင်ငံခြားကနေ ပြန်လာပြီးနောက် အိန္ဒိယနိုင်ငံ ရဲတပ်ဖွဲ့မှာ စတင်တာဝန်ထမ်းဆောင်မယ့် ရဲအရာရှိတစ်ယောက်ပါ။ နယ်ဘက်ကို တာဝန်ကျတဲ့အခါမှာတော့ လူတန်းစားခွဲခြားမှုတွေကို သိရပြီး ကသိကအောင့် ဖြစ်ရတာပေါ့။ တာဝန်ထမ်းဆောင်ရင်း တစ်နေ့မှာတော့ ပျောက်ဆုံးနေတဲ့ ဇာတ်နိမ့်အမျိုးသမီးငယ် ၃ ဦးထဲမှာ ...
movie
Nenjuku Needhi (2022)
2022
8.9
Jothi (2022)
IMDb 9.1/10 ရထားတဲ့ တမီးလ်ကားကောင်း Thriller ကားသစ် လေးလာပါပြီ ကမ္ဘာတစ်ဝှမ်းမှာ ကလေးပျောက် ကလေးလူကုန်ကူးခံရမှုတွေ များလာခြင်းမှာ ဂျိုသီတိုမြိုလေးလည်း ခြွင်းချက်မရှိခဲ့ပါဘူး ကိုယ်ဝန်အရင့်အမာကြီးနဲ့ ဂျိုသီက သူမွေးဖွားလာမယ့် ကလေးလေး မတော်တဆ ပြန်ပေးဆွဲခံရရင် ဘယ်လိုလုပ်မလဲလို တွေးပူနေတဲ့မိခင်တစ်ယောက်ဖြစ်နေရာကနေ သူယောကျ်ားဆရာဝန်ဖြစ်သူ အဝေးကို အလုပ်ကိစ္စနဲ့သွားရချိန် တစ်ယောက်တည်းရှိနေတဲ့အချိန်မှာ သူစိတ်ပူခဲ့တဲ့အတိုင်းထက်အလွန် မွေးတောင်မမွေးရသေးတဲ့ကလေးကို အတင်းအကြပ် ဗိုက်ဖွင့်ပြီး ထုတ်ယူပြန်ပေးဆွဲတာကိုခံလိုက်ရပါတယ်ညကြီးမိုးချုပ် မိုးကာဝတ်ပြီး ပညာသည်တစ်ယောက်ရဲ့ လက်ရာအတိုင် း သေသပ်စွာ ဗိုက်ခွဲထုတ်ယူကလေးမွေးပြီး လျှိဝှက်စွာလာရောက် ပြန်ပေးဆွဲသွားတဲ့ တရားခံက ဘယ်သူလဲဆိုတာကို မြိုနယ်ရဲမှူး ရှက်သီနဲ့အဖွဲ အပြင်းအထန်ထုတ်ဖော်ကြရတော့တယ် စစ်ဆေးချက်တွေ သက်သေတွေ မှတ်တမ်းတွေအရ တရားခံဖြစ်နိုင်တဲ့ သံသယရှိသူတွေကို လိုက်ရှာရင်း သံသယရှိသူအရေအတွက်များလာတဲ့အခါ ရဲမှူးရှက်သီရဲ့ မာနကို ထိခိုက်လာသလိုဖြစ်လာတယ်တရားခံသံသယရှိသူတွေရော ဘယ်နှယောက်တိုးလာပြီး တရားခံအစစ်ကဘယ်သူလဲ ရဲမှူးဖြစ်သူရဲ့ မာနထိခိုက်ခံရမှုကို ရဲမှူးက တရားခံကို ဖမ်းပြပြီး အစွမ်းပြနိုင်မှာလား စတာတွေကို အတော်လေး စိတ်ဝင်စားဖွယ် ကြည့်ရမှာပါ Run time လည်း သိပ်မကြာတဲ့အပြင် လူအင်အားများများနဲ့ ခပ်သွက်သွက်လေး ရိုက်ကူးတင်ဆက်ထားတာမို ကြည့်ရတာ တော်တော်မြိုင်ပါတယ် တချိုအပိုင်းလေးတွေတော့ သွေးထွက်သံယိုလေးတွေရှိလို သက်ဆိုင်သူများ သတိထားကြည့်ရင် အဆင်ပြေပါလိမ့်မယ် File size…5.68GB / 1.76GB / 854MB Quality…4k UHD ...
movie
Jothi (2022)
2022
4K HEVC Web-DL
8.4
Gargi (2022)
Drama, Thriller, Mystery IMDb - 8.4 / 10"ခွန်အားနည်းတဲ့ မိန်းမသားတွေရဲ့ဖြစ်တည်မှုဟာ ခွန်အားကြီးတဲ့ ယောက်ျားသားတွေရဲ့ ရှက်ဖွယ်ဖြစ်တဲ့ တဏှာရာဂ လောဘစိတ်တွေထွက်ပေါ်လာဖို့ လက်ယပ်ခေါ်နေတာမဟုတ်... မလုံ့တလုံဝတ်လို့ စော်ကားခံရတယ်ဆိုရင် လုံခြုံပြီး အပြစ်ကင်းတဲ့ ကလေးငယ်လေးတွေကိုရော ဘာကြောင့် လုပ်ရက်ကြတာလဲ...?"ဟုတ်ကဲ့.. ဒီနေ့မှာတော့ အားလုံးရဲ့အချစ်တော် သဘာဝအလှနဲ့ မင်းသမီးလေး စိုင်းပလာဗီရဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်ဒီကားထဲမှာတော့ သူဟာ သာမန်မိသားစုတစ်ခုက သမီးကြီးတစ်ယောက်ဖြစ်ပြီး ကျောင်းဆရာမတစ်ယောက်ဖြစ်ပါတယ်ဒီလိုနဲ့ နေထိုင်လာခဲ့ရင်း လုံခြုံမှုမရှိတဲ့ သူတို့မြို့ထဲ အုပ်စုဖွဲ့ သက်ငယ်မုဒိန်းမှုတစ်ခု ပေါ်ပေါက်လာခဲ့ပါတော့တယ်ထူးဆန်းတာက အဲဒီမုဒိန်းကျင့်မှုမှာ သူ့အဖေဟာ ငါးယောက်မြောက်တရားခံ ဖြစ်လို့နေပါတယ်အဲဒီလိုနဲ့ သူတို့တွေ အမှုရင်ဆိုင်ဖို့ ဖြစ်လာတဲ့အခါမှာတော့....သူ့အဖေဖြစ်သူဟာ အပြစ်မရှိဘဲ ယိုးစွပ်ခံရတာလား ဒါမှမဟုတ် တကယ့်တရားခံအစစ်ပဲလားဆိုတာ မေးခွန်းပေါင်းများစွာနဲ့အပြင်အမှုဖော်ထုတ်မှုတွေကိုလည်း သိချင်စိတ်ပြင်းပြစွာ ကြည့်ရှုရမှာဖြစ်လို့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကားလေးတစ်ကား ဖြစ်ကြောင်း အခုလိုပဲ အညွှန်းရေးသားလိုက်ရပါတယ် File size…4.5GB / 1.7GB / 800MB Quality…4k HEVC WEB DL / 1080p WEB DL / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora & Lwin Htoo ...
movie
Gargi (2022)
2022
4K HEVC Web-DL