Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sara Ali Khan
6
Zara Hatke Zara Bachke (2023)
Zara Hatke Zara Bachke (2023) အိမ်ကလေးတစ်အိမ်IMDb - 6.5/10ဒီနေ့မှာတော့ ဘောလီးဝုဒ်ရဲ့ ထိပ်တန်းနာမည်ကြီး မင်းသားမင်းသမီးတွေနဲ့ ဇာတ်ကားကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ castတွေကတော့ ဆာရာအလီခန်းနဲ့ ဗစ်ကီတို့ဆိုတော့ ထွေထွေထူးထူး မိတ်ဆက်ပေးစရာမလိုလောက်တော့ပါဘူး။ တခြားနာမည်ကြီးcastတွေလည်း ပါတဲ့အပြင် ဆုတွေလည်းရထားတဲ့ ဇာတ်ကားမို့ သေချာပေါက်ကြည့်ရှုရမယ့်ကားလေးပါ။ ဒါ့အပြင် ဘတ်ဂျက် ၄၀ကုဋေသုံးထားတာကို Box office ၁၁၆ ကုဋေ ပြန်ရထားတဲ့ဇာတ်ကားလေးပါ။ကာပူနဲ့ ဆိုမူယာတို့ဟာ မိဘတွေအိမ်မှာနေကြတဲ့ဇနီးမောင်နှံပါ။ တစ်ရက်တော့ နေစရာအိမ်မရှိလို့ သူတို့အိမ်ပေါ်တက်လာတဲ့ ဦးလေးနဲ့အဒေါ်ဖြစ်သူကြောင့် သူတို့အခန်းကိုပေးလိုက်ရပြီး ဧည့်ခန်းမှာ အိပ်ဖို့ဖြစ်လာခဲ့တယ်။ ပြီးရင်လုပ်သမျှ အပြစ်ပြောနေတဲ့ ယောက်ျားရဲ့ အဒေါ်ဖြစ်သူကြောင့် ဆိုမူယာဟာ စိတ်ကျဥ်းကျပ်နေခဲ့ပါတယ်။ ကျောင်းဆရာမ ဆိုမူယာ နဲ့ ယောဂဆရာကာပူတို့ဟာ ရသမျှ ငွေလေးနဲ့ ကွန်ဒိုဝယ်ဖို့လုပ်တော့လည်း ဘတ်ဂျက်နဲ့ မကိုက်ပြန်ပါဘူး။ ဒီလိုနဲ့အလုပ်ကနေ ပြည်သူ့အိမ်ရာစီမံကိန်းအကြောင်း ကြားလာတဲ့ဆိုမူယာဟာ ယောက်ျားကို အဲဒီမှာ အိမ်ဝယ်ဖို့ တိုက်တွန်းတော့တယ်။ ဒါပေမဲ့ယောက်ျားဖြစ်သူကတော့ အိမ်မဝယ်ဘဲ မိဘအိမ်မှာပဲ ဆက်နေချင်နေပါတယ်။ဒီလိုနဲ့ သဘောထားမကိုက်ကြတဲ့နှစ်ယောက်သား အဆင်ပြေသွားမလား။ သူတို့ရဲ့အိပ်မက်အတိုင်း အိမ်ပိုင်လေးရှိလာမှာလား။ ဘာပြဿနာတွေ ကြုံလာမှာလဲဆိုတာကို အိမ်ထောင်ရေးမှာ ကြုံရတတ်တဲ့ ...
movie
Zara Hatke Zara Bachke (2023)
2023
7.5
Ae Watan Mere Watan (2024)
Ae Watan Mere Watan (2024)( Do or Die)IMDb 7.3/10ဒီကားက 1942 ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်းမှာ ဗြိတိသျှနယ်ချဲ့တွေ အိန္ဒိယကိုသိမ်းပိုက်လိုက်တဲ့အချိန် မျိုးချစ်ပုဂ္ဂိုလ်တွေရဲ့ အိန္ဒိယလွတ်လပ်ရေးအတွက် မဆုတ်မနစ် အနစ်နာခံကြိုးစားပုံတွေကို ပုံဖော်ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။"ကြီးမားတဲ့အောင်မြင်မှုက သေးသေးလေးကနေပဲ စတင်တယ်"တစ်ခုကိုလိုချင်ရင် တစ်ခုပေးဆပ်တတ်ရတာမို့ လွတ်လပ်ရေးလိုချင်လို့ အသက်ပေးခဲ့ရသူတွေဒုနဲ့ဒေးဖြစ်နေတဲ့ အင်္ဂလိပ်တွေအုပ်စိုးနေတဲ့ ဗြိတိသျှအင်ပါယာတစ်ခေတ်မှာပေါ့။ အူရှာက အိန္ဒိယဘက်တော်သားဖြစ်ပြီး တစ်အိမ်တည်းနေတဲ့ သူ့အဖေကတော့ အင်္ဂလိပ်ဘက်တော်သားပါ။တရားသူကြီးလည်းဖြစ် အင်္ဂလိပ်တွေက ကားအကောင်းစားကြီးလည်း ချီးမြှင့်ထားတော့ တစ်ဖက်စွန်းရောက်ဖြစ်ပြီး အိန္ဒိယသားတွေရဲ့ လှုပ်ရှားသူတွေဆို ရွံမုန်းနေသူတစ်ယောက်ပေါ့။သတင်းမှန်ပြန်ကြားဖို့နဲ့ ပြည်သူတွေ စိတ်အားထက်သန်လာပြီး တိုင်းပြည်ကို ဖိနှိပ်နေတဲ့ အင်္ဂလိပ်နယ်ချဲ့တွေကို တော်လှန်ဖို့ အူရှာတို့အဖွဲ့ ကွန်ကရက်ရေဒီယိုဆိုတဲ့ ရေဒီယိုအသံလှိုင်းတစ်ခု ထုတ်လွှင့်ဖို့ ကြိုးစားပါတော့တယ်။ ဒီလိုအခက်အခဲတွေကြားက ဉာဏ်အရမ်းပြေးတဲ့ အူရှာလေးတစ်ယောက် အိန္ဒိယလွတ်လပ်ရေးအတွက် ရွပ်ရွပ်ချွံချွံကြိုးပမ်းပုံတွေ အိန္ဒိယနိုင်ငံသားတွေရဲ့ အနစ်နာခံပုံတွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ ToMo ~ Alex ~ KKKZ ပဲဖြစ်ပါတယ်) File ...
movie
Ae Watan Mere Watan (2024)
2024
7.1
Murder Mubarak (2024)
Murder Mubarak (2024) "လူသတ်မှုအတွက် ဂုဏ်ယူပါတယ်" IMDb - 7.6/10Netflixကနေ ထုတ်လွှင့်ခဲ့ပြီး နာမည်ကျော်သရုပ်ဆောင်များစွာနဲ့ ရိုက်ကူးထားတဲ့ အိန္ဒိယမှုခင်းရုပ်ရှင် အလန်းစားလေးကို တင်ဆက်ပေးပါရစေ။ သရုပ်ဆောင်တွေကတော့ Kedarnath(2018)မှာ ဆူရှန့်နဲ့တွဲဖက်ပါဝင်ခဲ့တဲ့ အပြုံးလှလှနဲ့ မင်းသမီးချော ဆာရာအလီခန်း၊ OMG 2ထဲမှာ ဖခင်ဖြစ်သူနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး ပန်ဂာာ့ဂျ်တရီပတီ၊ Aashiqui 2 (2013)ထဲမှာ အရက်ရဲ့ကျေးကျွန်ဘ၀နဲ့ နာမည်ကြီးအဆိုအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားချော အာဒစ်တယာတို့အပြင် ဗီဂျေးဗာမာ၊ ကာရီစ်မာကပူးရ်၊ ဂျန်ဟ်ဗီးကပူးရ်တို့ ပါဝင်ထားကြပါတယ်။လူသေရာကနေစတဲ့ မှုခင်းဇာတ်လမ်း။ နယ်ပယ်အသီးသီးက ဇာတ်ကောင်တွေကို တစ်ယောက်ချင်းမိတ်ဆက်ပေးပြီးတစိမ့်စိမ့် ကြည့်လို့ကောင်းမဲ့ တစ်စချင်းဆီ ဆွဲထုတ်ပြတဲ့ ရုပ်ရှင်မျိုးပါပဲ။ကျိကျိတက်ချမ်းသာတဲ့ အထက်တန်းစားတွေပဲ အသင်းဝင်လို့ရပါတယ်ဆိုတဲ့ ရွိုင်ရယ်ဒေလီကလပ်မှာ လူတစ်ယောက်သေသွားပါတယ်။သေတာကလည်း အလေးမရင်း အလေးပိပြီး လည်ပင်းကျိုးသေသွားတဲ့ ခပ်လွယ်လွယ်အမှုဆိုတော့ ထုံပေပေနေတတ်တဲ့ ရဲအရာရှိကြီး ဘာဟာဗ်နီဆင်းဂ်ကို စုံစမ်းဖို့လွှတ်လိုက်ပါတော့တယ်။ဒီကစလို့ လွယ်မယောက်နဲ့ခက် တိမ်မယောင်နဲ့နက်ဆိုသလိုပဲ တစတစနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…2.35GB / 991MB Quality…WEB DL 1080p / ...
movie
Murder Mubarak (2024)
2024
7.2
Rocky and Rani’s Love Story (2023)
Rocky Aur Rani Ki Prem Kahani (2023) IMDb-7.2/10 ရန်ဘီးကပူးရ် အူတိုရလောက်အောင်ရိုခဲ့ကြတဲ့ အာလီယားဘတ်နဲ့ ရန်ဗီးရ်ဆင်းဂ်တို့ရဲ့ ရုံတင်အမြတ်ငွေကုဋေ၁၀၀ကျော်လောက် မြတ်ထားတဲ့ အချစ်ဇာတ်လမ်းလေးလာပါပြီခင်ဗျာအချစ်ဆိုတဲ့အရာကလှပတဲ့ပေါင်းစပ်မှုတစ်ခုဆိုရင် နားလည်မှု ဒြပ်စင် ၊ ဂုဏ်ရည်အချင်းတူညီမှု ဒြပ်စင်၊ နှစ်ဖက်အသိုင်းအဝိုင်းရဲ့ မေတ္တာအကြင်နာဒြပ်စင်လေးတွေကမရှိမဖြစ်ပါကိုပါရတဲ့အရာ ခေတ်ပညာတွေတတ်မြောက်ပြီး အတွေးအခေါ်တွေကလည်းဆန်းသစ်တဲ့ မော်ဒယ်မိသားစုနဲ့ ဆွေဂုဏ်မျိုးဂုဏ်ကိုအဆက်ဆက်ထိန်းသိမ်းလာပြီး ယဉ်ကျေးမှုဘာသာတရား စည်းဘောင်အတွင်းမှာပဲနေကြတဲ့ မိသားစု ဒီမိသားစုနှစ်စုရဲ့ မျိုးဆက်တွေမှာအချစ်ဆိုတဲ့အရာဝင်လာတဲ့အချိန်မှာ အချစ်ကိုစတေးမိသားစုအရေး ဦးစားပေးခဲ့ကြသူတွေရှိတယ်ရာနီးနဲ့ ရော်ကီလို ရည်ရွယ်ချက် ၊ အတွေးအခေါ် ၊ နေထိုင်မှုဘဝ ဘာမှမတူကြတဲ့လူငယ်နှစ်ယောက်ရဲ့ အချစ်ထပ်တူကြလာချိန်မှာ ဒီအချစ်နဲ့ စည်းဘောင်တွေဖောက်ထွက်နိုင်ကြမလား ဒီအချစ်နဲ့ မတူညီတဲ့အရာတွေကိုပေါင်းစည်းနိုင်မလား တဟုန်းဟုန်းတောက်လောင်ရတဲ့ စစ်ပွဲမဟုတ် လူနှစ်ယောက်ရဲ့အချစ်တွေနဲ့ တဖြည်းဖြည်းချင်းပုံဖော်တိုက်ယူသွားကြမဲ့ အချစ်တိုက်ပွဲအကြောင်း သံစဉ်ချိုချိုလေးတွေနဲ့ ခံစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ V ~ ZweYan ~ BpL ~ YH ~ Cherry ~ Yunni တို့ပဲဖြစ်ပါတယ် File size…4k HEVC WEB DL / 2.68GB / 1.4GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 48m Subtitle….Myanmar ...
movie
Rocky and Rani’s Love Story (2023)
2023
4K HEVC
5.9
Gaslight(2023)
Gaslight (2023)IMDb-6.0/10ဆန်းဆန်းပြားပြားသည်းထိတ်ရင်ဖိုကြိုက်တဲ့သူတွေအတွက် ဆာရာလေးအဓိကပါ၀င်ထားပြီး မင်းသားကြီး Rahul Dev ၊ အမေရိကန်နိုင်ငံဖွား မင်းသားချောလေး Akshay Oberoi ၊ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုရ Chitrangda Singh တို့လို ဝါရင့်သရုပ်ဆောင်ကြီးတွေပါ ပါ၀င်ထားတဲ့ကားပါဇာတ်လမ်းအညွှန်းနန်းတော်ကြီးကနေ အတော်ကြာထွက်ခွာသွားတဲ့ မင်းသမီးလေးမီရှာဟာ ဖခင်ရဲ့စာတွေကြောင့်ပြန်လာခဲ့ပါတယ် သူနန်းတော်ပြန်ရောက်ချိန်မှာတော့ သူ့ဖင်ဘုရင်ကြီးရှိမနေပါဘူး အဲဒီအစား အိမ်မက်ယောင်လို သူ့အဖေရဲ့အရိပ်အယောင်တွေသာ သူမြင်တွေ့နေရပါတယ် ဘယ်သူ့ကိုမေးမေး သူ့အဖေပျောက်နေတယ်ဆိုတာကလွဲ ဘာမှမဖြေကြပါဘူးနန်းတော်ကနေဘုရင်တစ်ပါးလုံးပျောက်နေတာတောင် ဘာမှမသိကြတဲ့အသိုင်းအဝိုင်းကြားမှာ မီရှာတစ်ယောက်တည်းဘယ်လိုအဖြေရှာစုံစမ်းမလဲ သူ့ဘေးမှာရှိနေတဲ့လူတွေကရော ဘာကြောင့်မသိကြတာလဲ နန်းတို့ရဲ့ထုံးစံအတိုင်း မိတ်ဆွေကောင်းဘယ်သူလဲ ဇာတ်သိမ်းခါနီးထိမသိရပဲ လျှို့ဝှက်မှုပေါင်းများစွာနဲ့ကြည့်ရှူရမယ့်ကားဖြစ်ပါတယ် File size…1.4GB / 511MB Quality…1080p WEB DL /720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~Khin Khin
movie
Gaslight(2023)
2023
5.4
Love Aaj Kal (2020)
ဒီတစ်ခါ ဘောလီဝုဒ်ဖန်တွေအတွက် ရုံတင် အချစ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်မင်းသား/မင်းသမီး နှစ်ယောက်စလုံးကလည်း ပရိသတ်အကြိုက် လူငယ် ခပ်ချောချောတွေချည်းပါပဲမိန်းကေလးပရိသတ်တွေအကြိုက် Kartik Aaryan နဲ့ ယောက်ျားလေး ပရိသတ်တွေအကြိုက် Sara Ali Khan တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်နောက်ထပ်မင်းသမီးချောလေးတစ်ယောက်လည်း ထပ်ပါသေးတယ်ဗျာ အသစ်လေးဆိုပေမယ့် သူလည်း အချောလေးပါပဲဒီကားအကြောင်းမပြောခင် အဓိက ပြောရမှာက ဒါရိုက်တာပဲဗျ ဒါရိုက်တာကတော့ တခြားသူမဟုတ်ပါဘူး ဘောလီဝုဒ်မှာ ကိုယ်ပိုင်ဟန်တစ်ခု တည်ထောင်ထားနိုင်တဲ့ Imtiaz Ali ပဲဖြစ်ပါတယ်အချစ်ကားများစွာကို ပုံဖေါ်ထားသူပီပီ အခုဇာတ်ကားလည်း Drama, Romance ကားကောင်းတစ်ကားပါပဲဇာတ်လမ်းလေးကတော့ ၁၉၉၀ ခုနှစ်က လူငယ်တစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းနဲ့ယခု ၂၀၂၀ က လူငယ်တစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းနှစ်ပုဒ်ကို စိတ်ဝင်စားဖွယ်အကြောင်းအရာနဲ့ ချိတ်ဆက်ပြသသွားတာပါအချစ်နဲ့ အလုပ်ကြားက ပြဿနာတွေ မိသားစုအခက်အခဲတွေ ပတ်ဝန်းကျင် ရိုက်ခတ်မှုတွေ ရိုးရာဓလေ့တွေနဲ့ အခြေနေပေါင်းများစွာကြားကဖြတ်ကျော်လာခဲ့တဲ့ ယနေ့ခေတ် အချစ်ဇာတ်တစ်ပုဒ်ပါပဲ ခံစားကြည့်လိုက်ကြပါဦး………..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw ...
movie
Love Aaj Kal (2020)
2020
6.3
Simmba (2018)
ဘောလီဝုဒ်ရဲ့ နာမည်ကြီးမင်းသား ရန်ဗီးဆင့်ရဲ့ ၂၀၁၉ ထွက် နာမည်ကျော် ရုံတင်ဇာတ်ကားကြီးအကြည်ထွက်လာလို့ အမြန်ဆုံးနင်ဆက်ပေးလိုက်ပါတယ်ဒါရိုက်တာကလည်း တခြားသူမဟုတ်ဘဲ အက်ရှင်အသားပေး ဒါရိုက်တာကြီး ရိုဟစ် ရှက်တီဖြစ်တဲ့အတွက်အက်ရှင်အလန်းစားတွေ မျှော်လင့်နေသူတိုင်းအတွက် အကြိုက်တွေ့မှာ အမှန်ပါပဲနောက်ခံသီချင်းအလန်းစားတွေနဲ့ ကြမ်းမှကြိုက်သူတွေကတော့ လုံးဝကို လက်လွတ်မခံပါနဲ့=============================================ဆင်(မ်)ဘား နာမည်အပြည့်အစုံကတော့ ဆန်ဂရမ် ဘာလေရောင်သူ့မှာ ရည်ရွယ်ချက်တစ်ခုပဲရှိတယ်သူကောင်းစားရေး "ဒါ ၂၁ ရာစုပဲ၊ ဒီမှာ လူတိုင်းဟာ ရည်ရွယ်ချက်တစ်ခုအတွက်နဲ့ပဲရှင်သန်နေကြတာအဲ့ဒါက ကိုယ့်ကောင်းစားရေးအတွက်ပဲ"ငယ်စဉ်ကတည်းက ခါးပိုက်နှိုက်လုပ် မရိုးမသားငွေရှာတဲ့ ဆင်(မ်)ဘားတစ်ယောက် တနေ့ ရဲအဖမ်းခံရပါလေရာ၊သူ သြဇာရှိလွန်းတယ်ထင်တားတဲ့သူခိုးခေါင်းဆောင်က ရဲအရှေ့ရောက်တော့ ခွေးရှေ့က ကြောင်လေးလိုဖြစ်သွားပြီး ပိုက်ဆံတွေပေးလိုက်ရတာ မြင်လိုက်ရတယ်အဲ့ဒိအချိန်မှာ သူသိလိုက်ရတာ လောကမှာ သြဇာအာဏာအရှိဆုံးကယူနီဖေါင်း၊ယူနီဖေါင်းဝတ်ထားတဲ့သူကို လူဆိုး လူမိုက်မှန်သမျှ ကြောက်ရတယ်သူ့အတွက် ပိုက်ဆံရှာဖို့ အလွယ်ဆုံးနဲ့ အာဏာရှိဖို့က ရဲလုပ်မှဖြစ်မယ်ဆိုတဲ့ အတွေးနဲ့ ရဲတစ်ယောက်ဖြစ်အောင်လုပ်ပြီးအကျင့်ပျက်ချစား၊လာဘ်ယူတဲ့နေရာမှာ နာမည်ကျော်တဲ့ ရဲတစ်ယောက်ဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ မီရာမာ(ရ်) ရဲစခန်းကို ပြောင်းရွေ့မိန့်ကျတဲ့အခါမှာတော့ သူ့ဘဝအတွက် ကြီးမားတဲ့အပြောင်းလဲကြီး ...
movie
Simmba (2018)
2018
5.6
Kedarnath (2018)
ဒီဇတ်လမ်းလေးက မကြာသေးခင်ကမှ ရုံတင်သွားတဲ့ရုပ်ရှင်ကားပါ မကြာသေးခင်ကမှ ရုပ်ထွက်အကြည် ထွက်လာလို့CM Fan တွေ အတွက် တင်ဆက်ပေးလိုက်ပါတယ်...ဇတ်လမ်းလေးကတော့ မန်ဆူး လို့ ခေါ်တဲ့ ကောင်လေးနဲ့မူကူး လို့ ခေါ်တဲ့ ကောင်မလေးတစ်ယောက် တို့ နဲ့ စတင်ထားတယ်...ကျနော်တို့ မြန်မာနိုင်ငံမှာဆို အထင်ကရ ကျိုက်ထီးရိုးဘုရား ကိုဘုရားဖူးတွေက လမ်းလျှောက်တက်ကြတယ်အသက်ကြီးသူတွေကတော့ ကားတို့ဆိုက်ကယ်တို့ နဲ့ အဆင်ပြေသလိုပေါ့ဒီဇတ်လမ်းထဲမှာလဲ အရှင်ရှီဗား ကို ဝတ်ပြု ကိုးကွယ်ဖို့ အတွက်လူတွေဟာ တောင်ပေါ်ကို ခြေလျင် တက်ကြတယ်အရှင်ရှီဗား ရဲ့ ဝတ်ကျောင်းဆောင်ကို ရောက်ဖို့ လမ်းလျှောက်တက်ကြသလိုအသက်ကြီးရွယ်အိုတွေကတော့ အထမ်းသမား နဲ့ တက်ရတယ်...အဲ့ဒီ အထမ်းသမားတွေထဲမှာ မန်ဆူး လို့ ခေါ်တဲ့ကောင်လေး တစ်ယောက်လဲ အပါပေါ့...အထမ်းသမားတွေဟာ မန်ဆူး ကို မြင်ရင် နှာခေါင်းရှုံ့သွားကြတယ်ဘာလို့လဲ ဆိုတော့ ဘုရားဖူးဖို့ လိုက်ပို့တဲ့ အထမ်းသမားကမွတ်စလာမ် ကောင်လေး ဖြစ်နေလို့ပါ...ဒါပေမဲ့ တောင်ပေါ် ...
movie
Kedarnath (2018)
2018