Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sanjana Sanghi
8.0
Hindi Medium (2017)
Hindi Medium (2017)IMDb Rating (7.8 )/ Rotten Tomatoes (83%)"မိဘတိုင်းက သူတို့ သားသမီးတွေကို ကိုယ်ရည်ကိုယ်သွေး တောက်ပြောင် စေချင်တယ်။" "အထူးသဖြင့် သူတို့ထက်ပိုသာစေချင်ကြတယ်။" ***************************************** Bollywood မှာ ဒိတ်ဒိတ်ကြဲ မင်းသားတွေ အများကြီး ရှိတဲ့ ကြားကနေ Irrfan Khan က မတူကွဲပြားတဲ့ပုံစံနဲ့ နာမည်ကြီးအောင်မြင်တဲ့မင်းသားတစ်လက်ပါပဲ။ Bollywood တင်မက Hollywood ထိအောင်မြင်တဲ့ မင်းသားတစ်ယောက်။ အထူးသဖြင့် The Lunchbox (2013) မှာလည်း ပရိတ်သတ် အကြိုက်တွေ့ခဲ့ပါတယ်။ ဒီရုပ်ရှင်ကားမှာလဲ လိုက်ဖက်တဲ့ဇာတ်ကောင်အဖြစ် မြင်တွေ့ကြရမှာပါ။Hindi Medium ဆိုတော့ မြန်မာလိုဆိုရင် ဟန္ဒီလူလတ်တန်းစားပေါ့ ဟုတ်ပါတယ် ကိုယ်တိုင် ပညာရေးမှာ မထူးချွန်ခဲ့တော့ ကိုယ်တွေလို သမီးလေးကို ပညာရေးမှာ မထူးချွန်မှာ စိုးရိမ်လွန်နေတဲ့ ရာဂျ် ဘတ်တရာ နှင့် မီတား ဘတ်တရာ တို့ဟာ သူတို့ သမီး ပညာရေး အတွက် ဘက်ပေါင်းစုံကြိုးစားခဲ့ပါတယ်။ဒေလီမြို့ရဲ့ ထိပ်တန်းကျောင်းတွေမှာ ကျောင်းအပ်ခွင့်ရဖို့ နေရပ်ကနေ လူ့အထက်တန်းစားတွေကြားထဲကို ပြောင်းရွှေ့နေထိုင်ကြတယ်။ လူလတ်တန်းစား ...
movie
Hindi Medium (2017)
2017
7.4
Kadak Singh (2023)
Kadak Singh (2023) "မှတ်ဉာဏ်ဝင်္ကပါ" IMDb-7.4/10OMG 2(2023) Ludo(2020) Mimi(2021) စတဲ့ ရုပ်ရှင်တွေထဲက မင်းသားကြီး Pankaj Tripathi ရဲ့ family drama ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားလေးထဲမှာ မင်းသားကြီး Pankaj Tripathi ကို လုံးဝကွဲထွက်နေတဲ့characterနှစ်ခုအနေနဲ့ တွေ့မြင်ရမှာဖြစ်သလို family dramaဆိုတဲ့အတိုင်း အတွေး အဆွေးရသစုံ ခံစားရမှာဖြစ်လို့ dramaချစ်သူတွေ လက်လွတ်မခံသင့်ပါကြောင်း...အေကေရှရီဗာစတာဟာ ငွေကြေးလိမ်လည်မှုတွေကိုဖော်ထုတ်တဲ့ဌာနက ရိုးသားတဲ့ရဲအရာရှိတစ်ယောက်၊ အလုပ်ကိုချစ်လွန်း အလုပ်ကိုတန်ဖိုးထားလွန်းတော့ မိသားစုအရေးကိုလည်းအရေးမစိုက် လူမှုရေးဆိုလည်းပျက်ကွက်တဲ့ စည်းကမ်းတင်းကြပ်တဲ့ စာအုပ်လိုအဖေတစ်ယောက် အိမ်ထောင်ဦးစီးတစ်ယောက်ပါ။ ထစ်ခနဲဆို ဆူပူမြည်တွန်တောက်တီးနေတတ်လို့ ကလေးနှစ်ယောက်က ကဒက်ဆင်းဂ်(ခက်ထန်လွန်းသူကြီး)လို့ နာမည်ပေးတဲ့အထိပါပဲ။မိုးလင်းမိုးချုပ်အလုပ်ပဲသိတာကြောင့် မိသားစုနဲ့ကကြားမှာလည်း အဆက်ပြတ်နေတာဆိုတော့ မိသားစုအတွက် အရာရာလုပ်ပေးနေတဲ့ ဇနီးဖြစ်သူဆုံးသွားချိန်မှာတော့ အေကေအတွက်ရော ကလေးတွေအတွက်ပါ အဆင်မပြေဖြစ်လာပါတော့တယ်။ ကုဋေ ၉၀၀ ငွေကြေးလိမ်လည်မှုဖြစ်ထားတဲ့ Chit Fundကိစ္စကိုစုံစမ်းရင်းနဲ့ မိသားစုဘက်ကိုမလှည့်နိုင်၊ တစ်ခုခုဆို ဆူပူရိုက်နှက်ဖို့လောက်ပဲသိတဲ့ ရှရီဗာစတာတစ်ယောက် အမှုစုံစမ်းလို့ရခါနီးမှာ ရုတ်တရင်ဆေးရုံပေါ်နိုးလာပြီး အတိတ်မေ့သွားပါတော့တယ်။အတိတ်မေ့နေတဲ့ ရှရီဗာစတာကတော့ ...
movie
Kadak Singh (2023)
2023
7.1
Dhak Dhak (2023)
Dhak Dhak (2023)လေဒီဘိုက်ကာများIMDb- 7.2/1အခုတစ်ခါတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ထူးခြားတဲ့ ဟင်ဒီစကားပြောရုပ်ရှင်တကားပါပဲ။ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ရှုခင်းအလှတွေကိုပါ မြင်တွေ့ရမယ့် ခုနောက်ပိုင်းရှားပါးလာတဲ့ ငြိမ့်ငြိမ့်လေးကြည့်ရမယ့် ဘောလိ၀ုဒ်ရုပ်ရှင်တွေထဲက တစ်ကားပါ။ မင်းသမီးကြီး ရတ်နာပါသာ့ခ်နဲ့အတူ Dangal(2016)ထဲက မင်းသမီးချောလေး ဖာတီမာ Dil Bechara(2020)မှာ ဆူရှန့်နဲ့အတွဲညီညီပါဝင်ခဲ့တဲ့ မင်းသမီးချောဆန်ဂျာနာဆန်ဂ်ဟီး Sanju(2018)ထဲမှာ ရန်ဘီးရ်ရဲ့ကာရိုက်တာ ဆန်ဂျေးဒတ်ရဲ့ဇနီးနေရာက ပါဝင်ခဲ့တဲ့ မင်းသမီးဒိုင်ယာတို့ ပါဝင်ထားကြတာပါ။ဒီမင်းသမီးလေးယောက်က အဓိကပါဝင်ထားပြီး ဆိုင်ကယ်ကလပ်ဘီးကြီးတွေနဲ့ ကမ္ဘာပတ်ကြမယ့် အာဂအမျိုးသမီးတွေကို တွေ့ရမှာပါ။ သားသမီးတွေကို ကိုယ်ဘယ်လောက်ရဲရင့်ကြောင်း ပြချင်တဲ့အဒေါ်ကြီးမဟီ။ ဆိုရှယ်မီဒီယာပေါ်က အရှက်ကွဲမှုတစ်ခုနဲ့ ယူကျုဘာမလေး စကိုင်း။ မိခင်ဖြစ်သူရဲ့ အုပ်ထိန်းမှုအောက်ကနေ လွတ်လပ်မှုကိုရှာချင်တဲ့ အမျိုးသမီးလေး မန်ဂျရီ။ ယောကျာ်းဖြစ်သူကို သူလည်းပဲ လုပ်နိုင်စွမ်းရှိကြောင်းပြချင်တဲ့ စက်ပြင်ဆရာမလေး အူဇမာ။ဒီအမျိုးသမီးလေးဦးပေါင်းပြီး ကမ္ဘာပတ်ရင်း ကြုံတွေ့လာရတဲ့အခက်အခဲတွေ သူတို့ရဲ့မိသားစုပြဿနာ လူမှုရေးပြဿနာတွေကိုပုံဖော်ရင်း ထုံးတမ်းစဉ်လာတွေကနေ ဖောက်ထွက်ခဲ့တဲ့ ပန်းချီကားလေးချပ်ရဲ့ အစီအစဉ်က အောင်မြင်မှာလားဆိုတဲ့ အမျိုးသမီးတန်းတူညီမျှမှုဆိုတာကို ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါရစေ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ...
movie
Dhak Dhak (2023)
2023
Om – The Battle Within (2022)
Rashtra Kavach Om (2022)ခုတစ်ခါထွက်ရှိလာတဲ့ ကားလေးကတော့ မင်းသားချော အာဒစ်သယားရွိုင်းကပူး (Malang မင်းသား) ရဲ့ အက်ရှင်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်ကမ္ဘာ့နိုင်ငံကြီးတွေမှာ နျူးကလီးယားလက်နက်တွေ တီထွင်နေကြတယ် ဖွံ့ဖြိုးတိုးတက်နေကြတယ် ဒါပေမဲ့ နျူးကလီးယားလက်နက်ကိုခုခံနိုင်မယ့် လက်နက်တစ်ခု မရှိဘူးဖြစ်နေတယ်..အိန္ဒိယနိုင်ငံက ဒီလက်နက်ကို တီထွင်တယ်ဆိုပါတော့...နျူးကလီးယားလက်နက်ကို ခုခံနိုင်တဲ့ လက်နက်တစ်ခုကို အောင်မြင်စွာ တီထွင်လို့အပြီးမှာ တီထွင်သူဟာ နိုင်ငံတော်ကို သစ္စာဖောက်သွားခဲ့ပါတယ်...အဲ့ဒီသစ္စာဖောက်ကို တပ်ဖွဲ့တစ်ခုဖွဲ့စည်းပြီး လိုက်လံဖမ်းဆီးဖို့ နိုင်ငံတော်က တာဝန်ပေးလိုက်တယ်..ဒီကိစ္စဟာ ထင်သလိုမရိုးရှင်းလာဘဲ လှည့်ကွက်လေးတွေပါနေတဲ့အခါ ဇာတ်ကွက်တစ်ခုချင်းစီကို ဘယ်လိုဖေါ်ထုတ်မလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ် File size…5.8GB / 1.9GB / 964MB Quality…1080p True WEB DL AAC5.1CH / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by T.A,Y.L.O.R
movie
Om – The Battle Within (2022)
2022
4K HEVC Web-DL
9.8
Dil Bechara(2020)
Dil Bechara(2020)(WEB-DL 1080p 5.1CH, WEB-DL 720p တို့ဖြင့်ရရှိပါပြီ..)မနေ့ညက Disney+ Hotstarကနေ ဖြန့်ချိခဲ့တဲ့ မင်းသားချော ဆူရှန့်ကားသစ် လာပါပြီ။အမြဲတမ်း ပြုံးနေတတ်တဲ့ မင်းသားချောကတော့ ဒီကားထဲမှာ နောက်ဆုံး မြင်တွေ့ခြင်းဆိုတာ အားလုံး သိပြီးသားဖြစ်မှာပါ။ဇာတ်လမ်းထဲမှာတော့ ကင်ဆာရောဂါသည် ကောင်မလေးတစ်ယောက်....ကင်ဆာရောဂါသည်တစ်ယောက်မို့ ဆေးတွေနဲ့ သူရဲ့ အောက်စီဂျင်ဘူးလေးနဲ့အတူ မနက်ဖြန်ဆိုတာကိုဖြတ်ကျော်နေရတယ်...ဒါပေမဲ့ သူမက အာဂကောင်မလေးလို့ဆိုရမလားပဲ...သူမဟာ နာရေးတွေလိုက်တက်ပြီးအထီးကျန်နေခဲ့ရတဲ့ ကျန်ရစ်သူ မိသားစုတွေကိုတောင် အားပေးနေတတ်တယ်...တနေ့မှာတော့ သူ ဒီကင်ဆာရောဂါဝေဒနာရှင်တွေ အားပေးဝန်းရံကြတဲ့ အခမ်းအနားတစ်ခုမှာကောင်လေးတစ်ယောက်နဲ့ ဆုံခဲ့ပါလေရော....စပွိုင်လာဖြစ်မှာစိုးလို့ ဒီလောက်နဲ့တော်ပါရစေ.....။ ဘောလိဝုဒ်ပရိသတ်တွေကတော့ အညွန်းမဖတ်ဘဲ ကြည့်ကြမယ်ဆိုတာလည်း ယုံကြည်ထားပါတယ်။ခုချိန်မှာတော့ IMDb Ratingက လူပေါင်း၂သောင်းကျော်ပေးထားတဲ့ 9.9/10ပါ။မနေ့က စပြီး လွှင့်လွှင့်ချင်း၂နာရီအကြာမှာတော့ လူ၁ထောင်ပေးထားတဲ့ Ratingက 10/10ပါ။လွန်ခဲ့တဲ့လ,က သေဆုံးသွားပြီဖြစ်တဲ့ ဆူရှန်မို့ ပရိသတ်တွေက သေပြီးမှ ချစ်ကြောင်းပြချင်လို့ ပေးတဲ့Ratingလား ဒါမှမဟုတ် ဒီဇာတ်ကားနဲ့ ထိုက်တန်လို့ ...
movie
Dil Bechara(2020)
6.9
Fukrey Returns (2017)
ဒီတစ်ခါမှာတော့စီအမ်ပရိတ်သတ်တွေအတွတ်ဘောလိဝုကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။Fukrey Returns (2017) ဆိုတဲ့ ဟာသကားလေးပါ။IMDb rating 6.8/10 ရထားတာဆိုတော့ဒီလောက်ကြီးညွှန်းစရာမလိုတော့ပါဘူး။ဒါပေမယ့်ဘောလိဝုပေါကားလေးတစ်ကားလို့လည်းသတ်မှတ်လို့တော့ရပါတယ်။ပေါကားဆိုပေမယ့်ဇာတ်လမ်းထဲမှာပြောတဲ့စကားလုံးတွေကမြန်မာပေါကားတွေလိုအောက်ပိုင်းပြက်လုံးတွေနဲ့ရူးတူးတူးစကားလုံးတွေမဟုတ်ပါဘူး။ဇာတ်လမ်းရဲ့ဖြစ်စဉ်ထဲမှာပဲအလွဲလွဲအချော်ချော်လေးတွေဖြစ်သွားရင်းနဲ့ရယ်ရမယ့်ဟာသမျိုးတွေပါ။မြန်မာတွေအတိုင်းပဲအိမ်မက် မက်တဲ့ဟာလေးကိုအတိတ်ကောက်ပြီး၂လုံး၃လုံးထိုးကြသလိုဒီဇာတ်လမ်းလေးထဲမှာလည်းကောင်လေးတစ်ယောက်ရဲ့အိမ်မက်နဲ့လူငယ်လေးယောက်ကံစမ်းရင်းပိုက်ဆံတွေအများကြီးရလာပါတယ်။အဲ့အချိန်ကောင်မလေးတစ်ယောက်ကလည်းသူတို့လေးယောက်နဲ့ပူးပေါင်းပြီးအလုပ်အတူတူလုပ်ခဲ့ကြပေမယ့်ကောင်လေး၄ယောက်ရဲ့ထောင်ချောက်ဆင်ခံရမှုကြောင့်ထောင်ကျသွားခဲ့ပါတယ်။ထောင်ကလွတ်ဖို့နိုင်ငံရေးသမားတစ်ယောက်နဲ့ကတိလုပ်ပြီးပြန်လွတ်လာချိန်မှာကောင်လေး၄ယောက်ဆီကနေအကြွေးပြန်တောင်းပါတော့တယ်။တစ်ဖက်ကကောင်လေးတွေမှာလည်းလုပ်ငန်းတစ်ခုလုပ်ကိုင်ရင်းနဲ့မီလီယံပေါင်းများစွာအရှုံးပေါ်နေခဲ့ပါတယ်။အဲ့အချိန်မှာပဲအိမ်မက် မက်တဲ့ကောင်လေးကရတနာပစ္စည်းတွေကိုမြင်မက်လာပါတယ်။ဒီရတနာပစ္စည်းတွေကသူတို့အတွတ်ရည်မှန်းချက်တစ်ခုဖြစ်လာပါတယ်။ဒါပေမယ့်တစ်ဖက်မှာလည်းအကြွေးတွေပေးဖို့ရှိနေတော့ဒီရတနာတွေကိုရှာဖို့အကြောင်းဖန်လာပါတော့တယ်။ဒီရတနာတွေရဖို့ကိုတော့ဘယ်လိုဆက်ကြိုးစားမလဲဒီရတနာတွေကဘယ်လောက်တောင်အဖိုးတန်နေလဲဒီရတနာတွေကိုရောတကယ်ပဲရလာပါ့မလားဘယ်လိုအန္တရာယ်မျိုးတွေနဲ့ရင်ဆိုလာရမလဲ စတဲ့မေးခွန်းတွေကိုတော့ဇာတ်လမ်းအဆုံးမှာပရိသတ်ကြီးကအဖြေရှာတွေ့ကြမှာပါ။ဇာတ်လမ်းလေးကိုပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုခံစားရင်းရယ်မောလိုက်ကြပါဦး(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုနေမျိုးပါ) File Size : (999 MB) and (400 MB) Quality : WEB-DL 720p Running Time : 2hr 21min Format : Mp4 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.H264.AAC2.0-DTOne Translated by Nay Myo Encoded by Thanhtike Zaw
movie
Fukrey Returns (2017)
2017