Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Samyuktha
5.1
Oru Yamandan Premakadha (2019)
Oru Mandan Premakadha (2019)"မီးတောက်ငယ်လေးတစ်ခု"ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ IMDb rating မှာ 5.1 ရရှိထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်ဒီဇာတ်ကားလေးဟာဆိုရင်တော့ဖြင့် B.C Noufal ရိုက်ကူးထားပြီး 2019 မှာ ထွက်ရှိခဲ့တဲ့ မလေယာလမ်စကားပြော အချစ်ဟာသဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာတော့ မင်းသား Dulquer Salmaan ဟာ ချမ်းသာတဲ့ မိသားစုကနေ မွေးဖွားလာပြီး သူငယ်ချင်းတွေနဲ့အတူ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့ လူငယ်လေး လာလူအနေနဲ့ သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ လာလူဟာ ဆေးသုတ်သမားတစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကြောင်းပြုရင်း သူ့ရဲ့ သူငယ်ချင်းတွေနဲ့ အတူတူ ပျော်စရာတွေ မကောင်းမှုတွေ တူတူလုပ်လိုက်နဲ့ တစ်ရက်တစ်ရက် အချိန်ကုန်ဆုံးလေ့ ရှိပါတယ်။လာလူဟာ လူငယ်သဘာဝ ပျော်တတ်ပါးတတ်ပေမဲ့ မိသားစုနဲ့ ပတ်သက်ရင်တော့ အလေးထားတတ်သလို ဖခင်ဖြစ်သူရဲ့ ဆန္ဒတွေကိုလည်း အလေးထားပါတယ်တဲ့။ တစ်နေ့မှာတော့ သတင်းစာတစ်ခုကနေ ပျောက်ဆုံးနေတဲ့ အမျိုးသမီးလေး တစ်ယောက်ကို မြင်ပြီး ချစ်မိသွားပါေတာ့တယ်။ ဘယ်ကမှန်းမသိ ဘယ်လိုလူမှန်းမသိတဲ့ မိန်းကလေးဖြစ်သူ ဒီယာကို ချစ်မိသွားတဲ့အခါ စိန်ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်ရင်း ...
movie
Oru Yamandan Premakadha (2019)
2019
8.4
Devil (2023)
Devil The British Secret Agent (2023) ချစ်မိသွားသော ကိုနှင်းမောင်CM ဘောလီးဝုဒ်ပရိသတ်ကြီးအတွက် ခေါင်းစဉ်ကြည့်လိုက်တာနဲ့ ကြည့်ချင်စိတ်ပေါက်သွားမယ်လို့ ယူဆပါတယ် တကယ့်ကို ဆားပုလင်းနှင်းမောင် အိန္ဒိယဗားရှင်းပါပဲ ဒါပေမဲ့ ကိုနှင်းမောင်လိုတော့ စုံထောက်ပဲသက်သက်လုပ်ပြီး လူသတ်မှုပဲစုံစမ်းနေတာတော့ မဟုတ်ပါဘူးစုံထောက် အက်ရှင် အချစ်ဇာတ်ကြမ်းလေးပေါ့ဗျာ အဲ့လိုရေးထားလို့ ကြည့်မကောင်းဘူး ပေါမယ်မထင်လိုက်ပါနဲ့ တကယ့်ကို အိန္ဒိယကားပီပီ အချိတ်အဆက်မိမိနဲ့ အက်ရှင်ဒရာမာအချိုးအစားစားကျကျ တင်ဆက်ပေးထားတာပါဇာတ်လမ်းအစမှာ လူသတ်မှုတစ်ခုဖြစ်ပါတယ် အဲ့ဒါကို ဗြိတိသျှအစိုးရက အထူးအေးဂျင့်ဒေဗယ်(နတ်ဆိုး)ကို ဖြေရှင်းဖို့တာဝန်ပေးလိုက်ပါတယ် လူသတ်မှုကသပွတ်အူလိုရှုပ်ထွေးနေတာကို ဒေဗယ်တစ်ယောက်အသေးစိတ်စုံစမ်းရင်း လူသတ်မှုသံသယတရားခံရဲ့တူမလေး ဒေဗီကို ချစ်မိသွားပါတော့တယ်လူသတ်မှုကလည်း နောက်ကွယ်က လျှို့ဝှက်ချက်မြှပ်ကွက်ပေါင်းများစွာနဲ့ ထင်ထားတာထက်ပိုနက်နဲပြီး ဒါကိုစုံစမ်းခိုင်းတဲ့ ဗြိတိသျှအစိုးရကိုယ်တိုင်က အခြားရည်ရွယ်ချက်တွေ ရှိနေတဲ့အခါမှာတော့...အေးဂျင့်ဒေဗယ်တစ်ယောက် ဘာတွေကြုံတွေ့ရပြီး ဘာဆက်ဖြစ်ကြမလဲဆိုတာ စုံစမ်းရေးနောက်ခံဇာတ်ကားပေမဲ့ လူသတ်မှုစုံထောက်တာလေးနဲ့ အချစ်ဇာတ်လေးကို ကျောရိုးယူထားတော့ ကြည့်ရတာမပျင်းစေမဲ့ ဗြိတိသျှခေတ်စတိုင် အက်ရှင်ကားအလန်းလေးကို ပရိသတ်တို့ ခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File ...
movie
Devil (2023)
2023
4K HEVC
7.9
Virupaksha(2023)
Virupaksha 2023IMDb-8/10Mystery ရုပ်ရှင်ပရိသတ်တွေအကြိုက်တွေ့မယ့် ရုံတင်ငွေကုဋေကိုးဆယ်နီးနီးရရှိခဲ့တဲ့ ရုံတင်ကားပါ ဇာတ်ဆောင်အနေနဲ့လည်း ဟိုတလောကနာမည်ကြီးသွားတဲ့ ကျောင်းဆရာကားထဲက မင်းသမီးလေး Samyuktha Menon အဓိကပါဝင်ထားပါတယ်ဇာတ်လမ်းအစမှာ တစ်ရွာလုံးကကလေးတွေကို ကျိန်စာတိုက်နေပါတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့လင်မယားနှစ်ယောက်ကိုမီးပုံရှို့နေပါတယ် ဒီထဲက ဇနီးဖြစ်သူက နောက် 12 နှစ်ကြာပြီးတဲ့အချိန်မှာ ဒီရွာဟာသုသာန်တစပြင်ဖြစ်ရမယ်လို့ကျိန်စာတိုက်ထားခဲ့ပါတယ်12 နှစ် ကြာပြီးတဲ့အချိန် ရူဒရာဗန်နမ်ဆိုတဲ့ကျေးရွာလေးဟာ ပွဲတော်တစ်ခုကျင်းပဖို့ပျော်ရွှင်နေကြချိန် ရွာသားတစ်ယောက်ထူးဆန်းစွာသေဆုံးမှုကြောင့် ဘုန်းတော်ကြီးကနေ ဒီရွာကို 8 ရက်တိုင်တိုင်ပိတ်ချ ၊ အပြင်လူအားလုံးတစ်ရက်အတွင် းပြန်ရမယ်ဆိုတဲ့စည်းကမ်းချမှတ်လိုက်ပါတယ် ဒီစည်းကမ်းကိုအကြောင်းအမျိုးမျိုးနဲ့ ချိုးဖောက်ပြီး ထွက်သွားကြသူတွေဟာလည်း ထူးဆန်းသွားသေဆုံးသွားကြပါတယ် ဒီချိန်မှာရွာရောက်နေတဲ့ ဆူရီယာဆိုတဲ့ မြို့သားတစ်ယောက်ဟာ ရွာခံနန်ဒီနီ့ကိုချစ်မိပြီး ထွက်သွားပြီးမှ နန်ဒီနီ့ကျန်းမာရေးအတွက် ပြန်ဝင်လာခဲ့ပါတယ်ဘယ်လောက်ပဲဆန်းကြယ်ပါစေ အဖြေရှာတွေ့စမြဲပါပဲ ဒီထဲကဆန်းကြယ်မှုတွေကိုရော ဆူရီယာကဘယ်လိုအဖြေရှာဖော်ထုတ်မလဲ ရင်တထိတ်ထိတ် ရှုစားကြည့်ပါဦးသွေးသံရဲရဲအခန်းတွေများစွာပါဝင်တာမို့ အသည်းငယ်တတ်သူများမကြည့်ရှုခင်မှာ သေချာလေးစဉ်းစားသင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ File size…2.93GB / 1.24GB Quality…1080p WEB DL / 720p Format… mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ YH ~ chiclon3 ~ Aditi ~ Yunni
movie
Virupaksha(2023)
2023