Channel Myanmar

Salma Hayek Pinault

Ask the Dust (2006) 5.7
Ask the Dust (2006) ဒီဇာတ်လမ်းကတော့ သူကြိုက်နေတဲ့ ကောင်မလေးကိုမှ စတွေ့ကတည်းက မချေမငံပြောပြီး စော်ကားတတ်တဲ့ မိန်းမတွေအကြောင်းနားမလည်တဲ့ စာရေးဆရာ Arturo Bandini နဲ့ သတ္တိရှိတဲ့ ခပ်စွာစွာ စားပွဲထိုးမလေး Camilla ရဲ့ အချစ်ဇာတ်လမ်းလေးပါ ။Arturo က Colorado ကနေ LA ကို ဝတ္ထုရေးဖို့ပြောင်းလာတဲ့ အီတလီလူမျိုးစာရေးဆရာဖြစ်ပြီး ဘားတစ်ခုက စားပွဲထိုး မက္ကဆီကန်မလေး Camilla ကို မြင်မြင်ချင်းချစ်မိသွားပါတယ်။ ဒါပေမဲ့ သူချစ်တာက အဆန်းသား။ Camilla ကို ကော်ဖီသောက်မကောင်းလို့ ရန်တွေ့ပြီး ကော်ဖီကိုသွန်ပစ်ပြီး ထွက်သွားခဲ့တယ်။ ဆင်းရဲတဲ့စာရေးဆရာဖြစ်တဲ့ Arturo နဲ့ ချမ်းသာတဲ့သူကိုမှလက်ထပ်ချင်နေတဲ့ Camilla တို့ နှစ်ယောက် တွေ့တိုင်းရန်ဖြစ်နေရာက တဖြည်းဖြည်း ခံစားချက်တွေပေါက်ဖွားလာရာမှာတော့ နဂိုရှုပ်ပြီးသား သူတို့အချစ်ရေးက လူမျိုးရေးခွဲခြားတတ်တဲ့ခေတ်ရဲ့ ပြဿနာတွေကြောင့် ဘယ်လိုအခက်အခဲတွေ ဆက်ပြီးရင်ဆိုင်ရမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမဲ့ Romance ကားကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။( ...
movie

Ask the Dust (2006)

Tale of Tales (2015) 6.4
Tale of Tales (2015) Tale of tales (2015) =================== IMDb - 6.4/10, Rotten Tomatoes - 83%ဒီကားလေးကတော့ ၂၀၁၅ခုနှစ်ထွက် horror/fantasyအမျိုးအစားလေးပဲဖြစ်ပါတယ်။ ဇာတ်ကားနာမည်‌အတိုင်းပဲ မတူညီတဲ့ ပုံပြင်သုံးပုဒ်အကြောင်းကို ကြည့်ရမှာပါ။ ရာပန်ဇယ်တို့ စင်ဒရဲလားတို့ကိုရေးခဲ့တဲ့ အီတလီစာရေးဆရာGiambattista Basileရဲ့ ပုံပြင်တွေအပေါ် အခြေခံထားပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။အိမ်နီးချင်းနိုင်ငံသုံးနိုင်ငံရှိပြီး တစ်နိုင်ငံစီရဲ့အရှင်သခင်တိုင်းက သူ့စွဲလမ်းမှုနဲ့သူပါ။ ပထမပုံပြင်က ကလေးလိုချင်နေတဲ့ဘုရင်မကြီးအကြောင်းဖြစ်ပြီး ဒုတိယကတော့ ဘုရင်ကြီးက အထင်မှားပြီးစိတ်၀င်စားခံရတဲ့အဖွားကြီးတစ်ယောက်အကြောင်းဖြစ်ပါတယ်။ တတိယပုံပြင်ကတော့ သန်းအမွေးကောင်းလို့ သမီးတော်ကိုဆုံးရှုံးလိုက်ရတဲ့ဘုရင်ကြီးအကြောင်းဖြစ်ပါတယ်။ တစ်ပုဒ်ချင်းစီရဲ့ မတူညီတဲ့ဇာတ်ကြောင်းတွေကို horror themeဖက်နွယ်ပြီး ဆန္ဒတစ်ခု တပ်မက်စိတ်တစ်ခုကြောင့် ဘယ်လိုအဆုံးသတ်သွားရလဲ စိတ်၀င်တစားကြည့်ရှုရမှာပါ။( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Soe Thiri Swe ပါ )File size_(2.4GB)/(1.2GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:14:00 Genre_Drama, Fantasy, Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Soe Thiri ...
movie

Tale of Tales (2015)